ကြိုးပျက်သွားသော သံယောဇဉ်

ကာရံNovember 23, 20121min05

အလွမ်းတွေကို တေးဖွဲ့ရင်း

ရေးခဲ့တဲ့ကာရံလေးတွေက

အခုတော့ မိုးသည်းတဲ့ညမှာ

ကြယ်လေးတွေလဲ အေးခဲလို့နေပြီလား

အနောက်အရပ်မှာ ကွယ်နေတဲ့နေမင်းရဲ့ခြေရာကို

မင်းဘယ်လိုအရာတွေနဲ့ ဖမ်းပေးနိုင်မလဲလေ

မတွေးခဲ့မိတဲ့ မေတ္တာရိပ်အောက်မှာ

မင်းပေးခဲ့ဖူးတဲ့ သစ္စာစကားလေးတစ်ခွန်းက

ဘယ်တော့မှ မပျက်ပြယ်မဲ့ ချစ်သံဇဉ်တွေတဲ့

အခုတော့ သံဇဉ်လဲ လွမ်းလွန်းလို့ ခန်းခြောက်နေတဲ့

ရေကန်ငယ်လေးထဲမှာ ရွှေငါးလေးတွေလဲ

တွေးဖွဲ့စရာ မရှိတော့ပြီဘဲလေ

အနိုင်လိုချင်တဲ့ မင်းလေးရဲ့စိတ်ထားကို

ငါဘယ်လို ပြုပြင်ပေးမှ နိုးထနိုင်မလဲကွယ်

သိပ်ချစ်တယ်ဆိုတာကို ရင်ထဲကဖွင့်မပြောပေမယ့်

ငါပေးခဲ့ဖူးတဲ့ အကြင်နာတွေကို အမှတ်ရနေသေးမယ်ဆိုရင်

သိနိုင်ပါတယ် ချစ်ဦးသူရယ်

အခုတော့ မင်းရဲ့ချစ်ပါတယ်ဆိုတဲ့ နှုတ်ခမ်းထက်က စကားလုံးတွေက

ကြိုးပျက်သွားတဲ့ သံယောဇဉ် ပမာ ငါလေ

အလွမ်းတွေနဲ့ ထွေးဖက်ရင်း ကျန်ရှိသေးတဲ့ နေ့ရက်တွေကို

ဘယ်လိုခွန်အားတွေနဲ့ ခရီးဆက်ရမလဲကွယ်

ပိတောက်မိုး

5 comments

  • ခိုင်ဇာ

    November 23, 2012 at 8:16 pm

    ကျိုးပျက် တာလား။ ကြိုးပြတ် တာလား။ :hee:

    Reply

  • မောင်ပေ

    November 23, 2012 at 8:44 pm

    ကြိုးပျက်
    နိုးမနက်
    မိုးစက်
    ဖိုးရှက်
    အိုးဖွက်
    ဇိုးတက်
    ပျိုးကွက်
    တိုးလျှက်

    Reply

  • Nay Chi

    November 24, 2012 at 10:00 am

    ကြိုးပျက်သွားတဲ့ သံယောဇဉ် ပမာ
    ငါလေ
    အလွမ်းတွေနဲ့ ထွေးဖက်ရင်း
    ကျန်ရှိသေးတဲ့ နေ့ရက်တွေကို
    ဘယ်လိုခွန်အားတွေနဲ့ ခရီးဆက်ရမလဲကွယ်….။>>>> လွမ်းစရာလေးတွေ ချန်ပေးခဲ့တဲ့တာကိုက ခွန်အားတစ်ရပ်ပဲမဟုတ်လား…။

    Reply

  • ရွာသူ jujuma .

    November 24, 2012 at 3:17 pm

    လွမ်းစရာရှိရင် နာစရာနဲ့ ဖြေလိုက်ပါ … :hee:

    Reply

  • padauk moe

    November 24, 2012 at 6:30 pm

    ဝင်ရောက်အားပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် ကျွန်တော်က လွမ်းတက်တာတော့သေချာပါတယ် ဒါပေမယ့် နာစရာတွေတော့ မရှိခဲ့ဘူးလေ သူတစ်ပါးကို စိတ်မနာအောင် မလုပ်သလို သူတို့ကလည်း ရင်နာစရာတွေမပေးခဲ့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းတွေလေ ဟုတ်တယ်မလား………………တွေးကြည့်ယုံသက်သက်ပါ

    Reply

Leave a Reply

Your email address will not be published.