ကာရံOctober 15, 20121min01
တစ်မိုးတစ်မြေအောက်မှာ တို့တစ်တွေ လျှောက်လှမ်းဖူတဲ့ လမ်းကလေးတောင် အခုဆို လွမ်းလွန်းလို့ နေရော့မယ်ထင်ပ……… အဆင်းရယ်မလှပေမယ့် အချစ်သဒ္ဒါမပျက်ဘဲ သစ္စာနဲ့ ပေါင်းဖက်ခဲ့တဲ့ တို့တစ်တွေရဲ့ ချစ်ခရီးလမ်းမှာ အလွမ်းမိုးတွေတောင် ညှိ့ရော့မယ်ထင်ပ……………. လေပြေလာရာလမ်းတစ်လျှောက် အခုဆို တစ်ယောက်ထဲဖြစ်လို့နေပြီလား မချစ်လို့ဘဲပြစ်ပယ်ခဲ့တာလား မင်းအချစ်က မစစ်လို့ဘဲလားတော့ မသိရိုးအမှန်ပါ ရိုးသားလှတဲ့ ငါ့ရဲ့နှလုံးသားကမ္ဘာလေးက ထာဝရမင်းအတွက်တော့ နားခိုရာ နေရာလေးဖြစ်မှာပါ အချိန်တွေ ဘယ်လိုဘဲပြောင်းပြောင်း ထားရှိခဲ့တဲ့ ရင်ထဲက ချစ်မေတ္တာတွေကတော့ သိပ်ချစ်ပါတယ်ဆိုတဲ့  မုသားမပါတဲ့ လူသားတိုင်းပြောနေကျစကားထက် လျှော့မသွားရိုးတော့ အမှန်ဆိုတာ သူလေသိရင် ငါ့ရင်ခွင်တံခါးတစ်ချက်က မင်းလေးတစ်ယောက်အတွက်ပေါ့ ထာဝရပါကွယ်…………….. ပိတောက်မိုး  


black chawOctober 15, 20121min031
အနုပညာခံစားမှု ဆိုတာ ဆရာလိုမလို ဆိုတဲ့ ကိစ္စလေး ဆွေးနွေးကြည့်မလား လို့ပါ…။ အနုပညာတစ်ခုခုဟာ ဖန်တီးသူနဲ့ ခံစားမယ့်သူနဲ့ ကြားမှာ အကွာအဝေးတစ်ခုခုရှိနေတတ်ပါတယ်…။ ပို့စ်မော်ဒန် တွေခေတ်စားကာစက တောင်စဉ်ရေမရတွေ လျှောက်ရေးနေတာပါကွာ..၊ နားကိုမလည်ပါဘူးလို့ အလွန်အကျွံ ဝေဖန်ခဲ့ကြသူတွေလည်း မနည်းလှပါဘူး…။ နားမှမလည်ဘူးဆိုမှတော့ ဘယ်လိုလုပ်ခံစားနိုင်စွမ်းရှိတော့မလဲဗျာ…နော့…။ ဆိုလိုချင်တာက အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် နိမ့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…။ နောက်တစ်ဖက်က ပြန်ကြည့်ရင် အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် မြင့်လွန်းနေတာလဲ ဖြစ်နိုင်တာပါပဲ…။ နောက်တစ်ခုက ခံစားမယ့်သူရဲ့ ခံစားနိုင်စွမ်းပေါ်မူတည်ပြီး အနုပညာတစ်ခုက ပေးနိုင်တဲ့ ရသတွေ အတွေးအခေါ်တွေဟာ ကွဲပြားခြားနားနေတယ် ဆိုတာပါပဲ…။ စာပေလွတ်လပ်ခွင့်မရခဲ့ခင်တုန်းက အောင်ဆန်းစုကြည် ကို ကဗျာရေးတာတောင် ဝင်္ကဝုတ္တိတွေသုံးပြီးရေးခဲ့ကြရတာပါ…။ စာပေစိစစ်တဲ့လူတွေကို လှည့်စားရတာပေါ့ဗျာ…။ ဥပမာ…။ ဆရာဇော်ဇော်အောင်ကြီးက အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ရေးခဲ့ဘူးတယ်ဆိုတဲ့ စာလေး […]


maung khinminOctober 15, 20121min02
***လောကဓံတာလမ်းထက်က သင်္ခ ါရကားစုတ်*** အိမ်ထောင်ရေး ကုမ္ပဏီထုတ် မွဲစုတ်စုတ် အရောင်နဲ ့ ရောင်းတန်းမဝင်တဲ့ ကားတစ်စင်း ဟာ … ကျွန်တော် ဖြစ်ခဲ့တယ်တဲ့ လား ၊ ခုနှစ်ဆယ့်ငါး မော်ဒယ်(လ်) ကားလေ ဥက္ကဌ စွန် ့ခွာသွားတော့ …. ကားလေးခမျာ  ငါးနှစ်သား စွန်းစွန်း အရွယ် မျက်စိသူငယ်  နားသူငယ် အများအလယ်မှာ ကားလေး လမ်းထက်စမ်းသပ် မောင်းနှင်ဖို ့ စောသေးစ ကာလ ၊ အတွင်းရေးမှုးမလေး ရဲ့  ညှစ်အားနဲ ့ ဒေဝါလီ မခံရရေး …. အဲဒီ့ …..  ကုမ္ပဏီလေး ကိုပေါ့ ငွေမဲ့ ကြေးမဲ့ ခမျာ ယဲ့ယဲ့ လှုပ်လှုပ် မြုပ်မြုပ် ဆယ်ဆယ် […]


ကာရံOctober 14, 20121min08
လွမ်းလှပြီချစ်သူရယ် အနမ်းတွေဝေခဲ့ဖူးတဲ့ စမ်းချောင်းလေးတစ်နေရာတောင် အခုဆို ခမ်းချောက်နေရော့မယ်ထင်တယ်နော်………. မေတ္တာဆိုတာကို အချစ်သဒ္ဒါနဲ့ပေါင်းရင် မင်းရင်မှာလေ သစ္စာဆိုတဲ့စကားလေးတစ်ခွန်း ဖြစ်တည်လို့နေမလားနော်…… သံယောဇဉ်ကို အမှန်သဘောနဲ့ ပြောရင် ငါ့ရင်မှာလဲလေ ထာဝစဉ်ဖြစ်တည်နေမှာက အချစ်စစ်တွေပေါ့……….. မငိုပါနဲ့တော့ချစ်သူရယ် လွမ်းလို့ကျတဲ့မျက်ရည်တွေကို သက်သေအနေနဲ့မင်းပြနေရော့မယ်ဆိုရင် ငါလေ အဝေးရပ်ကနေပြီးတော့ အရမ်းချစ်ပါတယ်လို့ ပြောခဲ့ပါရစေနော် ………….                                                                ပိတောက်မိုး


alinsettOctober 14, 20121min014
မီးတောက်ရစ်သမ် (၁) အခုလို… လှပအေးစက်နေတဲ့ညမှာပဲ ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ… ကြယ်တစ်ရာခြံရံပြီး ကြွေကျသွားခဲ့တယ်။ တိမ်လွှာမျဉ်းကောက်တွေကလည်း ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ ရွှေမျက်ရည်တွေ စိုလက်လာပြီလို့ မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို တီးတိုးပြောကြားလိုက်တယ်။ `ချစ်ခြင်မေတ္တာဟာ´ …ဟာ မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို နောက်ဆုံးမှာ… မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့ နှုတ်ခမ်းကိုက်ပြီး…ငါ စဉ်းစားဖူးတယ်။ လူငယ်တစ်ယောက်ကို ပြုစားဖို့ အဘယ်နတ်ဘုရားထံ နင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလဲ… ငါ့ရာဇဝင်ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။ သံယောဇဉ်…ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ…။ လောကဓံဦးတုန်းက… အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက် ခုမှ…စံပယ်ရွက်ပေါ်မူးလဲ အသည်းကွဲတယ်…ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက… ထိရှခဲ့တဲ့… သွေးမဲ့ဒဏ်ရာတစ်ချက်ပါ… သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့ နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက ငါ့ကို…ဆီးမိုးထားတယ်…။ စက်ရုပ်ကို ဒူးထောက်ကျစေတဲ့ နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ. .. […]


maung khinminOctober 13, 20121min03
***တစ္ဆေအိပ်မက်များနှင့်…***       အသက်ရှင်ခြင်းမှာ  လာကပ်ငြိတဲ့ ဒဏ်ရာက  ကိုယ်ရောင်ဖျောက် တိတ်တဆိတ် နှစ်အစိတ် ကျော်   အိပ်မောကျ မျက်လှည့်ပြသလို  မယုံကြည်နိုင်ခြင်းတွေ ကို … ယုံကြည်လက်ခံခဲ့ရပေါ့ …၊ ခုမှ ထက ရက်လေရော့သလား ဇာတ်ဆရာ အလိုအတိုင်း   မျက်ရည်ဝိုင်းဝိုင်းလည် ဘုရားသခင် ရဲ့ ကယ်တင်ခြင်းတပ်ဦးမှာ ငါ .. ရူးသွားဖို ့ ဆုတောင်းမိ ..၊ ဘာမသိ ညာမသိနဲ ့ …. အရှိတရားကို လက်မခံချင်ခဲ့ ဟိုလူ ့ပြ  ဒီလူ ့ပြ  သံသယနဲ ့ ငါလေ ကြေငြာ မကမ်းပါနှင့် အသင့်အနေအထား မရောက်သေး ဒဏ်ရာကို ပိုးလိုမွေးထားမိမှန်း ကြောင်အမ်းအမ်း ဖြစ်လို ့ […]


ကာရံOctober 12, 20121min07
တစ်ရွှေ့ရွှေ့ ရွှေ့လျှားနေတဲ့တိမ် တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ် မာနပြင်းပြင်းနဲ့ စီးကျလာတဲ့ ရေတံခွန်တွေကြားမှာ စီးမျောရင်း ငါ့ရဲ့စိတ်ကလေးကိုရွှက်လွှင့်လို့ အချစ်ဆိုတဲ့အက္ခရာကို ငါနားလည်အောင်ကြိုးစားနေမိတယ်ချစ်သူရယ် ငါကဘဲညံ့လို့လား အချစ်ကိုနားမလည်လို့လားတော့မသိ မျောချင်တိုင်းမျောနေခဲ့မိတာ အခုဆိုငါ့ဘေးမှာသောကတွေပေါလို့နေခဲ့ပြီလေ ချစ်သူရယ် ငါသိပ်ချစ်တယ်ဆိုတာကို မင်းလေးတစ်ယောက်သိရင်လေ ရိုးသားစွာငါပြောခဲ့ချင်ပါတယ် ပြောချင်တာလေးက…………… သူ့အချစ် သူ့အမုန်း သူ့အပြုံးအောက်မှာ ငါလေချစ်တာသူ့တစ်ယောက်ထဲ နေရောင်လရောင် ကြယ်ရောင်အောက်မှာ ငါ့နှလုံးသား ဒူးထောက်စွာ ကျဆုံးနေဆဲပါကွယ်……….. ပိတောက်မိုး


ပရဟိတဆိုတာ… အငုံပန်းတွေ ပွင့်စေချင်တဲ့စိတ် ကန္တာရကို မိုးသွန်းပေးတဲ့လက် ကွက်လပ်မှန်သမျှ ဖြည့်ဆည်းပေးသောအရာ ပရဟိတဆိုတာ… ကျီးကန်အုပ်လို စည်းလုံးမှု ခွန်အားဖြစ်ရေး အတ္တနတ်ဆိုး အမြစ်ဖြုတ်သုတ်သင်ရေး အမှောင်ဖုံး ကြယ်ကလေးများ အလင်းပွင့်ရေး လမ်းလျှောက်နေသော တွဲလက်များဖြစ်ကြ။ ပရဟိတဆိုတာ… ရေစက်ပေါင်းများစွာ စုစည်းထားသော ပင်လယ် မေတ္တာတွေနဲ့ ဗြောင်းဆန်အောင် စီးဆင်း ကမ္ဘာကြီးရဲ့ အနာရောဂါပျောက်စေတယ်။ ပရဟိတဆိုတာ… သုဂတိဘုံ ထည့်သိမ်းထားသော မီခံသေတ္တာရဲ့ လျှို့ ဝှက်နံပါတ် လွယ်လွယ်ဖွင့်လို့တော့ မရဘူး။ ပရဟိတဆိုတာ… ဘယ်ဘုရားဟောမဆို မဆန့်ကျင် လိုက်နာဖွယ်ကောင်းသော ကျင့်စဉ်လမ်းမကြီး အသားအရောင်ခွဲခြားမှု မီးပွိုင့်မရှိဘူး။ ပရဟိတဆိုတာ… ငိုသောမျက်ရည် ပြုံးစေသောစွမ်းအင် ချို့တဲ့သူအတွက် ဗီတာမင်အားဆေး ဘယ်လက်ဖြင့် ရေနစ်သူဆယ်ရင်း ညာလက်ဖြင့် အတောင်ပံတပ်ပေးခဲ့။ ပရဟိတဆိုတာ… အခက်အခဲကြား တောင်များစွာဖောက်သော ရထား […]


ကာရံOctober 11, 20121min015
ရက်စက်ခဲ့သူရေ လက်နက်မဲ့နေတဲ့ ငါ့နှလုံးသားက ပြစ်လွှတ်လိုက်တဲ့ မင်းလေးရဲ့စကားလုံးတွေအောက်မှာ ငါဒူးထောက်ကျရှုံးခဲ့ပြီလား……………. မကြင်နာတက်တာလား အကြင်နာမဲ့တာလားတော့မသိခဲ့တာ ရိုးသားလှတဲ့ ငါ့အချစ်တွေက မင်းလေးအတွက်တော့ အပြစ်တွေဖြစ်တည်နေခဲ့ပြန်ပြီလား စိတ်ဆိုးတိုင်းချော့ခဲ့ရတဲ့ ခုံတန်းလျှားလေးက အခုတော့ ငါ့တစ်ယောက်တဲ့ ဖြစ်တည်နေခဲ့ပြီပေါ့ ကျေနပ်ပါတယ်ချစ်သူရယ် အပြစ်တွေဘယ်လောက်ဘဲများများ ငါပေးဆပ်ခဲ့တဲ့ မေတ္တာရေစဉ်လေးတွေကတော့ မင်းလေးရဲ့ဘေးနားမှာ အရိပ်အဖြစ်ရပ်တည်ခွင့်လေး ရခဲ့မယ်ဆိုရင် ငါလေ…………………… ပိတောက်မိုး


maung khinminOctober 10, 20121min02
***ဗိုက်ပူနံကား  တောင်တန်းများနဲ ့မြေပုံ*** ဒုက္ခ ခြုံထည်အောက် ကွေးနေအောင်   ကောက်ကောက်လာခဲ့ကြတဲ့ ရေသောက်မြစ်တွေ .. ဘဝ  ဟာ  ….. တောင့်တောင့်ကြီး  အေးစက်လို ့ အဲ့သလို    ….. ဘေးထွက် ဘေးထွက်ဆိုးကျိုးတွေက အကျိုးပေး စောင်း  လွန်းစွ ၊ ခေါင်းကြီး ကိုယ်သေး နေတဲ့ … အထက်ထွား  အောက်ရှုး သွားတဲ့ ဇာတိမာန် အားသန်ခဲ့တဲ့ အမှန် အမှားတို ့  ကျားကန်နေရ တဲ့ မြေပုံ သေးသေးလေး ထဲမှာလေ ….၊ စပါးနှံက  ဆန်ဖြစ် သတဲ့ ဘိန်းခင်းတွေက   တိမ်းမူးချင်စရာ ပတ္တမြားမြေ က  သွားရေယိုချင့် စရာ ကျွန်းသစ်ပင်က   ဒေါ်လာရွက်ဖားဖား တွေ ….. မြေအောက်က   […]


SawAungOctober 9, 20121min05
တဆစ်ဆစ်နာကျင်နေတဲ့နေရာကို တဖန်ပြန်ပြီးလက်နဲ့စမ်းကြည့်တယ်……။ အို….နာကျင်နေတာတောင် တဒိတ်ဒိတ်ခုန်နေတုန်းပါလား…………..။ အရှိန်ပြင်းပြင်းနဲ့ထိခဲ့မိတဲ့ရင်ခွင်အစုံက…. အမှတ်မရှိခုန်နေတုန်းပဲ……။ ဒီနေရာလေးမှာ.. ဒီနေရာမှာပဲ…… ချေမွခံခဲ့ရတဲ့ဘဝ…………………. စာနာနိုင်ရင် တစ်ချက်လောက်တော့ လှည့်ကြည့်သင့်ပါတယ်….။ ရူးသွပ်ခဲ့တဲ့ အချစ်တစ်ခုအတွက်…. မိုက်မဲနေဆဲဖြစ်တဲ့.. နှလုံးသားတစ်စုံရယ်…။ အမှတ်မရှိသေးတဲ့ ဦးနှောက်တစ်စုံရယ်….။ ရက်တွေ…လတွေ…နှစ်တွေ…. ဘယ်လောက်ကြာပြီလဲ……. မမှတ်မိတော့ဘူး…..။ ဘုမသိ..ဘမသိတော့ မဟုတ်ဘူး..။ အမှတ်မရှိ….. အစမရှိ… အဆုံးမရှိ…. မှောင်မိုက်ခြင်း နှလုံးသားလမ်းမတွေပေါ်မှာ…. အမှတ်တမဲ့ဖြစ်ဖြစ်…. တမင်တကာဖြစ်ဖြစ်.. တွေ့ဆုံခဲ့ရင်.. ခိုးခိုးကြည့်မိနေတုန်းပဲ….။ ******** အောင်မိုးသူ


နင့်အပြုံးမှာ အဆုံးမရှိ ငြိတွယ်ဖူးတယ် မြုံးမိထားတဲ့ ငါးလိုပဲ…။ အပိုမပြောတတ်ခဲ့တဲ့ငါ နင်ဆိုသမျှကိုလည်း ယုံခဲ့မိတယ်။ အချစ်တွေကိုပုံလို့ ငါ့ဦးနှောက်လည်း စုံလုံးကန်းခဲ့ပေါ့။ ငါတမ်းတတဲ့အချိန် နင်မရှိခဲ့ဘူး။ ငါလွမ်းလျတဲ့အချိန် နင်မသိခဲ့ဘူး။ အရူးတစ်ယောက်လိုပဲ။ ရောက်တတ်ရာရာတွေလုပ် အတွေးတွေကြားမှာမြုပ်ရင်း ငါ့စိတ်တွေလည်း ရှုပ်နေလေရဲ့။ အခုတော့… နင့်အကြောင်းတွေကိုထုတ် ငါ့စိတ်ကိုငါ ထိန်းချုပ်လို့ အလုပ်ထဲမှာပဲပျော်ရင်း…။ ။