မြန်မာနှစ်ကူးဧပြီလသည် မြန်မာ-အမေရိကန်တို့အတွက် ထူးခြား၏။ မြန်မာပြည်တွင်း၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် ဘောင်းဘီချွတ်၍ မဲဆန္ဒဖြင့် ရွေးကောက်ထားပါသည်ဆိုသော ကိုယ်စားလှယ်များ၏ ထပ်ဆင့်ရွေးချယ်ပေးမှုဖြင့် သမ္မတဦးမင်းအောင်လှိုင် အဖြစ်ခံယူသည်။ မြန်မာနှစ်ဆန်းတရက်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျခံနေသူ (၄၅၁၄) ဦးတို့နှင့်အတူ သမ္မတဦးဝင်းမြင့်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။ ဧပြီလကုန် ၃၀ ရက်နေ့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ပြုကာ အကျဉ်း ကျခံနေသူ (၁၅၁၉) ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ ပြောင်းရွှေ့ကာ သတ်မှတ်ထားသည့် နေအိမ်တွင် (အကျယ်ချုပ်) ဆက်လက်ခံစေရန် ပြောင်းလဲသတ်မှတ်ပေးသည်။ ၂၀၂၁ တွင် အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်စုမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော ထောင်ဒဏ်ပေါင်း ၃၃ နှစ်မှ လျော့ရက်များ နှုတ်ပါက ၁၃ နှစ်ကျော် ကျန်ရှိနေသေးသည်ကို လက်ရှိသမ္မတရာထူး ရယူလိုက်သည့် ဦးမင်းအောင်လှိုင်မှ […]
