Win Paing SoeAugust 29, 20121min05
တစ်နှစ်သာသာပဲနေဖူးတဲ့ မြို့ကတောင် Identity Cardလေးပြလိုက်နိုင်ရင်… အားရဝမ်းသာ ကြိုဆိုသေးတယ်… ခုတော့ ၂၅နှစ်စာ ရှင်သန်ခဲ့ဖူးတဲ့မြေပေါ်ခြေအချ… ဖြည့်လိုက်ရတဲ့စာရွက်တွေ…. အမေလို့ခေါ်ဖို့အရေး…. မွေးစာရင်းပြန်တောင်းနေသလိုပါပဲလား… အပြောင်းအလဲတဲ့…. တတ်လဲတတ်နိုင်လွန်းတယ်…. ကျားကြောက်နေရတဲ့ဘဝ နေသားကျနေမှတော့…. ဘယ်အချိန်ပေါ်လာမယ်မှန်းမသိတဲ့ ရှင်ကြီးဆိုတာကို ကြောက်စရာမလိုဘူးတော့မပြောပါနဲ့တော့….. ဖော်ရွေတယ်တဲ့… နားလည်မှုဆိုတဲ့…. တစ်ဆုံးတိုင်အဓိပ္ပါယ်ရောက်တဲ့စကားလုံးကို ထည်လဲသုံးတတ်တဲ့…ယူနီဖောင်းဝတ်တွေကိုပြောတာလား… နွေးထွေးတယ်တဲ့… အလုံပိတ်အဲကွန်းကားပေါ်က….မွေးပွအကျင်္ီနဲ့လူကပြောတာလား…. (ဒါမှမဟုတ်)…. နေရောင်ပြင်းပြင်းအောက်က..မှိန်ဖျော့ဖျော့မျှော်လင့်ချက်မျက်ဝန်းပိုင်ရှင် ဆုတောင်းသံတရစပ်နဲ့ အမယ်အိုကပြောတာလား…. ငွေ့ငွေ့လေးကျန်တဲ့ တနင့်တပိုးမျှော်လင့်ချက်တွေ… ခဏပြန်အသက်သွင်းကြည့်တယ်…. (ခုချိန်ထိ) ဘာလို့များ ကာရန်မညီနိုင်သေးတာလဲ….. ခြေစုံကန်တယ်လို့သာ အားမနာတမ်းပြောလိုက်ပါ…. ရန်ကုန်ရေ…… နင့်အရိပ်က.. ငါ့အတွက်တော့ တော်တော်ပူနေသေးတယ်…


naywoon niAugust 29, 20121min08
(၁) ဟော့ဒိ ကမ္ဘာလောကကို ဖန်တီးသူဟာ အဘယ်ဘုရားသခင်မှမဟုတ် ငါသာလျှင်ဖြစ်တော့သကိုးးးးး………။ အဲဒိလိုကြွေးကျော်ရင်း စာရေးစားပွဲပေါ်က ရေးလက်စဝတ္ထု ဆက်ပြီး နှိပ်စက်ကလူ ပြုလိုက်ဦးမယ်…..။ အောင်မာ…..အောင်မာ….. ကျွန်ုပ်ရဲ့ ဇာတ်လိုက်မ သူ့သနားလို့ တိုက်ပေါ်တင်ထားတာများ ကော်ဖီနဲ့ ဟမ်ဘာဂါ မစားချင်ဘူးဆိုပဲ…..။ မရဘူးကောင်မ တစ်ခြားသူဌေးတွေဘာစားစား နင်ကတော့ ငါကျွေးတာပဲစားရမယ်…။ ငါစားဖူးတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါက…. ဒီလို ကော်ဖီနဲ့ ဟမ်ဘာဂါစားတယ်လို့ရေးလိုက်ရင် နင်စားကို စားရမယ်…။ ဒါငါ့ဇာတ်လမ်း နင်ကဇာတ်ရုပ် …. ငါထားသလိုနေ….။ ဟဲ့…..။ ဟို အကြော်သည်မသား….. မင်းက ဘယ်လောက်ပဲ ဆင်းရဲတယ်ပြောပြော ဆယ်တန်းအောင်ကိုအောင်ရမယ်….။ တက္ကသိုလ်လည်း တက်ကိုတက်ရမယ်…။ ဒါမှ……… မင်းသားနဲ့ မင်းသမီး ဇာတ်လမ်း ငါဆက်ရေးလို့ ရတော့မပေါ့……….။ ဟုတ်လား? ကဲ…. ခင်ဗျားတို့ […]


si toneAugust 29, 20121min07
ပေးဆပ်သူ မဟုတ်တဲ့ ပေးဆပ်သူ အကျွန်ပ် သူနဲ့ မျက်လုံးချင်း ဆုံလို့ ချစ်ခဲ့ပါတယ် နောက် သူပေးဆပ်ပါတယ်.. အပြုံးတစ်ပွင့် အကျွန်ပ် ပြန်ပေးဆပ်ပါတယ် ရင်ခုန်မှုအပြုံးကိုပေါ့ နောက်သူပေးဆပ်ပါတယ် အချစ်တစ်ခုကို အကျွန်ပ် ပြန်ပေးဆပ်ပါတယ် မကုန်ဆုံးနိုင်တဲ့အချစ်ကိုပေါ့ နောက်သူပေးဆပ်ပါတယ် အေးဆက်မှုတစ်ခုကို အကျွန်ပ် ပြန်ပေးဆပ်ပါတယ် နွေထွေးမှုကိုပြန်ရအောင်ပေါ့ နောက်သူပေးဆပ်ပါတယ် ထားရစ်ခြင်းတစ်ခုကို အကျွန်ပ်ပြန်ပေးဆပ်ပါတယ် တောင်းတခြင်းတစ်ခုကိုပေါ့ နောက်သူပေးဆပ်ပါတယ် ရက်စက်မှုတစ်ခုကို အကျွန်ပ် ပြန်ပေးဆပ်ပါတယ် ငိုကြွေးခြင်းတစ်ခုကိုပေါ့ နောက်ဆုံးသူပေးဆပ်ခဲ့ပါတယ် အမုန်းတစ်ခုကို အကျွန်ပ် ပြန်ပေးဆပ် အလွမ်းတစ်မျိူးကိုပေါ့ နောက်တစ်ကြိမ် သူနဲ့ အကျွန်ပ် မျက်လုံးချင်း ဆုံးလို့ သူကို အကျွန်ပ်မုန်းသွားခဲ့ပါတယ်.. တကယ်တော့ သူက နောက်ပေးဆပ်သူ တစ်ယောက်နဲ့ပေါ့………… ဒီဟာကိုလဲထပ် အားပေးပါနော်…. အားလုံးကို ရှစ်တဲ့ SI Tone


si toneAugust 29, 20121min04
စာရေး ဆရာ ဇာတ်လမ်းရေးသာသူ အကျွန်ပ် အချစ်ဇာတ်လမ်း တစ်ပုဒ်ကိုရေးရင်…… ကြေကွဲနေရမည့် အခန်းမှာ အကျွန်ပ်ရဲ့ ဖောင်တိန်းလေးဟာ မှင်ကုန်သွားဖို့ ဆုတောင်းပါတယ်… ဒီလိုပဲ…. လွမ်းဆွတ်ရမည့် အခန်းမှာ အကျွန်ပ်ရဲ့ အာရုံလေးတွေ လေထဲမှာ မျှောပါသွားဖို့ ဆုတောင်းပါတယ်… ဒီလိုပဲ… ဇာတ်နာမည့် အခန်းမှာလဲ အကျွန်ပ်ရဲ့ ခံစားချက်ကို တင်ပြတဲ့ စာအုပ်ကလေး ကုန်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးရင် ဇာတ်လမ်း တစ်ပုဒ်ရေးပြီးရခဲ့ပါတယ်…. ထိုဇာတ်လမ်းက “ ခွဲခွာချင်း” ဆိုတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ….. Si Tone ရဲ့ကဗျာ လေး အားပေးပါနော် ပီးတော့ အကဲလဲခပ်ပေးနော်…


အဇဋာAugust 28, 20121min016
7:00 နာရီမှာ ဖုန်းခေါ်တယ်… မရဘူး… မိုးတွေရွာလာတယ်… ငါ့တစ်ကိုယ်လုံး မိုးရေထဲမှာ.. မိုးရေစက်တွေက အေးချမ်းစေတယ်… မိုးရေတွေထဲမှာ အတူတူ လွင့်မြောကြမယ်… ထီးတစ်ချောင်းတည်းနဲ့… ရာဇဝင်ထဲမှာလို နွေးထွေးကြမယ်… 7:42 မက်ဆေ့ဂျ် တစ်ခု ဝင်လာတယ်…. “sry i’ll be there at 8:30 so. Take care” ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း တစ်ယောက်တည်း မိုးရေထဲမှာ… တစ်ကိုယ်ရည် ပြန်နွေးထွေးလိုက်တယ်… ရာဇဝင်ထဲမှာ လမ်းပျောက်သွားပြီ… 7:50 ပြန်ပို့လိုက်တယ်… “Ya, but I was in the rain” အား… ငါ…တစ်ကိုယ်ကောင်းဆန်လိုက်တာ… ဟုတ်တယ်… ငါ..ငါ..ငါ…ငါ… 5:23 …ရောက်လာတယ်… “yeah i see, take […]


SawAungAugust 28, 20121min06
ထာဝရတစ်ခုကို တဒင်္ဂလေး သိမ်းထားလိုက်တယ်။ မီးလျှံ။ တစ်သံသရာလုံးစာ မသထာရေစာတွေ အငတ်မပြေသေး ချစ်ခြင်းမေတ္တာဟာ ကျောရိုးကို ကျားကန်ထားတဲ့ ကျောထောက်နောက်ခံတွေနဲ့ အလွဲ။ အစွဲအလန်းဆိုတာကိုက အလန်းတွေကို စွဲနေတာ ဘဝဟာ ခုနှစ်ကြယ် မပြည့်တဲ့ မြေပုံတွေကို မှားမှားယွင်းယွင်း သုံးစွဲခဲ့ ကျယ်လောင်နေတဲ့ ကြယ်တွေကြား ကျိုကြားကျိုကြား ငါ့အကြားတွေ လွဲ ဟစ်အော်လိုက်ပါ ရယ်သွမ်းသွေးလိုက်ပါ ရှောလမုန်ဟာ ငါ့ရင်မှာ တဆစ်ဆစ် အနာ ဒုက္ခတွေက စော်အလန်းယောင်ဆောင် ဖြတ်လျှောက်နေတာ ဆစ်ဆစ်ဆစ်နဲ့ပဲ ကိုယ်ငေးကြည့်ရင်း ခဏခဏ ချော်လဲတယ် ခင်ဗျား အသံသိပ်ကျယ်နေတယ် (ကျေးဇူးပြုပြီး Volume နည်းနည်းလျှော့) ကိုယ့်လူမျိုးကိုယ် ချစ်ကြောင်း မပြောခင် ကိုယ့်ကိုယ်ကို ချစ်ကြောင်းအရင်ပြောပါ “တိုင်းပြည်အလုပ် တကယ်လုပ်သူတွေဟာ ……….. တဖြည်းဖြည်း စုတ်ပြတ်သပ်လာမှာ ..” […]


Win Paing SoeAugust 28, 20121min02
♥♥♥♥♥♥♥♥♥ နားလည်ပါတယ်ဆိုတဲ့စကားရဲ့နောက်……. ပြောမထွက်ဖြစ်ခဲ့တဲ့ ခံစားချက်တွေရှိတယ်… ပါးပြင်ပေါ်က ခြောက်ကပ်ကပ်ရေစီးကြောင်းတွေရှိတယ်…. နိုးတစ်ဝက် အိပ်တစ်ဝက်ညတွေရှိတယ်….. အသက်မဲ့တဲ့ တာဝန်ကျေအပြုံးတွေရှိတယ်…… ရပါတယ်ဆိုတဲ့စကားရဲ့နောက်…… မြိုချခဲ့ရတဲ့… နာကျင်ကျေကွဲမှုတွေရှိတယ်….. ထုတ်ပစ်ဖို့ကြိုးစားနေရတဲ့…. သံချေးကပ်အတ္တတွေရှိတယ်…… စွန့်လွှတ်လိုက်ရတဲ့… ပိုင်ဆိုင်ခြင်းတွေရှိတယ်…… တကယ်မရဘူးဆိုတာ သူသိမလားဆိုတဲ့…. မီးစာကုန်မျှော်လင့်ချက်လေးတွေရှိတယ်… တကယ်တော့ အချစ်ကနာကျင်စေတာမဟုတ်ဘူး…… အတ္တတွေကိုသာ….အချစ်လို့အမည်တပ်ပြီး…. နှလုံးသားကို နာကျင်စေကြတာ….. အချစ်ဆိုတာ ရတာများရင် ရိုးတယ်…. မရတာများရင် စိတ်နာလာတယ်တဲ့…. နင်တော့ရိုးနေပြီလားမသိဘူး…. ငါကတော့ စိတ်မနာသေးဘူး….. ♥♥♥♥♥♥♥♥♥


Win Paing SoeAugust 27, 20121min08
ပိုင်ဆိုင်ဖူးတဲ့ နေ့စွဲတစ်ချို့ အနာဂတ်မရှိခဲ့ကြပေမယ့် သတိရတိုင်းပြန်တွေး ရင်ထဲ တစိမ့်စိမ့်နွေးတယ် အရာမထင်ခဲ့တဲ့ ပေးဆပ်မှုတွေအတွက် မခံယူတတ်ခဲ့တဲ့ ချစ်သူမင်းလဲ လိုအပ်ချက်တိုင်းပြည့်စုံပါစေ ငါစေတနာထားတယ် ဝတ်ကြေတမ်းကြေ အလှူခံထည့်ခဲ့သူကိုတောင် ဆုတွေတစ်သီကြီးပေးတတ်ကြတာပဲ ငါ့ဘဝထဲ ခဏလာပြီး စိတ်မပါတပါ ပေးသွားခဲ့တဲ့ ချစ်ခြင်းတွေအတွက်လည်း မင်းဘဝတစ်လျှောက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ……


SawAungAugust 27, 20121min03
တကယ်ဆိုရင်…… မတန်ပါဘူးကွာ…..ချစ်ခဲ့တာတွေ/ ငါ့မာနတွေဟာ မင်းခြေဖျားက သဲမှုန်လောက်တောင် တန်ဖိုးလျော့ကျသွားတဲ့အခါ…. ငါ့ဘဝလည်း ပက်ပက်စက်စက် ဆွဲစုတ်ပစ်ခံလိုက်ရတာပဲလေ။ xxxxxxxxx တကယ်ဆိုရင်…..ငါ့ဘက်တော့ နည်းနည်းပြန်ကြည့်သင့်တယ်ကွာ။ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်ကို….. နှစ်သိမ့်ဆုလေးတောင် မပေးခဲ့ဘူး။ တကယ်ဆို ငါက ဒုတိယလူပါကွာ။ xxxxxxxxx ငါ့ကို နည်းနည်းလေးတောင် သတိရမိဘူးလားဟင်။ ငါသိခွင့်မရှိဘူးလား…… ငါ့ကိုမင်းချစ်ချစ်မချစ်ချစ်ပါ ငါချစ်တာကို မင်းစိတ်ထဲသိနေရင် ကျေနပ်ပါပြီကွာ။ နည်းနည်းလေးတော့ စာနာကြည့်ပါ။ xxxxxxxxxx မေ့မရတဲ့အချိန်တွေရဲ့ အဆုံးအစွန်မှာ…. ဇွတ်မှိတ်ပီး ငါမင်းကိုမျှော်လင့်နေတုန်းပဲ။ ငါ့ခေါင်းထဲက ရင်ဘတ်ထဲက ဟာကွာ…. အစစ အရာရာ ငါ့ခံစားချက်တိုင်းမှာ… မင်းစိုးမိုးထားနိင်တုန်းပဲ…. အမှန်တော့ မင်းငါ့ကို မုန်းအောင်တစ်ခုခု ပေးခဲ့သင့်တယ်…။ xxxxxxxxxx လွမ်းစရာကို နာစရာနဲ့ဖြေတဲ့ ငါ့မှာအချစ်တွေပဲရှိတော့… ဘာမှနဲ့ မှကိုဖြေလို့မရဘူး… မင်းကို ငါပက်ပက်စက်စက်ချစ်ခဲ့တယ်……။ […]


maung khinminAugust 27, 20121min06
 *** မြို ့ပြ ညနေ  *** ပင်လယ် နဲ ့နီး … မြို ့ကြီး ရန်ကုန် ရောင်စုံ ပန်းခင်း … ရှုခင်း ဆည်းဆာ လူညာ လူလိမ် … ခြေချင်း လိမ်ကြ ဇိမ်ကျ သူကျ …. မှိန်ဖျ သူမှောင် သူယောင်မယ် များ …. ဘယ်နား ကြည့်ကြည့် ဒေါ်လာ ရှိလား …. ဘော်ဒါ ပါလား တက္ကစီ ငှါးလိုက် …. ဘီယာ တိုက်မလား နိုက်ကလပ် ကို …. အလို ဆန္ဒ နှိုးဆွ ခုန်ပေါက် … ဒစ္စကို ဂျောက်ဂျက် ရမ္မက် ဂီတ …. […]


ရွှေ ကြည်August 27, 20121min049
ဆန်ကုန်မြေလေး အကျဉ်းကျနေတဲ့စိတ်ကလွတ်လပ်ခြင်းကိုငတ်မွတ်လာတဲ့အခါ ရင်ကွဲနာကျချင်ပါရဲ့။ ဘဝအဓိပ္ပါယ်ဆိုတာအဖြေရှာကြည့်တဲ့အခါ အယူအဆတွေကြားမှာ မွန်းကြပ်လာပါရဲ့။ အေးချမ်းမှုဆိုတာကိုဖွေရှာ စိတ်ကူးဖန်တီးကြည့်တဲ့အခါ မရေရာမှုတွေနဲ့သာအဆုံးသတ်ခဲ့ပါရဲ့။ ဘဝဆိုတာတိုက်ပွဲလား၊ ကြိုးစားရုန်းကန်ရခြင်းလား ဘာပဲဖြစ်ဖြစ်ညစ်လာတဲ့အခါ အရွဲ့တိုက်ချင်ပါရဲ့။ ခက်ခဲလှတဲ့လောကကြီးမှာ ၂၈ နှစ်တိုင်အောင်ရှင်သန်နိုင်ခဲ့တာကိုဂုဏ်ယူရမလား အောင်မြင်မှုဆိုတာမရေရာပဲ အသက်တွေကြီးလာတာကိုပဲရှက်ရမလား သေချာတာကတော့ အမေကချစ်နေဆဲ အဖေကလည်းဂုဏ်ယူနေဆဲပဲ မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့လေ။ တော်လွန်းသူတွေကြားမှာ သိမ်ငယ်ခဲ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုညံ့တယ်လို့မြင်လာတဲ့အခါ လူ့လောကကနေသာအငွေ့ပျယ်ပျောက်ကွယ်သွားချင်မိပါရဲ့။ သိပ်ရှက်လို့လေ။     ကျေးဇူးအထူးတင်ပါတယ်ရှင်။


Win Paing SoeAugust 26, 20121min03
ပစ္စုပ္ပန်တောင်မှ မနည်းကို တည့်တည့်ကြီး ရှုနေရတာ…. အတိတ်…အတိတ်ဆိုပြီး… ပြီးခဲ့တာတွေ အစမဖော်စမ်းပါနဲ့……. အနာဂတ်…??? ဘာဖြစ်မယ် ညာဖြစ်မယ်တွေလာမပြောနဲ့… လက်ထဲကပန်းသီးတောင် အခန့်မသင့်ရင် မြှားချက်ထိနိုင်သေးတယ်… ဟိုးဝေးဝေးကိုလဲမျှော်မျှော်မကြည့်နဲ့… ဟိုးးးးအနောက်ကိုလဲလှည့်လှည့်မကြည့်နဲ့… ကိုယ့်ခြေထောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်စမ်းပါ.. လှမ်းခါနီး ခြေတစ်လှမ်းအတွက်.. မင်းရွေးထားတဲ့ဖိနပ်တစ်ရံ… ဆင်တစ်ဘက်မြင်းတစ်ဘက်ဖြစ်မနေဖို့ပဲလိုတယ်… ၁၈.၀၁.၂၀၁၂


SonnyAugust 25, 20121min06
“လူ” လူဆိုတာ သစ်တုံးဦးဏှောက်တတ် သစ်တုံးက    ရုပ် ဦးဏှောက်က  နာမ် ဘာမာန်တက်နေ ဆွေးမည့်သစ်တုံးတွေကများ။ ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…ည ၁၁း၁ဝ ။ ၂၅-၈-၂၀၁၃