ကာရံNovember 7, 20121min04
နွေးထွေးတဲ့ အကြင်နာလက်များနဲ့ ငါ့ရဲ့နှလုံးသားကို ဖေးမကူညီပါဦး သူငယ်ချင်းရေ ပူဆွေးမှုတွေ မအောင်မြင်မှုတွေအောက်မှာ ငါလေ နစ်မွန်းနေတိတိုင် အားပေးစကားပြောတက်တဲ့ မင်းရဲ့ စကားလုံးတွေက ငါ့အတွက်တော့ အားဖြစ်တည်နေပါဘဲ သူငယ်ချင်းရေ ရေခြား မြေခြားမှာ ငါတစ်ယောက် မာနကိုခေါင်းအုံးအိပ်တိုင်း အပြုံးတွေနဲ့ ဟန်ပြတက်တဲ့ မင်းရဲ့အမှုအရာကတော့ ဖန်သားပြင်မှာလာနေကြ ဇာတ်လမ်းတွေအလား ငါလေကြည့်လို့မဝခဲ့တာတော့ အမှန်ပါ သူငယ်ချင်းရေ စိတ်ချမ်းသာခြင်းကို ရှာဖွေတမ်းတရင်း မင်းပြောခဲ့တဲ့စကားလေး တစ်ခွန်းကို ငါလေအခုထိတမ်းတနေဆဲပါ ဘယ်လောက်ဝေးဝေး တမ်းတတိုင်း လွမ်းမဝမဖြစ်ပါနဲ့ကွယ် ချစ်တက်ပါစေ အပြစ်တော့မဖက်လိုက်ပါနဲ့ မမုန်းမိပါစေနဲ့ အပြုံးတွေအောက်မှာ ငါ့သူငယ်ချင်းတစ်ယောက် အရှုံးတွေကို လက်ခံတက်ပါစေပေါ့…………………… ပိတောက်မိုး


ကာရံNovember 7, 20121min03
ငြိမ်းချမ်းခြင်းရဲ့ဘေးမှာ စမ်းချောင်းလေးဖြစ်တည်လို့နေပြီနော် ဒေါသ မောဟ လောဘတွေနဲ့ တသွင်သွင် စီးဆင်းနေဆဲဖြစ်တဲ့ ရေတံခွန်လေးကတော့ အထီးကျန်နေတုန်းပါဘဲလား လောကကို အလှဆင်နေတဲ့ ပန်းပွင့်လေးတွေတောင် ပြုံးရယ်ကြကုန်ပြီ အိပ်တန်းတက်ဌက်လေးတွေ ကြည့်စမ်းပါဦး ကောင်းကင်ထက်မှာ ပျံဝဲနေကြတာ အခုဆို ရာစုသစ်ဆီသို့ ချီတက်ရင်းနဲ့ပေါ့ အပြုံးတွေနဲ့ ဖလှယ်နေတဲ့ ရေထဲက ရွှေငါးလေးတွေတောင် ပျော်မြူးခြင်းတွေပါဘဲလား နားလည်မှုတွေ ကိုယ်ချင်းစာမှုတွေ သည်းခံမှုတွေကြားမှာ လူဖြစ်လာတဲ့ ငါတစ်ယောက်ကတော့ ဘယ်အရာနဲ့များ လောကရဲ့ ဖန်ဆင်းရှင်ဖြစ်မလဲကွယ်………… ပိတောက်မိုး  


alinsettNovember 7, 20121min012
စာပန်းချီ သူ ့.. Posts မှာတဲ ့… စာပန်းချီ ကိုယ် ့ Posts မှာတဲ ့စာပန်းချီ…. တို ့ရွာ မှာ… တို ့တွေ..ရေးပါတဲ ့ စာပန်းချီ …ရောင်စုံ အတွေးတွေက … ဖွေး….လျက် ပါ ကိုး…..။ ဘာ..မလျှော့ကြနဲ ့… လာတော့မကွဲ ့… ပျော်စရာ…. ယူလေနဲ ့… အဆွေး…..။ ငေးနဲ ့လေနော်…. ရေးကွဲ ့လေ…တူပျော်ပျော်နဲ ့….. မှန်ရာကို… ဆင်ပန်ထားပါမှ….. ရွာ အကြည်မှာ….အောင်ရည် ဖျန်း ရမယ်…။ စာပန်းချီ…ရောင်စုံ ပန်း ရယ်..နဲ ့…. လွှမ်းကြစို ့လေး……. —————————— အလင်းဆက် ==================================================================== မြန်မာ စာပေလောက […]


htet wayNovember 6, 20121min023
တို့ ဆိုရှယ် နက်ဝေါ့ ဖေ့ဘုတ်သုံးကြတယ် စိတ်ပြေ လက်ပျောက် တစ်ချို့ကလည်း ဘိမ်းစွဲသလိုစွဲနေလို့ တစ်ချို့လည်းဂျီတော့မှာ အသည်း မီးလောင်လို့ တကယ်တော့ ငါတို့ဟာ လူမှု ဆက်သွယ်ရေးကွန်ယက်ထဲ ဝင်ကကြတာပဲ ပြီးတော့ မိတ်ဆွေတွေရကြတယ် တစ်ရာ့ကိုး တစ်ရာ့ တစ်ဆယ် တွေ ကျောင်း တက်လက်စ သူငယ်နပ်စားတွေ ခပ်ကြောင်ကြောင်တွေရော တရားသမားရော အရက်သမားရော အပျိုကြီးတွေ ရောမုဆိုးမတွေရော မင်းလို ..ကဗျာဆရာတွေရော လူစုံတက်စုံ အသက်ကြီးကြီး ပညာတတ် မိန်းမတစ်ယောက်နဲ့ ခင်မင် မထင်ခဲ့ဘူး အသက်ကြီးလေ ဆုံးမတတ်လေပဲ ခက်တာက အပျိုကြီးဆိုတော့ ဇီဇာကြောင်တာ တို့ စိတ်ကောက်လွယ်တာတို့ ဘာဘဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပဲ… ကမ်းဝေး အပျိုကြီး ဟာ အပျိုကြီးလိုပဲနေတာပဲလေ ငါတို့ ဖေ့ဘုတ်ဆိုတာသုံးကြတယ် ဒီလို […]


အဇဋာNovember 5, 20121min06
သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တစ်ခဏ ဖြေဖျောက်မှုအတွက် ငါ့ ရုပ်ပိုင်းဆိုင်ရာတွေ တွန့် ကြေ ကုန် တယ်… တစ်ယောက်က တစ်ခုမှ မခံစားရချိန် တစ်ယောက်က တစ်ခုကို လွတ်လွတ်လပ်လပ် အသည်းကွဲ… ငါ့မှာ ဒါ့အပြင် အချစ်ကို အဓိပ္ပါယ်မဖွင့်ဆိုနိုင်ဘူး… ရင်ခုန်သံကို “ကျားကွက်”ပေါ်တင်တော့ မင်းက ငါ့ထက် နှစ်ကွက်ကျော်မြင်တယ် ဟုတ်တယ် အချစ်ဆိုတာ အကောင်ရေများမှ ရွေးချယ်ခွင့်ရှိစွာ “ကင်း” ဝင်နိုင်မယ်… ငါက ကျဉ်းမြောင်းမြောင်း သစ္စာနယ်မြေတစ်ခုအတွက် တိုက်ပွဲဝင်နေချိန် မင်းက အောင်လံလွှင့်ပြီး အလိုတူစွာ ဘဝတစ်ခုလုံး သိမ်းပိုက်ခံထားပြီးပြီ… စစ်ပွဲထဲကိုလည်း ရောက်ခဲ့တယ် မြားလည်း ကုန်ခဲ့တယ် ဒါပေမယ့် ဘာအတွက် ငါတိုက်ခဲ့သလဲဆိုတာ ခုချိန်ထိ မသိဘူး “မငိုပါနဲ့” တဲ့ ငါမငိုရင် ငါ့မျက်ရည်တွေ ဘယ်သူ့အတွက် […]


WowNovember 2, 20121min046
Broken Family တဲ့…. အင်မတန်ဇတ်နာစရာကောင်းတာပေါ့ ဦးသုခရဲ့ “ဂုဏ်ရည်မတူ” ကို မျက်ရည်ပေါက်ပေါက်ကျရင်း ချိုတကူးတစ်ယောက် ဆူးတောင်တွေအပြည့်ပေါက်လာခဲ့…. ဘဝကြောင့်လား.. ပတ်ဝန်းကျင်ကြောင့်လား.. တောက်ကျင့်တန်တဲ့ ကိုယ်ပိုင် gene ပဲလား… အော်ကြော့လန် တစ်ရွာလုံးနဲ့တစ်ယောက်ပေါ့… အမေမေတ္တာဘွဲ့တွေကို မခံစားတတ်တဲ့ ငါလားဟဲ့ အဇာတသတ်…. ဦးသာဓုရဲ့ အတာကို ရယ်တာပေါ့… ဘာတဲ့ နို့တစ်လုံးဖိုး… ဘာတဲ့ မိခင်ခြေဖဝါးအောက်က Nirvana မသင်ဘူးတဲ့စာတွေ လာမမေးကြပါနဲ့ တကယ်မသိလို့ပါ… ဆုံးရှုုံးရတာတွေများလွန်းလို့ ကိုယ်ဘာပိုင်ဆိုင်မှန်းတောင်မသိတော့တာ… တရားစခန်းဝင်စရာမလို ‘ငါ’ ဆိုတာဘာမှန်း ‘ငါ’ မသိတော့တာ… ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့… Civilization တွေ Society တွေ…. လူရာမဝင်ဘူးဆိုချင်ဆို.. ဝေးလေကောင်းလေပေါ့… ဘာကိုလိုချင်ရမှန်းမသိတော့တဲ့.. ထုံပေပေခံစားချက်တစ်ခုနဲ့… ကိုယ်ချင်းစာတယ်လို့မပြောကြပါနဲ့…. သနားတယ်လို့ပြောမဲ့အစား… မုန်းစရာကောင်းတယ်ဆို… ငါ့ကိုဂုဏ်ပြုတာပါပဲ။ ။


ကျွမ်းကျင်သူတွေသာကစားတဲ့ပွဲ အဖြူအမည်းမသဲကွဲခင် ဝေဖန်ကြည့်ချင်ပေမယ့် ငါ့ဉာဏ်တွေချို့တဲ့အခါ ပွဲကြည့်ရတာတောင်ပျင်းလာသလိုပဲ။ ရှည်လျားတဲ့အမှောင်ညမှာကျင့်သားရနေတဲ့ငါ လောင်စာသုံးအလင်းတုအောက်မှာများ ပျော်မွေ့နေဆဲပဲလား။ သဘာဝအလင်းဆိုတာကိုရော တကယ်မက်မောစွာလိုချင်ပါရဲ့လား နေသားတကျရှိပါ့မလား မှန်ကန်စွာအသုံးချနိုင်ပါ့မလား ကိုယ့်စိတ်ကိုယ်တောင်မသေချာတဲ့အခါ ယုံကြည်မှုကိုတစုံတယောက်အပေါ်ပုံအပ်မိတဲ့ငါ သူခြေလှမ်းရာလိုက်ကြည့်နေဆဲ စိတ်ကူးထဲမှာပန်းဝင်သွားတာအခါခါ။ ဘာတွေဘယ်လိုဖြစ်နေပါစေ တနေ့နေ့မှာဆိုတာလေးက ငါ့စိတ်ကူးတွေကိုလှပစေပါရဲ့  ။ ကျေးဇူးအထူးတင်ပါတယ်ရှင်။


ကာရံOctober 30, 20121min02
လေယာဉ်ကြီး ထွက်ခွာအဝေး ချစ်သူရယ် ထားရစ်ရက်တယ် အလွမ်းဆိုတဲ့ နေ့ရက်တိုင်းမှာ မျက်ရည်စက် ထိန်းမရနိုင် ခြွေမချချင်ပေမယ့် သူတို့လေးတွေ မြေခရတော့မယ် ပြန်လာချိန် လက်ချိုးရေရင်း ကုန်လွယ်လွန်းတဲ့ ဆွေးရက်လေးတွေ ကုန်ပါစေကြောင်း ရင်တွင်းဆုတောင်းလေးတစ်ခွန်း ချစ်သူသာ ကြားနိုင်ရင် ဖြတ်သန်းသွားတဲ့ တိမ်တိုက်ထက်ဝယ် ပြိုကျနေတဲ့ မိုးစက်တွေလဲ လွမ်းရစ်တော့မယ် ချစ်သူရယ်……… ပိတောက်မိုး


ကာရံOctober 30, 20121min02
ခဏလေးဘဲ ဆုံမိခဲ့တယ် ငါ့နှလုံးသားကို မြန်နှုန်းမြှင့်ပေးခဲ့တယ်နော် တစ်ဘဝလုံးအတွက် ရင်းနှီးတော့မယ့် မင်းလေးရဲ့ အချစ်နန်းတော်ထဲကို ဝင်လာဖို့ ငါ့နှလုံးသားတွန်းအားပေးမှုကို မလွန်ဆန် နိုင်တော့ဘူးကွယ် ငြို့သွားတဲ့ မျက်ဝန်းတစ်စုံက ငါ့အတွက်တော့ ညအိပ်ရာဝင် ပုံပြင်လေးဖြစ်တည်နေပြီလေ မျက်လွှာလေး ပိတ်လိုက်တိုင်း မင်းလေးရဲ့ အရိပ်ကို ခွာမရအောင် ဘယ်တန်ခိုးနဲ့များ ဖန်းစားလိုက်တာလဲကွယ် တစ်ခဏလေးအတွင်းမှာ အချစ်ဆိုတာကို မွေးဖွားလာအောင် ဖန်တီးပေးခဲ့တဲ့ မင်းလေးကိုတော့ ငါရဲ့အိပ်မက်ထဲမှာ တိတ်တခိုးနမ်းမိခဲ့တယ် ချစ်သူရယ်….. ပိတောက်မိုး


naywoon niOctober 30, 20121min05
ရိုးရာ ယဉ်ကျေးမှု ဆိုတာကို သက်ဆိုးရှည်စေချင်တာနဲ့ပဲ မနေ့က မှားပြီးသား အမှားတွေကို နောက်ဆက်တွဲ ဇယားနဲ့သယ်ယူလာပြီး ဒီကနေ့ ဆက်မှားလိုက်ကြ နောက်နေ့ အတွက်တောင် စရံသတ်လိုက်ကြသေး….။ ကိုယ်တိုင်တွေးတောကြံဆထားတဲ့ အသုံးမကျတဲ့ အတွေးအခေါ်တင်မဟုတ် လက်လှမ်းမှီရာက သုံးစားမရတဲ့ အတွေးအခေါ်ပါသွတ်သွင်းရင်းနဲ့ ရှေ့ကလက်ဆင့်ကမ်းသွားတဲ့ ယဉ်ကျေးမှုဆိုတာ ကြာလေ ပုပ်အဲ့လာလေပဲ….။ ဒီလိုနဲ့ပဲ နောက်မျိုးဆက်တွေကို သုံးစားမရတဲ့ အမွေတွေ လက်ဆင့်ကမ်းပေးဝေနေလိုက်ကြပေါ့………..။ နေဝန်းနီ


(၁) ဗိုက်ထဲမှာ ြှမုံးမိ သန္ဓေသားအဆင့်မှာတင် ကိုယ်ဝန်ဆောင် မိခင်ခမျာ ဟိုဟာရှောင်၊ ဒီဟာရှောင်နဲ့ ရှောင်လင်သိုင်း ကျင့်နေရ မိခင်မြစ်ရဲ့ ဆုန်ရေပြယုဂ်ပေါ့ သားသမီးကို အမြူတေလို ဥထားရှာခဲ့ အမေ့မေတ္တာ။ (၂) ယောက်ျားဖောင်စီး၊ မိန်းမမီးနေ ဆိုရိုးအရ မိခင်တစ်ယောက်ရဲ့ မရဏစစ်ခင်းယူတဲ့ သားလုပွဲ ဧရာမချွေးသီးကြီးများ ဘယ်လောက်ပဲကျ…ကျ သူ့ခန္ဓာကိုယ် ဘယ်လောက်ပဲပန်း…ပန်း သားအသံ အူဝဲ…ကြားရင်ဖြင့် မိခင်မျက်နှာထက် အပြုံးလဝန်းသာစမြဲ။ (၃) မိခင်မေတ္တာဆိုတာ… သွေးနီတွေ နို့ဖြူဖြစ်စေသော စွမ်းအင် ကြက်ပေါင်းရည် မသောက်ဘဲ ပြည့်စေသောခွန်အား ဆေးဝါးမမှီဝဲ ကျန်းမာစေသော ဓာတ်သတ္တိ ရင်သွေးအပေါ် ချစ်ခြင်းဖြင့် ပေးအပ်ခဲ့။ (၄) သူမဟာ ပန်းပျိုးသူပါ ကြယ်တွေပွင်တာ မိုးကောင်ကင်ကြောင့်ဆိုရင် ရင်သွေးဘဝလှစေတာ မိခင်ရဲ့ ဥယျာဉ်မှူးစိတ်ကြောင့်ပဲ ပန်းတွေလည်း ပွင့်ဝေ။ […]


တဖတ်သတ်ချစ်သူ တဖတ်သတ်ဆိုလို့အထင်သေးမသွားပါနဲ့ချစ်သူ…. မင်းချစ်သူမင်းကိုဘယ်လောက်ချစ်လဲ…. မင်းချစ်သူထက်အစပေါင်းများစွါ…ငါပိုချစ်တယ် မင်းရဲ့ခေါ်သဇင်လို တော်မဝင်ပေမယ့်… ငါဆိုတဲ့စပယ်ဟာ မင်းအတွက်ထာဝရဖြူစင်နေမယ်ဆိုတာမင်းယုံပါ……. ______________________________________________________________ ၁မိနစ်ကို ၆၁ခါ ငါလွမ်းတယ် မြင့်မိုရ်တောင်ထက် ၁လက်မပိုတဲ့ အကြင်နာတွေနဲ့ ကောင်ကလေးရယ် ………… မင်းကို ထာဝရထက် ၁ရက်ပိုချစ်တယ် ______________________________________________________________ အချိန်ရတိုင်း အမြဲလာချင်နေခဲ့တယ် ပုံရိပ်လေးတွေထင်ဟပ်နေဆဲမို့……… လွန်ခဲ့သောအချိန်နာရီတွေဆီကို တစ်ကြော့ပြန် လွမ်းစွတ်တမ်းတမိတယ်……. သတိရတိုင်း online ကို အပြေးကလေးလာမိတယ်….. အားတင်းခဲ့တဲစိတ်တွေ offlineမြင်ကွင်းကြောင့်ဝမ်းနည်းသလိုလိုနဲ့…… ကောင်လေးရယ် ..ဘယ်မှာလဲလို့တိုးတိုးလေးငြီးတွားမိတယ်….. ______________________________________________________________ မတွေ့ရတာကြာပေမယ့် မေ့ခဲ့ပါဘုူးနော် သူရော ဒီအချိန်ဆို ဘယ်သူနဲ့ပျော်နေပြီလဲ ငါ နင့်ကို လွမ်းနေပေမယ့် ကြောက်နေတယ် L ဆိုင်းဇီ သီချင်းလိုပဲ တိတ်တိတ်လေးပဲ . . . . ______________________________________________________________ သူငယ်ချင်းလေးရေ……. […]


ကာရံOctober 29, 20121min02
ချစ်သူ မိန်းမသားဘဝမို့ တွေးစကာနေရပေမယ့် ရင်ထဲမှာတော့ မောင်တစ်ယောက်ထဲပါကွယ် ချစ်တာကို အပြစ်မဆိုပေမယ့် အရောင်ပြောင်းတက်တဲ့လောကကြီးမှာ ဘာကိုမှယုံပြီးပုံအပ်လို့မရသေးတာကိုတော့ မောင်တစ်ယောက်နားလည်ပေးစေချင်ပါတယ် မိန်းမတို့ အိန္ဒြေဆိုတာကို မောင်ဘာနဲ့တိုင်းမှာမှန်းမသိရိုးမှန်ပေမယ့် အချစ်စ အချစ်လည် အချစ်ဆုံး မောင်တစ်ယောက်သာအသိဆုံးဖြစ်မှာပါ သိပ်ချစ်တယ်မောင်ရယ် မောင်ညတိုင်းတီးခက်နေကျ သံဇဉ်လေးတွေအောက်မှာ နှလုံးသားတစ်စုံ ကျရုံးခဲ့ပါပြီကွယ် မုန်းလို့ဘဲပြစ်ပြစ် ချစ်လို့ဘဲဖြစ်ဖြစ် ဖြူစင်တဲ့ မေတ္တာတွေကြားမှာ မောင်တစ်ယောက် ချစ်သဒ္ဒါတွေပွားများနိုင်ပါစေနော် ချစ်ခြင်းများစွာဖြင့်…………………………………. ပိတောက်မိုး