by Prof; Myo Kyaw Myint အင်္ဂလိပ်စကားကို အသုံးပြု၍ အောင်မြင်တိုးတက်လိုသူတိုင်းသည် အင်္ဂလိပ်စကားကို အမြဲတစေ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ဖို့၊ ရေးသားတတ်ဖို့ လိုပါသည်။ မိမိအလိုကျသည့်အခါဖြစ်စေ၊ အလိုမကျသည့်အချိန်၌ဖြစ်စေ ယဉ်ကျေးသိမ်မွေ့သော စကားလုံးလေးများသာ သုံးရမည် ဖြစ်ပါသည်။ ဦးစွာပထမ The magic word ဟု လူသိများသည့် please ဆိုသည့်စကားလုံးလေးကို သင့်တော်သလို ထည့်ပြီး သုံးတတ်ရန် လေ့ကျင့်ထားရပါမည်။ ဥပမာ – ဒုတိယအနေနှင့် အင်္ဂလိပ်လို ပြောဆိုသည့်အခါ ချိုသာအေးမြစေသည့် Modal လေးများကို အစဉ်သင့်သလို သုံးရမည် ဖြစ်ပါသည်။ Modal ဆိုသည်မှာ can, could, will, would, should, may, must, might တို့ကို ဆိုလိုပါသည်။ […]

