ဘဝတဏှာ စိတ်နှလုံး နွမ်းတစ်ခါပြုံးတစ်လှည့်ရယ်နဲ့ ရခဲလှ သက်ခန္ဓာတွဲလျက်ကယ် မြဲဖို့ပေပ ပူကြငှါန်း လူ့ကျဘန်း မဖြစ်စေဖို့ ကိုယ်အစွမ်း ကိုယ်ကျမ်းနဲ့ ထောက်ချင့် သက်ဆက်လှယ် တက်ရွက်စုံ ကျိုးစေငဲ့ အားမငယ်…။ မတစ်ထောင်သားတို့ ပြေ(တည်)တစ်ခွင်တွင်ဖြင့် ဆန်းတဘောင် များမြောင်လှ ဖြစ်ရပ်ထွေထွေကိုလ ကြုံဆုံရ ကံဘဝ နိစ္စထိုထိုတို့ ထွေခင်း ဖြေရှင်းလို့ မကုန်နိုင်လေခြင်း ဝီစိကိစ္ဆာ သိပ္ပဝိဇ္ဇ အဖုံဖုံရယ်ကြောင့် တစ်ကိုယ်သာ ပူဗျာ သည်မောင်ကမ်းမှာဖြင့် အကြင်သူ ရင်အကူ နံရိုးလေးကိုတဲ့ လွမ်းမိပါတယ်…။ ဟိုက်တက် ဂလိုဘယ် စပိခေတ် မလေ ဆိုက်အဖက် အသရေကံ(တွေ)ကလည်း များတာကြောင့် စိတ်အလို ရုပ်ကချည်းမလိုက်နိုင်ပေမဲ့ ဖြစ်လိုရာ ဖြစ်စေတော့လို့လည်း မယုတ်လွန် နှိုင်းချိန်ကာ စေ့ငုတဖြန်….။ သိုင်းခြုံကာ ပေါင်းဆုံမိကြတဲ့ အွန်လိုင်းပေါ်က ကွန်ယက်ဖြာတစ်ဝန်းမှာ […]
