ညီလေး … မင်း မိန်းမခိုးပြေးတာ ဘယ်လို ဖီးလ်လာသလဲဆိုတာ ငါ မသိဘူး … ဒါပေမယ့် အဲ့ဒီသတင်းကြားတော့ မင်းအပေါ်ရှိတဲ့ အကိုတစ်ယောက်ရဲ့အဖြစ်ဟာ လျော့ကျသွားသလိုပဲ ငါခံစားလိုက်တယ် … ဒီအတွက် စိတ်မကောင်းဘူး ညီလေး …..။ ညီလေး … မင်း အသက်က ၁၇၊ ၁၈ မင်းဆော်ကလည်း ၁၇၊ ၁၈ မင်းတို့ ဘဝကို ဘယ်လို ထုဆစ်ကြမလဲ …? ငါ မမေးဘူး ညီလေး .. ငါ မမေးဘူး … မင်းရဲ့ မိုက်မဲခြင်းအတွက် မင်းပဲ ပြန်ပေးဆပ်တော့ … ငါ ပြောချင်တာက တစ်ခုတည်းပဲ မင်း မိဘကို အပူမကပ်ပါနဲ့ …..။ ညီလေး … […]


marblecommetSeptember 12, 20121min07
အသံတွေ တိတ်ဆိတ်လွန်းတဲ့အခါ ငါ့…အထီးကျန် ခံနိုင်ဝန်အားကို ထိန်းမရတော့…။ ညဟာ…တုန်ရင်နေတဲ့ သစ်ကိုင်းလို ဒုက္ခတွေ တန်းလန်းမိုးနေတယ် တရိပ်ရိပ်တက်လာတဲ့ စိတ္တဇအမြစ်နာနဲ့ ဝိဉာဉ်အဆုံးထိ ပြိုဆင်းလာနေတဲ့ သင်းကွဲမီးမြစ်တွေ ဖုံးနေပြီ…။ ညဟာ…အလင်းတွေ ပြာနှမ်းသွားအောင်မြင့်လွန်းတယ် ညဟာ…သွေးတွေ ခြောက်ခမ်းသွားအောင်နက်လွန်းတယ်…။ ဒီညမှာ…ငါဟာ အသက်ဓာတ်ရဲ့ ပြင်ပလက္ခဏာမှာ စိမ်းလန်းပြီး နှလုံးသား အံဝှက်လေး ကျိုးကြေကွဲအက်လို့ အချစ်က အမှောင်မှာ လောင်နေတာပဲ…။ ဒီညပါပဲ… သူမ နေရာချထားတဲ့အစီအစဉ်အတိုင်း မီးပြတိုက်တစ်ခုလို သတိရခြင်းကျောက်ဆောင်ကိုမိုးပြီး အရိပ်ထိုးထားတဲ့ ကြေကွဲဇာတ်မှာ ငါဟာ… သက်ငြိမ်နွေးထွေးမှုရဲ့ပြန်လင်းတန်းကို စောင့်လို့…။ 12.9.2012 (နံနက် 3း07)


alinsettSeptember 7, 20121min011
ညအခါ… လသာသာမှာ… ကစားမလား… နားမလား…တွေ ဘာတွေ မေးနေရမယ့် အရွယ်တွေကို လွန်…ခဲ့ပြီ.ဆိုတော့………… ကျွန်တော့်အရွယ်နဲ ့… ဆိုင်တာလေးကိုပဲ.ပြောကြည့်ပါမယ်.ဗျာ..။ ညအခါ…. လသာသာ မှာ…………. မိတ်ဆွေများ…. ကဗျာ… ရွတ်ဖူးကြပါသလား…. ညအခါ..လသာသာ မှာ.. ကဗျာ ရွတ်ဆိုနေသံ လေး တစ်ခုကို…. အေးအေးလူလူ နားထောင်ဖူးကြပါ…သလား….. ကျွန်တော်ကတော့………………….. လသာ တဲ ့ညတွေမှာ…. ကဗျာတွေ စပ် ဖူးတယ် ။ ကဗျာ လေးတွေ.ကို…ရင်ခုန် မက်မောစွာ..ရွတ်ကြည့်ဖူးတယ်..။ ဒါပေမယ့်…. … သူတပါး..ရွတ်ပြတဲ ့ ကဗျာသံကိ်ုတော ့………….. နား မထောင်ဖူးသေးပါဘူး ။ အင်မတန်မှ လည်း..နားထောင်ကြည့်ချင်ပါတယ် ။ မြို ့ပြရဲ ့ ့အဆောင်အယောင်တွေ….. ကင်းစင်..ရာ…ကျေးလက် တစ်နေရာရာမှာ…………… သစ်ရွက်သစ်ခက်..တွေရဲ […]


WowSeptember 7, 20121min014
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး) “အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ရောက်၍နေသည်ကို တွေ့ရလေသည်” (ကာနယ် ချစ်ကောင်း) မိုးသီး ပြောပြီးသား စကားပဲ ပြန်ပြောရတော့မယ်။ အိမ်လွမ်းစိတ်ဆိုတာလည်း ဓားလှံ လက်နက်လိုပဲ အမြဲ ထက်နေအောင် သွေးနေရတယ်။ မင်းဓား ထက်တာလည်း အစ်ကို သိတယ်။ အစ်ကို့ဓား မတုံးဘူး ဆိုတာလည်း မင်းသိတယ်။ ဒါပေမဲ့ အခုတော့ ဒို့ဓားတွေ တံတွေးဆွတ် ခံလိုက်ရပြီ။ မိုးသီးရေ မင်းပြန်ခဲ့တော့။ မင်းရဲ့အိမ်ပြန်လမ်းကို ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့ မင်းပြန်ခဲ့တော့။ ၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့ အဝေးရောက် သားတယောက်ရဲ့ အိမ်ပြန်လမ်းဟာ အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။ ဒါပေမဲ့ ခုတော့ […]


DEPARKO DEPARKOSeptember 7, 20121min0
ရနံ့ရယ်ကြူ မျက်မမြင်သူ တစ်ယောက်ရယ်က စိတ်ဝယ်သူ မှန်းဆရည်ရော်တော့ ဖြူဆင်လွလွ။ အဆင်းရယ်ဖြူ မြင်ထိုက်သူ စိတ်ကိုငြိမ်းစေမဲ့ ရွက်စိမ်းငယ် အယဉ်ဆင့်လေတော့ ပန်းစပါယ်ရဲ့ဘဝ။ အစိမ်းနဲ့အဖြူ ဆင်ယင်သူ ကေသာထုံးမှာဖြင့် နေရာယူ ထပ်တူပြုလေတော့ ရှုလို့မဝ။ ဒီပါကို


kaiSeptember 7, 20121min012
သုံး ကို ယ် ခွဲ ————- အရင်ဦးဆုံးတော့ အဖေနဲ ့အမေကို ကန်တော့ပါတယ်။ ခုချိန်မှာ ကျနော်ဟာ မိဘမဲ့တစ်ယောက်ပါ။ တမြေ တရွာ တရပ်ခြား တိုင်းတပါးမှာ သားဟာ မိဘမဲ့ပါ အဖေနဲ ့အမေ။ အမေ့ဈာပန မြေအချဟာ နာဂစ်လေကြမ်း တစ္ဆေအနမ်းနဲ ့ လွမ်းလွမ်းဆွတ်ဆွတ် နာကျင်နေခဲ့မယ်။ ကျနော်က အမေ့အနားမရှိ။ အဖေ ၂၀၁ဝ ရွေးကောက်ပွဲ မဲပေးခဲ့သလား ကျနော်မသိ။ ကျနော်က အဖေ့အနားမရှိ။ ခုတော့ ကျနော် မိဘမဲ့။ ”ပြည်သူသာ အမိ ပြည်သူသာ အဖ”တဲ့ ခက်တာက ကျနော်က ပြည်သူနဲ ့ဝေးနေတာပါ။ ငမိုးရိပ်ကနေ မစ်ရှီဂန်ကို အလန် ့တကြား ထွက်ပြေး။ ဧရာဝတီကနေ မစ္စစ္စပီကို လက်ပစ်ကူးထွက်ပြေး။ […]


အိမ်မှာ အမှားလုပ်ရင် အမေက ရိုက်တယ် ပါးပါးလေးပါပဲ။ ကျောင်းမှာ အမှားလုပ်ရင် ဆရာမက ရိုက်တယ် ပါးပါးလေးပါပဲ။ ဘဝမှာ အမှားဖြစ်တော့ လောကကြီးက ရိုက်တယ် ရိုက်ချက်က ပြင်းလိုက်တာ… သိလို့ပဲ မှားမှား မသိလို့ပဲ မှားမှား မှားတာနဲ့ ခံရမယ်တဲ့။ ဒီလိုနဲ့ပဲ… အမှားတွေ တစ်ခုပြီးတစ်ခု သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု အမှားထဲက သင်ခန်းစာယူ ငါလည်းပဲ… လူထဲကလူ…။ ။


maung khinminSeptember 4, 20121min01
ကြေးမုံအတိတ် .. အမေ့အေးရိပ် ရှင်လျှက် ကွာဝေး   ပြည်ပြေးလို ့ခေါ် ရွှေမြို ့တော် မှ   ကျွန်တော် ထွက်သွား တစ်မြေခြား မှာ     မေ့သား မပျော် တော်ရာ နေလျက်   ယုံကြည်ချက် ဖြင့် အမှန်ချစ် စွာ    ဆန်းစစ် ဝေဖန် တော်လှန် ရဲရင့်    ကျွန်တော် ချစ်တာ … ပြည်မြန်မာ  ပါအမေ  ……………….၊ လက်နက် အာဏာ     မညှာ ရက်စက် ပက်စက် ကြံစည်    ရန်သူမည် သို ့ ပြည်သူအား လျှင်    သဘောပင် ထား ခြောက်စား  မြှောက်ကြွား …. အထက်ဖား အောက်ဖိ……. မော်မကြည့် နှင့်   အော်ဂလီ ဆန်စရာ စစ်အာဏာ […]


manawphyulaySeptember 4, 20121min039
ထိုနေ့က ကမ္ဘာကြီးတစ်ကမ္ဘာထဲက ရွာကြီးတစ်ရွာထဲကို ဝင်တဲ့အခါ ရွာစည်းရိုးက ဖွင့်လို့မရ စည်းလုံးနေတဲ့ ရွာထဲမှာ ဘယ်သကောင့်သား ဝင်မွှေပြီလဲ စိုးရိမ်စိတ်များဖြင့် ညနေထိရောက်လာခဲ့…. ထိုညက ရွာစည်းရိုးက မခွာ အားကြိုးမာန်တက် ပွင့်လာမယ့်အချိန်စောင်းစားရင်း ကြယ်တွေတောင် ဒဏ်ရာရ မြူနှင်းတွေ ငိုပွဲဝင်လို့ မြက်ပင်တွေ ဦးညွတ်ရင်း အလင်းရဲ့ အရှုံးနောက် သန်းခေါင်က ကောက်ကောက်ပါချိန် ဘာလိုလိုနဲ့ တစ်မိုးသောက်ခဲ့ပါလေရော….


SawAungSeptember 4, 20121min03
၂၀၁၂ခုနှစ် အေးစိမ့်စိမ့်မြောက်ပြန်လေတစ်ချက်က ပတ်ဝန်းကျင်းတစ်ခုလုံးကို ခဏတာတိုက်ခိုက်သွားသည်။ ကျွန်တော်အိမ်ရှေ့သို့ အပြေးထွက်ကြည့်လိုက်သည်။ မွှေးပျံ့ပျံ့ခရေပန်းရနံ့က နံနက်ခင်းမှုန်ရီဝိုးတဝါးကို လတ်ဆတ်သွားသလိုခံစားလိုက်ရသည်။ အိမ်ရှေ့မှာ အမေစိုက်ထားတဲ့ (၄)နှစ်သားခရေပင်လေးနှစ်ပင်က ပွင့်တဲ့ခရေပန်းလေးတွေရဲ့ရနံ့ သိပ်မွှေးလွန်းနေ၏။ ကျွန်တော်ခါးကိုင်းကာ ကြွေနေသော ခရေပန်းလေး တစ်ပွင့်စ နှစ်ပွင့်စကို ကောက်ယူလိုက်သည်။ ကျွန်တော့်လက်ထဲရှိ ဘေးနှုတ်ခမ်းသား ပွင့်ဖတ်ကလေးများ နွမ်းရော်ရော်ကလေးများနှင့် ခရေပန်းကလေးများကို ကျွန်တော်တရှိုက်မက်မက် နမ်းရှိုက်လိုက်သည်။ ဘယ်ပန်းရနံ့နှင့်မတူသော မွှေးရနံ့နှင့်အတူ ခရေပန်းရနံ့လေးများသည် ကျွန်တော်၏ ဟိုးအရင် အတိတ် တစ်ခုဆီသို့………. ခေါ်ဆောင်သွားသည်။ **************************************** ၁၉၉၆ခုနှစ် မနက်နိုးနိုးချင်း ခြင်ထောင်မှထွက်ကာ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်တော့်မျက်လုံးများသည် အမေ့စက်ချုပ်စက်ခုံပေါ်သို့ ဦးဆုံးရောက်သွားသည်။ မျက်နှာသစ်၊သွားတိုက်မလုပ်ရသေးခင် စက်ချုပ်ခုံဘက် သို့ အပြေးသွားလိုက်၏။ စက်ချုပ်ခုံပေါ်တွင် ငါးကျပ်တန်တစ်ရွက်နှင့် တစ်ဆယ်တန်တစ်ရွက် တစ်ရွက်ချင်းစီ က ို ပုလင်းဖြင့်ဖိထားသည်ကို ကျွန်တော်တွေ့လိုက်သည်။ […]


Pye Kun ZawSeptember 4, 20121min07
တစ်ထွာတစ်မိုက် ဉာဏ်အမိုက်နှင့် အို.. လူမိုက်တို့ အကြိုက်လို်က်ကာ ဥဏ်မမှီရာကို ရှင်တော်မြတ်ဘုရား မဟောကြားဟု လွဲမှားမှတ်ယူ အို.. သူတို့ထင်ရာ ပေါက်ကရအမြင် ကမောက်ကမ တရားများကိုတော့ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့သယောင် ငရဲဆောင်မည့် ထို တရားဆုပ်ကိုင် အမိုက်ပြိုင်ကြ လူအန္ဓတို့ သံသရာမမှောက်မှားဖို့ ဂရုဏာရှေ့ထား သူတော်ကောင်းတရား ဟောကြားညွှန်ပြ ဆိုဆုံးမလည်း ထို ဒိဋ္ဌိအစွဲ မြဲမြဲခန့်ခိုင် မပြတ်နိုင်သရွေ့ လွဲပေ့အုံးတော့ ရခဲလှစွာ ဗုဒ္ဓမြတ်စွာ သာသနာတော်မှ…  


si toneSeptember 1, 20121min05
“အနမ်း” မင်းနုတ်ခမ်းက အနမ်း ငါ့ကို နောက်ဆုံး နုတ်ဆက်သွားမှန် မသိလိုက်ခင်တုန်းက စွဲလန်းခဲ့တဲ့ အချစ်အတွက် ငါ သိပ်ဂုဏ်ယူခဲ့တယ်…… ဒါပေမဲ့ အခုတော့ အဲဒီအချစ်တွေကို ပြန်ဖောက်ထုပ်ပစ်ချင်ပြီး အလွမ်းပါတဲ့ အနမ်းအတွက် ငါ… ဂုဏ်မယူချင်တော့ဘူး……….. …………………………………………………………………………. ” One upon a time ” အရင်တုန်းက တစ်ချိန်တုန်းက တစ်ခါတုန်းက ဆိုတဲ့ စကားလုံးကို ငါ အရမ်းနှစ်သက်တယ်….. ဘယဖြစ်လို့လဲဆိုတော့ အတူတူကြည်နူးခဲ့တာတွေ အတူတူပျော်ရွှင်ခဲ့တာတွေ ပြန်မရတော့လို့ ဒီစကားလုံးလေးတွေနဲ့ ပြန်လွမ်းဆွတ်စေခဲ့တယ်……