အေတြးေလးSeptember 21, 20121min010
အပြစ်မဲံ့တဲ့လရောင် ပင်လယ်ကြီးကိုနှုတ်ဆက်ခဲ့ ကျရှုူံးမှုနဲ့အတူ လူတစ်ယောက်လဲကျပြီ ကူကယ်ရာမဲ့တဲ့ဘဝ ကမ်းမမြင်လမ်းမမြင်ပေါ့ နာကျည်းမှုတွေနဲ့အတူ အတ္တခါးခါးတစ်ခွက်သောက်ရင်း ချည့်နဲ့စွာပြုံးလေရဲ့ ထိုအပြုံးကြောင့်ထင်ရဲ့ ကြယ်လေးတွေပုန်းကွယ်ကုန်လေပြီ။  


wintayzahlaingSeptember 21, 20121min00
Less waste, better results ¬– Standards increase efficiency ပန်းတစ်ပွင့် ပွင့်ပြီးတစ်နေ့ ကြွေရမည်ပင်။ ဒါပေမယ့်၊ မကြွေခင်… လေလွင့်အောင်မချွေစေ့စေချင်။ ဒါ့အပြင်၊ ပင်ယံမှာတင့်စေချင် ပန်သူကိုလည်းအလှဆင် စံထိုက်တဲ့ပန်းတစ်ပွင့်အသွင်။ တို့ဘဝ တို့ဝန်းကျင် ပိုတင့်ဖို့အနာဂတ်တွင် တို့စွမ်းအား ကြိုးစားမြှင့်တင် စံထိုက်တဲ့ပန်းတို့နဲ့အလှဆင် စံသတ်မှတ်ရေး ပန်းဥယျာဉ်။ ။


SawAungSeptember 21, 20122min02
၁။ အရိုးတွေ ပြိုင်းထနေတဲ့ မအီမသာနေ့တွေထဲမှာပဲ စိုက်နေကျ ငါတို့သစ်ပင်တွေဟာ မီးညွှန့်တွေ တစ်စစ ဖူးပွင့်ဝေခဲ့တယ်။ တိမ်တွေကလည်း ဝါရီဝေ တေလေဖူးတဲ့ မမှည့်သေး အသီးတွေကလည်း အကွေ့အကောက် တန်းမညီစွာ ကြွေကျ မလှပမှုဟာ အမြစ်ကို စုန်ဆန်ရင်း အလင်းတွေ ရှိုက်သံဝေနေခဲ့။ ၂။ ဘာမှမထူးဘူး ငါတို့ဟာ….ဘာမှ မထူးခဲ့ကြဘူး မီးညွန့်မီးလျှံတွေကို ပန်းငုံပန်းပွင့်တွေလို နမ်းခဲ့ကြ..။ ငရဲပွက်တဲ့ကာလတွေပါပဲ ကာဗွန်ဒိုက်အောက်ဆိုဒ်တွေ များလျှံနေတဲ့ကမာ္ဘ ငါတို့ထုတ်ပေးနိုင်တဲ့ အောက်စီဂျင်အရေအတွက်ဟာ ပါးလျလာ…။ ငါတို့သည် မူလကသစ်ပင်များဖြစ်လေသည်။ ယခုအခါ လိမ်ညာလှည့်ဖျား ကြောက်မက်ဖွယ်အသွားအောက် ပြားပြားမှောက်ရသော သစ်တုံး၊ထင်းတုံးများပမာဖြစ်ခဲ့ကြပြီ။ ထို့ကြောင့် မီးညွန့်တို့ကို နမ်းကြခဲ့၏ တရားသောစစ်သည်လည်းကောင်း မတရားသောစစ်သည်လည်းကောင်း…. ငါတို့ကို အလောင်းပေါင်းများစွာထပ်စေခဲ့၏ ထို့ကြောင့် ငါတို့သည် မီးတောက်ကိုမုန်းခဲ့ကြလေပြီ ။ အမှန်စင်စစ်….. ငါတို့သည် […]


linnlinnnSeptember 21, 20121min04
ဒို့တတွေရဲ့မြေမှာ ဒို့တတွေအတွက်တဲ့ တဒိုင်းဒိုင်းဖောက်နေတဲ့ သေနတ်သံမစဲသေးပါဘူး.. ဒို့မှာ ကိုယ်ပိုင်အိမ်ရှိရဲ့သားနဲ့ ဒို့မှာ ကိုယ်တိုင်စားသောက်နိုင်ရဲ့သားနဲ့ ဒို့မှာ ဝတ်ဖို့ပူစရာမလိုရဲ့သားနဲ့ အခုတော့ အိုးအိမ်မဲ့ခဲ့ပြိ စားစရာမဲ့ခဲ့ပြီ သူများပေးမှာ သူများကျွေးမှာကို မျှော်နေရတဲ့ဘဝဖြစ်ရပြီ ဒို့တတွေရဲ့ရင်ထဲမှာလဲ ကြောက်စိတ်ကအပြည့်ပါပဲ….. ဒို့ရဲ့အနာဂတ်ကြယ်ပွင့်တွေကို ကြောက်ရွံ့စိတ်တွေမပြချင်လည်းပဲ သူတို့ကိုယ်တိုင်မြင်နေခဲ့ရပြီ ဒို့မြေမှာ ဒို့ဟာဒို့ကိုင်းစိုက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့ ဒို့မြေမှာ ဒို့ဟာဒို့လယ်စိုက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့ ဒို့မြေမှာ ဒို့ဟာဒို့ ခေါင်ရည်သောက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့ သတို့တတွေက ဒို့တတွေအတွက် သေနတ်ဖောက်ပြီ ငြိမ်းချမ်းရေး စကားဆိုကြတဲ့….


maung khinminSeptember 20, 20121min04
***အံချော်နေသော ….*** ရေရောမထားတဲ့ ရေတစ်ခွက်ထဲ ရေအစစ်တွေ ထဲကရေ … ရေစစ်နဲ ့ …. အစစ်ခံရလို ခံရ..၊ တဆစ်ဆစ်နာရဲ့ … သံသရာလှည်းဘီး အကျိုးအပျက် ခရီးလမ်းမများ ဆာလောင်မှုရဲ့ ငိုသံ ရှိုက်ငင်ခြင်း ရမ္မက် သွေးပျက်ဂီတ … ည ဝတ်လစ်စလစ် မယ်လိုဒီ လှိုင်းကြမ်း မိုးခေါင်ရေရှား သောက တောတောင်အဝှမ်းလုံး အက်ဆစ်မြစ်ရေစီးကြောင်းထက်က … အရေပြား တွန် ့ထပ် ရင်ပက်ကြားအက်တို ့ …. ရေ နွေအောက်မှာ ….. ရေတံလျောက် အခံမပျက် သူတို ့အိပ်မက် …. သူတို ့ထွက်သက် … သူတို ့ ကောင်းကင် တိမ်မျှင်ပါးပါး လမ်းသလားတုန်းလား ကွယ့်….၊ […]


maung khinminSeptember 20, 20121min05
***မျိုးဆက်အမှောင်*** ဟိုးးး အဝေးမှာ အရောင်လွင့်ပျယ် လုလု နေဝင်ချိန်အတု တစ်ခုထဲ…   ရှည်မျောမျော သက်ပြင်းသံကို ခိုးခိုးချ နေရတဲ့ အနက်ရောင် သိပ်သည်းဆများစွာနဲ့… မဟူရာ ဝါဒ ရဲ့…ဗလာကျောရိုး အရိုးပြိုင်းပြိုင်း လမ်းမတွေ။   ဦးဏှောက်ထက် အစာအိမ်က ပိုသိမ်မွေ ့ သေခြင်းကို မသေမချင်း မျှော်လင့်နေရင်း စံနှုန်းမြင့် လူ ့အဖြစ် တစ်ပတ်ရစ် စနစ်အသစ်ဂီတ ထမီဝတ် မိစ ္ဆာခေတ်ထဲ… မျက်နှာလွှဲ ခဲပစ် အဆီရစ် အခွင့်အဏာ သူ ့ဟာ…ငါ့ဟာ ဖွတ်ဖွတ်ကြေ လူ ့အလွှာ… နေ ့ဆာ…ညဆာ ကိုယ်ကျင့်ပညာ “လျှာ” ကိုယ်၌ကိုက အရှာခံပစ္စည်း ဖြစ်လိုဖြစ် ဘဝ ဟာ…တွင်းတစ်တွင်း ဖြစ်တယ် ။ […]


SawAungSeptember 20, 20121min021
ယိမ်းနွဲ့နွဲ့ ဇာတ်စင်ပေါ်မှာ နင်နဲ့ငါ အတိမ်းအယိမ်းကကွက်တွေနဲ့ ဟန်ချက်ညီညီ ကခဲ့ကြတယ်။ လှပတဲ့ မီးရောင်စုံကြားမှာ မြူးကြွတဲ့ စည်းချက်တွေနဲ့အတူ ဘဝဟာ ကဗျာဆန်နေခဲ့ရင်သိပ်ကောင်းမှာ။ နင်စီးတဲ့ ဖိနပ်တစ်ရံ ငါစီးတဲ့ ဖိနပ်တွေနဲ့ အလဲအလှယ် လုပ်ခဲ့ဖူးတယ်။ အို……. နုနုရွရွ ဖူးပွင့်ခဲ့တဲ့လေပြေတွေ ကြွကြွရွရွလေး မထွက်ခွာသွားနိုင်တာ ငါ…ရင်နာတယ်။ ပြန်မယ်လို့တော့ မပြောနဲ့ သွားမယ်လို့လည်း နှုတ်မဆက်နဲ့ နင်နဲ့ငါကမ္ဘာခြားတာ နင်မပြောလည်း ငါသိတယ်။ ကဲ…ကဲ.. အပိုတွေပြောနေလည်းအပိုပဲ ပြန်စရာရှိတာပြန် သွားစရာရှိတာသွား ငါ့နေရာမှာ ငါစောင့်နေမယ်။ နင်သွားတဲ့နေရာက အမြင့်လား ငါနေတဲ့နေရာက အမြင့်လား အယူအဆတွေကွဲလွဲလိမ့်မယ် ချစ်သူ။ ဘယ်အချိန်လာလာ ငါ့ဘဝက ကဗျာမဆန်တဲ့ စည်းချက်တွေနဲ့အတူ ကခုန်တုန်း…….။ ပြန်လာမယ်ဆို….. ငါတစ်ခုမှာလိုက်မယ်…. ချစ်သူရေ….နင်ဖိနပ်မစီးခဲ့ပါနဲ့။ ************************ အောင်မိုးသူ တနင်္လာ ၊ […]


kaiSeptember 20, 20121min022
အမေတွေ မျှော်နေတယ် (၁) လွယ်အိတ်နီလေး စလွယ်သိုင်းလို့ တော်လှန်ရေးလုပ်ဖို့ ထွက်သွားတဲ့ သားငယ်လေး၊ မုန်တိုင်းစဲလို့ အိမ်ပြန်အလာကို မိခင်အိုကြီးက စောင့်မျှော်နေရှာတယ်။ (၂) ဒီမိုကရေရမှ အိမ်ပြန်လာမယ် ဆိုတဲ့ သမီးငယ်လေး၊ မျှော်လင့်ချက်တွေ ပြည့်ဝလို့ ဆန္ဒပြည့်ချိန်ကို မိခင်တယောက်က စောင့်မျှော်နေရှာတယ်။ (၃) စာသင်ကျောင်းကနေ သံတိုင်တွေကြားထဲ ရောက်သွားရတဲ့ သားငယ်လေး၊ တောင်ပံကျိုး ငှက်ငယ်ဘဝက လွတ်မြောက်လာမယ့်နေ့ကို အမေတယောက်က စောင့်မျှော်နေရှာတယ်။ (၄) စစ်ဗိုလ်ကြီးလုပ်ချင်လို့ စစ်တက္ကသိုလ် တက်ခဲ့တဲ့ သားငယ်လေး၊ ရှေ့တန်းကနေ ဘေးမသီ၊ ရန်မခပဲ ခွင့်ပြန်လာမယ့်နေ့ကို မိခင်အိုကြီးက စောင့်မျှော်နေရှာတယ်။ (၅) မုဆိုးမအမေကို လုပ်ကျွေးဖို့ဆိုပြီး စစ်ထဲဝင်သွားတဲ့ သားငယ်လေး၊ စစ်မြေပြင်က ပြန်လာမယ့်နေ့ကို အမေတယောက်က စောင့်မျှော်နေရှာတယ်။ (၆) စစ်ပွဲတွေကြားမှာ ပြေးရင်းလွှားရင်း […]


SawAungSeptember 19, 20121min017
သင့်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အချစ် နဲ့ ဝိုင်တစ်ခွက်………. တစ်ခုက သက်ရှိ ဒါပေမယ့် သင်ခံစားလို့ရတယ်….။ တစ်ခုက သက်မဲ့ သင်အရသာခံလို့ရတယ်…….။ xxxxxxxxxxxxxxx ဝိုင်ဆိုတဲ့ အရည်တစ်မျိုး နှစ်ကြာလာလေ ကောင်းလာလေပဲ။ သင့်ကို မူးယစ်ရီဝေစေတယ်……။ ဒါပေမယ့် မချိုတာခက်တယ်……။ xxxxxxxxxxxxxxxxx အချစ်တဲ့….ဝိုးတဝါးနဲ့ သင့်ကို အရသာအသစ်အဆန်းတွေပေးလိမ့်မယ်…။ စွဲမက်ဖို့ကောင်းပေမယ့်…… မချိုတာခက်တယ်……..။ xxxxxxxxxxxxxxxx ရူးရူးမိုက်မိုက် မင်းနဲ့မှချစ်တတ်ခဲ့ပြီ ဆိုလား သီချင်းတောင်ရှိဦးမယ်…..။ တကယ်ပါပဲ သင်အချစ်နဲ့တွေ့ရင် ဝိုင်တစ်ခွက်သောက်ရသလိုပဲ။ ရီဝေဝိုးတဝါးနဲ့ ရူးရူးမိုက်မိုက်ဖြစ်သွားမယ်…။ xxxxxxxxxxxxxxx မင်းဘဝမှာ သူမရှိရင်တောင် ရပ်တည်လို့မရတဲ့ အခြေအနေမျိုးတောင် ဖြစ်သွားလိမ့်မယ်…….။ အချစ် (သို့) ဝိုင်တစ်ခွက်ကို စွဲလန်းသွားရင်ပေါ့…….။ xxxxxxxxxxxxxxxxxx ဝိုင်တဲ့ နှစ်ချို့လေ ခါးလေပဲ.. အချစ်ဆိုတာ လည်း ထူးမခြားနားပါ…..။ […]


ဒီကဗျာလေးကတော့ လုံမလေးရဲ့ ဆရာ မင်းသန်းထိုက် (ဒေးဒရဲ) ရေးထားတဲ့ ကဗျာလေးဖြစ်ပါတယ်။ တပည့်တွေကို အင်တာနက်မှာတင်ဖို့ ခွင့်ပြုပေးပြီး ရေးထားတာ ဖြစ်ပါတယ်။ တနေ့က နယ်ပြန်ရင်း ဆရာကြီးနဲ့တွေ့ဖြစ်လို့ ဆရာကိုယ်တိုင် ရေးပေးခဲ့တာ ဖြစ်ပါတယ်။   “ပြည်တော်ပြန် ဟင်္သာကြီးများသို့”   မြန်မာပြည်သူတွေကို ချစ်သတဲ့ အနှစ်မပါတဲ့အသံနဲ့ သူတို့ပြန်လာကြ ကျန်ခဲ့တဲ့ နှစ်(၂၀) ငါတို့တွေ သောကပင်လယ်ဝေတုန်း အမှောင်ဆုံးညတွေမှာ ငါတို့ကိုစွန့်ခွာသွားတဲ့ ဇာတ်တူသားစားသူတို့ရဲ့စကား ဘယ်လိုနားနဲ့ ငါတို့ယုံစားရမလဲ။   ငါတို့ရင်ထဲက သူရဲကောင်းဆိုတာ “ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက် မငိုက်ဦးခေါင်း၊ သူရဲကောင်း” ဟေ့ ဇာတ်တူသားလည်းမစား ပြည်သူတွေကိုလည်း စွန့်မသွား ဝံ့စားရဲရင့် (မင်းကိုနိုင်၊ ကိုကိုကြီး တို့လို) အရေးကြုံလျှင် ပြည်သူအတွက် အသင့်ရှိသူများသာ။   ဒီမယ်ကိုယ့်လူတို့ […]


ရွှေ ကြည်September 17, 20121min036
အတိုင်းအဆမဲ့ လင်းလက်မဲ့အနာဂတ်အတွက် ဆက်လက်အားယူရင်း မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ နေ့ရောညပါပင်ပန်းနေပြီလား။ မှာကြားဆုံးမထားတဲ့မိဘဆရာစကား ပျော်ရွှင်ချိန်မှာတောင်မေ့မထားပါနဲ့။ ရွှင်တဲ့မျက်နှာသွင်ပြင်လွှာကြောင့် ပါဝင်နေလားမသိထားတဲ့ပင်ပန်းခြင်းတွေ စေညွန်ဝေးစေအေးမြစေ။ (18-9-2012 အမှတ်တရလက်ဆောင်)


အလင်းဆက် ဆိုတဲ့ အနုပညာကို ရူးသွပ်သူ ဆရာသမားလေး တစ်ယောက်က Surrealism အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ လှပတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ပုဒ် ပြုံးကို လက်ဆောင်ပေးလာခဲ့တယ်။ သူပေးတဲ့လက်ဆောင်လေးကတော့ THE ROSE THIEVES + SOMEONE BE A ROSE TREE SOME BE THE WIND’ S DAUGHTERS SOME THE ROSE THIEVES . + THE ROSE THIEVES CREEP UP ON THE ROSE TREE ONE OF THEM STEAL A ROSE , HIDES IT IN HIS […]


SawAungSeptember 14, 20121min02
မျှော်လင့်ချက်မျက်ဝန်းတစ်စုံ စည်းစိမ်ရင်ဘတ်တစ်စုံပေါ်မှာဝေ့ဝဲနေတယ်။ အပြင်ကိုလှမ်းမကြည့်နဲ့ မိုးချုပ်တာလူသိသွားမယ်…။ ဘယ်မှာလဲဒိုးပြားတွေ အသွေးအသားနဲ့လဲဖို့ကအဆင်သင့်။ နောက်ကွယ်မှာ မွတ်သိတ်တ်နေတဲ့သူတွေအများကြီး။ ဒီအချိန်မှာမေ့သွားအောင် အရည်တစ်ခုထဲကိုစီးမျောပစ်လိုက် ဆာလောင်တဲ့ဝမ်းအစုံစုံအတွက် ဒိုးပြားတွေရှာရဦးမယ်။ ဒီလိုနိမ့်ကျတဲ့ဘဝမှာ မြင့်မြတ်တဲ့မျှော်လင့်ချက်တွေရှိတာ ဘယ်သူသိမလဲ။ အိန္ဒြေတွေ သိက္ခာတွေ… အိမ်မှာသိမ်းထားခဲ့.. အထက်မှာဘာမှမရှိပေမယ့်… အောက်ကိုငုံ့ကြည့်ရင် ဖြူစင်မှုတွေအများကြီး။ အဖြူရောင်တွေကိုအိတ်နဲ့ထုတ် အနက်ရောင်ကိုပုဝါခြုံ အနီရောင်ရမက်တွေကို ရွှေအိုရောင်ဒိုးပြားတွေနဲ့လဲလှယ်ဖို့ အမှောင်ထုထဲ တိုးဝင်လျှောက်ခဲ့တယ်။ လွယ်တယ်လို့ထင်ရင် ကိုယ်တိုင်ဝင်ကြည့်လိုက်… နောက်ကဘဝတွေလှဖို့အတွက် ဘဝတစ်ခုကို အရင်းပြု မျက်ရည်စက်တွေကို ဥပက္ခောပြု မယဉ်ကျေးတဲ့ နာမည်ပျက်တစ်လုံးနဲ့ အသိအမှတ်ပြုတယ်……။ ********************** အောင်မိုးသူ သောကြာနေ့ ဖေဖော်ဝါရီ ၁ဝရက် ၂၀၁၂ခုနှစ်။ ညနေ ဝ၄းဝဝနာရီ