တစ်နှစ်သာသာပဲနေဖူးတဲ့ မြို့ကတောင် Identity Cardလေးပြလိုက်နိုင်ရင်… အားရဝမ်းသာ ကြိုဆိုသေးတယ်… ခုတော့ ၂၅နှစ်စာ ရှင်သန်ခဲ့ဖူးတဲ့မြေပေါ်ခြေအချ… ဖြည့်လိုက်ရတဲ့စာရွက်တွေ…. အမေလို့ခေါ်ဖို့အရေး…. မွေးစာရင်းပြန်တောင်းနေသလိုပါပဲလား… အပြောင်းအလဲတဲ့…. တတ်လဲတတ်နိုင်လွန်းတယ်…. ကျားကြောက်နေရတဲ့ဘဝ နေသားကျနေမှတော့…. ဘယ်အချိန်ပေါ်လာမယ်မှန်းမသိတဲ့ ရှင်ကြီးဆိုတာကို ကြောက်စရာမလိုဘူးတော့မပြောပါနဲ့တော့….. ဖော်ရွေတယ်တဲ့… နားလည်မှုဆိုတဲ့…. တစ်ဆုံးတိုင်အဓိပ္ပါယ်ရောက်တဲ့စကားလုံးကို ထည်လဲသုံးတတ်တဲ့…ယူနီဖောင်းဝတ်တွေကိုပြောတာလား… နွေးထွေးတယ်တဲ့… အလုံပိတ်အဲကွန်းကားပေါ်က….မွေးပွအကျင်္ီနဲ့လူကပြောတာလား…. (ဒါမှမဟုတ်)…. နေရောင်ပြင်းပြင်းအောက်က..မှိန်ဖျော့ဖျော့မျှော်လင့်ချက်မျက်ဝန်းပိုင်ရှင် ဆုတောင်းသံတရစပ်နဲ့ အမယ်အိုကပြောတာလား…. ငွေ့ငွေ့လေးကျန်တဲ့ တနင့်တပိုးမျှော်လင့်ချက်တွေ… ခဏပြန်အသက်သွင်းကြည့်တယ်…. (ခုချိန်ထိ) ဘာလို့များ ကာရန်မညီနိုင်သေးတာလဲ….. ခြေစုံကန်တယ်လို့သာ အားမနာတမ်းပြောလိုက်ပါ…. ရန်ကုန်ရေ…… နင့်အရိပ်က.. ငါ့အတွက်တော့ တော်တော်ပူနေသေးတယ်…
