marblecommetSeptember 1, 20121min016
ဘဝတဏှာ စိတ်နှလုံး နွမ်းတစ်ခါပြုံးတစ်လှည့်ရယ်နဲ့ ရခဲလှ သက်ခန္ဓာတွဲလျက်ကယ် မြဲဖို့ပေပ ပူကြငှါန်း လူ့ကျဘန်း မဖြစ်စေဖို့ ကိုယ်အစွမ်း ကိုယ်ကျမ်းနဲ့ ထောက်ချင့် သက်ဆက်လှယ် တက်ရွက်စုံ ကျိုးစေငဲ့ အားမငယ်…။ မတစ်ထောင်သားတို့ ပြေ(တည်)တစ်ခွင်တွင်ဖြင့် ဆန်းတဘောင် များမြောင်လှ ဖြစ်ရပ်ထွေထွေကိုလ ကြုံဆုံရ ကံဘဝ နိစ္စထိုထိုတို့ ထွေခင်း ဖြေရှင်းလို့ မကုန်နိုင်လေခြင်း ဝီစိကိစ္ဆာ သိပ္ပဝိဇ္ဇ အဖုံဖုံရယ်ကြောင့် တစ်ကိုယ်သာ ပူဗျာ သည်မောင်ကမ်းမှာဖြင့် အကြင်သူ ရင်အကူ နံရိုးလေးကိုတဲ့ လွမ်းမိပါတယ်…။ ဟိုက်တက် ဂလိုဘယ် စပိခေတ် မလေ ဆိုက်အဖက် အသရေကံ(တွေ)ကလည်း များတာကြောင့် စိတ်အလို ရုပ်ကချည်းမလိုက်နိုင်ပေမဲ့ ဖြစ်လိုရာ ဖြစ်စေတော့လို့လည်း မယုတ်လွန် နှိုင်းချိန်ကာ စေ့ငုတဖြန်….။ သိုင်းခြုံကာ ပေါင်းဆုံမိကြတဲ့ အွန်လိုင်းပေါ်က ကွန်ယက်ဖြာတစ်ဝန်းမှာ […]


Mr. MarGaSeptember 1, 20128min0
– – – – – ================================= ပြခန်းများရဲ့ ထုံးစံအတိုင်း ကဗျာဆောင်းပါးနဲ့ စကြရအောင် ဒီဆောင်းပါးက အရင်ပြခန်းရဲ့ အဆက်ပါနော်.. ================================= (၃) ဘာပဲဖြစ်ဖြစ် ကဗျာနှင့် ကဗျာဆရာတို့၏ ပဋိပက္ခသည် အဓိက ပဋိပက္ခတော့မဟုတ်ချေ။ သာမည ပဋိပက္ခသာ ဖြစ်သည်။ ကိုင်း ဒါဖြင့် အဓိက ပဋိပက္ခက ဘာလဲ။ ခေတ်၊ စနစ်၏ ရန်ဘက်ကို မစေ့စပ်တမ်း တိုက်ပွဲဝင်ရပေမည်။ အဓိက ပဋိပက္ခကို ဖြေရှင်းရာ၌ အနုအကြမ်း နှစ်မျိုးကို သုံးရပေမည်။ ဤအဓိက ပဋိပက္ခကို ဖြေရှင်းရာ၌ ကဗျာနှင့် ကဗျာဆရာတို့သည် တညီတညွတ်တည်း သွေးစည်းရပေမည်။ ဤသဘောနှင့် ဆန့်ကျင်စွာ ကဗျာကသာ တိုက်ပွဲဝင်ပြီး ကဗျာဆရာက တိုက်ပွဲမဝင်ပါက (ဝါ) ကဗျာနှင့် […]


ဧရာ လႈိင္းAugust 31, 20121min03
* ဘိုးဘွား စဉ်အဆက် ပိုင်ဆိုင်ပြီး ချန်ရစ်ခဲ့လို့ အမွေအဖြစ် တည်လာတဲ့ မြေ လယ်ယာ တစ်ရိုးကို သား….. တန်ဖိုး ထားလာခဲ့တယ်… အမေ။   * ရာသီတွေက မမှန် ပိုးတွေ အကောက်ကြံလို့ သီးနှံတွေက ဖောက်ပြန် ထွက်နှုန်းစံတွေ ဗလာချလို့ အရှုံးတွေ ပြပြီးရင်း ပြခဲ့ပေမယ့် သား…. စွန့်ချန် မထားရက်ခဲ့ပါဘူး…. အမေ။   * အရင်းအနှီးကို စိန်ခေါ်ခဲ့မိတိုင်း ရင်းပေမယ့် မနီးနိုင်ကြလို့ စာရင်းအပြမှာ လက်မှိုင် ချချခဲ့ရပေမယ့် မိုးဖြိုင်ဖြိုင် ရွာချလေတိုင်း ကိုင်း ကျွန်းမှီသူ ဘဝပေမို့ လယ်ယာမြေ ကွင်းထဲဆင်းပြီး သား… အားပြန်တင်းရတယ် … အမေ။   * ဘိုးဘွားတွေ ချန်သွားခဲ့တဲ့ […]


SawAungAugust 31, 20121min02
မှောင်နေတဲ့ အိပ်မက်ထဲက အလင်းအချို့ကို ကောက်ယူကြည့်မိတယ်။ အိပ်မက်တွေဟာ အိပ်မက်ဆက်မက်နေတုန်းပဲ သုံးမရတဲ့အလင်းအချို့နဲ့ ဆက်နေတဲ့ အိပ်မက်တွေ အခု…. အိပ်မက်သချို င်္င်းမှာ အစီအရီ ဒါကနင့်အိပ်မက်…ဒါကဘယ်သူ့အိပ်မက်…ဒါကငါ့အိပ်မက်…. အတုံးအရုံးလဲကျနေတဲ့ အိပ်မက်တွေ စစ်တမ်းမကောက်နဲ့ ရူးသွားမယ်။   ဖေဖေပြန်လာပါ သားတစ်ယောက်ရဲ့အိပ်မက် J’donut (ဂျေဒိုးနပ်)စားချင်တယ် ၊ ကျောင်းတက်ချင်တဲ့ အိပ်မက်တွေ ဆိုဒါဂျူ့(Soda Juice)တွေလို အမြုပ်တစ်စီစီ လွင့်ပျယ်သွားတယ်။ ဖိတ်စာထဲမှာ အိပ်ရာလည်းပါတယ်။ ဖိတ်စာမပါတဲ့ အိပ်ရာတွေက အခုထိမိုးတစိမ့်စိမ့်(အေးစက်စက်နဲ့)သေဆုံးသွားတယ်။ သေနေတဲ့အိပ်မက်တွေကို လက်ထဲထည့်၊ ရင်ဘတ်ထဲထည့်…. အခုထိ ညဥ့်နက်လမ်းပေါ်မှာ လမ်းမှောက်နေသူတစ်ယောက်။ အိပ်မက်တွေရှင်သန်ခွင့်ပေးပါ အိပ်မက်တွေရှင်…သန်..ခွင့်..ပေးပါ….. ဟစ်အော်ရင်း သေနေတဲ့အိပ်မက်တွေကို ရင်ဘတ်ထဲက တစ်စချင်းစီဆွဲထုတ် ခင်ဗျားရယ်… ကျွန်တော်ရယ်….  သူရယ်…..  မင်းရယ်…. ဆွဲထုတ်…ဆွဲထုတ်…. ဟစ်အော်ရင်း….. အိပ်မက်တွေက သေနေတုန်းပဲ။ […]


“ဓါတ်ပုံဟောင်းကိုပြန်ကြည်ခြင်း” ဟိုတစ်ရက်က အလုပ်မရှိအလုပ်ရှာ ငယ်ကဓါတ်ပုံတွေပြန်ထုတ်ကြည့် မြင်ရတာကိုကရီစရာ။   ဆံပင်ဘုတ်သိုက် လုံချည်က မြေကြီးဒရင်းတိုက် အကျင်္ ီက ဘဒင်အကွက် လွယ်အိတ်ကိုအထုံးကြီးထုံးလို့စလွယ်သိုင်း အဲဒီတုန်းကတော့ပီပီပြင်ပြင်အမို်က်စားဒီဇိုင်း အခုပြန်ကြည့်တော့ “ ပဲ “တွေ ပိ နေတဲ့စတိုင်ဆိုတာကိုတွေးမိတဲ့အခါ “ဟာ….ဟ”လို့တောင်အသံထွက်ရီလိုက်မိပါတယ်။   အခုအချိန်မှာ အရောင်အသွေးစုံတဲ့ မြင်ကွင်းလှလှဓါတ်ပုံ လေးတွေရအောင် ခလုပ်နှိပ်နေတဲ့လက်က ဟိုအရင်နှစ်များစွာမှာ မကျေနပ်တာတွေကိုဖောက်ခွဲ နံရံကိုလက်သီးနဲ့ထိုးလို့စုတ်ပြဲ ကျိုးတဲ့အခါကျုးိ ချုပ်ရိုးတွေတသီကြီးနဲ့လက်ဆိုရင ်ယုံလား……………………တော့မသိဘူး   စာရေးရင်အေးအေးချိုချို တေးဆိုသလိုကဗျာတွေစပ်လို့စပ် တစ်ယောက်ယောက်နဲ့စကားပြောရင် “ဟုတ်ကဲ့ခင်ဗျ”ဆိုတဲ့စကားလုံးတွင်တွင်သုံးသူက ဟိုးအရင်ကာလများမှာ ခင်ဗျား-ကျုပ်-နင-်ငါ စကားလုံးများနဲ့ ဝုန်းဒို်င်းကျဲ မကျေနပ်တာများတွေ့ရင် ဘေးလူဆွဲလု့ိမနိုင်လောက်အောင်ကို  ပေါက်ကွဲတတ်သူဆိုတာ သိများသိရင် “ဟယ် တလွဲကြီးလို့” မှတ်ချက်ပေးမှာအသေအချာ။   (ဒါကတော့ ကိုယ့်ဓါတ်ပုံကိုယ်ပြန်ကြည့်ရင်းပြန်တွေးမိတဲ့အတွေးလေးပါ)     ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ […]


maung khinminAugust 31, 20121min03
ကန ္တာ ရ  ကိုမွေးမြူခြင်း အလင်း မှန်း   အပူ မှန်း … မသိ ဇွတ်ဝင်တိုး ကြည့်ချင် တဲ့  … ပိုးဖလံ ဟာ ……” ငါ’ ” (မဟုတ်သေး ဘူး….) မမြင်ပဲ ကန်းခဲ့တဲ့ … ဒီ ရင်ဘတ် တစ်ခြမ်း လုံးပေါ့ …… ရင်ခုန်သံ ရဲ့ စုံလုံးကန်း  သံယောဇဉ် ကိုယ်၌က ခေါင်းဝင်ကိုယ်ဆံ့  ထဲထဲဝင်ဝင် နှလုံးသား ကို  …… အလိုလိုက် ချင်မိပေါ့ ……. အဲဒီက … စ ဆပ်ပြာပူပေါင်း  မျှော်လင့်ခြင်းတွေ ရခဲ့တာ ….. ချစ်ခြင်း အနုပညာ ဟာ အမှည့်လွန် သစ်သီးတစ်လုံး […]


naywoon niAugust 30, 20121min05
တစ်နေ့တစ်နေ့ အချိန်တွေကုန်နိုင်ခဲ ဘာလုပ်ရမလဲ ဘာလုပ်ရရင်ကောင်းမလဲတွေး အတွေးတွေပဲ ကျိကျိတက်ချမ်းသာနေသူငဲ့……..။ အလုပ်လက်မဲ့ ကောင်ရယ်လိုမကဲ့ရဲ့ကြပါနဲ့ သူ့ဟာသူမဲ့ချင်လို့မဲ့နေရတာ ငါ့ရင်မှာ သိမ်းထားတဲ့စိတ်ကူးတွေက ဒေါ်လာ ဘီလ်လျှှံ နဲ့တောင်မလဲနိုင်သေးဘူး…..။ ဘယ်လောက်များတဲ့စိတ်ကူးတွေလဲ မေးမနေနဲ့ သိမ်းထားတဲ့ ငါရင်ဘတ်ကြီးတောင် တစ်ချက်ချက် ဂျမ်းဖြစ် သွားပြီး ဆက်မလည်ပတ်နိုင်တာ ငါသာလျှင်အသိဆုံးငဲ့….။ စားပွဲထိပ်ကကောင် အောက်သိုးသိုးနဲ့လှမ်းကြည့်နေတုံး “ ဂိုး ” ဆိုပါ့လား အင်း…….. ငါအိပ်မက်မက်ရင်း ဘောလုံးပွဲလာကြည့်မိနေပြန်ပါပြီကော………..။ နေဝန်းနီ


SawAungAugust 30, 20121min010
ညီမလေးက………. အချစ်ကို သေတဲ့အထိ ကိုးကွယ်မယ်…. ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးး ညီမလေး အယူအဆ…… တချို့တဝက်တော့ မှန်လိမ့်မယ်……. မှားတယ်လို့ ကိုကြီးမပြောဘူး……….   အချစ်ဆိုတဲ့အရာ…. သူတစ်ဦးတည်း ရပ်တည်လို့မရဘူး…. သူ့မှာ ပေါင်းစည်းခြင်းတွေအများကြီး…….   သူ့မှာ ဘာတွေပါဝင်လည်း ………. ညီမလေး သိလား… နားထောင်ချင်ရင် … ပြောပြမယ် ညီမလေး………   အချစ်ဆိုတဲ့ အရာမှာ…….. သံယောဇဉ်နဲ့တွယ်တာမှုရယ်…. ပေးဆပ်ခြင်းနဲ့ရယူခြင်းတွေရယ်… မျှော်လင့်ခြင်းနဲ့စောင့်စားခြင်းတွေရယ်…. တလက်လက်တောက်ပနေတဲ့…………. တပ်မက်မှုတွေရယ်…………… ဝမ်းနည်းမှုတွေ….ငိုကြွေးမှုရယ်…… ပေါင်းစည်းထားတဲ့….. အစုအဝေးကြီးတစ်ခုပေါ့ ညီမလေးရယ်…….   ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား……. အဲသည်အစုအဝေးထဲက အရာတွေနဲ့… ညီမလေး ဒွန်တွဲပီးတွေ့ရလိမ့်မယ်… အဲသည်ထပ် ပိုရင်လည်းပိုမယ်…….   ဘယ်လိုမှ မရှောင်နိုင်တာ အချစ်ပေါ့ ညီမလေးရယ်……………… အချစ်မရှိဘူးလို့ပြောနေတဲ့သူတွေ… […]


SawAungAugust 30, 20121min013
ဘာမှမလိုပါဘူး……… ဘာမှမလိုအပ်ဘူး……. နွေးထွေးတဲ့ မျက်ဝန်းတစ်စုံ…… နွေးထွေးတဲ့ လက်တစ်စုံ…….. နားလည်နိုင်တဲ့ နှလုံးသား…… သင်နဲ့ သူတို့အတွက်…. လူသားချင်းစာနာမှု……….။ (ကျော်စွာအောင်) ရှိုက်ကြီးတငင်ငိုနေတဲ့ ချာတိတ်ကို ကျွန်တော်ကြည့်ရင်း…. သက်ပြင်းတစ်ချက်မှုတ်မိ၏။ ငို..ငို… ဝအောင်သာငိုဟု ထိုချာတိတ်အား ကျွန်တော်ပြောနေမိသည်။ ကျွန်တော့်ထံသို့ရောက်လာသူအားလုံးလိုလိုပင် ဝမ်းပန်းတနည်း (သို့) ရှိုက်ကြီးတငင် ငိုကြစမြဲဖြစ်သည်။ ကျွန်တော့်ထံသို့ ရောက်လာချိန်တွင် ကျွန်တော်သည် သူတို့နှင့်တစ်သားတည်းဖြစ်သွားအောင် ပြုလုပ်ရစမြဲဖြစ်သည်။ ငိုနေသောချာတိတ်အား ကျွန်တော်သိုင်းဖက် ကာ ကျောပြင်အားပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ “မစိုးရိမ်ပါနဲ့ ညီလေးရာ…. ညီကောင်းကောင်းမွန်နေထိုင်သွားမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါမျိုးပဲလေ…. အသည်းရောင်(ဘီ)တို့ (စီ)တို့သာ ပိုကြောက်ဖို့ကောင်းတာ…ကွ..” ကျွန်တော်ကြည့်လိုက်တော့လည်း ဒီချာတိတ်က အသက်(20) ၊ အသားဖြူဖြူ ခပ်ဖြောင့်ဖြောင့်ဟု ပြောရမည့်ရုပ်ရည်ထဲကပင်။ ဒီရောဂါ ဘယ်လိုနည်းနဲ့ရခဲ့တယ်ဆိုတာကို သူ့ဖာသာတောင် စဉ်းစားမရနိုင် ဖြစ်နေသည်ဟုဆိုသည်…။ […]


manawphyulayAugust 30, 20122min017
မြန်မာစာပေ ရေစီးကြောင်းကား အားကောင်းမောင်းသန်စွာ စီးဆင်းလျက်ရှိပေသည်။ ခေတ် တစ်ခေတ်နှင့် တစ်ခေတ် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် မြန်မာကဗျာ အရေးအဖွဲ့ပုံစံဖြစ်၏။ ရှေးယခင့်ယခင် ဂန္တဝင်ပုံစံမှ သွေဖီကာ ကာရန်မဲ့ကဗျာတွေ ရေးလာကြသည်။ ရေးသူကလည်း ရေး၍ အယ်ဒီတာတွေကလည်း ထည့်ပေးနေကြသည်။ ဤတွင် ကာရန်မဲ့ကဗျာ အရေးအသားနှင့် ပတ်သက်၍ စာရေးဆရာကြီးများ၏ ရှုမြင်ပုံကို ကောက်နုတ်တင်ပြလိုပါသည်။ စာရေးဆရာကြီး ဦးရန်အောင်ဆိုလျှင် ကာရန်မဲ့ကဗျာများနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ရှိပုံ ရသည်။ သည့်အတွက် အောက်ပါအတိုင်း တုံ့ပြန်ရေးသားခဲ့ပါသည်။ “‘ကဗျာ မခက်ပါဘူး စာကြောင်းလေးတွေကို လေးငါးခြောက်ကြောင်းလောက် အထက်အောင် စီရေးရင် ကဗျာဖြစ်တယ် အဲဒါ ကဗျာလို့ ခေါ်တယ်” ဟူသတည်း။ ထိုနည်းတူ စာရေးဆရာကြီး ဦးသိန်းဖေမြင့်ကလည်း… “ကျွန်တော် ကာရန်မဲ့ကဗျာကို အားမပေးဘူး။ […]


maung khinminAugust 30, 20121min06
ရေသောက်မြစ် ရေသောက်မြစ် ………………….. ရေဝအောင် သောက်ဖို ့သင့်ရဲ့ အကန် ့အသတ် ၊ အတားအဆီး …. အပင်ကြီးထွား ရှင်သန်ခြင်း ဟင်းးးးးး းးးးးးးးး းးးးးးးးးးး နက်နက်ရှိုင်းရှိုင်း ထိုးဖောက် မြေအောက်မှာ … ရေရှိနေ ပုံသေနည်း ထံ …. ခေါင်းဝင်ကိုယ်ဆံ့ဖို ့ အသက်ငွေ ့ငွေ ့လေးကို …. ဆွဲဆန် ့ထားရ ဩဇာဓါတ်ပျက်  မြေဆီလွှာ လူ ့အလွှာတွေအတွက် …. သူ ့မှာရှိတာလေးကို  ထုတ်မပြရဲ သစ်တစ်ပင် ကောင်း … ငှက်တစ်သောင်း ဟိုးးးးးးးး  ဟောင်းလောင်းပေါက်ကြီးထဲ အစပြန်ပြန် ကောက်လို ့ ……. မှောက်လျက် လဲကျ … ဒါ ဘဝလားးးး […]


maung khinminAugust 30, 20121min00
ရေသောက်မြစ် ရေသောက်မြစ် ………………….. ရေဝအောင် သောက်ဖို ့သင့်ရဲ့ အကန် ့အသတ် ၊ အတားအဆီး …. အပင်ကြီးထွား ရှင်သန်ခြင်း ဟင်းးးးးး းးးးးးးးး းးးးးးးးးးး နက်နက်ရှိုင်းရှိုင်း ထိုးဖောက် မြေအောက်မှာ … ရေရှိနေ ပုံသေနည်း ထံ …. ခေါင်းဝင်ကိုယ်ဆံ့ဖို ့ အသက်ငွေ ့ငွေ ့လေးကို …. ဆွဲဆန် ့ထားရ ဩဇာဓါတ်ပျက်  မြေဆီလွှာ လူ ့အလွှာတွေအတွက် …. သူ ့မှာရှိတာလေးကို  ထုတ်မပြရဲ သစ်တစ်ပင် ကောင်း … ငှက်တစ်သောင်း ဟိုးးးးးးးး  ဟောင်းလောင်းပေါက်ကြီးထဲ အစပြန်ပြန် ကောက်လို ့ ……. မှောက်လျက် လဲကျ … ဒါ ဘဝလားးးး […]


တွေ့လာသမျှ ကောင်းဆိုးမှန်သမျှကို ရင်ဘတ်နဲ့ ခံစားရင်း မွေးရာပါ သေခြင်းတရားကို နောက်ကျောဘက်မှာပဲ ထားခဲ့တယ် ….. တစ်ကမ္ဘာလုံးကို အလင်းရောင်ပေးနေတဲ့ အင်ဂျင်မဲ့ နေမင်းကြီး အနောက်အရပ်ဆီက လက်ပြ နှုတ်ဆက်သွားတာ ခဏခဏ ကြုံခဲ့ရပေမယ့် စိတ်ထဲမှာတော့ ဘာမှ မထူးဆန်းသလိုပဲ ….. ဘဝ ဆိုတာ တိုက်ပွဲ …. တဲ့ မွေးကတည်းက စစ်မြေပြင်ထဲမှာဆိုတော့ တိုက်ရင်း ခိုက်ရင်း သတ်ဖြတ်ရင်းနဲ့ပဲ ကြီးပြင်းခဲ့ရတယ် ….. အစကတော့ အဖြူရောင် နှလုံးသားပါပဲ နောက်တော့ သွေးစွန်းနေတဲ့ ဓါးတစ်လက်နဲ့ မုသားဆိုတာလည်း ပါးစပ်နဲ့ အပြည့်ပါပဲ ….. လူတကာ လျောက်လှမ်းနေတဲ့ သမာရိုးကျ ဒီလမ်းမကြီးပေါ်မှာ လှမ်းလျောက်သွားရင်းနဲ့ လောဘ မျက်မှန်ရဲ့အောက်မှာ စက္ကူတွေတောင်ှ ရွှေရောင် တောက်လာခဲ့တယ် ….. […]