လင္းစက္ရာAugust 25, 20121min04
ဆောင်းတစ်ခုလုံး အရည်ပျော်ကျမသွားရုံတမည် အလွမ်းတွေက စိုထိုင်းဆ များလွန်းရဲ့….၊ ဒီည မျက်ဝန်းညိုတွေ အိပ်မောကျနေပြီလား… ငါ့အလွမ်းတွေ နာဖျားတုန်း……။ လက်နက်တွေမှ သတ်ဖြတ်တတ်တာမဟုတ်ဘူး အလွမ်းသိစိတ်နဲ့ ငါ တတိတိ ချည့်နဲ့လာတယ်…၊ အုန်းမောင်းခေါက်ပါ.. လင်းကြက်တွန်ပါ.. အမှောင်တွေထဲ တိတ်တိတ်ဆိတ်ဆိတ်….. ကြာလွန်းတယ်…။ မင်းနှုတ်ခမ်းအတွန့်အကွေးမှာ ဝိညာဉ်တစ်ခုလုံး ခိုစီးသွားတာတောင် မင်းမသိလိုက်ဘူးလား…ကောင်မလေး ဒါမှမဟုတ် မင်း ကျွမ်းကျင်လိမ္မာတာဖြစ်မယ်…။ (အဲဒီ) ပန်းနုရောင်ပဉ္စလက်နဲ့ ဝင်သက်ထွက်သက်တွေ ကာရံပျက်စေတာ ငါ ဦးညွတ်ပါတယ် ကောင်မလေး ၊ ရင်တစ်ခွင်လုံး ဂျိုးဂျိုးဂျိမ့်ဂျိမ့် ဆောင်းအငွေ့တွေ ပျောက်ဆုံးသွားတဲ့အထိ မုတ်သုံတွေ ပြန့်ကြဲစေခဲ့တယ်..၊ လက်ဖျစ်တစ်တွက်တိုင်း ကုဋေတစ်သိန်းသော (စိတ်)ဖြစ်စဉ်တွေတိုင်းကို သက်ရောက်မှုရှိလောက်အောင် မင်း ခမ်းနားခဲ့ပါတယ် ကောင်မလေး…။ အရှုံးတွေနဲ့ ယဉ်ပါးပြီးသားပေမယ့် ဆောက်တည်ရာမရ ငါ ကြောက်လန့်နေရတုန်းပဲ..ချစ်သူ..။ ပျစ်ခဲအေးစက်သွားတဲ့ […]


maung khinminAugust 25, 20121min05
သီချင်းမဖြစ်တဲ့ .. ကဗျာ သံယောဇဉ် ရဲ့ အလွမ်းမှာ မျှော်လင့်ခြင်း က …….. ခမ်း လုလု တမ်းတမှု နဲ ့ ထောင့်ချိုးတစ်ခုမှာ အိမ်ပြန်ချိန်  ကို  ….. မေ့လို ့ …. အတွေ ့ … အထိ … အသိ ကာရန် ညှိ ရင်း …… သက်ပြင်း ကို ဖျော်သောက် အိပ်မက်လောက် မှ …. မချိုတဲ့ ရင်ဖို မှု …  မှာ ငါ …. ဟာ ငါ အတု ဖြစ်လို ့ …. ပေါ့ စီးဆင်း ခဲ့ဘူးတယ်လေ ကောင်းကင် ရဲ့ […]


maung khinminAugust 24, 20121min04
***ကင်ဆာနံက်ခင်း***   ကျစိမ့်တစ်ခွက်   ဇွန်းမတပ်ပါနှင့် စီးကရက် တစ်ဆိတ် ….. ကင်ဆာ တံဆိပ်ပဲ  ယူခဲ့ပါ အဆိပ်မီးခိုး တွေ   အဆုတ်တွင်းသို ့ ဖုတ်သွင်းရထား  ဆိုက် …………. ၊     ဗာဂျီးနီးယား နဲ ့ .. နံက်တစ်ခင်း အောက်ဆီဂျင် နဲ ့ … အသက်ရှင်ခြင်း မွန်းကြပ်စွာနဲ ့ … စီးဆင်းလို ့ ဘဝမှာ … ခေါက်ရိုးကျိုး နေသားတကျ ကိုယ့် ဒဏ်ရာ ကိုယ် ….. ချွန်မြအောင်သွေး သလိုမျိုး တွေးရင်း  တွေးရင်း ……. အေးစက်သွားတဲ့ ….  တီး(tea)တစ်ခွက် ကို စီးကရက်  မီးခိုးများ နဲ […]


ကြောင်လေးAugust 23, 20121min015
သူဂျီးတစ်ယောက်၊ ကောင်းဖို့ရောက်မူ ရွာသူား များမှာ၊ မျက်စေ့ပြာကာ ဓမ္မတာတည်း။       ။ ပီစီခန်းထက်၊ ဗို့မြှင့်စက်ခံ ယူပီအက်(စ်)ရံလျှက်၊ (မပျော်)စံရိပ်ငြိမ် စိတ်ပိန်စရာ၊ ဤအခါကား စီအာ(ရ်)တီခေါ်၊ ဖန်သားပေါ်ထက် ခဏတက်သည့်၊ အင်တာနက်ပမာ မသက်သာတည်း။        ။ မကြင်နာညား၊ ငါ့အားလှည့်ပတ် သူညစ်ပတ်ကြောင့်၊ မလွတ်ကြမ္မာ သုံးစရာတို့၊ မှန်စွာခိုင်ကြည် မတည်မမြဲ၊ ပျက်ပဲပျက်နိုင် ပြင်မနိုင်စွာ၊ ကွန်ပျူတာတည်း။    ။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက် အင်တာနက်၌၊ မကြိုက်သသူ တုံ့မယူလို၊ မပြန်ဆိုသည် ချိန်မှန်ဖတ်ရေး၊ အကျွန်တွေး၍ အပြေးရောက်လာ၊ ဤသည်ရွာကို အာခံအနှောင့်၊ ငါ့အကောင့်တည်း…….။          ။     အားလုံးကို ခင်မင်လေးစားစွာဖြင့် အနန ္တသူရိယ ကြောင်လေး။


maung khinminAugust 22, 20121min07
  ***မစံပါယ် သို ့***     ပန်းပွင့်စံပါယ်   ပုဏ္ဍကွယ် ဘေး ကြယ်လေးတွေအလား    ဖွေးဖွေးခါလှုပ် ပြုတ်ကျမြေမှာ   ကြွေကာပက်လက် မိုးလေပက်ဖျန်း   ကြမ်းတမ်းလိုက်တာ စာနာ မထား    ဦးဖျားခြွေချ မြေသို ့ခပေါ့ ………….၊     ရေက သယ်သွား   ပန်း တဲ့လားကွယ် နွမ်းလို ့မကြွေ   လန်းဝေ ခိုက်တံ့ လန် ့လိုက်တာကွယ်   ညှာတံရယ်က လေကအပင့်   မိုးစက် လွင့်မှန် ကြွေပြန် ပက်လက်   ရက်စက်လိုက်တာ ခါခါ မြင်ရ    ရင်ဝမှာဆို ့ သနား လို ့ပါ     ပန်းမို ့သာထင့် သူ ့အဖြစ်က   မြင်ရ ကျွန်တော် ဘယ်သို ့ […]


maung khinminAugust 22, 20121min04
***ကောင်းကင်တု***     မနေ ့ကအတိုင်း … မှိုင်းနေတဲ့ ကောင်းကင် မနေ ့ကအတိုင်း … ဆိုင်းမဆင့် ဗုံမဆင့် ရွာလိုက် ကမ ္ဘာကြီးကို ရေတိုက်လိုက်ပါ ကွယ့် …………..၊ ပက်ကြားအက် ရင်ဘတ်တွေ စီးမျောပါ သွားလိုက် ရေလိုက်ငါးလိုက် မျှော်လင့်ချက်တွေရဲ့ …. အဆုံးစွန်ထိ တိုက်စား ပစ်လိုက်ကြ …..၊ သန် ့ရှင်းမှ  …. ပြန်လာပါ ဖန်တစ်ရာ တေအကြောက်တရား …. ထားခဲ့ကြတော့ ဘဝတွေ ကို …. မျက်နှာပြန်သစ်စို ့ အိပ်မက်မြစ် ရေစီးကြောင်း …. ထဲ …… ပီအိတ်(ချ်)ဆဲဗင်း (န်) တွေ …. သွန်ချ ဒဏ်ရာနဲ ့ […]


ကျွန်ုပ်သည် ပေတံတစ်ချောင်းဖြစ်သည်… ကျွန်ုပ်၏အတိုင်းအတာဖြင့် အခြားအခြားကိုတိုင်းတာသောအခါ… ကျွန်ုပ်ထက် ရှည်သည်လဲရှိ၏… တိုသည်လဲရှိ၏…   ကျွန်ုပ်သည် ထီးတစ်ချောင်းဖြစ်သည်… ကျွန်ုပ်၏အကာအကွယ်ဖြင့် အခြားအခြားကိုကာကွယ်သောအခါ… ကျွန်ုပ်လက်လှမ်းမီသည်လဲရှိ၏… မမီသည်လဲရှိ၏…   ကျွန်ုပ်သည် ထောင်တန်တစ်ရွက်ဖြစ်သည်… ကျွန်ုပ်၏တန်ဖိုးဖြင့် အခြားအခြားကိုဝယ်ယူသောအခါ… ကျွန်ုပ်ပေးချေနိုင်သည်လဲရှိ၏… မပေးချေနိုင်သည်လဲရှိ၏…   ကျွန်ုပ်သည် နာရီတစ်လုံးဖြစ်သည်… ကျွန်ုပ်၏မိနစ်စက္ကန့်ဖြင့် အခြားအခြားကိုစောင့်ဆိုင်းသောအခါ ကျွန်ုပ်စောင့်ဆိုင်းနိုင်သည်လဲရှိ၏… မစောင့်ဆိုင်းနိုင်သည်လဲရှိ၏…   ကျွန်ုပ်သည် လူသားစင်စစ်တစ်ဦးဖြစ်သည်… ကျွန်ုပ်၏အတ္တဖြင့် အခြားအခြားကိုနှိုင်းယှဉ်သောအခါ… ကျွန်ုပ်သည်းခံနိုင်သည်လဲရှိ၏… သည်းမခံနိုင်သည်လဲရှိ၏…   ကြောင်ဝတုတ် ဩဂုတ်လ၊ ၂၀၁၂


ည ….. သည် မှောင်နေ၏ …..။ ည ….. သည် တိတ်ဆိတ်နေ၏ …..။ ည ….. သည် အိပ်စက်သူတို့၏ နှစ်သက်ရာလည်း ဖြစ်၏ …..။ ည ….. သည် တိုးတိုးတိတ်တိတ် အသံတို့ ကြီးစိုးရာလည်း ဖြစ်၏ …..။ ည ….. သည် အိပ်မက် အများအပြား ပေါက်ဖွားရာလည်း ဖြစ်နေ၏ …..။ ည ….. သည် ကြောက်မက်ဖွယ်လည်း ကောင်းနေ၏ …..။ ည ….. သည် အိပ်မရသူအတွက် ပျင်းရိဖွယ်လည်း ဖြစ်တတ်၏ …..။ ည ….. သည် အနောက်က ချောင်းပြီး ရိုက်တတ်သူနှင့် တူသေး၏ …..။ ည […]


SawAungAugust 21, 20121min01
တစ်ချက်….နှစ်ချက်…..သုံးချက်….. အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက….. တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့…. ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း… အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့ ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။ တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ…. လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့………….. တစ်……….ပိုက်ဆံ နှစ်………..ငွေ သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့) ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။ မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့ ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်) ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။ မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ…. တစ်……စာနာမှု… နှစ်…….စာနာမှု… သုံး…….စာနာမှု… အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ် ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ) သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း…………. နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx အောင်မိုးသူ […]


koyinAugust 20, 20124min06
ကျောက်ဆစ် အလွမ်း   အသည်းကွဲကဗျာတွေချည်း ရေးနေရတာ လက်ချောင်းတွေတောင် မျက်ရည်ဝဲတတ်ပြီ… ချစ်သူအကြောင်း ရေးကြည့်ပေမယ့် ဘယ်လိုနတ်ဆိုးက လာဝင်နှောင့်ယှက်နေသလဲ နှစ်ကိုယ်တူကြည်နူးဖို့ အမြင် စိတ်ကူးထဲမှာတောင် ယဉ်ကြည့်လို့မရ ချစ်ခြင်းရဲ့ ရသဆိုတာ ဘာလဲဟင်… မိန်းခလေးရေ… သိရင် တစ်ချက်လောက် ပြောပြခဲ့စမ်းပါ.. ချစ်ဖူးပေမယ့် အချစ်မခံဖူးတဲ့သူတစ်ယောက် လောကဓံဓါးအောက်မှာ နေတတ်နေခဲ့.. ကျေနပ်ပေမယ့်လည်း အဖြေခက်တဲ့ ပုစ္ဆာ ရင်ဘတ်ကို လာလာနှိပ်စက် တစ်ခါတရံ မက်ခဲ့ရတဲ့ အိပ်မက်တွေ ဘယ်နေရာမှာ ကြေညာခွင့်ရာမလဲ… အထီးကျန်ရင်း အကျည်းတန်ရင်း မာန်တင်းလို့ အိပ်စက်တောင် မနက်ဖန်တွေ အဓိပ္ပါယ်မဲ့လို့ နှစ်ချို့နေတဲ့ ရင်ဗလာ ဘယ်သူများ လာခိုဝင်ချင်မလဲ… တစ်ကိုယ်တည်း အလွမ်းတွေနဲ့ ဘောင်တွေ အမျိုးမျိုးခတ် ပညာတွေ အများကြီး တတ်ခဲ့လည်း ဒီအလွမ်းဇာတ်ကြီးထဲမှာ… ငါ […]


koyinAugust 20, 20122min010
သမုဒယ အကျဉ်းသား မချစ်တတ်တာလား..တဲ့ အချစ်ကို တမင်နှစ်သက်လို့ သင်ရိုးကုန် ကျက်မှတ်ခဲ့တဲ့ကောင်ပါ အသည်းကွဲအောင်လက်မှတ်တွေနဲ့ ဂုဏ်ထူးပါထွက်တဲ့အထိ တစ်ကြိမ်တစ်ခါ ချစ်ခဲ့မိတယ်…။ အမုန်းကြီးနေလား…တဲ့ အစိတ်စိတ်ကွဲသွားတဲ့ အသည်း နှလုံးသားက မလွမ်းရဲတော့တာ ချို့တဲ့,တဲ့ မေတ္တာတရား ဝကန္တဉာဏ် တိုက်စားလို့ ဣတ္ထိယကို မေ့ထားမိတာ…။ ဘာကို ကြောက်နေတာလဲ…တဲ့ လျှောက်ခဲ့တဲ့ လမ်းမှာ အချစ်က မာယာလက်နှစ်သစ်နဲ့ ဘဝတစ်ခုကို ထုဆစ် ဖြိုဖျက် အဲဒီ ဝေဒနာနေ့ရက်တွေက ရှင်သန်လို့ ကောင်းတုန်း… အာရုံတွေကို လှည့်ဖြားလို့ အမှားတွေနဲ့ ရင့်ကျက်စေခဲ့ လစ်လပ်နေတဲ့ ကွက်လပ်ကို ဘယ်သူ့အတွက် ချန်ထားမိသလဲ… တိတ်တဆိတ် ငတ်မွတ်ဆဲမှာ (ရင်ဗလာက တောင့်တ) စာနာ နားလည်ပေးနိုင်မယ့်သူတစ်ယောက် တကယ်လို့များ ရောက်လာခဲ့ရင်ဖြင့် တစ်ခါပြန်ပြီး ချစ် ခွင့် ရ […]


marblecommetAugust 19, 20121min015
ငွေစက္ကူ တစ်သောင်းတန်ကို မြင်ဖူးရုံနဲ့ ငါဟာ…. တစ်ခါက မျက်နှာစုံညီ ထမင်းဝိုင်းကို သတိရ ရတယ်လို့….။ ခက်တာက … ငါ့ရဲ့ ရိုးအမှုဟာ အသံထက် မြန်နေတာပါပဲ….။ သူတစ်ပါးကို အားနာလို့ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်မိတဲ့ အပြစ်တစ်ခုပဲ ရှိတယ်…..။ ပြီးတော့ ပိုမို ကျစ်လျစ်လာတဲ့ ကမ္ဘာကြီးကိုလည်း ချစ်လျက်နဲ့ မုန်းယောင်ဆောင်ရင်း ပရိုယဉ်ကျေးမှုကို ကြောက်လန့်နေတာလည်း ဝန်ခံရပါစေ…။ ငါဟာ သရောကြီးကျတဲ့ ခေတ်မှာမှ ရောမန္တိကကို အရှက်မရှိ ဂငယ်ကွေ့ ပြန်ကွေ့လို့ သူမကလည်း ခေတ်နဲ့ လျှော်ညီစွာ ကိုယ့်ကို ချစ်ပုံက လမ်းခွဲရမလား မသိဘူး ကိုကိုရယ်တဲ့….။ …… ငါဟာ ကိုယ်လေးလက်ဝန် ကို တောကျလို့….။ ။ 18 . 8 . […]


Mr. MarGaAugust 19, 201211min0
. . . . . . . . . . . ကဗျာပြခန်း အမှတ် (၇) တစ်ခန်းပြီးတစ်ခန်း ဆက်လက်ချီတက်လာတာ အခန်း (၇) ကို ရောက်ပါပြီ ဒီပြခန်းမှာတော့ ကဗျာဆရာ ဆယ့်ခြောက်ယောက်က ကဗျာ စုစုပေါင်း ဆယ့်ခြောက်ပုဒ် ပါဝင်ပြသထားပါတယ်။ ပြခန်းများရဲ့ ထုံးစံအတိုင်း ကဗျာဆောင်းပါးနဲ့ စကြရအောင် ဒီဆောင်းပါးက အရင်ပြခန်းရဲ့ အဆက်ပါနော်.. ……………………………………….. (၂) ကဗျာသည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သည်။ ရွှေသံလျက်တော်ခေတ်၊ ဒေါင်းအလံ၊ ကြယ်ဖြူတစ်ပွင့်အလံ၊ တူတဇင်အလံ၊ ခွပ်ဒေါင်းအလံ၊ ပါလီမန် ဆယ်နှစ်ဆယ်မိုး အရင်းရှင်ခေတ်။ ယနေ့ကဗျာသည် အချိုးအကွေ့သို့ ရောက်နေသည်။ အဟောင်းနှင့်အသစ်တိုက်ပွဲ။ ကဗျာသည် အသစ်ကို တောင်းဆိုသည်။ အဟောင်းကို ဖျက်ဆီးသည်။ […]