လူငယ်ဆိုတာ… လေခိုအောင်းတဲ့ ဆပ်ပြာပူဖောင်းမဟုတ်ဘူး။ သမိုင်းသစ် တရပ်စပ်ပစ်ဖောက်မယ့် သံမဏိကျည်ဆန်မျိုး ဘယ်လက်ဖဝါးမှ မတားဆီးနိုင်ဘူး။ သူတို့တွေဟာ… ဘဝအိမ်မက်အတွက် မီးကုန်ယမ်းကုန် လောင်ကျွမ်းဖို့ အဆင်သင့် ပြင်းရှတဲ့စိတ်ဓာတ်လည်းရှိရဲ့။ သူတို့တွေဟာ… အများအကျိုးအတွက် ရုပ်/နာမ်အထောင်းခံရန် ဝန်မလေး တာဝန်ယူရဲတဲ့ စိတ်ဓာတ်လည်းရှိရဲ့။ သူတို့တွေဟာ… တိုင်းပြည်အတွက် အသက်ဓာတ်ဖိနင်းခံရမှာ မကြောက် ကိုယ်ကျိုးစွန့်စိတ်ဓာတ်လည်းရှိရဲ့။ သူတို့တွေဟာ… အနာဂတ်ကမ္ဘာရဲ့ လက်ကိုင်တုတ်ကြီးကြီး စွမ်းအင်၊ ခွန်အားများလည်းဖြစ်ရဲ့။ သူတို့တွေကြောင့်… ခေတ်တိုင်းဟာ ဘာမဆိုဖြစ်ခဲ့သလို၊ ဘာမဆိုလည်း ပျက်ခဲ့တယ်။ ယုံရဲ့လား… အက်ဒီဆင်နာမည် လူငယ်ဘဝက စခဲ့တယ်။ ဟစ်တလာနာမည် လူငယ်ဘဝက စခဲ့တယ်။ ခေါင်းဆောင်ကောင်းတိုင်းလည်း လူငယ်တွေအား ချစ်ကြတယ်။ အို…လူငယ် သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေးပါရစေ… သင်ချွန်ထားတဲ့မြှားက ဘယ်ပစ်မှတ်ကို စိုက်စေမှာလဲ… ကြယ်ဖြူ/မည်း ။ ။ […]


maung khinminOctober 7, 20121min03
 ကဗျာတံငါ  ရေချိုးပြန်ရတဲ့    ည စိတ် ကိုင်းတံ မှာ …… ဈာန် အစာတပ် အနုပညာ ငါးတွေ ထထပွက်တတ်တဲ့ ငါ့ …. နှလုံးသား ကန်ရေ နက်နက်ထဲ အသာချ ကဗျာ ငါးတစ်ကောင်တစ်လေမှ လာမဟပ် ကြ ညထဲ  လရောင်က သဲသဲလှုပ် ရွာချ ကန်ရေပြင်  ဘော်ငွေလှိုင်းတို ့ ရဲ့ ယိမ်းအက လေပြည် အနွဲ ့  သစ်ရွက်အကြွေ သေနေတဲ့   ဝေါဟာရ စကားလုံးတိုင်း  ဖောင်းပွကာရန် ရစ်သမ် မမှန်သေး …. ရင်တစ်ခုလုံး  လေးလံတိတ်ဆိတ် တိတ်တဆိတ်   ဆွံ ့အ ….. လှရက်တဲ့  ….. ည ဟော ….. ခုနှစ်စင် ကြယ်ပြောင် […]


ကာရံOctober 6, 20121min011
     အသွင်ရယ်သူပြောင်း ညို့တော့မယ့်သူ့မာန်      ဟန်ပြင်ကာရယ် ဖန်ဆင်းပြီးမှ      ပြေးတော့မယ့်သူ့အကြံ မှန်းဆရမမှန်…………      တွဲလဲရယ်ခိုမလို့နဲ့ ငိုတော့မယ့်သူ့အဆင်      သူ့အသွင် တစ်မူထူးရယ်နဲ့      ဘယ်သူရှင်ပြိုင် နိုင်မယ်မထင်ပ      အဆင်ကမှန်းဆလို့မရ……….      ဖန်ဆင်းရှင် တုပလို့မနိုင်      ရှင်နိုင်သူရှားလောက်တယ်      လွမ်းလို့မှမဝနိုင်…………..                                              ပိတောက်မိုး


လင္းစက္ရာOctober 5, 20121min02
နေခုနစ်စင်းမလင်းဘူး ၊ လမင်းတစ်ရာမသာဘူး ၊ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ တစ်လွင့်လွင့်ပျံသန်းသွားနေသမျှ မြက်ဖျားပေါ်က အိပ်မက်လေးတစ်စလည်းဖြစ်ရဲ့…။ ရေခဲမြစ်တစ်စင်းရဲ့ မြစ်ဖျားခံရာလည်းဖြစ်ရဲ့…။ အညတရဆန်ဆန်ပျောက်ဆုံးသွားဖို့ အကြောင်းအရာတွေကြီးကျယ်စရာမလိုပါဘူး ၊ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ အရွေ့စွမ်းအင်တွေ မြေဆွဲအားတွေနဲ့ ဟင်းလင်းဖွင့်ထားတဲ့ ကြမ်းပြင်ကို တိတိပပပေါက်ခွဲလိုက်ဖို့လည်း တန်ခိုးအာဏာရှိလေရဲ့…။ ကုန်လွန်သွားဖို့လည်း ဒီမနက်ကိုဆုမတောင်းဘူး..။ ဖြတ်သန်းရောက်ရှိလာတဲ့ လေပြည်ထဲလည်း ခိုဝင်မသွားဘူး..။ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ ဟောဒီမှာ! ဝိုင်တစ်ခွက် ၊ ဟောဒီမှာ! ဓားတစ်လက် ၊ ချပ်ဝတ်တန်ဆာတွေကြားထဲအထိ ရိုက်ခတ်လိုက်ဖို့လည်းဝန်မလေးဘူး..။ လက်ဖျားတွေ ထုံကျဉ်သွားကြတယ် ။ သွေးကြောတွေ အေးစက်သွားကြတယ် ။ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ တဂိုးကို သိချင်မှသိမယ် ၊ ဗန်ဂိုးကို သိချင်မှသိမယ် ၊ […]


maung khinminOctober 5, 20121min05
***တောင်ကတုံးများ***       အမှောင်ထဲက ထွက်လာခဲ့တယ် အရောင်နဲ ့ အဆင်းနဲ ့ အလင်းများ ရမလားလို ့ အမေ့နို ့ရည်လောက်မှ  မျှော်ကိုးဖို ့မကောင်းတဲ့ အယောင်ဆောင်  အနာဂတ်ကိုယ်၌က …. တစ်တောင်ပြီး   တစ်တောင်    ကြိုးစားတတ်နေရတဲ့  အနေအထား ငါ့ …. ခြေဖဝါးနှစ်ဖက်    သွေးစက်လက် ငါ့ …. ဆာလောင်မှုက   တောင်တန်းတွေရဲ့ တစ်ဘက်ဆီ ကိုယ့်ရာသီဥတု နဲ ့ကိုယ် နေညိုတစ်လှည့် ၊ ရေစိုတစ်ခါ ….၊ လိမ်ရင်း မာတတ် လာခဲ့ပြီ စာနာခြင်းဟာ  စာမလာ သတင်းမကြားနဲ ့ သတင်းအမှား တွေ တတ်တတ်လာတဲ့  ဝက်(ဘ်)ပေ့ချ်တွေထဲ ကဗျာအတွေးဟာ   အဆက်အစပ်မဲ့အလျင်တန်းလို ့ ပါးပါးနပ်နပ် […]


ကာရံOctober 4, 20121min05
ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို ယုံပေးပါလို့တော့ မတောင်းဆိုချင်ပေမယ့် ပုံပြင်မဟုတ်ပါဘူးချစ်သူရယ် ချစ်ဦးသူမဖြစ်ခဲ့ပေမယ့် ငါ့ရဲ့ချစ်ခြင်းတွေကတော့ နောက်ဆုံးသောသူပါကွယ် စိတ်ညစ်ရင် ဖန်တီးပေးမယ့် ဇာတ်ရုပ်က မင်းလေးအတွက်တော့ လူရွှင်တော်ပေါ့ စိတ်တိုလို့ လက်ပါခဲ့ရင်လဲ အပြုံးများနဲ့ဖိတ်ခေါ်နေမယ့် ရင်ခွင်က ငါ့တစ်ယောက်ထဲပါချစ်သူ လွမ်းလို့ကျတဲ့ မျက်ရည်စက်တွေ ကြွေကျလာရင်လဲ ငါ့နှလုံးသားက မြေမှာမခရအောင် ထိန်းသိမ်းပေးထားချင်တယ်တဲ့လေ ငါအမိန့်မပေးပါပဲနှင့် မာနလေးတွေက မင်းလေးရဲ့ အချစ်တွေအောက်မှာ ကျရှုံးခဲ့ပါပြီလေ ငါပျိုးခဲ့တဲ့ အချစ်ပန်းတစ်ပွင့်ကို မင်းလေးရဲ့ ဆံဖျားထက်မှာ ခစားခွင့်လေးရခဲ့ရင် ငါလေ………………………………………                                                                              ပိတောက်မိုး


maung khinminOctober 3, 20121min07
***အသားကျ ခေါက်ရိုးကျိုး မျှော်လင့်ခြင်းရဲ့ ထမင်းသိုးများ***       တောလိုလို ၊ မြို ့လိုလိုမျက်နှာ ဘဝဟာ …… မိတ်ကပ်နံ ့တွေနဲ ့ ထထကတတ်တဲ့ မုဆိုးစိုင်သင်   အပျက်မ ရဲ့  ညမျိုး ခေါက်ရိုးကျိုး  ထောင့်ချိုး ၊ စာအုပ်ထဲက  စာရိတ္တမဏ္ဍိုင်က အစာအိမ်ကို  မလှန်နိုင်ခဲ့ဘူး ကိုယ့်တွင်းကိုယ်တူးစရာ မလိုတော့တဲ့ … ခေတ် အညစ်အထေးကို  လွယ်လွယ်ပဲ လျှော်ပစ်လိုက်ကြ ငါ့အရိပ်က  ငါနဲ ့  …. တစ်ထပ်ထဲကျလို ့…………၊ ဘယ်တွင်းထဲမှာ  အစာရှိလဲ ခေါင်းဝင်ရင်  ကိုယ်ဆံ့ရမပေါ့ … ကိုယ့်အနံ ့ကိုယ်  မသတီ ကိုယ့်အညှီ  ကိုယ်ပြန်စုပ် လူဆိုတာ  အလုပ်လုပ်ရတယ် …..  ဒါပေမယ့် […]


koyin sithuSeptember 29, 20121min020
ပင်လယ်နီလှိုင်း ဒီရေလှိုင်းနဲ့ မြူမှုန် ပေါက်ပေါက် ဆီးနှင်းပေါက်လို ရှေ့နောက်ကို မမြင် လှုပ်လှေလှုပ်လှဲ့ ရှေ့ဆက်၍ သာ ရွန်းရဦးမယ်… ဒီလှိုင်း ဒီရေ ဒီလူတွေနဲ့ အမေ ပေးလိုက်တဲ့ ငါးပိချက်တစ်ခွက် အားအင်ဖြစ်လျက် ခရီးဆက်လျက်ပါ .. အမေ…   သမုဒ္ဒရာဝမ်းတစ်ထွာ အရေးမဆိုသာ မိသားစုလှေလေး ဝဲဂယက်မှာ ချာချာလည်မရေး နေရေးစားရေးဆိုတာ ဘဝကပေးတဲ့ မျဉ်းဖြောင့်တစ်ကြောင်းပေလား … ပင်လယ်ရေမှာ လှိုင်းလေမမှန်ဘူး… အမေ….။   ကမာ္ဘမြေတစ်ဖက်စွန်းသို့ ရောင်နီမလာ ဒီပင်လယ်ပြာ မြူမှုန်ဝေလည်း ဘယ်ကို ရွှက်လွှင့်လွှင့် အောင်မြင်ခြင်းကို ဒီရေထင်လို့ ကျွန်တော်တို့ ဘယ်လိုအင်အားနဲ့ရောက်အောင် လျှောက်လှမ်းရပါ့မလဲဆိုတာသာ…။ ။ အထည်မလဲတဲ့ ဒုက္ခ တွေ့တဲ့အခါ အမြဲမြင်ယောင်လွမ်းမိတယ်… အမေ… မွေးရပ်မြေမှာ မိုးကုန် ဆောင်းကူး […]


. အလင်းပေး ညမီးအိမ်လို ပါရမီဖြည့်ဘက်တွေ သူ့ခန္ဓာအတွင်းမှာတော့… မတည်ငြိမ် ဘောင်ဘင်ခတ် လှိုင်းကြက်ခွပ်တွေက မူပိုင်မိုးကုပ်စက်ဝိုင်းသို့ ဗဟိုပြုလူးလွန့်နေတာများ သံစဉ်တွန်ကျူးလှပ သဘာဝပန်းချီကားတစ်ချပ် အသက်ဝင်သလိုမျိုး ဒါဟာ…ပင်လယ် ဘယ်လောက်ပဲကြီးကြီး သူ့မှာ အစရှိတယ်။ ဒါဟာ…ပင်လယ် ဘယ်လောက်ပဲကျယ်ကျယ် သူ့မှာ အဆုံးရှိတယ်။ သူဟာ မြွေတစ်ကောင်လို ခွေချင်ခွေ(ငြိမ်သက်) ပေါက်ချင်ရင်…ထပေါက် ပါးပျဉ်းအော်တိုထောင်တယ်။ အကဲခတ် ခက်လှတဲ့ နေရာပဲ ကိုယ့်ကျိုးရှာ မနုဿတွေကတော့ သူ့ကိုမကြောက် ဝမ်းဗိုက်ဖောက် ကလီစာထုတ်ယူတတ်ကြ။ သူက… လွှတ်…..သဘောကောင်းတော့လည်း အနန္တမတ္တာရှင် အပြုံးမပျက်၊ အမုန်းမပွားဘူး။ သူက… လွှတ်…..မုန်တိုင်းထန်လာလည်း ဒေါသဘီလူးစီး အရာအားလုံးဝါးမြိုတယ်။ သူဟာ မျက်နှာနှစ်ဘက်နဲ့ သက်ရှိမျိုးစိတ် ကမ္ဘာကြီးရဲ့ အံဝင်ခွင်ကျ နှလုံးအိမ် သူသေဆုံးသွားရင် ရာသီဥတုရင်ကွဲနာကျမယ်။ ဒါကြောင့်မို့… အပင်နဲ့ သတ္တဝါသက်တမ်းရှည်စေဖို့အရေး သူ့အား […]


DEPARKO DEPARKOSeptember 27, 20121min0
အမေမှာကြား ဆုံးမသွားခဲ့၊ ငါ့သား မုသားမဆို မျက်မသိုလင့် တဖက်စကား နားဝခါးလည်း ကျိန်ဆိုစကား မင်းနှုတ်ဖျားက မြွက်ကြားမလို မပြောဆိုနှင့် ပြောမိသော်ငြား သူ့ဖဝါးအောက် ပြားပြားရောက်မည်။ မလိုစကား သူပြောအားသော် မုသားမဆို မကျိန်လိုနှင့် သူ့ရဲ့အနား ဖယ်ခွါသွားလော့ စိတ်ထားဖြူစင် သူတော်စင်က သင့်အား ကောင်းချီး ပေးအံ့တည်း။ ကျိန်ဆိုစကား ပြောသူများကို မျက်ထားမရွှင် စိတ်ဘဝင်မကျ မုသားစကား ပြောသူများလို့ ယုံမှားသံသယ ဖြစ်တတ်သည်။ မုသားစကား ပြောပါငြားသော် စကားပုလ္လင် ခံစဉ်ခဏ ကျိန်ပြရသည်။ ကျိန်သည်နှင့်အမျှ မောပန်းရပြီ စကားမတည် နှုတ်မပီဘဲ သံသရာကြွေး ဆပ်ရသေးသည် အတွေးပန်းချီ စာကိုသီလို့ အမေ့စကား နောက်လူများကို ဆင့်ပွါးအတွေးဆက် အနေမခက်အောင် ပေထက်ရေးဖွဲ့လိုက်ပါသည်။ ကျွန်တော်ငယ်စဉ်က အင်မတန်ကျိန်တွယ်ပြောဆိုတတ်တော့ အမေအတန်တန်ဆုံးမခဲ့ရာက အခု […]


maung khinminSeptember 27, 20121min03
***ကမ္ဘာရဲ့ ကျောရိုးပေါ် လမ်းလျှောက်ခြင်း*** အမေပေးတဲ့ အသက်ဓါတ်လေး နဲ ့ လောကဓံ နှင့် မိတ်ဖွဲ ့ … ” အူဝဲ “…. သံ ရဲ့ ပဲ့တင်ထပ် ဂီတ ကမ္ဘာမြေ ရနံ ့ …. အမေ့နို ့နံ ့လှိုင်လှိုင်ထ လူ ့အဖြစ်  ကျွန်တော်ရခဲ့ ပါတယ် ၊ ခါးလိုက်တာ  အမေရယ် တစ်နွေလုံး ဟာ တစ်ဘဝလုံးလုံး ရင်ထဲပုန်းအောင်း ဖုန်တစ်ထောင်းထောင်းထ  လေကို ရှိုက်သွင်း လိုက်ရင်း ပြေးရင်း မိုက်တွင်းနက်နက် ထဲ  … ကျွန်တော်က စိုက်ဆင်းလိုဆင်း အတွင်းသား အလွှာကို ဖြူအောင် လျှော်ဖို ့ကြိုးစား သား … မှားခဲ့သလား     […]


DEPARKO DEPARKOSeptember 26, 20121min0
ငါ့ရင်တွင်းမှာပန်းတစ်ခင်းရှိနေတယ်။ ငါ့ရင်တွင်းက ပန်းတစ်ခင်းကို နင်းလိုကနင်း လမ်းခင်းချင်ခင်းပါ၊ ရင်တွင်းသစ္စာ မှန်စွာဆိုရရင်ဖြင့် မခံချိရိုး ဆိုးသည့်ဝေဒနာ ခံရပါသည်။ သခင် ငါ့ရင်တွင်းက ပန်းတစ်ခင်းကို ချေလိုကချေမွှ စေလိုရာကိုစေ နေရမည့် ဘဝပါ ဒါပေမည့် ငါ၏ရင်တွင်း ပန်းတစ်ခင်းကို ခူးလိုက ခူးချွေ ခြေလိုကခြေမွ သခင့်အလိုကျပါ ပန်ဆင်လိုသူ တစိမ်းလက်ထဲတော့ မျက်နှာမွဲဘဝနဲ့ ထိုးမအပ်လိုက်ပါနဲ့သခင် အရှင့်ရင်မှာခိုနား အစဉ်သနားသဖြင့် ညှာတာခွင့်လေးတော့ပေးပါဦး။


DEPARKO DEPARKOSeptember 24, 20121min0
အမေ့ အသက် ၄ဝ မှာ ကျွန်တော့် ဘဝအစ လောကကြီးကို စူးစမ်းဘို့ အသံပြဲနဲ့ဟစ်ကြွေး ကမာ္ဘ့ငြိမ်းချမ်းရေးနေ့ အမေ့ရင်ကိုအေးစေခဲ့ပါရဲ့လား ??? ကျွန်တော့်အသက် ၄ဝ မှာတော့ မဆုံးသေးတဲ့ သံသရာခရီးကို သောကမီးတွေနဲ့အတူ အမေ ငြီးငြူလို့ ခရီးရှည်ထွက် နှုတ်တောင်မဆက်သွားပါလားအမေ။ အမေ့ရဲ့ နောက်ဆုံးခရီးကိုပို့ဖို့၊ ကျွန်တော်ဟာ ရိုးမကိုဖြတ်ကျော် တောင်ကုတ်လမ်းပေါ်က သေမင်းခေါ်သံနားထောင်ရင်း မရဏာနုဿတိပွါးလို့ ကျောက်ဖြူက ရန်ကုန် ခရီးကိုစုန်ခဲ့ရာက အမေ့အိမ်အရောက် အမေ အမောဖေါက်ရတဲ့ အကြောင်းရင်း အမေမကြိုက်တဲ့ အနံ့တသင်းသင်းနဲ့ အမေ့ရဲ့ အနီးကပ် သား၊မြေး၊သားမက် အစုံအလင် ပုံပြင်တွေပြောလို့ သားယုံချင်ပါရဲ့ အမေ။ ကျွန်တော့်ငယ်ဘဝ စိတ်အနာရခဲ့သမို့ နာမည်ဆိုးအမျိုးမျိုးတွင် အမေ့ရင်ခွင် ခိုလှုံဘို့ဝေး ငယ်ငယ်လေးထဲက အဖေသွားရာနောက်ကိုလိုက် မြန်မာပြည်မြေပုံ တမိုက်သာသာမှာ ကြိုက်တဲ့နေရာ […]