***ကောင်းကင်တု ***

maung khinminAugust 22, 20121min04

***ကောင်းကင်တု***

 

 

မနေ ့ကအတိုင်း … မှိုင်းနေတဲ့ ကောင်းကင်
မနေ ့ကအတိုင်း … ဆိုင်းမဆင့် ဗုံမဆင့် ရွာလိုက်
ကမ ္ဘာကြီးကို ရေတိုက်လိုက်ပါ ကွယ့် …………..၊

ပက်ကြားအက် ရင်ဘတ်တွေ စီးမျောပါ သွားလိုက်
ရေလိုက်ငါးလိုက် မျှော်လင့်ချက်တွေရဲ့ …. အဆုံးစွန်ထိ
တိုက်စား ပစ်လိုက်ကြ …..၊
သန် ့ရှင်းမှ  …. ပြန်လာပါ
ဖန်တစ်ရာ တေအကြောက်တရား …. ထားခဲ့ကြတော့
ဘဝတွေ ကို …. မျက်နှာပြန်သစ်စို ့
အိပ်မက်မြစ် ရေစီးကြောင်း …. ထဲ ……
ပီအိတ်(ချ်)ဆဲဗင်း (န်) တွေ …. သွန်ချ
ဒဏ်ရာနဲ ့ … ညတွေထဲက … နိုးထကြမယ်လေ ….၊

ချစ်သူတွေ …. ချမ်းမြေ့ပါစေ
ရန်ငြှိုးတွေ …. လန် ့နိုးပါတော့
အနာဂတ်ပျိုးခင်းထဲ … ကလေးငယ်တွေ
လွတ်လပ်ပါစ  ရဲရင့်ကြလေ … ၊
လူ ့ရေး လူ ့ရာ  အဖြာဖြာကြား
မော်ကြွား ပါစေ … သမိုင်းအမွေ ချန်ရစ်
မျက်နှာ သစ်လော့ ……၊

ဆေးကြောလိုက်ပါ  … မိုးဒေဝါ
ခေတ်သစ်ဂီတ ဝေမျှခံစား  လက်တွဲထား ပါ ….
အမှားမြင် ကြ …. ပြင် ရရဲ့လား
မုန်တိုင်းကြား မှာ  လမ်းအမှား စွန် ့ …
မတွန် ့မဆုတ်   ခေါင်းမကုတ်နဲ ့
လုပ်မှ လှုပ်မယ် …. သဘော ရယ်က
ရှေ့မယ် ပျပျ   မြင်ကြလားကွယ့်
နောက်ကျန်ခဲ့ တာ  … များလှ ပြီ …၊

မနေ ့ကအတိုင်း …. ရိုင်းနေတဲ့ ကောင်းကင်
မနေ ့ကအတိုင်း … မုန်တိုင်း ပဲလား
ကြုံတိုင်း ရင်ဆိုင်   အားအင် ပြည့်ဝ
အတွေ ့အကြုံ များလှ  … ဒီဘဝ ကို
အရေထူ သွားမှာ  …. စိုးလှတယ် …။။။

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၂.၈.၂၀၁၂

4 comments

  • YE YINT HLAING

    August 22, 2012 at 11:58 am

    ချစ်သူတွေ …. ချမ်းမြေ့ပါစေ
    ရန်ငြှိုးတွေ …. လန် ့နိုးပါတော့
    အနာဂတ်ပျိုးခင်းထဲ … ကလေးငယ်တွေ
    လွတ်လပ်ပါစ ရဲရင့်ကြလေ … ၊
    လူ ့ရေး လူ ့ရာ အဖြာဖြာကြား
    မော်ကြွား ပါစေ … သမိုင်းအမွေ ချန်ရစ်
    မျက်နှာ သစ်လော့”

    ဖတ်ရှု ခံစားသွားပါတယ် ကိုခင်မင် ခင်ဗျ !

    Reply

  • MaMa

    August 22, 2012 at 6:39 pm

    မောင်ခင်မင် (ကျွန်းချောင်း) ရဲ့ ကဗျာတွေဖတ်ပြီး မြန်မာစာဆရာကြီး မောင်ခင်မင် (ဓနုဖြူ) နဲ့ တောင် မှားမိတယ်။
    ဖတ်ရတာ ချောမွေ့ပြီး ကျစ်လစ်တယ်။
    ကဗျာပီသသော ကဗျာလေး တစ်ပုဒ်မို့ နှစ်သက်မိပါတယ်။ [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    Reply

  • မောင်ပေ

    August 22, 2012 at 9:38 pm

    ကောင်းကင်အတု
    မပြောင်းခင်ဥ
    စောင်းမြင်ထု
    ပေါင်းတင်နု
    ရောင်းချင်စု
    သောင်းခင်ညု

    Reply

Leave a Reply

Your email address will not be published.