ကာရံNovember 23, 20121min05
အလွမ်းတွေကို တေးဖွဲ့ရင်း ရေးခဲ့တဲ့ကာရံလေးတွေက အခုတော့ မိုးသည်းတဲ့ညမှာ ကြယ်လေးတွေလဲ အေးခဲလို့နေပြီလား အနောက်အရပ်မှာ ကွယ်နေတဲ့နေမင်းရဲ့ခြေရာကို မင်းဘယ်လိုအရာတွေနဲ့ ဖမ်းပေးနိုင်မလဲလေ မတွေးခဲ့မိတဲ့ မေတ္တာရိပ်အောက်မှာ မင်းပေးခဲ့ဖူးတဲ့ သစ္စာစကားလေးတစ်ခွန်းက ဘယ်တော့မှ မပျက်ပြယ်မဲ့ ချစ်သံဇဉ်တွေတဲ့ အခုတော့ သံဇဉ်လဲ လွမ်းလွန်းလို့ ခန်းခြောက်နေတဲ့ ရေကန်ငယ်လေးထဲမှာ ရွှေငါးလေးတွေလဲ တွေးဖွဲ့စရာ မရှိတော့ပြီဘဲလေ အနိုင်လိုချင်တဲ့ မင်းလေးရဲ့စိတ်ထားကို ငါဘယ်လို ပြုပြင်ပေးမှ နိုးထနိုင်မလဲကွယ် သိပ်ချစ်တယ်ဆိုတာကို ရင်ထဲကဖွင့်မပြောပေမယ့် ငါပေးခဲ့ဖူးတဲ့ အကြင်နာတွေကို အမှတ်ရနေသေးမယ်ဆိုရင် သိနိုင်ပါတယ် ချစ်ဦးသူရယ် အခုတော့ မင်းရဲ့ချစ်ပါတယ်ဆိုတဲ့ နှုတ်ခမ်းထက်က စကားလုံးတွေက ကြိုးပျက်သွားတဲ့ သံယောဇဉ် ပမာ ငါလေ အလွမ်းတွေနဲ့ ထွေးဖက်ရင်း ကျန်ရှိသေးတဲ့ နေ့ရက်တွေကို ဘယ်လိုခွန်အားတွေနဲ့ ခရီးဆက်ရမလဲကွယ် ပိတောက်မိုး


alinsettNovember 23, 20121min017
ရှာဖွေတွေ ့ရှိခြင်း ………………. ကောင်းကင်ကြီ်း အကြောင်း… အိပ်မက်ရင်း…. မြေကြီးထဲ….ပဲ..နစ်…နစ်…ဝင်…. ကျဆုံးချိန်မှာတောင်…..အလံ…. မလဲ…ချင်တဲ့..လူ…. —————————– မဆုံ နိုင် မှန်း……. သိ လျက်နဲ ့လည်း… မျဉ်းပြိုင် နှစ်ကြောင်း ရဲ ့ဆုံမှတ် ကိုမှ…. မြင်ချင်သူ…. အောက်စီဂျင်ကို…. မရှုချင်တဲ ့……. လူ…… ——————————- အဆိပ်ခွက်ကို..ကိုင်ဆောင်ရင်း………. အမှန်တရား ရဲ ့ ချိုမြိန်မှု..ကို..ရှာဖွေ..သူ….. ရှာမတွေ ့ရင်တောင်…… ဆက်… ရှာဖွေတဲ ့လူ…. နဖူးမှာ…စာ…မပါတဲ ့ လူ……… ———————————————— အဆုံးသတ် ဆိုတာ…. အစ သစ် တစ်ခု…ဆွဲထုတ်ခြင်း…မဟုတ် …. အစသစ် ဆိုတာ…… အဆုံးသတ်တစ်ခု…ရဲ ့ နိဂုံးလည်း..မဟုတ်ခဲ ့…….. ဘာဆိုဘာမှလည်း…………. မဟုတ်ခဲ့……. […]


လင္းစက္ရာNovember 23, 20121min05
အုံ့ပျနေတဲ့ အရိုင်းစိတ်ကို ခေါင်းလောင်းသံက ပြန်သတ်သွားတယ်.. င့ါကိုယ်ငါ ဘယ်နှစ်နာရီထိုးခဲ့ပြီလဲ မသိဘူး..။ လူတွေက မနက်ခင်းပဲလိုချင်တယ် ဆိုကြပါစို့ ငါတို့ ရှေ့ဆက် ပူပြင်းအိုမင်းသွားဖို့ပဲ ရှိတော့မပေါ့…။ အမှောင်ထဲက အရုဏ်ကိုထိုင်စောင့်ရတာ ပိုပြီးမျှော်လင့်ချက် ရှိမလားလို့…..။ တံခါးစေ့ထားတဲ့ ထောင်ချောက်တိုင်းကို ငါတွန်းဖွင့်ဝင်ရောက်တတ်တယ် အလဲလဲ အကွဲကွဲ တစ်ခါတစ်လေ မချိသွားဖြဲလေးနဲ့…၊ ဖုံးကပ်နေတဲ့ အညှိတွေကို မိုးထဲရေထဲထပ်ပစ်ထားပြီး အနက်တွေကို ပိုနက်သွားစေတယ်…။ နရက်မီးပွင့်တွေကြားမှာ ဘဝသံသရာတေးသွားနဲ့ကမယ်… နှစ်ပါးခွင်လေးတော့ မြိုင်ချင်သား..။ ဆယ်ယူတိုင်း ဆယ်ယူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မမိဘူး.. ငါကိုက လှုပ်ခတ်လွန်းတဲ့ အမှုန်တစ်ခု..။ ဘုရားရှိခိုးဖို့ သတိရတယ်..။ အိပ်ရာဝင်ဖို့ သတိရတယ်..။ သူမကို သတိရတယ်..။ နွေဦးလွင်ကို သတိရတယ်..။ ဟိန်းလတ်ရဲ့ ဗန်ဒါရွက်တွေကို သတိရတယ်..။ ညတာက ဆန့်ထွက်လာပြန်ရော…။ ဒီနေ့အသုံးမပြုတော့ဖို့ […]


ကာရံNovember 22, 20121min06
ညအစဉ် လင်းလတ်ခွင့်မပေးတဲ့ထဲမှာလဲ ငွေလမင်းလဲ ပါပါတယ်လေ သူ့ဝန်းရံမှာ မှီခိုနေတဲ့ ကြယ်လေးတွေတောင် အတွေးပြောင်းလို့ထင်တယ် ဒီနေ့လဲ အဝေးတစ်နေရာကို ရောက်လို့နေပြီလေ လွမ်းတယ်ကွယ် တစ်ခါလွမ်းတိုင်း ငါစာတွေရေးဖွဲခဲ့ရတာ အခုဆို စာရွှက်လေးတွေတောင် စကားပြောတက်နေပြီ သူတို့ပြောတာလေးကို မင်းကြားနိုင်မယ်ဆိုရင် လှောင်ရယ်လို့နေရော့မယ်ထင်တယ်နော် သူတို့ပြောတာလေးတွေက ချစ်သူရေ ငါလွမ်းတိုင်းကောက်ခဲ့ဖူးတဲ့ စွယ်တော်ရွှက်လေးတွေတောင် အခုဆို ခြောက်ခန်းလို့ ငါ့တို့လေးတွေနဲ့အတူ ပိတ်လှောင်ခံနေရတယ်တဲ့ ရယ်ရတယ်နော် ငါဘာတွေတွေးမိနေပါလိမ့် လွမ်းလို့ရူးတာလား ရူးချင်လို့ လွမ်းမိတာလား အချစ်ဆိုတာ ဘာအရောင်လဲ ငါသိမိတာလေးကတော့ အချစ်မှာ အရောင်မရှိပါဘူး ရှိတယ်ဆိုရင် သတ်မှတ်ချက်တွေဘဲဖြစ်မယ် သူတို့တစ်တွေသတ်မှတ်တဲ့ အရောင်အောက်မှာ ငါမရောက်ချင်ဘူး ငါသိတဲ့ အချစ်ဆိုတာ အေးချမ်းတဲ့ မေတ္တာတရားတစ်ခုပါ ဒါဆို အမုန်းဆိုတာရော လူတိုင်းမုန်းဖူးပါလ်ိမ့်မယ် မုန်းချင်ယောင်လဲကြိုးစားမိပါလိမ့်မယ် အမုန်းဆိုတာ ငါ့အတွက်တော့ အပြုံးလက်ဆောင်လေးတစ်ခုပါ လူတစ်ယောက်ကို […]


ကာရံNovember 22, 20121min011
ရွှေဝါအဆင်း ရွှေသားအတိ ရွှေရောင်းဝင်းသည့် တို့တိုင်းပြည်ဝယ် ဘယ်မှညာလှမ်း စိမ်းလန်းသောရေ အေးချမ်းသောမြေ ုငြိမ်းချမ်းသော တရားဒေဿနာတွေက တို့တစ်တွေရဲ့ ရင်မှာ အစဉ်ကိန်းအောင်းလို့ နေခဲ့ပြီလေ……. တမ်းတလို့ရှုမဝ လွမ်းတစ်တတနဲ့ တို့တစ်တွေ အစဉ် နမ်းရှိုက်ခဲ့တဲ့ လေနုအေးလေးတွေကလည်း ထွက်ခွါမရအောင် တုံ့နှောင်ထားနိုင်ခဲ့တယ်နော်………….. အော် အတိတ်လား  ပစ္စုပါန်လား အနာဂတ်လေလား ပျော်ရာမှာမနေရ တော်ရာမှအခြေချနေ့ရတဲ့ တို့တစ်တွေရဲ့ရင်မှာ တမ်းတမိတာကတော့ တို့ပြည် တို့မြေ တို့ရဲ့ အိမ်လေးကိုပါ သူငယ်ချင်းရေ မင်းလဲတို့လိုဘဲ အဝေးတစ်နေရာက ခံစားနေရမယ်ဆိုရင် သေချာပါတယ် မရေရာသေးတဲ့ တို့ဘဝတွေကို မပြည့်စုံမှုအောက်မှာ နောက်တစ်ခါ ထက်မရောက်စေချင်လို့ဆိုတာလေ……… ဒါကြောင့်  ကျွန်တော်လေ လွမ်းလှပါတယ် ပြည်မြန်မာရယ် ပိတောက်မိုး


ကာရံNovember 21, 20121min06
အချစ်ကို ကိုးကွယ်ခဲ့တာမဟုတ်ပါဘူး ငါ့နှလုံးသားကို ယစ်ပူဆော်ခြင်းခံခဲ့ရတာပါ၊  မေတ္တာအတုအယောင်တွေအောက်မှာ ကိုးကွယ်နေကြတဲ့ သစ္စာစကားတွေကရော ဘာတွေလဲ ………… ချစ်တယ် သိပ်ချစ်တယ်တဲ့  ပြောထွက်တဲ့ မင်းလေးရဲ့နှုတ်ဖျားကိုတော့ ငါလေဆိုးကြောက်မိတာတော့ သေချာတာပေါ့ မာနတွေနဲ့ ဆင်ယင်ထားတဲ့ အပေါ်ရံအလွှာတွေအောက်မှာ ထားရှိတဲ့ သစ္စာစကားတွေက    ဟား ဟား ဟား……… သိပ်ရယ်စရာကောင်းပြီး အနှစ်မပါတဲ့ ဟင်းလျှာတစ်ခွက်လိုဘဲနော်………… ပြောစမ်းပါဦးကွာ ဘယ်အရောင်ဘယ်ကာလာတွေနဲ့ ငါ့ရဲ့ဖြူစင်တဲ့နှလုံးသားကို ခြယ်သနေဦးမလဲလေ ငါရဲ့အချစ်တွေကလဲ အလိုက်မသိစွာနဲ့ဘဲ မင်းပြုမှုသမျှ ခေါင်းငြိမ့်နေခဲ့မိတာ ဘာကြောင့်များပါလိမ့် တော်ပါပြီ သိပ်ကိုကြောက်ပါပြီ နှုတ်ကပြောမထွက်ခဲ့ပေမယ့် သိပ်ချစ်ခဲ့မိတဲ့ မင်းလေးကိုတော့ ငါ့မာနတွေကို နင်းလျှောက်ဖို့အတွက် လမ်းအဖြစ်ခင်းထားပေးခဲ့ပြီးပြီဘဲလေ…. ကျေနပ်ပါတော့နော် အပြစ်ရှိခဲ့တယ်ဆိုလဲ ချစ်မိခဲ့တဲ့ ငါ့ရင်ခွင်ကိုဘဲ ဒဏ်ခက်တဲ့အနေနဲ့ မင်းလေးရဲ့ဝေးရပ်တစ်နေရာမှာ ပုန်းခိုရင်း……………. ပိတောက်မိုး


တိမ္မည္းNovember 21, 20121min036
မန် ့ခြင်း အမှူ ထိုတခုတွင်… တိုသော် မကောင်း… ရှည် သော် မလှ…. ထို နှစ်ဝမှ တိုခြင်း မန် ့ကား လေးရာမရောက်…. ရှည် ခြင်း မန် ့ကား အမှားများရာ…. ထိုထိုထွေထွေ ကြားမြောင် အလယ်… တည်ကာ မန် ့မှ… ကောင်းလိမ့်မည်ဟု မှတ်လေသတည်း….     မန် ့ခြင်း အမှူ ထိုတခုတွင်… အကြင် စာရေး….. ရေးချင်တာရေး…. မန် ့ချင်တာ မန် ့ ပြုခြင်းဖြစ်က….. လေးထားအမှူ မရှိခဲ့သော်…. ရွာပူ ရွာဆူ ပြုလုပ်သည်ဟု…. ခိုင်ခေါ် သဂျီး သမုတ်လေသတည်း….     မန် ့ခြင်း အမှူ […]


ကာရံNovember 18, 20121min04
အတွေးတွေနှစ်မျေားရင်း ငါအိပ်မောကျခဲ့ပြီလေ အာရုံမှာချောက်ချားစေမယ့် အကြောင်းအရာတွေကို ရောက်မသွားရအောင် စိတ်ဆိုတဲ့ အရာကို အောင်နိုင်ဖို့ တရားဓမ္မတွေနဲ့ ငါထိန်းကျောင်းထားလို့နေပြီလေ သိပ်ပျော်ခဲ့မိပါတယ် မဖိတ်ခေါ်ဘဲရောက်လာတဲ့ အလင်းရောင်တန်းတွေအောက်မှာ ငါလေလျှောက်လို့သွားရင်း ဟိုးအဝေးရဲ့တစ်နေရာမရောက်သေးခင် ကောင်းမှုလေးတွေ သယ်ပိုးလို့ ငါလေ ပြုသမျှကုသိုလ်တွေကို ရရက်သားသမီး အပေါင်းရပါစေကြောင်း ဆုတောင်းမေတ္တာပို့ရင်း ……………………. ပိတောက်မိုး


ကာရံNovember 18, 20121min01
အနမ်းတွေနဲ့ကင်း အလွမ်းတွေနဲ့ခင်းထားတဲ့ ဒီပန်းခရေတောထဲမှာ ငါတစ်ယောက်လျှောက်လှမ်းမိတာ နှလုံးသားလဲကြွေမွ မြေခနေတဲ့ ပန်းခရေပွင့်လေးတွေကတော့ ရနံ့တွေကြွယ်နေတုန်းပါဘဲလား  ချစ်သူရယ်………….. သစ္စာပန်းခရေ ဒီလမ်းလေးတွေအောက်မှာ ဆုံခဲ့ဖူးတဲ့ အတိတ်ဇာတ်လမ်းလေးက မိုးစက်တွေအောက်မှာ ခိုနားရင်း ရင်းနှီးမှုတွေစတင်မိခြင်းလားလေ…… အချစ်နဲ့အစပျိုးခဲ့တဲ့ ဒီခရေတောလေးကတော့ မြေမှာပျိုးကြဲသည့်လား ဝေဝေဆာဆာခင်းထားသလို မင်းနဲ့ငါရဲ့ ချစ်ခရီးလမ်း ဖယောင်းလမ်းပမာ နင်းလျှောက်ခဲ့ဖူးတယ်နော် ……….. သိပ်ပျော်ခဲ့တာပေါ့ ကြင်နာတဲ့ ချစ်စကားတွေအောက်မှာ သူတို့လေးတွေလဲ နားထောင်နေသယောင်ယောင် ဒါပေမယ့်ချစ်သူရယ် အခုတော့ ခရေတွေလည်းခြောက် ချစ်သူလေးလဲ ပျောက်ရှခဲ့ပြီပေါ့ နောက်ဆုံးတော့လဲ ငါတစ်ယောက်ထဲ ဒီပန်းခရေတောလေးထဲမှာ ပွင့်ခြောက်တွေကောက်ရင်း အလွမ်းဖြေတော့မယ်ချစ်သူရယ် ပိတောက်မိုး


ကာရံNovember 17, 20121min03
ငါ့အလွမ်းတွေအောက်မှာ မိုးပေါက်တွေလဲ ခြွေကျလို့နေပြီလေ ကောင်းကင်ထက်မှာ လမသာပေမယ့် ငါ့ရင်ထဲမှာတော့ ကြယ်လေးတွေလင်းလတ်နေဆဲပေါ့ အကြင်နာကင်းမဲ့တဲ့ နေမင်းရဲ့ အပူဒဏ်အောက်မှာ ငါမာနတွေ အရည်ပျော်ကုန်ပြီလား သစ္စာမပျက်ပါလျှက်နဲ့ မင်းငါ့ကိုပြစ်ခွာရက်တာ အခုဆို မေတ္တာစာလေးတွေတောင် နွမ်းလို့နေပြီလေ အနမ်းတွေခြွေခဲ့ဖူးတဲ့ ပန်းတံတားလေးတောင် အခုဆို သူ့အောက်က ရေကန်ငယ်လေးလဲ ခမ်းချောက်လို့နေတော့မယ် သစ်ရွှက်ကြွေတိုင်း လွမ်းတက်တဲ့ ဥဩဌက်လေးလဲ အဆွေးတေးသံလေး ပေးလို့နေပြီလေ ဆောင်းခိုဌက်လေးတွေလဲ အိပ်တန်းတက်တော့မယ်ထင်ပ မြင်သမျှအရာတွေက အခုတော့ ပူဆွေးစရာ အတိတ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လို့နေပြီကွယ် သိပ်ချစ်တယ်ဆိုတာ မင်းကိုယ်ချင်းစာတဲ့တစ်နေ့ အပြစ်ကင်းတဲ့ ချစ်ခြင်းတွေ ရနိုင်ပါစေလို့ ဆုတောင်းရင်း ကြွေလွင့်သွားတဲ့ မိုးစက်တွေကြား ငါပြုံးပြုံးလေး ခံစားတော့မယ်ချစ်သူရယ် ပိတောက်မိုး  


သူရႆဝါNovember 17, 20121min06
မဟာရန်ကုန် – သူရဿဝါ – ရန်ကုန်ဟာ အကြံစုံလို့ ရန်ကုန်ဟာ မာယာတွေ ဆယ့်ခြောက်ပဲရည်ပြည့်လို့ ရန်ကုန်ဟာ ဖရေဇာတလျှောက်က အဝတ်ဟောင်းတန်းတွေနဲ့တူလို့ ရန်ကုန်ဟာ ပတ်တီးကိုင်လို့ ရန်ကုန်ဟာ ဆေးပြန်ရိုက်လို့ ရန်ကုန်ဟာ မိတ်ကပ်တွေဖို့လို့ ရန်ကုန်ဟာ မျက်နှာမှာသနပ်ခါး ပေါင်မှာသေးကြောင်းနဲ့ဖြစ်လို့ ရန်ကုန်ဟာ လက်သုတ်ဝတ်ကို ခပ်တည်တည်ခါးကြားမှာထိုးလို့ ရန်ကုန်ဟာ ရန်ကုန်ဆန်လို့ ရန်ကုန်ဟာ မျက်နှာသစ်ဆေးရည်တွေအသင့်ပြင်လို့ ရန်ကုန်ဟာ ကပျာကယာ ပြင်ဆင်ဖြီးလိမ်းလို့ ရန်ကုန်ဟာ အဝတ်အစားလဲလှယ်လို့ ရန်ကုန်ဟာ လူယောင်ဖန်ဆင်းလို့ ရန်ကုန်ဟာ သုတ်သီးသုတ်ပြာနိုင်လို့ ရန်ကုန်ဟာ အကြံကုန်လို့ ရန်ကုန်ဟာ ရန်ကုန်ရဲ့မျက်နှာစိမ်းဧည့်သည်တွေကို ရန်ကုန်အစစ်ဖြစ်ကြောင်း ရန်ကုန်အတုကြီးနဲ့ဖုံးပြီးသက်သေပြတော့မလို့ .. ။ ။ ၁ရ – နိုဝင်ဘာ – ၂၀၁၂


ကာရံNovember 14, 20121min01
အပြစ်မဲ့ကလေးငယ်တွေ ဘာကြောင့်များ လောကအလယ်မှာ သူတို့လေးတွေ ပူဆွေးနေရတာလဲကွယ်………….. ရင်ခွင်မဲ့တစ်နေရာမှာ သူတို့လေးတွေ ငြိုးငယ်သောစိတ်ထားတွေနဲ့ ဘယ်တော့ခါများ ငြိမ်းချမ်းနိုင်မလဲလေ…………… စာနာပေးကြပါ စာနာပေးလိုက်စမ်းပါကွာ အချစ်မဲ့နေတဲ့ လောကအလယ်မှာ ငါတို့ရဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံနဲ့ ကြင်နာမှုလေးတွေကို ဘာကြောင့် မပေးစွမ်းနိုင်ရမလဲလေ……………. ကြိုးစားလိုက်စမ်းပါ ကြိုးစားကြည့်စမ်းပါကွာ တိုတောင်းလှတဲ့ လောကကြီးမှာ ရင်ခွင်မဲ့နေတဲ့ ရင်သွေးငယ်လေးတွေကို ငါတို့တစ်တွေ နွေးထွေးတဲ့ အပြုံးများနဲ့ လောကကို အလှစင်နိုင်မယ်ဆိုရင် သူတို့လေးတွေ ပြုံးတက်လာတဲ့တစ်နေ့ နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းလေးများ ဖြစ်စေဖို့ ကြိုးစားကြပါစို့နော်………………….. ပိတောက်မိုး


ကာရံNovember 14, 20121min00
ကြည့်စမ်းပါဦးကွာ ဒေါသတွေနဲ့ ရှင်ပြိုင်နေလိုက်ကြတာ အေးခြမ်းနေတဲ့ လောကကြီးတောင်  တုန်ဟီးလို့နေပြီနော် အာဏာတွေနဲ့ မင်းမသိမ်းပိုက်ချင်စမ်းပါနဲ့ သူငယ်ချင်း အစိုးမရတဲ့လောကကြီးရဲ့ အလယ်မှာ မင်းလေးတစ်ယောက် သောကတွေဝေမယ့်တစ်နေ့ကို ငါမကြည့်ရက်လို့ပါ အကျိုးမဲ့ အငြိုးဖွဲ့နေမယ့်အစား စာနာစိတ်ကလေးနဲ့ ညှာတာပေးလိုက်မယ်ဆိုရင် သိပ်သေချာတာပေါ့ မဖိတ်ခေါ်ဘဲရောက်လာမယ့် ပျော်ရွှင်ခြင်းတွေက မင်းလေးအောက် အစဉ်ဒူးထောက်နေမယ်ဆိုတာ ပြေးကြည့်မနေစမ်းပါနဲ့ကွာ အတွေးနဲ့တင် မင်းရယ်တက်လာမယ်တစ်နေ့ ကြိုတွေးရင် စိမ်းလမ်းနေတဲ့ ကမ္ဘာလေး သာယာစေဖို့ တို့တစ်တွေ အတူကြိုးစားကြပါစို့လား သူငယ်ချင်းရေ…………… ပိတောက်မိုး