htet wayNovember 13, 20121min05
အို..ပန်းမဝတီ သင့်တေးသံနဲ့ ဆက်စီးပါလေ တခါက ရဲရဲနီစွေး “နောင်ရိုး တိုက်ပွဲ”က သွေးတွေ လည်း သင့် ရင်ခွင်ထဲ စီးခဲ့ဖူးတယ် လေးသံ မြှားသံဓါးချင်းခတ်သံ စစ်မောင်းသံ ကြွေးကြော်သံ ကြုံးဝါးသံတွေနဲ့ သင့် ကျောပေါ် တိုက်ဆင်တွေ စစ်မြင်းတွေ ဖြတ်ခဲ့ဖူးတယ် အို..အိပ်မက်ဆိုသော အရပ်က ပန်းမဝတီငဲ့ ကျော်ထင်နော်ရထာက ဖေါင်တွေကို မီးတိုက် နောက်ပြန် မလှည့်ကြေးဆိုတဲသူရဲကောင်းတို့ရဲ့ သီချင်း မှာ ဝါးပိုးပင်ကြီးတွေယိမ်းနွဲ့ ကခုန် မြစ်ကလည်းသံပြိုင် စည်းချက်ညီခဲ့တယ်မဟုတ်လား ကျော်ထင်နော်ရထာရဲ့ အောင်လျှင် အသက်ရှင်မည်မအောင်လျှင်သေမည်ဆိုတဲ့ ကြွေးကြော်သံကို သင်နာခံခဲ့တယ် မဟုတ်လား တပင်ရွှေထီး က ပေးတဲ့ ဘုရင့်နောင် ဘွဲ့ သင့်နုတ်ခမ်းသားပေါ်မှာအောင်စည် အောင်မောင်းတွေနဲ့ ကျော်ထင်နော်ရထာကိုဂုဏ်ပြုပွဲ သူတို့ ဆင်နွဲခဲ့တာပဲ အိုပန်းမဝတီ အစကတော့ သင့်ကို […]


ကာရံNovember 13, 20121min01
အတွေးတွေ ထဲမှာ မင်းအိပ်မနေပါနဲ့တော့နော် နိုးထချိန်တန်ရင် ပျိုးထားခဲ့တဲ့ မင်းလေးရဲ့ နံနက်ခင်းတစ်နေရာမှာ စိမ်းလန်းခြင်းတွေ တည်ရှိနေပြီလေ……….. လတ်ဆက်တဲ့ လေနုအေးနှင့်အတူ မင်းရဲ့နှလုံးသားကို နှစ်မြုပ်လိုက်စမ်းပါ အေးချမ်းခြင်းရဲ့ အရသာကို ခံစားတက်လာပါလိမ့်မယ် ကြည့်စမ်းပါဦး အားမာန်အပြည့်နဲ့ တောက်ပနေတဲ့ နေမင်းရဲ့ခွန်အား မင်းကို အားအင်တွေ ပေးစွမ်းလို့နေပြီလေ ရယူလိုက်စမ်းပါ သူငယ်ချင်း သောကကို လောဘနဲ့ မထိန်းချုပ်ခြင်းစမ်းပါနဲ့ တော်ကြာ မောဟတွေက မင်းကို လှိုက်လောင်မြိုက်လို့နေလိမ့်မယ်လေ အေးခြမ်းချင်းကို အထူးရှာစရာမလိုပါဘူး မင်းလေးရဲ့ဘေးမှာ တည်ရှိနေခဲ့တာ အမှတ်မထားမိလို့ပါ သိမ်းပိုက်လိုက်ပါ မင်းသိမ်းပိုက်လို်က်စမ်းပါကွာ မေတ္တာတရားတွေနဲ့ သစ္စာတွေ တစ်ပွေ့တစ်ပိုက်ကြီး မင်းရလာပါလိမ့်မယ် အရှည်ကိုမတွေးပါနဲ့တော့လေ ဖြစ်လာမယ့်အရာကို အပြစ်ဆိုတဲ့ ပေတံနဲ့မတိုင်းဘဲ မင်းရိုးရိုးလေး လျှောက်လှမ်းခဲ့ပါ အဲဒီမှာ မုဒိတာတွေ အများကြီးရှိတယ် စိတ်ဆိုတာ အရောင်များပါတယ် အဖြူရောင်စိတ်ထားလေးကို […]


ကာရံNovember 12, 20121min00
ငြိမ်းချမ်းခြင်းရဲ့ နံဘေးမှာ အေးမြတဲ့ တေးသံဇဉ်တွေက နွေးထွေးစွာ ကခုန်လျှက်ပေါ့ စမ်းချောင်းလေးရဲ့ဘေးမှာ ခမ်းချောက်မသွားတဲ့ လေနုအေးလေးတွေနှင့်အတူ ကြေးဌက်လေးတွေကလည်း ပျော်မြူးခြင်းတွေနဲ့လေ ရင်ထဲမှာ ငြိမ်းချမ်းခြင်းတွေနဲ့အတူ တရား ဒေဿနာတွေ ပွားများရင်း လူသားအပေါင်း သောသတွေ မာနတွေ ကင်းစင်ပါစေလို့ပေါ့ ကလေးငယ်လေးတွေလည်း အေးမြတဲ့ ရင်ခွင်လေးတွေမှာ သံဇဉ်တွေးသွားလေးတွေ အစဉ်ပိုင်ဆိုင်နိုင်မယ်ဆိုရင် လောကကြီးက ပြီးပြည့်စုံမှာ အမှန်ဘဲလေ ငါရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချက်လဲ အရောင်တွေစုံရင်း ပြီးပြည့်စုံမည့်တစ်နေ့ မျှော်တွေးစောင့်စားလို့ အေးခြမ်းတဲ့ လောကကြီး တစ်နေ့ရောက်ခဲ့မယ်ဆိုရင် လောဘ ဒေါသ မောဟ မာန်မာနတွေလဲ ကင်းစင်လို့ အထက်မိုးကောင်းကင်လဲ ဝင်းပလာလိမ့်မယ်လို့ မျှော်တွေးရင်း…………… ပိတောက်မိုး  


ကာရံNovember 12, 20121min01
နာကျင်နေတဲ့ နှလုံးသားကို မင်းဘာများထက်ပြီး ဒုက္ခတွေပေးဦးမလို့လဲ အနိုင်ယူတက်တဲ့ မင်းလေးရဲ့စိတ်ထားတွေက ငါ့အတွက်တော့ သိပ်ခါးတဲ့ ဆေးတစ်ခွက်ပါကွာ အပြုံးပန်းမရှိတော့တဲ့ မင်းလေးရဲ့ ကမ္ဘာထဲမှာ ငါယစ်မူးနေခဲ့တာ သိပ်ချစ်ခဲ့လို့ဘဲလေ မပြစ်မယူတက်ပေမယ့် ချစ်သူကတော့ ချိုမြိန်တဲ့ ချစ်စကားတွေကို မာယာသုံးပြီး ပြောတုန်းဘဲနော် ငါမသိခဲ့ရိုးမှန်ပေမယ့် ငါ့နှလုံးသားက မုန်းလို့မရတာ မွေးကထဲက အမုန်းဆိုတာကို ပါမလာခဲ့တာလား မင်းသင်ရိုးထဲမှာ ငါမသင်ကြားမိခဲ့တာလားလေ ငါကျေနပ်ရမှာပေါ့ အချစ်ဆိုတာ မင်းလေးပေးမှ ငါခေါက်ရိုးကျေခဲ့ရပြီလေ ငါဝန်ခံမိပါတယ် ချစ်သူ အချစ်လို့ဘဲမုန်းမုန်း ငါ့နှလုံးသားကတော့ မင်းလေးအတွက် အပြုံးတွေဘဲဆိုတာကိုပေါ့ တစ်ခုတော့ ပြောခဲ့ချင်ပါတယ် လောကကြီး တစ်ပတ်လည်တဲ့တစ်နေ့ မင်းလေးရဲ့ အချစ်တွေ အပြစ်မရှိစွာနဲ့ဘဲ ရင်ခွင်သစ်တစ်နေရာမှာ ခိုနားခွင့်ရပါစေပေါ့ ပိတောက်မိုး


ကာရံNovember 12, 20121min08
မင်းတို့ရဲ့ သွေးဆာနေတဲ့ လက်တစ်စုံနဲ့ ဘာကြောင့် အပြစ်မဲ့တဲ့ နှလုံးသားတွေကို သွေးအေးစွာ သတ်ဖြတ်ချင်ရတာလဲ………… ကြည့်စမ်းပါဦး အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေ ဘယ်ရင်ခွင် ပြေးပုန်းလို့ နေရမလဲလေ စာနာမှုမရှိတဲ့ မင်းတို့ရဲ့လောကအလယ်မှာ သူတို့လေးတွေ သောကဝေရတော့မှာလား ကြင်နာစမ်းပါကွာ ကြင်နာလိုက်စမ်းပါကွာ မင်းတို့ရဲ့ သွေးဆာနေတဲ့လက်တွေကို ရင်မှာအေးမြတဲ့ တရားသံတွေရဲ့အောက်မှာ ဘယ်တော့များ ကျဆုံးခြင်းကို ရောက်နိုင်မလဲကွယ် ငါတောင်းတမိပါတယ် လောကကြီးက မကြောင့်မကြ နေနိုင်အောင် ဖန်ဆင်းပေးထားပြီးပြီဘဲ ဘာကို တက်မက်နေဦးမှာလဲလေ နုနယ်တဲ့ သူတို့လေးတွေရဲ့ နှလုံးသားကို လက်နက်အဖြစ်တော့ မပြောင်းဖြစ်ပါနဲ့နော် အနာဂတ်လေး အရောင်ပြောင်းမှာကို မလိုလားလို့ပါ ကြည့်စမ်းပါဦး မင်းကြားမယ်ဆိုရင် အဝေးတစ်နေရာက အမေအိုရဲ့ အကြင်နာလတ်တစ်စုံနဲ့ တစ်ခက်လိုက်တဲ့ ကြေးစည်သံလေးရဲ့ဘေးမှာ မင်း ငြိမ်းချမ်းနိုင်မယ်ဆိုရင် မာကြောတဲ့ မင်းတို့ရဲ့ နှလုံးသားလဲ အပြုံးများ […]


  ကံကြမ္မာကို မလွန်ဆန်နိုင်တဲ့လူအသားတယောက်ငါ ကံကောင်းသည်လား ဆိုးသည်လား မခွဲခြားတတ်တော့ပါဘူး။ ဘဝရေစီးကြောင်းမှာ အလိုက်သင့်မျောပါရင်း ဝဲဂယက်နဲ့တွေ့တဲ့အခိုက် ရိုက်ခတ်မှုက သိပ်မပြင်းပေမယ့် သမာရိုးကျကဖောက်ထွက်ရတဲ့အခါ နောင်တတွေတလှေကြီးနဲ့ ငါ့စိတ်တွေမြေကြီးအောက်တောင်ရောက်နိုင်လောက်ရဲ့။ သိလိုက်ရပါပြီ ဘဝဆိုတာလှုပ်ရှားရုန်းကန်နေရခြင်းပဲလေ။ မျက်ရည်ကို ခမ်းစေချင်သလို ဘဝကိုလည်း လန်းဆန်းစေချင်လှပါပြီ သိပ်မောနေတယ် လောကဓံရယ် ဒါပေမယ့်လည်း ဆက်ရှာနေဦးမယ် ဘဝဆိုတာရဲ့နောက်ထပ်အဓိပ္ပါယ်။   (၁၂-၁၁-၂၀၁၂) 5:30 pm   ကျေးဇူးအထူးတင်ပါတယ်ရှင်။


maung khinminNovember 11, 20121min05
တောမှောက်ခံရခြင်း:-) 🙂 🙂 လနှစ်ချောင်းငင် များ နေ ့မအား ညမနား တောလိုက်ကြ ကားစီးလိုက် သူလိုက် ဖိနပ်ပေါက်ဖာရင်း လိုက်သူလိုက် တိရိစ္ဆာန်တွေ နောက်ကိုလေ ခြင်္သေ့ တွေ ဆင်တွေနောက်ကိုပေါ့ ။ လနှစ်ချောင်းငင် များ အတ္တချောင်းချောင်းထွက် ကတုံးထိပ်ကွက်သူကွက် ပစ္စုပ္ပန်ကို ပေါင်းတင်ဖို ့ တောလည်ကစားကြတဲ့ လောကဓံတောအုပ် စိတ်ရှုပ်စရာပါ   အမေ။ ဖိုမကိစ္စရဲ့ ရလာဒ်အောက် အသက်ရှူမယ့် အပေါက်တွေ တိုးတိုးလာနေ အဲ့ဒိ အတွက် ဆင်တွေလိုတယ် အဲ့ဒိ အတွက် တောထဲထွက်ခဲ့တယ် အဲ့ဒိ မှာ မတရားမှုနဲ ့ ဆင်ဖမ်းကြ အဲ့ဒိမှာ မှောင်ခိုဆင် ခြင်္သေ့တွေ ရဲ့ ဈေးကွက် အဲ့ဒိမှာ လနှစ်ချောင်းငင် မလေးတွေရဲ့ အိပ်မက် […]


ကာရံNovember 10, 20121min05
ခြွေမချပါနဲ့ချစ်သူရယ် ကြွေကျလာမယ့် မျက်ရယ်စတွေအောက်မှာ ငါကျရှုံးခဲ့တာ အကြိမ်ကြိမ်ခါခါပေါ့………. အလွမ်းပါနဲ့တော့နော် တမ်းတတိုင်း အပြေးလာရတာ ငါ့ခြေတွေလည်း တိုလှရော့မယ်လေ………….. သိပ်ချစ်တယ်လို့လဲ မဆိုပါနဲ့ လိုချင်တိုင်း လိုက်လျှောရတာလဲ လစာတောင် နှစ်ပတ်လည်တော့မယ်ကွယ်………… ပြစ်မထားခဲ့ပါနဲ့နော် ချစ်ထားသလောက် ဒီမောင်လေပြန်မရရင် အရင်းရယ် ရှံးမှာမို့ သူတစ်ပါး အတင်းမပြောရအောင် မင်းလေး ကပ်ပြီးတော့ တိုးတိုးလေး ပြောခဲ့နော် မင်းလေးက ငါ့အတွက်တော့ နောက်ဆုံးသော သူပါလို့  ….မှတ်ချက် (အညာခံရခြင်း) ပိတောက်မိုး


ကာရံNovember 10, 20121min01
သစ္စာနဲ့ ပြုလုပ်ထားတဲ့ လက်ကိုင်လေးကိုတွန်းလိုက်ပါ မေတ္တာအိမ်တံခါးလေး ပွင့်လို့လာပြီနော်……. ဂရုဏအပြည့်ခင်းထားတဲ့ ကောဇောလေးရဲ့ထက်မှာ မင်းလေးရဲ့ခြေဖဝါးလေး  တဖြည်းဖြည်းချင်း လျှောက်လှမ်းခဲ့ပါ………. အကြင်နာတရားနဲ့ ရင်မှာထွင်းထုထားတဲ့ ခုံလေးက မင်းလေးကို လက်ယက်ခေါ်နေပြီလေ ခဏလောက်တော့ ထိုင်စေချင်ပါတယ်…………….. သောကအပူတွေ ရင်ထဲမှာမစဉ်ကင်းရအောင် ကိုယ့်ရဲ့စေသနာရေစဉ်လေး တိုက်ကျွေးပါရစေသား အခုဆို အေးမြလောက်ပြီထင်ပါတယ်နော် အမုန်းတွေရဲ့အောက်မှာ ရှင်သန်ခဲ့ရတဲ့ မင်းလေးရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့အတွက် ကိုယ့်ရဲ့ အချစ်တံခါးလေးကိုခေါက်လိုက်တော့နော် မုဒိတာအပြည့်နဲ့ ထာဝရ အမြဲကြိုဆိုနေမယ်ဆိုတာ မင်းလေးသိရင် အလှည်လာဖို့ မျှော်လင့်ရင်း……….. ပိတောက်မိုး


အာဂNovember 10, 20121min013
ဒုက္ခကို ခါးထစ်ခွင် ချီပိုး ဟိုနား….။ ဒီနား…..။ ရောက် နိုးနိုး နှင့်……..။ နွယ်လို ပတ်တဲ့ “သောက” ခင်ဗျား အမြန်ပြန်စမ်းလို့ ပြောမရသေးခင်….။ လောကဓံ က အုံလိုက် ကျင်းလိုက် ရိုက်နှက် ကျသတဲ့..။ ဘဝများ…..ပြောပါတယ်။ တစ်ချက်တည်း ကျင်းဝင်သလို… ဘယ်တော့ များမှ သတင်းစာထဲပါမလဲ…။ အာဂ


ကာရံNovember 9, 20121min06
မေမေရေ အဝေးရောက်မှသားလေးပိုပြီးတမ်းတမိတာမဟုတ်ပါဘူးမေမေ မေမေသွန်သင်ခဲ့တဲ့ စကားလုံးတွေက သားရင်ထဲမှာ အစဉ်ကိန်းအောင်နေတာတော့ အမှန်ပါ နံနက်တိုင်းမေမေကျွေးနေကျ ပဲပြုတ်နဲ့ထမင်းဆီဆမ်းလေးက သားအတွက်တော ကမ္ဘာကျော်လက်ရာတွေထက်သာတာတော့ အမှန်ပါဘဲ မေမေရယ်………. ညအိပ်ရာဝင်တိုင်းပြောတက်တဲ့ မေမေ့ရဲ့ပုံပြင်ဟောင်းလေးတွေက သားအတွက်တော့ ဘယ်တော့မှရိုးမသွားမယ့် ဇာတ်လမ်းတေးသွားလေးတွေပါဘဲမေမေ ရေခြား မြေခြားမှာ သားဆက်ဆံနေရတဲ့ ုလူမျိုးခြားတွေရဲ့အလယ်မှာ သားလေး မျက်နှာမငယ်ရအောင် သင်ပေးခဲ့တဲ့ မေမေ့ရဲ့ ကကြီး ခခွေး လေးတွေကတော့ သင်ရိုးဘယ်လောက်ပြောင်းပြောင်း ဟောင်းမသွားတာတော့အမှန်ပါဘဲမေမေ ညစဉ်ရှစ်ခိုးတိုင်း မေမေ့ရဲ့မျက်နှာပုံရိပ်လေးတွေကို သားနှလုံးသားထက်မှာ ဦးထိပ်ပန်လျှက် ရှစ်ခိုးဆုတောင်းမိတာလေးကတော့ မေမေစိတ်အစဉ် ညစ်ရမှုအရှိအောင် သားကြံစောင်လို့ ရိုးသားတဲ့စိတ်ထားနဲ့ တိုးပွားအောင် ရှာဖွေရင်း သက်တော်ရာကျော် နေထိုင်နိုင်ပါစေကြောင်း ယနေ့ထိတိုင် သားဆုမွန်တောင်းရင်း……………………. ပိတောက်မိုး


ကာရံNovember 9, 20121min04
ညစ်တဲ့စိတ်နဲ့ ငါလေ ကောင်းကင်ထက်ကိုလွှင့်မျောသွားချင်မိတယ် အပြုံးပေးတိုင်း အရှုံးတွေပြန်ရတက်တာ သဘာဝကပေးတက်လက်ဆောင်လားလေ မမြင်ရတဲ့ ကံတရားအောက်က ငါ့တစ်ဘဝလုံး သုညကစတင်ခဲ့တာ ရာစုသစ်တွေ ဘယ်လောက်များရောက်နေပါလိမ့် အိပ်လိုက်တိုင်းမက်နေကျ အရိပ်မည်းရဲ့အောက်မှာ ငါ့ခွန်အားတွေလဲ နစ်မြုပ်ရတော့မယ်ထင်ပါတယ် ကြင်နာတဲ့အနေ့နဲ့ ကြင်သူလဲနားလည်တက်မယ်ဆိုရင် ငါ့ရဲ့ရင်ခွင်လေးကတော့ အေးမြမှုတွေ ဖန်ဆင်းထားတယ်ဆိုတာသိရင်လေ………… ပိတောက်မိုး