*** ဆည်းဆာ ***

maung khinminAugust 17, 20121min06

***ဆည်းဆာ***

နှုတ်ဆက်နိဂုံး    ဆုံးရှုံး အရာရာ
ပိုင်ဆိုင် တာစွန် ့   ခွင့်လွှတ် ပါကွယ်
လောကအလယ် ၌     မိုက်မှား အခါခါ
ငါ့ ကြောင့်နာသူ    ရှိခဲ့မူ သော်
ငါမော်  ငါကြွား    လောဘ သားကို
တရား မှန်ပြ    ဆုံးမပဲ့ ပြင်
အမှန်မြင် အောင်   နေဝင် ခါနီး
ဆည်းဆာ မီးငြိမ်း   တစ်ဇာတ်သိမ်းရေး
အမြိုက်ဆေး ပေး       ကျွေးလှည့် ပါ ……၊

အို …. တဏှာ ငဲ့
ဉာဏ်မဲ ့ငါ့ကို    ဘယ်ကို ပို ့မလဲ
မဲ့သေ ပြုံးသေ    တရားတွေ နာ
သံသရာ ခရီး   မပြီး မမြောက်
ငါ ကြောက်လှပေါ့     ခဏကြုံကြိုက်
လူဖြစ်ခိုက် မှာ   အမိုက် အဝိဇ္ဇာ
မမြင်ပိတ်ဖုံး   ဒိဌိ လုံးလုံး
မသုံးမသပ်    ခန္ဓာ စက်ကို
ဉာဏ်ထက်မတင်    သတိစဉ် ပျောက်
အသိ စဉ်မှောက် ….
ငါ့ လောက်မိုက် သူ    ရှိမမူ ထင့် …၊

သေငယ် ဇောကပ်     နောင်တ စွက်ကာ
ဇရာ မရဏ    နိမိတ် ပြချိန်
မီးစာ မှိန်ဖျ    ဘယ်သွားရ မလဲ
ရထားထွက် လု    ကိုယ်ပြုခဲ့ ကံ
အမှန် အမှား    ယူသွား လက်ဆောင်
လောင်စာ ပြန်ဖြစ်    သံသရာ မြစ်ပြင်
လွတ်မထင် အံ့    ကိုယ်ညံ့ ကိုယ်ခံ
ကိုယ်ကောင်း စံရ    ရှင်းလှ တရား
ပြက်သား အမှန်သိ     အတ္တဟိ အတ္တနော နာထော
ပြန်မပြောနဲ ့    မှန်သော စကား
အမှား မပြင်    ငါ မမြင်ဘဲ
လောဘ ဆွဲရာ    ပါခဲ့ သည် …၊

ဘယ်သူ လဲကွယ်     စိတ်မယ်  ဖောက်ပြား
ကြောက်အား  သန်သူ …
ကူပါ ကယ်ပါ     အော်ရှာ နေသူ
အပူ ခန္ဓာ    ဘယ်သူ ယူပါ့
အနိစ္စ သဘော    စောကြော မဖြာ
သင်္ခ ါရ မေ့      မွေ ့ပျော်  မဆုံး
ဉာဏ်ထက်တုန်း အရွယ်  …
ကိလေသာ နယ်    တွယ်ကပ် နေချင်
တဏှာ ရေစီး   စုန်ပြီး မှေးလိုက်
အတ္တပိုက် ကာ    တစ်ငါငါ  နှင့်
မသာ ပေါ်လု    ခုလို ချိန်၌
လူမိုက် ဖိုးအို    ဘာကို ယူသွား
ဒီ ရထားနှင့်   ဘယ်နားမှာ ဆင်း
ဒုက္ခ တွင်းထဲ    လူဖြစ်ခြင်း ၌
အမိုက်  နောင်တ    သူရ လိုက်တာ
သံသာရာ သို ့   …. လက်မှတ် တည်း ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၁၇.၈.၂၀၁၂

6 comments

  • မောင်ပေ

    August 17, 2012 at 10:38 am

    သေခါနီးလူ
    ဝေဒနာထွေးဆူ
    ဒေသနာတွေးယူ
    နေသာပေးထူ

    Reply

  • လေပြေ ရှိုင်း

    August 17, 2012 at 10:41 am

    သေတော့သေမယ် ရှင်ဆဲမိုု့ မချနိင်တဲ့မာနဒယ် လောဘရယ်ဒေါသ မောဟပေါင်းအုိုးနဲ့တယ် တတ်နုိုင်ဘူးဟယ် ဓမ္မမရှိတဲ့ငါနှလုုံးသားမုို့ စားသုုံးတော့မယ်

    Reply

  • YE YINT HLAING

    August 17, 2012 at 3:39 pm

    တရားကဗျာ
    မမှားရာပြ
    ကဗျာ သံဝေဂ နှင့်
    ရကြပါစေ
    ကောင်းမှု ဝေသည်
    ကောင်းစေ အမှု
    တည်ထောင်ပြုလော့
    နှုတ်ဆက် နိဂုံး မတိုင်မှီ ။ ။
    ဖတ်ရှု အားပေးသွားပါတယ် ကိုခင်မင် ခင်ဗျ !

    Reply

  • ကြောင်လေး

    August 17, 2012 at 7:56 pm

    လူတွေဟာနေ့စဉ်နေ့စဉ် ဆည်းဆာကိုမြင်ကြရတယ်။
    ဒါပေမဲ့ တနေ့မှာ နောက်ထပ်မမြင်ရတော့မဲ့ ဆည်းဆာကိုလည်းမြင်ရမှာမလွဲပါ။

    Reply

  • မဟာရာဇာ အံစာတုံး

    August 17, 2012 at 8:10 pm

    မောင်ခင်မင် ခင်ဗျာ ..
    အကို့ရဲ့ ကဗျာပို့စ်တွေကို မမန့်ဖြစ်ခဲ့ဘူးဗျာ ..
    ခုတော့ မန့်လိုက်ပြီဗျို့ ..
    အားပေးသွားပါတယ် အကိုရေ …

    ခင်တဲ့
    အံစာတုံး

    Reply

    • maung khinmin

      August 17, 2012 at 9:40 pm

      ဆြာ … အံစာတုံး
      ကဗျာ အဆုံး
      ဝလုံး ကျုပ်ကို
      မန် ့လို ့ဗျို …….

      Reply

Leave a Reply

Your email address will not be published.