အမှတ်မရှိ….. နှလုံးသား

SawAungOctober 9, 20121min05

တဆစ်ဆစ်နာကျင်နေတဲ့နေရာကို
တဖန်ပြန်ပြီးလက်နဲ့စမ်းကြည့်တယ်……။
အို….နာကျင်နေတာတောင်
တဒိတ်ဒိတ်ခုန်နေတုန်းပါလား…………..။

အရှိန်ပြင်းပြင်းနဲ့ထိခဲ့မိတဲ့ရင်ခွင်အစုံက….
အမှတ်မရှိခုန်နေတုန်းပဲ……။

ဒီနေရာလေးမှာ.. ဒီနေရာမှာပဲ……
ချေမွခံခဲ့ရတဲ့ဘဝ………………….
စာနာနိုင်ရင် တစ်ချက်လောက်တော့
လှည့်ကြည့်သင့်ပါတယ်….။

ရူးသွပ်ခဲ့တဲ့ အချစ်တစ်ခုအတွက်….
မိုက်မဲနေဆဲဖြစ်တဲ့.. နှလုံးသားတစ်စုံရယ်…။
အမှတ်မရှိသေးတဲ့ ဦးနှောက်တစ်စုံရယ်….။

ရက်တွေ…လတွေ…နှစ်တွေ….
ဘယ်လောက်ကြာပြီလဲ…….
မမှတ်မိတော့ဘူး…..။

ဘုမသိ..ဘမသိတော့ မဟုတ်ဘူး..။
အမှတ်မရှိ…..
အစမရှိ…
အဆုံးမရှိ….
မှောင်မိုက်ခြင်း နှလုံးသားလမ်းမတွေပေါ်မှာ….
အမှတ်တမဲ့ဖြစ်ဖြစ်….
တမင်တကာဖြစ်ဖြစ်..
တွေ့ဆုံခဲ့ရင်..
ခိုးခိုးကြည့်မိနေတုန်းပဲ….။

********
အောင်မိုးသူ

5 comments

  • candle .

    October 9, 2012 at 8:50 pm

    အမှတ်တမဲ့မှ အမှတ်တရ ဖြစ်ခဲ့ပြီကွယ်..အဟိ..
    အိုင်တီသမားလေးက..
    ရင်ဘတ်ကြီးနဲ ့ခံစားနေတယ်ပေါ့..
    အားပေးသွားတယ်နော်..

    Reply

  • မောင်ပေ

    October 9, 2012 at 9:09 pm

    တွံတေးသိန်းတန်ကြီး ဆိုသလိုမျိုး
    နောက်တစ်ခါ ချစ်ဦးမလားလို ့
    တုတ်ကလေးနဲ ့အားပေးလိုက်ပေါ့ဗျာ

    Reply

  • ♪ .. ♫ .. မျက်နှာချင်းဆိုင် လမ်းမှာ တွေ့လာ .. ♫ .. ♪ .. ရှောင်လွှဲစရာ လမ်းမ ကျဉ်းမြောင်းလွန်းပြီပဲ .. ♪ .. ♫ .. နေရောင်ကွယ် နေ့ .. ♫ .. ကြယ်ရောင်ပျောက် ည .. ♫ .. ♪ .. အတိတ်က ဇာတ်လမ်း .. ♪ .. ♫ .. နာကျင်နေလည်း .. ♪ .. ရှောင်လွှဲဖို့ ခက်ခဲ .. ♫ .. ♪ .. ကြေကွဲစရာ .. ♫ ..

    ဘာမှ ဟုတ်ဖူး …
    R ဇာနည် သီချင်းကို ဆိုကြည့်ဒါဘာ ..
    :kwi:

    Reply

  • aung moethu

    October 10, 2012 at 9:31 am

    လူဂျီးဒွေနော်…. တားခံစားချက်ကို ပျက်ရယ်ပြုတာလား း((((

    Reply

  • mayjuly

    October 10, 2012 at 10:39 am

    အသစ်မတွေ့သေးလို့ အဟောင်းကို တတိရနေတာများလား..
    ဟီးး နောက်ထှာနော် … :harr:

    Reply

Leave a Reply

Your email address will not be published.