ကာရံOctober 29, 20121min02
လေပြေလာရာ လမ်းတိုင်းမှာ ချစ်သူခြွေခဲ့ဖူးတဲ့ ပန်းလေးတွေက မောင့်ရင်ထဲမှာ ခုထိတိုင် မွှေးပျံ့နေဆဲပေါ့…… သစ်ရွှက်ကြွေ မြေမှာခရပေမယ့် ရင်မှာတစ်တတ ဖြစ်တည်နေမှုက မင်းပေးခဲ့တဲ့ ချစ်ခြင်းတရား ကဗျာညလေးတွေပေါ့ တမ်းတလွန်းလို့ မှန်းဆခဲ့ရတဲ့ နေ့ရက်တိုင်းမှာလဲ အသစ်ဆက်ဆက် ကာရံလေးတွေကို မင်းထက်ပြီးပေးခဲ့သေးတယ်နော် သတိရတိုင်း ကြည့်မိခဲ့တဲ့ မင်းလေးရဲ့ နှုတ်ခမ်းပုံရိပ်လေးတွေကို မောင်လေ တိတ်တခိုးနမ်းမိခဲ့တာ အကြိမ်ကြိမ်ခါခါပေါ့ သိပ်ချစ်တယ်ချစ်သူရယ် မွန်းကျပ်တဲ့နေ့ရက်တိုင်းမှာ မင်းလေးက မောင့်နံဘေးမှာ ခစားနေမြဲဘဲလေ ကြာခဲ့ပါပြီလေ မောင်မှတ်မိတာလေးတစ်ခုတော့ ပြောခဲ့ချင်ပါတယ် ချစ်သူ ညစဉ်ဖတ်ခဲ့ဖူးတဲ့ အိပ်ရာဝင်ပုံပြင်လေးရဲ့ဘေးမှာ ပြောခဲ့ဖူးတဲ့စကားလေးတစ်ခွန်း ့ရင်ထဲမှာ ယနေ့ထိတိုင် စွဲထင်စွာငြိစွန်းနေတာလေးကတော့ မောင်ရေ လွမ်းလွန်းလို့ကျမိခဲ့တဲ့မျက်ရည်စက်တွေအောက်မှာ အပြစ်မဲ့တဲ့ ရွက်ကြွေလေးတွေက သက်သေဖြစ်တည်နေမှာပါတဲ့လေ…………….. ပိတောက်မိုး


Win Paing SoeOctober 28, 20121min02
ဓူဝံကြယ်လောက်အစွမ်းမထက်သလို…. သွေးပျက်နေတဲ့ ကွန်ပတ်(စ်)တစ်ကောင်လိုတော့…. လက်တံလည်ရုံသက်သက်…. ငါလမ်းမပြခဲ့ဘူး….. ရေလွှာဖွေးဖွေး…. တစ်ချက်တစ်ချက်…ငါ့ကိုခပ်နွေးနွေးပွေ့တယ်… လေပြေအေးအေး…. တစ်ချက်တစ်ချက်…..ငါ့ကိုကျီစယ်သွေးတယ်…. ငွေဇင်ယော်တူစုံတွဲ… တစ်ချက်တစ်ချက်.. ငါ့ရင် ခိုဝင်နားတယ်…… ဒီလောက်ဆိုရင်ပဲ…… အထီးကျန်တယ်ဆိုတဲ့စကား… ဘယ်သကောင့်သား….(ငါ့အတွက်) ခေါင်းစဉ်တပ်ချင်ဦးမလဲ… မာယာတဲ့…. တစ်ချက်တစ်ချက်….. အိန္နြေရှင်သိက္ခာအပြည့်နဲ့သူ…. တစ်ချက်တစ်ချက်….. အကြင်နာကင်းကွာမဲ့တဲ့သူ…. သူပဲလေ…. ငါရှင်သန်တဲ့အရပ်ကသူ… အချိန်နာရီလိုက်… သူ့မှာ မျက်နှာဖုံးတွေပေါတယ်….. အခြေအနေ အချိန်အခါလိုက်….. သူ့မာန် သူပြန်ပြန်မွေးတယ်….. ဘယ်သူတွေတရားပျက်ပျက်…. (ငါကတော့…) ငါ့တာဝန်ငါကြေ….. ငါ့အလင်းငါဖြန့်….. ငါ့နီးစပ်ရာ…ငါလမ်းပြရင်း…. တစ်ခါတစ်ခါတော့လည်း….. ငါ့ပုံရိပ်ငါ ပြန်ငေးကြည့်ချင်မိသား…. ငါ..ငါ..ငါ….. တကယ်ဆို ငါစွဲမချွတ်နိုင်သေးတဲ့…. ပရဟိတကောင် စစ်စစ်ကြီးက…. ငါ….. ×§@!ИҀ (၂၉.၁၀.၂၀၁၂)


ကာရံOctober 28, 20121min02
အချစ် အချစ် ဘယ်လိုဘဲပေါင်းပေါင်း အသစ်မဖြစ်နိုင်တာတော့သေချာပါတယ် အပြစ် အပြစ် ဘယ်လိုဘဲရှာရှာ မင်းရင်မှာ ငါမရှိတာတော့ သေချာပါတယ် မင်းရင်ထဲက ထွက်ကျလာတဲ့ ဒီသစ္စာစကားလုံးတွေကို ငါစာစီကုံးရရင် အင်းထင်ပါတယ် ဘာလီပုံး အစုပ်လောက်တော့ ပြည့်ရော့မယ်ထင်ပ မလိမ်တက်ပါဘဲနှင့် စိတ်ရှိတိုင်း လှုပ်ရှားတက်တဲ့ မင်းရဲ့ နှုတ်ခမ်းထက်က ပျားရည်စက်တွေအောက်မှာ ငါရဲ့နှလုံးသားက ရူးသွပ်ခဲ့ဖူးတာတော့ အမှန်ပေါ့ကွာ… မချစ်လို့ဘဲ ပြစ်ပြစ် အပြစ်ရှိလို့ဘဲ မချစ်ခဲ့ပါစေ ငါရဲ့ချစ်ခြင်းတွေကတော့ အပြစ်မဲ့စွာ တောင်းတနေစဲဘဲလေ…. ယုံလို့ဘဲဖြစ်ဖြစ် ပုံလဲဘဲချစ်ချစ် အော်နောက်ဆုံးတော့လဲ စုံလုံးကမ်းအချစ်တွေပါပဲလား ချစ်သူရာ ကမ်းပျောက်ခါနီးမှ စမ်းပြီးရှောက်လှမ်းရတော့မယ့် ငါ့အခြေအနေမို့ အော်ချစ်သူရယ် မင်းပြစ်မယ်ဆိုလဲ အချစ်မပြယ်ပါစေနဲ့ကွယ်………………………… ပိတောက်မိုး


ကြိုသိခဲ့လို့ မဟုတ်ဘူး ရလဒ်တစ်ခုက ဒဏ်ရာတွေပဲဖြစ်မယ်ဆိုတာ  သေချာနေလို့ အဲဒီတုန်းက တွေဝေခဲ့တယ်ဆိုတာ ရှားရှားပါးပါး မြတ်နိုးမူ့တစ်ခုကို နှမျောမိလို့.. ဝေးကွာခြင်းတစ်ခုကို  သယ်ဆောင်သွားတဲ့အတွက် နောင်တရနေမလား… လုံးဝမေ့ထားခဲ့သည်ပဲဖြစ်စေ အရင်လိုဆောင်းညမှာ သီချင်းတွေ အော်ဆိုကြဦးစို့… ခပ်မဲ့မဲ့အပြုံးတစ်ချက်နဲ့ ခပ်အောင့်အောင့်ပဲ ရယ်မောလိုက်ပေါ့.. နင်ပြုစားမရတဲ့ ကျောက်ရုပ်ရဲ့ မျက်ရည်တစ်စက ဟာသဖြစ်နေမလား… နေရာဟောင်းတစ်ခုမှာ ငါ စိုက်ခဲ့တဲ့ သစ်ပင်လေးကို ကိုယ်တိုင်ပဲ ရိတ်သိမ်းနေပါတယ်  ရွေးချယ်ခဲ့တဲ့ လမ်းမတစ်ခုက နင့်အမုန်းတွေအတွက် ဖြေဆေးတစ်ခုရှိပြီးသားပါ အချိန်လွန်ကာမှ ငါ့ကိုခွင့်လွှတ်ရင်း  နင်ပြန်လွမ်းပစေပေါ့.။  ။                                   […]


maung khinminOctober 26, 20121min05
***  အနာဖတ်မကွာတဲ့  အနာဂတ်မှာ   *** နေရာမကျဘူး ဟိုတစ်စ  ဒီတစ်စ ပြန် ့ကျဲပွရှုပ် စိတ် အလှုပ် ၊  စိတ် အယိမ်း ၊ စိတ် အစိမ်း ၊ စိတ် အပိန်းမှာ အနာဂတ် စိမ်းစိမ်းများ သူစိမ်းဆန်ဆန်  ကိုယ်ရောင်ဖျောက်ဆဲ နေရာမကျသေးဘူး ကြေငြာ တွေများတယ် အလေအလွင့်တွေ များတယ် ရန်သူ အစစ်တွေများတယ် လူ ့အခွင့်အရေးတွေ ခါးတယ် ကိုယ်ကျိုးကြည့်  ဝါဒီတွေများတယ် ဥရောပ ခရီးစဉ်တွေ များတယ် လမ်းဘေးဈေးသည်တွေ များတယ် ရောဂါအသစ်တွေ များတယ် ဒေါင်းယောင်ဆောင်  ကြီး(ကျီး) မိုက်တွေ များတယ် အရိုးစွဲ ခြကိုက်တွေ များတယ် နောက် ……..  ……….  ………………………….. အများကြီး  […]


Win Paing SoeOctober 24, 20121min07
အစွန်းနှစ်ဘက်တွေကြား… အလယ်အလတ်သမားတွေ နေစရာမရှိတာ..မဆန်းတော့ဘူးအမေ… မကောင်းတော့တဲ့ ခေတ်ထဲ… ယိမ်းမယ့်ဘက်ရွေးရင်းကနေ… ကျွန်တော်လည်း..ဘုံပျောက်နေတာကြာပေါ့…. လူ့စိတ်ဆိုတာကလဲ.. ကောက်ရိုးမီးပဲအမေ…. ခုနေတင်ပဲ… စစ်ပွဲကြားက ကလေးတွေအရေး.. တို့အရေး… ခုနေတင်ပဲ… မြန်မာမယ်လေး သရဖူရရေး… တို့အရေး… ခုနေတင်ပဲ… ဟိုအရေးဒီအရေး… တို့အရေး…. အရေးတော်တော်များများ ကိုယ့်အရေးဖြစ်နေတဲ့သူတွေကြားထဲ…. မိသားစုအရေး.. ငါ့အရေးလို့ လူကြားထဲသွားအော်…. ကျွန်တော်ပဲ..အဟားခံရမှာပေါ့… ခုတစ်လော.. ရီရမလို..ငိုရမလို ကိစ္စတွေသိပ်များတယ်…. ကျွန်တော်လေ….ရီလဲမရီတော့ဘူး… ငိုလဲမငိုတော့ဘူး …. အမေ… မချိပြုံးတွေပဲ ပြုံးဖြစ်တော့တယ် ထွက်သွားမှာကို တားတဲ့သူကလဲတားတယ်… ဟားတဲ့သူကလဲဟားတယ်….အမေ… ကျောလည်းမခိုင်းထားသလို… ထိပ်တိုက်လဲ ရင်မဆိုင်တော့ဘူး… ကျွန်တော်တော့…. ခေါင်းပဲငုံ့ထားမိတော့တယ်….. အကြည့်ချင်းဆုံ….ကိုယ့်ဘက်ကအရင်ပြုံးပြရင်… တစ်ဘက်လူကျေနပ်မနပ်တော့မသိဘူး…. စားသုတ်သုတ်… သွားသုတ်သုတ် စက်ရုပ်လူတွေကြားထဲ…. သွားပြုံးပြမိရင်တော့…. ငပေါကြီးဖြစ်တယ်အမေ…. ရောင်စုံဉာဏ်တွေ အစွမ်းကုန်ကွန့်မြူးနေနိုင်မှ နေသားကျတဲ့ လောကထဲ… ကိုယ့်လမ်းကိုယ်ဖောက်ဖို့ဆိုတာ…အသက်ပြည့်စရာမလိုဘူး […]


ကာရံOctober 21, 20121min02
မိုးစက်တွေနဲ့အတူ ပြိုဆင်းလာတဲ့ မင်းလေးရဲ့မျက်ဝန်းအိမ်တွေထဲက မျက်ရည်စက်တစ်ချို့ လူသူမသိလိုက်ပါဘဲ မြေခရတော့မယ်နော် ဝမ်းနည်းနေခဲ့တာလား ရင်နာစေခဲ့တာလားချစ်သူရယ် ….. သိပ်ချစ်ပါတယ်လို့ ငါခဏခဏပြောခဲ့ဖူးပါတယ် ဒါပေမယ့် မင်းလေးအတွက်တော့ စိတ်ညစ်စရာတွေဘဲခဏခဏကြုံခဲ့စေတာလားဟင် မရည်ရွယ်ပါဘဲနဲ့ လေပြင်းလေးတစ်ချက်အတွေ့မှာ မင်းစိတ်နဲ့ အတွေး ဘယ်ဆီများလေလွှင့်စေခဲ့သလဲချစ်သူရယ် ခေါ်တာဘဲ မကြားတာလား ကြားမိတာကို သတိမထားခဲ့လေသလား…………. ငါရင်မောမိပါရဲ့ အဆင်မချောတဲ့ မင်းလေးရဲ့ အချစ်မေတ္တာသဘောတွေမှာ ငါလေ နစ်မြောရတော့မယ်ထင်တယ် ဘယ်ကမ်းကိုလှမ်းရမလဲ တွေ့လိမ့်နိုးနဲ့ မျှောရမယ့်ငါ့ရဲ့ သံယောဇဉ်လေးက အခုတော့ ကြိုးပြတ်ရတော့မယ်နော်…………… မင်းနိုင်ပါတယ်ချစ်သူရယ် ကံကြမ္မာကနေရာမပေးသေးတော့လဲ ချစ်ကံခေတဲ့ ငါ့ဘဝအတွက်တော့ လွဲနေသမျှ အလွဲလေးများနဲ့ ရိုးသားလှတဲ့ ငါ့မေတ္တာကို မင်းလေးအတွက်တော့ လက်ဖွဲ့အနေ့နဲ့ ပေးခဲ့ပါရစေ ………….. ပိတောက်မိုး


ကာရံOctober 21, 20121min06
အချစ်ဦးမို့ မမေ့သာ ရင်မှာတော့ ထာဝရပေါ့ မေတ္တာအရင်းခံ အချစ်သာစစ်မှန်ပါစေ ငါ့ရင်မှာ သိပ်ချစ်တာ မင်းတစ်ယောက်ဘဲလေ…… အပြစ်ကိုအဆိုထားဘိ အမုန်းတွေဖယ်ရှောင်ကာအဝေး နှင်ကာပြေး မင်းလေးရဲ့နံ့ဘေးမှာ စစ်မှန်တဲ့ သစ္စာစကားလေးနဲ့ အကြင်နာ မင်းလေးရဲ့အပါးမှာ ထာဝရခစားချင်ပါရဲ့………….. တသက်စာအတွက်တော့ ပေးလှည့်ပါတော့ ချစ်သူရယ်… ပိတောက်မိုး…


black chawOctober 18, 20121min025
မိတ်ဆွေတို့ရေ…။ ဒီတစ်နေ့တော့ ဒုတိယမြောက်ဗလအားကိုးခွင့်ပြုပါဦးခင်ဗျာ…။ ဆရာဝန်စာရေးဆရာ မင်းခိုက်စိုးစံ ရေးတဲ့ ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ် ဆိုတဲ့ … ကဗျာလေးကို ကြိုက်လွန်းလို့…၊ ရင်ဘတ်ကို တည့်တည့်ကြီးမှန်သွားလို့…၊ ဝေမျှချင်တဲ့ စိတ်နဲ့ စာစီစာရိုက်သမား လုပ်လိုက်ပြန်ပါပြီ အရပ်ကတို့ရေ…။ ဒီတစ်ပတ်ထုတ် newday ဂျာနယ်မှာ ဖေါ်ပြထားတဲ့ ကဗျာလေးပါ…။ ငြိမ်းချမ်းရေးအထူးကဗျာလို့ကို ခေါင်းစဉ်တတ်ထားတဲ့ ကဗျာပါ…။ ဖတ်ကြည့်ကြပါ…။ ရသတစ်ခုခုကိုတော့ သေချာပေါက်ရကြမှာပါ…။ ပြီးတော့ ဘာတွေ ပြောချင်စိတ်ပေါက်လာသလဲဆိုတာကိုတော့ ကွန်းမန့်လေးတွေနဲ့သာ ရင်ဖွင့်ကြပါတော့ဗျာ…။ ချစ်ခင်လေးစားလျက် ဗလာဒီမာ ဘလက်ချော…။ ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ် (၁) သေမင်းဟာ ရိုင်ဖယ်ကို ပုခုံးမှာချိတ် စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။ (၂) စာအံသံတွေပျောက်ဆုံး ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊ အမှန်တရားတောင်ကုန်းကို လက်နက်ကြီးအင်အားသုံးပြီး သိမ်းပိုက်ဖို့ […]


naywoon niOctober 17, 20121min011
အတွေးတစ်စကနေ နောက်တစ်စ အတွေးစတွေဆက်….ဆက်ပြီး လွင့်မျောနေပုံက ဆေးလိပ်မီးခိုးတွေလို တိမ်ခိုးတွေလို………. အဲဒိလိုနဲ့ အတွေးတွေ ခရီးသွားပုံက ပိုပိုမြန်လာပြီး ရထားတစ်ဆင်းလို အရှိန်ပြင်းပြင်းခုတ်မောင်းသွားပြီ….။ ငါမောင်းနှင်နေတဲ့ အတွေးရထားက ဘယ် ဘူတာရုံမှာ မှလည်းမရပ် ရပ်စရာလည်းဘရိတ် မတပ်ထားမိဘူး ခက်ချည်ရဲ့………။ အဲဒိလို နဲ့မောင်းနှင် မောင်းနှင် နေရင်းနဲ့ ငါကိုယ်တိုင်လည်း ရထားပေါ်တက်လိုက်သွားခဲ့မိပြီ….။


ကာရံOctober 16, 20121min02
သိပ်ပြီးရှေးမကျသလို ခေတ်ကိုလည်း အလွန်ပါဘူးချစ်သူရယ် ယဉ်တစ်ကိုယ် အပြုံးလေးတွေက မောင့်ရင်ကို စွဲငြိစေခဲ့တာ အခုဆို နှလုံးသားလေးက အမြစ်တွယ် ကြီးထွားလာပြီလေ ရိုးရိုးလေးနေတက်တဲ့ အမှုအကျင့်က မောင့်အတွက်တော့ ကာရံညလေးတွေပေါ့ ရိုးသားတဲ့ ခွန်းတုံ့စကားလုံးလေးတွေက မုသားတစ်လုံးမှ ပါမလာတာ ချစ်သူရဲ့ နှုတ်ခမ်းက ပိတ်ပင်ထားပေးတယ်နော် မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ငြို့ချက်အပြည့်နဲ့ ထွက်ခွာမရအောင် ဆွဲဆောင်မှုကိုတော့ မောင်လေ ချီးကျူးမိပါရဲ့ ထွက်သွားချင်တာမဟုတ်ပါဘူး ချစ်သူရယ် ရုန်းထွက်လို့ မရတာပါ ငြို့ချက်တွေအောက်မှာ ပြုံးပြုံးလေး ခေါင်းညိမ့်ရင်း ချစ်သူပြောတဲ့ အိပ်ရာဝင် ချစ်စကားလေးတွေကို နားဆင်ခွင့်လေး ပေးလှည့်ပါတော့နော်………… ပိတောက်မိုး


ကာရံOctober 16, 20121min02
နိုးမထခဲ့နံနက်ခင်းလေး ချစ်သူပေးသော အကြင်နာတစ်ချို့နဲ့ ရင်မှာတိတ်တခိုး ချစ်ခဲ့မိပါသည်………. မပန်ထိုက်တဲ့ ပန်းတစ်ချို့ မျှော်ကိုးရင်း ရင်တွေခုန် ကြွေချိန်တန် စောင့်စားရင်း ယုယစွာ ထွေးပိုက်ခွင့် ရချင်မိတယ်လေ………. အလွမ်းဆိုတဲ့ စကားသံ ငါ့နားကလက်မခံခဲ့ ကာရံမဲ့တဲ့ အချစ်ည မင်းမရှိတာ ရက်ပေါင်းလဲ ရှည်ကြာလို့ မနေနိုင် ငါ့ရင်ခွင်တစ်နေရာက ထာဝရ တစ်ဘဝအတွက်တော့ မင်းလေးတစ်ယောက်သာ စိုးပိုင်မှု ရယူလှည့်တော့ ချစ်သူရာ………… ပိတောက်မိုး


ကာရံOctober 15, 20121min01
သိပ်ချစ်တယ်တဲ့လေ ဘယ်တော့မှမပြစ်ပယ်ပါဘူးဆိုပြီး ငိုရင်းပြောလာတက်တဲ့ သူ့ရဲ့နှုတ်ဖျားထက်က ချစ်စကားလေးတွေက ဘယ်တော့မှ ခါးလျှော့မယ်မထင်ပါဘူးလေ……….. လွမ်းတိုင်းပြိုလုလုကျလာတက်တဲ့ မင်းလေးရဲ့မျက်ရည်စက်တွေအောက်မှာ ငါ့နှလုံးသားက အရူးတစ်ယောက်ပမာ ထိန်းကျောင်းပေးတက်ပြီလေ………… ချစ်တက်အောင်သင်ပေးပြီးခါမှ နှုတ်ဆက်စကားလေးတစ်ခွန်း ပြောပြီးထွက်သွားတာ သံယောဇဉ်လေးလက်ကျန်တောင်မပြခဲ့ဘူးနော် ငါကျေနပ်ပါတယ်ချစ်သူရယ် ချစ်လို့ဘဲပြစ်ပြစ် မုန်းလို့ဘဲဖြစ်ဖြစ် မင်းလေးပြောခဲ့ဖူးတဲ့ နှုတ်ခမ်းထက်က ပျားရည်စက်ပုံပြင်လေးတွေကတော့ ငါ့နှလုံးသားမှာ ညအိပ်ရာဝင်ကဗျာလေးတစ်ပုဒ်အဖြစ် သိမ်းဆည်းထားခွင့်လေးရမယ်ဆိုရင်……………… ပိတောက်မိုး