နှစ်၃၀ အကြာမှာ Los Angeles မြို့ရှိ လမ်းမီးတိုင်ကွန်ရက် ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေအတွက် လာမည့် မဲဆန္ဒပေးခြင်းအစီအစဉ်

kaiApril 22, 20265min0

Los Angeles မြို့တွင် လက်ရှိဆောင်ရွက်နေသော Proposition 218 အိမ်ခြံမြေပိုင်ရှင်များ မဲဆန္ဒပေးခြင်းအစီအစဉ် သည် လမ်းမီးတိုင်ဌာန (Bureau of Street Lights-BSL) အတွက် ရန်ပုံငွေတိုးမြှင့်ရန်အတွက် ရည်ရွယ်သည်။  Proposition 218 ကို အတည်ပြုရေးအတွက် မဲခွဲဆုံးဖြတ်ရန် Los Angeles မြို့ရှိ အိမ်ပိုင်ရှင်များသည် မဲပြားများကို စာတိုက်မှ လက်ခံရရှိမည်ဖြစ်သည်။

မဲပေးခြင်းဆိုင်ရာ အချက်အလက်များ

မဲပေးရာတွင် ထူးခြားချက်မှာ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒပေးမှုမျိုးမဟုတ်ဘဲ၊ အိမ်ခြံမြေပိုင်ရှင်များ၏ အချိုးကျမဲပေးရသော သီးသန့်မဲဆန္ဒပေးပွဲတစ်ခုဖြစ်ပြီး မိမိ၏ဆန္ဒမဲပြားကို –

  • စတင်ပေးပို့သည့်ရက် – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ဝန်းကျင်မှစတင်၍ သက်ဆိုင်ရာ အိမ်ခြံမြေပိုင်ရှင်ပေါင်း ၅၈၄,၀၀၀ ခန့်ထံ စာတိုက်မှတစ်ဆင့် ပေးပို့ခဲ့သည်။
  • နောက်ဆုံးရက် – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နောက်ဆုံးထား၍ L.A. City Clerk ထံအရောက် ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

ဘတ်ဂျက်လိုအပ်ချက်နှင့် လက်ရှိစိန်ခေါ်မှုများ

Bureau of Street Lights က လမ်းမီးတိုင်များထိန်းသိမ်းရေးနှင့် Proposition 218 အကြောင်းဆွေးနွေးပွဲကို American Community Media နှင့် Bureau of Street Lighting တို့က ဦးစီးပြီး ဧပြီ၈၊ ၂၀၂၆ က Los Angeles ရုံးတွင် ကျင်းပခဲ့သည်။

  • ဘတ်ဂျက်အခြေအနေ – မြို့၏ လမ်းမီးတိုင်ပြုပြင်ထိန်းသိမ်းမှု ဘတ်ဂျက်သည် ၁၉၉၆ ခုနှစ်ကတည်းက ရပ်တန့် နေခဲ့သည်။
  • လိုအပ်ငွေ – လက်ရှိတွင် နှစ်စဉ်ဝင်ငွေမှာ ခန့်မှန်းခြေ ဒေါ်လာ ၄၅ သန်းသာရှိသော်လည်း BSL ၏ ခန့်မှန်းချက်အရ လက်ရှိပြုပြင်ထိန်းသိမ်းမှု၊ ပြုပြင်မှုနှင့် လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်များအတွက် ဒေါ်လာ ၁၂၅ သန်းခန့် လိုအပ်နေသည်။
  • အဓိကပြဿနာများ – ဟောင်းနွမ်းနေသော အခြေခံအဆောက်အအုံများကို အစားထိုးရန်နှင့် ကြေးနီဝါယာကြိုး ခိုးယူမှုများကြောင့် မြင့်တက်လာသော ပြုပြင်စရိတ်များကို ရင်ဆိုင်ဖြေရှင်းရန်ဖြစ်သည်။

မြို့တော်အာဏာပိုင်များသည် ဤရန်ပုံငွေလိုငွေကို ဖြည့်ဆည်းနိုင်ရန်အတွက် နှစ်စဉ် လမ်းမီးတိုင်အကဲဖြတ်ခ (assessment fees) တိုးမြှင့်ကောက်ခံရန် အိမ်ခြံမြေပိုင်ရှင်များကို တောင်းဆိုထားသည်။ လမ်းမီးတိုင်များထိန်းသိမ်းရန်မှာ ရာဇဝတ်မှုများကိုကာကွယ်ရန်နှင့် လုံခြုံရန်၊ ဘေးကင်းရန်၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်၊ မြို့၏လှပသာယာ‌ရေးအချက်များအတွက် အရေးကြီးလှသည်။


တာဝန်ရှိသူများ၏ ပြောကြားချက်များနှင့် လေ့လာမှုရလဒ်များ

” အခု အိမ်ပိုင်ရှင်တွေ စာတိုက်ကနေ လက်ခံရရှိမယ့် မဲပြားက သာမာန်မဲပြားမဟုတ်ဘဲ special assessment ballot ဖြစ်ပါတယ်။ နှစ်ပေါင်း၃၀အတွင်းမှာ ပထမဆုံးလမ်းမီးတိုင်များထိန်းသိမ်း၊ ပြုပြင်‌ရေးအတွက်ကုန်ကျငွေအတွက် အဆိုပြုချက်ဖြစ်ပြီး အိမ်ပိုင်ရှင်တွေက မဲမထည့်ရင်၊ သဘောမတူရင် Los Angeles မြို့ဟာ ရှေ့ဆက်ရွေ့နိုင်မှာ မဟုတ်ပါဘူး” ဟု Sany Close, director, ACoM က ပြောကြားခဲ့သည်။

UChicago Urban Labs ၏ လေ့လာချက်အရ –

  • သတ်မှတ်ထားသောအလင်းပမာဏကို မြှင့်တင်ပါက လူသတ်မှု၊ တိုက်ခိုက်မှု၊ အိမ်တွင်းဖောက်ထွင်းမှုများအပါအဝင် felony crimes များ ၃၆% လျော့နည်းသွားသည်။ * ညဘက်တွင် အိမ်ပြင်ပ၌ အလင်းရောင်များကြောင့် index crimes 4% ကို လျော့ကျစေသည်ဟု ဆိုသည်။

Miguel Sangalang, Executive director and Generl Manager of the Bureau of Street Lighting က BSL ၏စာရင်းအရ LA တမြို့လုံးမှာ လည်ပတ်ဖိုးနဲ့ထိန်းသိမ်းဖို လမ်းမီးတိုင်ပေါင်း နှစ်သိန်းနှစ်သောင်းခန့်ရှိနေပြီး တိုင်ဖိုးနဲ့တင် $500, 000 ကုန်ကျစားရိတ်ရှိနေပါတယ်။ ၇၅နှစ်အထက်သက်တမ်းရှိတဲ့တိုင်တွေကို အသစ်လဲရမှာဖြစ်ပြီး ၁၀နှစ်တခါမှာ မီးအိမ်စနစ်၊ မီးအိမ်တပ်ဆင်သည့်ကိရိယာများနှင့် LED စနစ်ကို အစားထိုးခြင်းတွေလုပ်ရပါတယ်။ နှစ်၅၀တခါမှာ ဝါယာကြိုးကာပိုက် လဲလှယ်ခြင်း (သို့မဟုတ်) လျှပ်စစ်ဝါယာကြိုးကာပိုက် အသစ်လဲခြင်းတွေလုပ်ရပါ” ဟု ရှင်းပြသည်။

မြို့၏ ၃ပုံ၂ပုံ၊ မိုင်၄၅၀၀မှာ လမ်းမီးများရှိပြီး ၂၇,၀၀၀ မိုင်ရှိသော copper wire များကို မိုင်၉ထောင်ရှည်သော လျှပ်စစ်ဝါယာကြိုးများကို ထည့်သွင်းကာကွယ်ပေးထားသည့် ပိုက်များဖြင့် လမ်းမီးနစ်ကို ဖန်တီးထားသည်။ လက်ရှိအချိန်မှာ မြို့ရဲ့ သုံးပုံနှစ်ပုံလောက်မှာ လမ်းမီးတွေ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ကျန်တဲ့ သုံးပုံတစ်ပုံမှာတော့ လမ်းမီးတွေ မရှိပါဘူး။ ဒါဟာ မြို့ပြဖွံ့ဖြိုးရေးကာလတစ်ခုခုမှာ လမ်းမီးတွေကို တပ်ဆင်မပေးခဲ့မိလို့ ဖြစ်ပါတယ်။


အထူးအကျိုးခံစားခွင့်နှင့် အခြေခံအဆောက်အအုံ

“တချို့နေရာတွေမှာကျတော့ ဒေသခံတွေက လမ်းမီးမရှိဖို့ ရွေးချယ်ထားတာမျိုးလည်း ရှိပါတယ်။ အဲဒီလိုနေရာတွေထဲမှာ မြင်းစီးကွင်းဒေသတွေနဲ့ တောင်တန်းဒေသတွေ ပါဝင်ပါတယ်။ ဒီနေရာတွေမှာ လမ်းမီးစရိတ်ကို ကျခံပေးမယ့် လူဦးရေ သိပ်မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေဟာ အိမ်ခြံမြေပိုင်ရှင်တွေကိုပဲ တိုက်ရိုက်အကျိုးပြုတဲ့ အထူးအကျိုးခံစားခွင့်တွေ ဖြစ်ပါတယ်။ ဒီမှာ မြင်တွေ့ရတဲ့ လမ်းမီးအမျိုးအစားတွေဟာ မြို့တစ်ဝှမ်းလုံးမှာ တပ်ဆင်ထားတာဖြစ်ပြီး ခြေလျင်သွားလာသူတွေနဲ့ ယာဉ်မောင်းနှင်သွားလာသူတွေအတွက် လိုအပ်တဲ့ အလင်းရောင်ကို ပံ့ပိုးပေးပါတယ်။” ဟု Fabian Cheng, Assistant Director and Chief Engineer က ပြောကြားခဲ့သည်။

Proposition 218 ၏ အဓိကအချက်များ –

  • မိလ္လာ၊ အမှိုက်သိမ်းခ သို့မဟုတ် လမ်းမီးလင်းရေးအတွက် ကောက်ခံသည့် အခကြေးငွေများသည် ထိုဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်ထက် မပိုရပါ။
  • အိမ်ခြံမြေပိုင်ရှင်များသည် အဆိုပြုထားသည့် အခကြေးငွေတိုးမြှင့်မှုကို ကန့်ကွက်ရန် စာဖြင့် တင်ပြနိုင်သည်။
  • အကယ်၍ ထိခိုက်နစ်နာသည့် အိမ်ခြံမြေပိုင်ရှင်အများစုက ကန့်ကွက်ပါက၊ ထိုအခကြေးငွေကို ကောက်ခံခွင့်မရှိပါ။
  • Los Angeles သည် လမ်းမီးတိုင်များ ပြုပြင်ရန်ကုန်ကျစားရိတ်ကို ၁၂၀% ခန့် တိုးမြှင့်ရန် စဉ်းစားနေသည်။

ဝန်ဆောင်မှုနှင့် အနာဂတ်အန္တရာယ်များ

အကယ်၍ Proposition 218 ကို အတည်ပြုပါက အဆိုပါရန်ပုံငွေသည် ပြုပြင်မှုများအတွက် တသမတ်တည်းရှိသော ဝင်ငွေလမ်းကြောင်းကို ဖန်တီးပေးမည်ဖြစ်သည်။ ဤရန်ပုံငွေမရှိပါက လက်ရှိတွင် အချို့သော ပြုပြင်မှုများအတွက် တစ်နှစ်နီးပါး ကြာမြင့်နိုင်သည့် ဝန်ဆောင်မှုနောက်ကျမှုများမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

” လက်ရှိ ကျတော်တို့ ရင်ဆိုင်နေရတဲ့ တကယ့်အန္တရာယ်ကတော့ လမ်းမီးတွေ မလင်းတော့တာပဲ ဖြစ်ပါတယ်။ ဒါက လမ်းပေါ်မှာ သွားလာနေသူတွေနဲ့ လမ်းအသုံးပြုသူတွေအတွက် အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ ပိုဆိုးတာက အခြေခံအဆောက်အအုံတွေက သက်တမ်းရင့်ပြီး အရမ်းကို ယိုယွင်းပျက်စီးနေတာကြောင့် မီးတိုင်အချို့ဆိုရင် လုံးဝ ပြိုကျသွားနိုင်တဲ့ အန္တရာယ်တောင် ရှိနေပါတယ်။ ဒါက လမ်းပေါ်မှာ သွားလာနေတဲ့ ပြည်သူလူထုအတွက် အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ဖန်တီးနေတာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပျက်စီးယိုယွင်းနေပြီး သက်တမ်း ၇၅ နှစ်ကျော်ပြီဖြစ်တဲ့ လမ်းမီးတိုင်တွေကို အစားထိုးလဲလှယ်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် သက်တမ်း ၂ နှစ်ကျော်သွားပြီဖြစ်တဲ့ LED မီးလုံးတွေကိုလည်း အစားထိုးလဲလှယ်ဖို့ လုပ်ဆောင်နေပါတယ်။” ဟု Cheng က ဆိုသည်။

“ကျမတို့ဟာ ရပ်ရွာအတွက် လမ်းမီးတွေကို ပြန်လည်လင်းလက်လာအောင် လုပ်ဆောင်ရတဲ့ ဒီလုပ်ငန်းအပေါ် ဂုဏ်ယူမိပါတယ်။ ဒေသခံတွေက သူတို့ရပ်ကွက်တွေကို ပြန်ပြီး လုံခြုံတယ်လို့ ခံစားလာရတဲ့အခါ၊ မိသားစုတွေ ညဘက်မှာ စိတ်ချလက်ချ လမ်းလျှောက်နိုင်ဖို့အတွက် လုံလောက်တဲ့ အလင်းရောင်ကို ပေးစွမ်းနိုင်တဲ့အခါ ကျမတို့ တကယ်ပဲ အောင်မြင်တယ်လို့ ခံစားရပါတယ်။ လက်ရှိကန့်သတ်ချက်တွေနဲ့ ကျမတို့ရဲ့ ရည်မှန်းချက်တွေကြားမှာ ရှိနေတဲ့ ကွာဟချက်တွေကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု Manuel Reyes Hago, Street Lighting Construction & Maintenance Superintendent က ပြောကြားခဲ့သည်။