maung khinminAugust 9, 20121min03
ကင်းထောက် ကိလေသာ အောက် .. အသိ မပါပဲ လျှောက်ခဲ့လို ့လား အမှား အမျိုးမျိုးကို …. အသွား တစ်မျိုး … အပြန် တစ်မျိုး ဆင်ကန်း တောတိုးသလို ကံတရား ကိုအညွန် ့ချိုးခဲ့ပေါင်း များပြီ ….၊ သုခရဲ့ ခံစားမှု  ….. ဝေဒနာ အစု ဒုက္ခရဲ့ ခံစားမှု ….. ဝေဒနာ အစု အရုဏ် ရဲ့ …..ဆွဲခေါ်မှု နောက် မော့သောက်လိုက်ရ တဲ့ …. တန်ပြန်သက်ရောက်မှု တဲ့လား …၊ ပုထုဇဉ် သားဆိုတော ့ …. ကိလေသာ နဲ ့ …. ဖွားဘက် ဖြစ်ခဲ့ရတယ် အထားမတတ် တော့ […]


maung khinminAugust 8, 20121min08
***  ၂၅ ပြည့်ဖို ့( ၁ )အလို  ***     အနှစ်မရှိဘူး … အသစ်မရှိဘူး ဖျစ်ညှစ်ပြီး ကူးခဲ့ရတဲ့ ဒုက္ခပင်လယ်..၊ တစ်တီတူးလို မိုးပြိုမှာကြောက်ပြီး မြေပေါ်မလျှောက်တဲ့ … ခြေထောက်တွေ နောက်ကျောကို ဓါးနဲ ့ထိုး … အတိတ်က ဆိုးခဲ့သပ ….၊ ကိုယ့်လုံခြုံမှု ကိုယ် မယုံရဲ သွေးရဲရဲ သံရဲရဲ … ရွှေဝါရောင် တို ့မေတ္တာတရား ကမ ္ဘာ့နားတွေ ကို … မျက်လုံးကကြားစေခဲ့သလား …၊ မွေးရာပါ အခွင့်အရေးဆိုတာ … အခုမှ … ကြားဘူးတာပါ ဦးနှောက်ကို … ဖောက်စားခံရလွန်းတော့ ဟောင်းလောင်းပေါက် … ဟင်းလင်းပွင့် ကိုယ့်အဆင့် […]


maung khinminAugust 8, 20121min012
တမ်းတစိတ်နဲ ့တစ်ရိပ်ရိပ်တတ်လာတဲ့ ရင်ထဲက မိုးတိမ်ရေ ….. ရွာပါ ….. သည်းပါ …. ငိုချလိုက် ပါ ဒုက္ခဝေဒနာက  …  နှလုံးသားအတ္တရဲ့ အလိုမကျခြင်း လားးးးးးးးးး ထပ်တူကျဖို ့… မျဉ်းပြိုင်နှစ်ချောင်းမှာ အပြစ်မရှာချင် တဲ့အခါ ….. ရထားတစ်စင်းလို …. အရှိန်ပြင်းပြင်းနဲ ့ ချစ်ခြင်းမှာ ….. ကမူးရှူးတိုး ရိုးသားလိုက်ချင်မိ … အလွမ်းကို ပန်းလိုပွင့်စေဖို ့… မရည်ရွယ် ရိုးအမှန်ပါ ကိုယ်တိုင်ပျိုးမိတဲ့ လက်အစုံမှာ မျှော်လင့်ချက်တွေ … ကုန်သလောက်ရှိနေပေမယ့် ရင်ခုန်သံ ကသွေးခုန်နှုန်းတိုးလို ့သာပေါ့ … စိတ်ကူးယဉ်မှုဆိုတာ … မျှော်လင့်ချက် ရဲ့ ပေါင်းကူးတံတား အိပ်မက်ဆိုတာ ….. အနာဂတ်ကို ဆေးရောင်စုံခြယ်တတ်တဲ့ အလှတရား […]


naywoon niAugust 7, 20121min05
ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။ ခြေထောက်နဲ့ ကန်ကန် လက်နဲ့ပဲ ပုတ်ပုတ် ကန်သလောက် ပုတ်သလောက် ဝေးဝေးပြေး “ဘုန်း” ကနဲ “ဖုန်း” ကနဲကန်ထွက် သိပ်ကို သွက်လက်ခဲ့…….။ ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။ အခွဲ့က မာမာ အနာအဆာ မရှိပေမဲ့ ကွဩွားတဲ့ အခါကျတော့ အတွင်းမှာ ဗလာ အနှစ်သာရမရှိ ။နတ္ထိ……..။ ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။ ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။ အခုတော့ လက်နဲ့ပဲ ပုတ်ပုတ် ခြေနဲ့ပဲကန်ကန် အရင်လိုဝေးဝေးမပြေး ကန်သလောက် ပုတ်သလောက်မှာ “ဘုတ်” ကနဲ “ဘုတ်” ကနဲပြုတ်ကျ လေးလံနှေးကွေးသွားရပြီ……။ […]


လူပြည့်က ပရိုတွန်နဲ့ ဗြဟ္မာပြည်က နူထရွန် နူးကလိယဖြစ်ဖို့ ထိပ်တိုက်တွေ့သလိုမျိုးပဲ ကြုံတောင့်ကြုံခဲ ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ သဘာဝကျကျ ကိုယ်ပိုင်ရှင်သန်မှု ပုံစံမျိုးစုံဖြင့် ဆန့်ကျင်ဘက် ကနုတ်ပန်းခြယ် ပုံစံတူဖန်ခွက်လို လူချင်းတူပေမဲ့ ဘဝချင်းခြားနား ဤနေရာမှာ ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ တစ်ယောက်အား တစ်ယောက် လက်ဆွဲနှုတ်ဆက်တယ် တစ်ယောက်အား တစ်ယောက် ပခုံးဖက်တယ် တစ်ယောက်အား တစ်ယောက် ပြုံးပြကြတယ် အားရပါးရ ကမ္ဘာကြီးပေါ် ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ နောက်ထပ် ကမ္ဘာစစ် ရပ်တန့်သွားချင်တယ် နောက်ထပ် ဗုံးခွဲမှု မကြားလိုတော့ဘူး နောက်ထပ် ကပ်သုံးပါး ရှောင်ကွာဝေးလိုတယ် နောက်ထပ်ပေါင်းများစွာပေါ့ ပျက်သုဉ်းကြွေလွင့်စေဖို့အရေး နှစ်ယောက်သား လိုအင်ဆန္ဒ ထပ်တူ မျှော်မှန်းလျှက် ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ အောင်မြင်သလောက် […]


သူဟာ… ငွေညှစ်တဲ့ ခေတ်သစ်ပြန်ပေးသမား ပိုက်ဆံတောင်းပက်စက် သွေးအေးလွန်းတယ်။ ကြေးရတက် လာရောက်ပင့်ရင် သူ့အပြုံးက “ပစောက်” ဆန်ပြီး ဆင်းရဲသား လာရောက်ပင့်ရင် သူ့ပါးစပ် “ဂငယ်” ပြောင်းတယ်။ သူ့အပြောကတော့… “ဆေးပညာဆိုတာ ပိုက်ဆံပုံပြီး ဝယ်ရတာမို့ အသုံးချရင် အမြတ်ပိုတင်ရတယ်” တဲ့ ဝိသမလောဘသား ကုန်သည်ကြီးပုံစံ မိုက်တွင်းနက်လိုက်ပုံများ ငရဲထိခုတ်ဆင်း လူ့သွေးစုပ်ဖုတ်ကောင်လို ကျင့်ကြံတယ်။ သူ့အဘိဓာန်က… လူနာမှန်သမျှ ကြွားလုံးထုတ် လက်ချာရိုက် အိုင်ကျူအမြင့်ဆုံးဟု ကြွေးကြော်လွန်းသူ ခြောက်စား/ မြှောက်စား/ လှည့်စားတတ်သော ပြိတ္တာ ဧရာမသူတောင်းစားလို့ ခေါ်နိုင်တယ်။ သူဟာ… အတ္တဝါဒီပိုင်ရှင် လူယုတ်မာဖြစ်သလို ဆရာဝန် မဟုတ်သော ဆရာဝန်လည်းဖြစ်တယ်။ နှိုင်းယှဉ်ရရင်… ချုံပုတ်အသေး တောအုပ်မြင်တဲ့ ပုရွက်ဆိတ် ရေတစ်စက် ပင်လယ်ထင်တဲ့ ဆဲလ် သူသက်ဆိုးရှည်နေတာ အကျနာဖို့ပဲဖြစ်တယ်။ […]


သူရႆဝါAugust 7, 20121min08
My Poetry Art – 2 – သူရဿဝါ – ပြီးခဲ့တဲ့ စနေနေ့ (၄. ၈. ၂၀၁၂) တုန်းက ကျွန်တော်တို့ ချစ်ခင် လေးစား အားကျ ခဲ့ရတဲ့ ဆရာ တာရာမင်းဝေ (ခေါ်) ကဗျာဆရာ ရွှေဘုန်းလူ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အခမ်းအနားမှာ ရွတ်ဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ ကဗျာ မရွတ်ခင် မှာ “ဆရာဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ အချိန်ပြည့် သူရဲကောင်းတွေ ထဲက တစ်ဦး အပါအဝင်ပါ .. ဆရာ့ အမှတ်တရ ပွဲမှာ ကဗျာရွတ်ခွင့် ရလို့ သိပ်ကို ဂုဏ်ယူ ပါတယ်” လို့ ကျွန်တော် ပြောဖြစ်ခဲ့ ပါသေးတယ်။ ကျွန်တော် […]


သတ်တယ် … သတ်တယ် ….. လင်ပန်းကို ဆီစွတ်လို့ ရမ်းပြီးတောင် သတ်ခဲ့တယ် … ကပ်နေတဲ့ ခြင်တွေကိုကြည့်ရင်း ဂရုဏာတော့ မဖြစ် အနိုင်ကျင့်ချင်တဲ့ စိတ်အတွက်တော့ မုဒိတာတွေက အသစ်အသစ် ……. ကိုက်ဟယ် … စုပ်ဟယ် ….. ငါ မလှုပ်ပါဘူးကွယ် … မနက်ခင်း စောစောစီးစီး လာကိုက်တဲ့ ခြင်အတွက် ဒေါသတွေ မထွက် ဂရုဏာတွေ သက် သွေးတစ်စက် တစ်စက် လှူနေနိုင်တဲ့အတွက် ပီတိတွေက အထပ်ထပ် ……. ဒီလိုနဲ့ ငယ်ရွယ်စဉ်ရဲ့ ဘဝများမှာ ဆန့်ကျင်ဘက် စိတ်ဓါတ်နဲ့ ဖြတ်သန်းခဲ့ဖူးပါရဲ့ ……………. အမြဲတမ်း ဆံပင်ကို တိုတိုညှပ်ရတယ် ကျောင်းသွားတိုင်း သနပ်ခါး ဘဲကြားလူးရတယ် ပုဆိုးကိုလည်း ခပ်တိုတိုပါပဲ … […]


maung khinminAugust 6, 20121min08
ဘောင်းဘီချွတ်ပြီး ထမ်းထားတဲ့ကြယ်တွေလွှတ်ချရုံနဲ ့ ညှီနံ ့ကပျောက်သွားရောတဲ့လား ….. မိုးတိမ်တွေ ဘောင်းဘီဝတ်မှုက …. အနုပညာ ရသကို တစ်စိမ့်စိမ့်ခံစားလို ့ရတယ် ခေတ်ကိုမြစ်ထဲမျှောခဲ့တာ ….ခုထိ အဖတ်ဆယ်လို ့မှမရသေးတာ အမှိုက်သရိုက်တွေကြားထဲက … ဘဝတွေ ပေါလော …. ပေါ်သူလည်းပေါ် …. စုံးစုံးမြုပ်သူလည်း မြုပ် ဂုတ်ပေါ်ခွထိုင်လို ့ …. တစ်မြည့်မြည့်စုပ် ဒီလိုနဲ ့ ……………………………………. ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ဟာ … အကြောက်တရားအောက် မှာ ထင်သလောက်ခရီး မတွင်ခဲ့ကြ …၊ အမေကမွေး …. ထောင်ကကျွေး နိုင်ငံရေး တေးတစ်ပုဒ် နဲ ့….. အနာဂတ်အရေးအတွက် … ကိုယ့်အရိုးကိုယ်  သွေးခဲ့ကြရတာပါပဲ …. လွှတ်တော်နေလို ့  […]


naywoon niAugust 5, 20121min010
ဘာ သတင်းအချက်အလက် အသစ်မှလည်းမပေး အတင်းလို့ ပြောရအောင်လည်း စကားလုံးတွေပြည့်နှက်နေပြီး ငြီးငွေ့ဖွယ် စာမျက်နှာတွေပေါ်မှာ စာလုံးတွေ ပြည့်နှက်နေပေမဲ့လို့ အဓိပါ္ပယ် တစ်စုံတစ်ရာမရှိ…… အသံတွေ ဆူညံနေပေမဲ့လည်း ဘာအသံရယ်လို့မှ မဝေခွဲနိုင်အောင် ဆူညံလွန်းနေတော့ စိတ်ပျက်စရာ………………။ ယိမ်းထိုးနေတဲ့ မင်းရဲ့လက်တွေကလည်း ဘာကိုဆိုလိုတယ်ဆိုတာပုံဖော်မရ စည်းမကျ ဝါးမကျနဲ့ အရက်မူးသမားလမ်းလျှောက်လာတာတောင် မင်းလို ဗရမ်းဗတာ မနိုင်ပါဘူး ……..။ ငါတော့ကွာ မင်းရေးတဲ့စာတွေဖတ်မဲ့အစား မင်းဆိုတဲ့သီချင်းတွေနားထောင်မဲ့အစား မင်းနဲ့စကားပြောမဲ့အစားတော့ ငါတို့ရပ်ကွက်ထဲက စကားမပြောတတ်တဲ့ လူလည် အ,အ သာ အကြောင်းအရာ တစ်ရပ်ရပ်ကို အချေအတင်ငြင်းခုံလိုက်ချင်တော့တာပါပဲ………. နေဝန်းနီ


အနုပညာဆိုတာ… လျှပ်ကူးပစ္စည်းတစ်ခု ရင်းနှီးဖူးသူတိုင်း နှလုံးအထိ ကူးစက် ဓာတ်လိုက်လွယ်တယ်။ အနုပညာဆိုတာ… ဆန့်ထုတ်ထားသော ပင့်ကူကွန်ရက် အစေးကပ်စွမ်းအင်တွေကြောင့်… ဝင်တိုးမိသူတိုင်း ရုန်းထွက်ခက်တာချည်း။ အနုပညာဆိုတာ… အလျား/အနံ ကန့်သတ်ချက်မရှိ အတိုင်းအတာ သတ်မှတ်လို့မရ အနတ္တစကြာဝဠာ။ အနုပညာဆိုတာ… ရေလောင်းတိုင်းလည်း ပွင့်သောပန်း မဟုတ် ငွေပုံပေးတိုင်း ကျွန်စိတ်လည်း မမွေး လိပ်ပြာနိုးမှ ပျံတက်သော တောင်ပံ အနုပညာဆိုတာ… ပျားပိတုန်းတို့ ဝတ်မှုန်တန်ဖိုး သိသလိုမျိုး စားသုံးလို့ ခံတွင်းတွေ့သူတိုင်း သည်းခြေကြိုက် နတ်သုဒ္ဓါဖြစ်တယ်။ အနုပညာဆိုတာ… ရာစုသစ်ကို ခုတ်မောင်းနေသော ရထားတစ်စင်း အတိတ်သံလမ်းပေါ်မှာတော့… ဘီးအရှိန်အားတွေ သမိုင်းခြေရာထွင်းခဲ့…။ ။ စေပိုင်ထွဋ်(ပုသိမ်)


အသစ်…အသစ်သော အနုပညာဖန်တီးမှုထဲ ခင်ဗျား ပက်ကျိလို ရွေ့လျားနေရင်တော့ ပြတိုက်ထဲ အပယ်ခံ ကျောက်ဖြစ်ရုပ်ကြွင်းပဲ။ ခေတ်က နာရီတိုင်း/မိနစ်တိုင်းတောင် မဟုတ်တော့ဘူး။ စက္ကန့်မလပ် ရှင်သန်မှုအသစ်တွေ အမျိုးမျိုး ပြောင်းလဲနေတယ်။ လိုက်မမှီရင်… ဆိုက္ကားစီးမလား?/ဘတ်(စ်)ကားစီးမလား?/လေယာဉ်ပျံစီးမလား? ရွေးချယ်မှု မှန်ကန်ဖို့ ခင်ဗျားစဉ်းစားရလိမ့်မယ်။ ဓူဝံကြယ်လမ်းပြနေသော်လည်း… ခင်ဗျား ပညာကန်းရင် အလကားပဲ။ ထင်ရှားသော ရေမွှေးတိုင်းမှာ ကိုယ်ပိုင်ရနံ့ရှိကြတာချည်း ခင်ဗျား ရနံ့စစ်ဆိုတာရော အရောအနှောကင်းရဲ့လား။ အနုပညာတိုင်းတော့ ဒြပ်စင် မဖြစ်နိုင်ဘူး။ ဒီလောက ပင်လယ်ထဲ ခင်ဗျား ကူးခတ်ချင်တယ်ဆို သစ်ပင်အို အရိပ်အား မှီခိုရန်မသင့် ကိုယ်တိုင် သစ်ပင်ဖြစ်နိုင်အောင် ကျင့်ပါ။ မိမိ အရိပ်ဖြင့် ခရီးသွားတိုင်းအား ချွေးသိပ်နိုင်ပါစေ…။ ။ စေပိုင်ထွဋ်(ပုသိမ်)


marblecommetAugust 5, 20121min014
အခန်းထဲမှာ ပြေးလွှားနေကြတဲ့ ဝိဉာဏ်တွေဟာ ငါ့ကို လှောင်ရယ်နေကြတယ် ပြီးတော့ သူတို့ဟာ ငါ့စိတ်မှာ လောင်နေတဲ့ရနံ့ကို ခိုးယူ စားသုံးကြတယ် ဒါပေမဲ့ အခန်းထဲမှာ ငါမွေးထားတဲ့ ကြယ်တွေတောင် အတော်များလာပါပြီကော သူမ မောင်းထုတ်လိုက်တဲ့ သီချင်းကလေးတွေ ငိုလာကြပြီဆို ငါ့ ကြယ်ကလေးတွေကလည်း ဝမ်းနည်းကြတယ် ကြယ်ခမောက်နဲ့ ပန်းလိပ်ပြာမလေးက င့ါကို အမြစ်ကနေ တူးသွားတော့ ငါ့ ပင်စည်လည်း ဘိုင်းဘိုင်းလဲတယ် သူမရဲ့ ဆီလီကွန် နှလုံးသားကြောင့်(ပဲ) ငါ့ ရင်ခုန်သံလေး ကင်ဆာဖြစ်ခဲ့ရ မိုးဦးလေဦးလေးရယ် စံပါယ်တွေ မွှေးတိုင်း ရောက်ရာ အရပ်က အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ် မင်းဟာ ငါ့ရဲ့ နေ့နဲ့ ညကို စနစ်တကျ လောင်ကျွမ်းနေတဲ့ အအေးမြဆုံး မီးတောက်လေး တစ်ပွင့်မို့ လူငယ်တစ်ယောက်ရဲ့ နံရံကို […]