ဆောင်းတစ်ခုလုံး အရည်ပျော်ကျမသွားရုံတမည် အလွမ်းတွေက စိုထိုင်းဆ များလွန်းရဲ့….၊ ဒီည မျက်ဝန်းညိုတွေ အိပ်မောကျနေပြီလား… ငါ့အလွမ်းတွေ နာဖျားတုန်း……။ လက်နက်တွေမှ သတ်ဖြတ်တတ်တာမဟုတ်ဘူး အလွမ်းသိစိတ်နဲ့ ငါ တတိတိ ချည့်နဲ့လာတယ်…၊ အုန်းမောင်းခေါက်ပါ.. လင်းကြက်တွန်ပါ.. အမှောင်တွေထဲ တိတ်တိတ်ဆိတ်ဆိတ်….. ကြာလွန်းတယ်…။ မင်းနှုတ်ခမ်းအတွန့်အကွေးမှာ ဝိညာဉ်တစ်ခုလုံး ခိုစီးသွားတာတောင် မင်းမသိလိုက်ဘူးလား…ကောင်မလေး ဒါမှမဟုတ် မင်း ကျွမ်းကျင်လိမ္မာတာဖြစ်မယ်…။ (အဲဒီ) ပန်းနုရောင်ပဉ္စလက်နဲ့ ဝင်သက်ထွက်သက်တွေ ကာရံပျက်စေတာ ငါ ဦးညွတ်ပါတယ် ကောင်မလေး ၊ ရင်တစ်ခွင်လုံး ဂျိုးဂျိုးဂျိမ့်ဂျိမ့် ဆောင်းအငွေ့တွေ ပျောက်ဆုံးသွားတဲ့အထိ မုတ်သုံတွေ ပြန့်ကြဲစေခဲ့တယ်..၊ လက်ဖျစ်တစ်တွက်တိုင်း ကုဋေတစ်သိန်းသော (စိတ်)ဖြစ်စဉ်တွေတိုင်းကို သက်ရောက်မှုရှိလောက်အောင် မင်း ခမ်းနားခဲ့ပါတယ် ကောင်မလေး…။ အရှုံးတွေနဲ့ ယဉ်ပါးပြီးသားပေမယ့် ဆောက်တည်ရာမရ ငါ ကြောက်လန့်နေရတုန်းပဲ..ချစ်သူ..။ ပျစ်ခဲအေးစက်သွားတဲ့ […]
