si toneAugust 18, 20121min08
* တတ်နင်းလိုက်လို့ ငါ့ကိုချစ်တယ်လို့ပြောခဲ့တဲ့စကားတွေပြန်ထွက်လာမယ် သောက်ခွက်ကိုရိုက်လိုက်လို့ ငါနမ်းခဲ့တဲ့အနမ်းတွေ ပြန့်ကျဲကုန်မယ် !!! *ရှေ့ကသွားပါဆိုတော့လဲ အီအီးပေါက်တယ်။ နောက်ကလိုက်ခဲ့ဆိုတော့လဲ ဖိနပ်တက်နင်းတယ်။ ဘေးတိုက်ကြတော့လဲ အရပ်ပုလို့တဲ့။ ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။ * I say. you say.နှစ်ယောက်ဆေးတော့ ပုဂံတွေ ပြောင်ရော။ I see. you see. နှစ်ယောက်စီးတော့ ဒန်းကျိုးတယ်။ I no. you no. နှစ်ယောက်နိုးတော့ အိပ်ရေးပျက်တာပေါ့။ *ရည်းစားမရှိတာက အတွင်းခံမဝတ် ထားတာနဲ ့တူတယ်။ လွတ်လွတ်လပ်လပ်ရှိပေမယ့် ……..ဟာတာတာကြီး 😛 🙂 😛 “ ဒီကဗျာလေးတွေက Si Tone ရဲ့သူငယ်ချင်းတွေရေးထားတာပါ သူတို့ကဗျာတွေကို ရွာထဲသူငယ်ချင်း တေါအားပေးစေချင်လို့ပါ ”


koyinAugust 18, 20127min010
မိုးသို့ တမ်းချင်း…     မိုးစက်တွေရေ… ငါ့မျက်ရည်တွေ ပြန်လျော်ပေး သူမ… ခြေဆေးသွားခဲ့တာ ကြာ..ပြီ။ နာရီတွေ အကျဉ်းကျ ပင့်သက်ကို ခြွေချလည်း နွေဘဝက ပူဆဲလေ…။ ရေနွေးငွေ့တွေ ပါးပြင်ထက် ကားစင်ထက်မှာ ရင်ကိုခွဲ ဘယ်ခါမှ မနိုင်မယ့် တိုက်ပွဲမှာ (လက်နက်မပါ) လက်ဗလာနဲ့ ငါကျရှုံး အခုထိကို စာလုံးပေါင်းက မှားနေဆဲ အဲဒီအဘိဓမ္မာက နည်းနည်းဆန်းတယ်..။ သွားနေလည်း မရောက်မှတော့ အားနေတဲ့ခြေထောက်ကို ရိုက်ချိုး အဲဒါမှပဲ ငါရိုးသားနိုင်မယ်လေ…။ (မဟုတ်ရင်) နင့်ရဲ့အမုန်းလက်ကျန်စာရင်းမှာ ငါ့နာမည်ကို (သီးခြား)ကျောက်ထက်ထွင်းကာထား တံလျှပ်ကို ရေထင်မှားတဲ့သူ ငရဲပူတယ်ဆိုတာ အလကား ဝကန္တင်္ဉာဏ်တိုက်စားမှုအောက် နှလုံးသားက အမြစ်ပေါက်လို့…။ အထီးကျန်ခြင်းဆိုတာထက် အကျည်းတန်ခြင်းဆိုတဲ့ ရုပ်ကလပ်ကို နင်တို့ရဲက့ ဂဟေစပ်ပွဲမှာ သဂြိုလ်… မြင့်မိုရ်တောင် […]


အဲ့ဒီနေ့ ညနေက မိုးလည်း မရွာဘူး .. နေလည်း မသာခဲ့ပါဘူး …. အပြုံးနဲ့ လမ်းခွဲဖို့ ပြောခဲ့တယ် ကျနော့်ဘက်က မဟုတ်ဘူး သူ့ဘက်က ……. “စိတ်မဆိုးပါနဲ့” … တဲ့ အဲ့ဒီအချိန်က သူမ ပြောခဲ့တဲ့စကား ခုထိ ကြားယောင်နေသေးတယ် … “စိတ်မဆိုးပါဘူး ငါ မပြောတတ်ဘူးဟာ ငါ ဘာမှ မပြောတတ်တော့ဘူး” သူမရဲ့ဘေးက ဒဏ်ရာအနာတရနဲ့ ထွက်ခွာလာခဲ့စဉ်က ကျနော် ဒါတွေပဲ ပြောတတ်ခဲ့ပါတယ် …. အဲ့ဒီအချိန်တုန်းက ရင်ထဲက ခံစားချက်တွေကို ပုံဖော်ဖို့ စကားလုံးတွေက ဘာကြောင့် ပျောက်ရှနေခဲ့ရတာလဲ …. ရင်ထဲမှာ ခါတိုင်းထက် တအားလေးနေတယ် .. သူမကို ချစ်ခဲ့တဲ့အချစ်တွေ နေရပ်ပြန်လာလို့ ထင်ပါရဲ့ …. ရည်စူးထားခဲ့သမျှ […]


maung khinminAugust 17, 20121min06
***ဆည်းဆာ*** နှုတ်ဆက်နိဂုံး    ဆုံးရှုံး အရာရာ ပိုင်ဆိုင် တာစွန် ့   ခွင့်လွှတ် ပါကွယ် လောကအလယ် ၌     မိုက်မှား အခါခါ ငါ့ ကြောင့်နာသူ    ရှိခဲ့မူ သော် ငါမော်  ငါကြွား    လောဘ သားကို တရား မှန်ပြ    ဆုံးမပဲ့ ပြင် အမှန်မြင် အောင်   နေဝင် ခါနီး ဆည်းဆာ မီးငြိမ်း   တစ်ဇာတ်သိမ်းရေး အမြိုက်ဆေး ပေး       ကျွေးလှည့် ပါ ……၊ အို …. တဏှာ ငဲ့ ဉာဏ်မဲ ့ငါ့ကို    ဘယ်ကို ပို ့မလဲ မဲ့သေ ပြုံးသေ    တရားတွေ နာ သံသရာ ခရီး   […]


ချစ်သူ… မင်းရဲ့မျက်ဝန်းက ရွှေသမင်လိုလှတယ် လမ်းလျှောက်သွားပုံက ကြောင်ကတောင်အရှုံးပေးရမယ် မင်းရဲ့တွန့်လိမ်တဲ့အလှက မြွှေတွေကတောင်မှီမယ်မထင်ဘူး စူးရှတဲ့မင်းအကြည့်တွေကို သိမ်းငှက်က ဆရာတင်ရမယ် မင်းရဲ့ကိုယ်သင်းရနံ့ကို အနံ့ခံကောင်းတဲ့ခွေးတွေက ဆလံသရတယ် မင်းစကားပြောရင်လဲ မိုးဆွေငှက်လိုအသံသာတယ် လျှင်မြန်တဲ့ရှောင်တိမ်းတတ်မှုမှာ တောယုန်တွေက အမေခေါ်ရမယ် မင်းရဲ့အပြုံးကို `လင်းတတွေက မနာလိုတော့ဘူး တိုးညည်းတဲ့စကားသံမိန့်ဆိုရင် ပုရစ်အော်သံလို တဆစ်ဆစ် မင်းကိုချစ်မိသွားရင် ခါချဉ်ကိုက်ခံရသလို ဆန့်ငင် ဆန့်ငင် မင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို ဝက်မကြီးက ကထိကတင်ရတယ် မင်းနှာတံလေးတွေက ဆင်ကလေးမိုမို လိုက်မမှီဘူး နှင်းဆီရောင် နှတ်ခမ်းလေးတွေကိုမြင်ရင် ကြက်တူရွေးငိုရလိမ့်မယ် ရှေးကဗျာဆရာကြီးများမင်းကိုတွေ့သွားရင် စပါးကြီးလောက်ကလောင်တံကိုင်ဆွဲပြီး မင်းကိုဒီလို ဧရာမ တင်စားခြင်းတွေနဲ့ အိပ်ရေးပျက်ကြလိမ့်မယ် မင်းဟာမိုးပေါ်က လမင်းကြီးထက် အဆ ၄၆-ဆလောက်ကျက်သရေရှိတယ် ၁၄-ရက်လဝန်းကဲ့သို့ အံ့ဘွယ်ရှိတယ် မင်းရဲ့မည်းနက်တဲ့ဆံနွယ်တွေက မြွှေဟောက်မများနဲ့တူတယ် နုတ်ခမ်းများက သွေးရဲရဲထွက်နေတဲ့ ဓားရှရာနဲ့တူတယ် အသားအရေက […]


maung khinminAugust 15, 20121min04
***မိခင်မြတ်သို ့.. ဖတ်ဖို ့စာ***     မိခင် ကျေးဇူး ဂုဏ်ရည်ထူးအား ကဗျာ ဦးဖြင့် စာရူး အကျွန် လွန်တာ ရှိသော် ကော်ရော် ဦးခိုက် သားလူမိုက် အား ခွင့်လွှတ် ငြားစေ မွေးမေမေ သို ့ ဖတ်ဖို ့ကဗျာ စာတစ်ထွာ နှင့် အမှာ ပါးလိုက် ပါတယ် အမေ …၊ သားလှလိမ္မာ ကဗျာ တွင်ရူး စာတွင် မူးသူ ထူးပြီး မလာ စာပေနယ် ၌ ပျော်ပိုက် မေ့သား အားအား လျားလျား စကား များသူ နားများ ပူအောင် မတူ တာညှိ တူတာ ရှိယူ အထိမခံ […]


ဆုိးဆုိးAugust 14, 20121min07
ခေတ်ကိုက လူကြမ်းတွေ ပျက်လုံးထုတ်နေရတဲ့ ခေတ် ခေတ်ကိုက ဟာသ သရုပ်ဆောင်တွေရဲ့ ခေတ် ခေတ်ကိုက ဟာသ ခေတ်။ ခေတ်ကိုက ကော်ပီ ခေတ် စာသားကလည်း ကော်ပီ သံစဉ်ကလည်း ကော်ပီ ဒီဇိုင်းကလည်း ကော်ပီ ကျွန်တော်လည်း ကော်ပီ ၊ သူလည်းကော်ပီ၊ အားလုံးကော်ပီ ခေတ်ကိုက ကော်ပီ ခေတ်။ ခေတ်ကိုက ရေပေါ်ဆီ ခေတ် ခေတ်ကိုက ကျီးအာသီးယဉ်ကျေးမှုနဲ့ ခေတ် ခေတ်ကိုက ဘွဲ့ရပြီး ကွမ်းရောင်းရတဲ့ ခေတ်၊ ပန်းရောင်းရတဲ့ ခေတ် ခေတ်ကိုက ပိုင်ဆိုင်မှုစာရင်းမထုတ်ပြန်ရဲတဲ့ ခေတ် ခေတ်ကိုက ခရိုနီတို့ရဲ့ ခေတ်။ ခေတ်ကိုက ဗိုလ်ချုပ် ပြောသလို “xxx” ဖြစ်နေတဲ့ခေတ်။ ခေတ်ကိုက ပါဝါရှိသူတို့ရဲ့ ခေတ်………….။


maung khinminAugust 13, 20121min01
*** အကြွင်း ***   တစ်ထဲက တစ်နှုတ် အဟုတ် … တစ် ကျန်တယ်တဲ့ …      …(1 – 1 = 1) …. ကူလှည့် စဉ်းစား … ကျုပ် ရည်းစားက သချာင်္ သမားမို ့…. ကျုပ်အား မုန်းသတဲ့ အဆုံးသတ် မှာကြား ….. ကဗျာ တစ်ပုဒ်  …. ပုစ္ဆာ ထုတ်ရင်း ရုပ်သိမ်း အနမ်း … သောက လမ်းထဲ အလွမ်း သင့်စေ … ပန်းတွေ ခြွေချ ဝေဆာ  အလှ … မြေမှာ ခတော့ ဪ …..  ကဗျာ မလှရင် […]


maung khinminAugust 13, 20121min04
 မေးခွန်း အချစ် နဲ ့စစ် တရား သင့် သတဲ့ .. မှတ်သား ခဲ့ဘူး မတရား ဘူးလို ့တော့ …. မြင်မိတယ် အချစ် ဟာ …. အချစ် စစ် ဟာ …. စစ် ကိုလိုနီ စနစ် မှ …. မဟုတ်တော့တာ ပိုင်ခွင့် … ဆိုင်ခွင့် ပေး ခွင့် … ယူ ခွင့် ရင်ဖြင့် ခံစား နှလုံးသား  ဆိုတာ တစ်ခါ  တစ်ခါ စွန် ့လွှတ်ဖို ့လည်း …. စဉ်းစား တယ် လှေနံ ဓါးထစ် နိုင်မှ ဖြစ်မယ် စစ် ပွဲ  ဝါဒ […]


maung khinminAugust 12, 20121min05
*** ပန်းပွင့်တဲ့ …ည *** ပါးပြင် နွေးနွေး …. မွှေးမွှေး ပေးတုန်း တိမ်ထဲ ပုန်းဝင် စန္ဒာရှင် လ လိုက်သိလှ စွာ အလင်းခွာ ချ ထိုခဏ ဝယ် ကြယ်လည်း ကြွေခိုက် ရှက်လိုက်တာ ကွယ် ပါးမယ် နီမြန်း အပျို ဖြန်းကလေး ထွက်ပြေး ရင်မှ ဒီလို ညကို ….. သတိရ လို ့ နေသေး သည် ။။။ မောင်ခင်မင်(ကျွန်ေးချာင်း) ၁၂.၈.၂၀၁၂


maung khinminAugust 11, 20121min08
” လ ”  ဖမ်းသူ       မျှော်လင့်ချက် တွေ …. မဲ့ .. လို ့ပြနေတာတောင်မှ လှည့်ထွက် မသွားချင်တဲ့  …  သံယောဇဉ် က သက်တန် ့ရောင်စဉ် ကိုမှ ….. ကွန်ပစ် ဖမ်းချင်ခဲ့တာ လေ ………………….၊     တမ်းတစိတ် ရဲ့ …… အလွမ်းကြောင့် ငါ့ …..  ဘယ်ဘက် ရင်တစ်ခွင်လုံး နိမ့်ဆင်း ကျရ  လောက်အောင် ……. ရင်ခုန်သံ က ………………… ပြောင်မြောက်လွန်း တယ် …..၊     မြတ်နိုးရုံ သက်သက် ….. အလှကြည့် ရင်ဝှက်ပန်း ကလေးရေ […]


marblecommetAugust 10, 20121min08
+ လောကဓံ ဦးတုန်းက မော်ကြွားခဲ့ဖူးတဲ့ နှလုံးရင်လှိုင်းတွေကို ငါ့ ပစ္စုပ္ပန်မှာ သယ်ဆောင်လို့ နစ်မွန်းမြုပ်ပိနေတဲ့ ပိတုန်းရောင် ညတွေအကြောင်း သက်တန့်ရောင် ပစ်တာအိုထဲ ပစ်ထည့် ဖောက်ခွဲ လခြမ်းတွေ ခဏခဏ ကြွေခဲ့ဖူးတယ် . . .။ ++ ရွက်စိမ်းမှာသာ တွဲလွဲ ခိုတတ်တဲ့ ကောင်းကင်မတင် မြေမကျ နှင်းတစ်စက် ရင်သွေ့ ငှက်တစ်ကောင်အတွက် အသက်ဖြစ်ချင် ဖြစ်လိမ့်မပေါ့ . . .။ +++ တေလေ တစ်ယောက်ရဲ့ လေဖိအားနည်း ရပ်ဝန်းမှာ လပြည့်ဝန်းလို မို့မောက်တဲ့ ရင်ခုန်သံတွေ ရုန်းကြွနေပါတယ် . . .။ ++++ တစ်နင့်တစ်ပိုး ရှက်သွေးဖြာနေတဲ့ ပါးပြင်လေး . . . စိုက်လိုက်မတ်တပ် […]


maung khinminAugust 9, 20121min04
@…အဆိပ်မိနေတဲ့…စိ်တ်…@ စိတ်ကို…အဆိတ်ခံရပေါင်းများတော့ အာရုံတွေက…ထုံပေပေနဲ ့… အနာဂတ်နောက်…ခြေရာခံရင်း တောမှောက်ခံနေရ……….   ဂါထာ မန ္တရားတွေ…ရွတ်ဖတ်ရုံနဲ ့ လုံခြုံမှု ရှိရင်အကောင်းသား….. ကောင်းကင် နဲ ့ မြေလွှာကြား သီဆိုမိတဲ့….တေးသွားတိုင်း…. ကောလဟာလ  ဖြစ်ဖြစ်သွားကြ…   အမှန်ခြစ်လိုက်တိုင်း…(×)ကြက်ခြေအခတ်ခံ အဲလို….မလှမပနဲ ့….. ဘဝဟာ…ပါးလျလာလိုက်တာ နောက်ဆုံး….. သုည ကိုဂတုံးတုံး…ဝလုံးတစ်လုံး ဖြစ်မှန်းမသိ…..ဖြစ်လို ့… စိတ်မှာ….အဆိပ်မိနေလိုက်ပုံများ။။။