Mr. MarGaAugust 5, 20129min0
. . . . . . . . . . . . ကဗျာပြခန်း အမှတ်ခြောက်အထိ ချီတက်လာပါပေါ့ တစ်ခန်းထက်တစ်ခန်း ပိုလို့ ပိုလို့ ကြိုးစားနေတယ် ဆိုတာကိုလဲ အသိပေးချင်ပါတယ်နော့ အခု လောလောဆယ်တော့ ကဗျာဆောင်းပါး ကလေးနဲ့ပဲ စ လိုက်ရအောင်။   ဒီ ဆောင်းပါးကို အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်သွားပါမယ်။ ဆောင်းပါးအမည်က ကဗျာနှင့် ကဗျာဆရာ တို့၏ ထပ်တူမဖြစ်မှု ပဋိပက္ခ ဖြစ်ပါတယ်။ ဆောင်းပါးပိုင်ရှင်ကိုတော့ အဆုံးသတ်မှ ပြောပြမယ်နော်….. စာရွက်အမှတ် ( ၃ ) ကဗျာနှင့် ကဗျာဆရာ တို့၏ ထပ်တူမဖြစ်မှု ပဋိပက္ခ (၁) ကဗျာကို ဘယ်လို အဓိပ္ပာယ်သတ်မှတ်ကြသလဲ။ […]


maung khinminAugust 4, 20121min01
***ကဗျာ့ ကဗျာ  ***     ကာရန် နဲ ့ ကာရံ ထားတဲ့ ကဗျာ ခံစားချက် ရဲ့ …. စာမျက်နှာပေါ့…၊ အသံသာချင်သာမယ် … အကြံပါချင်ပါမယ် မှန်တာလည်း ရှိမယ် ဒဏ်ရာလည်း ရှိမယ်… ထိထိမိမိ … အရှိကို အသိ နဲ ့ ပေါင်းစပ် ဉာဏ်နက်ရင် လှ ရသ ပန်းပွင့် ….. ဝတ်ရည်ချိုမြ ပျားတို ့ရမယ် ….၊ စိတ်ကူးလွန်အတွေး နိမိတ် ပုံပြေးလမ်း ဝေးစမ်း ပြေးစမ်း တွေးစမ်း ရဲရဲ လူထဲ က ကဗျာ ဇွန်းပမာ သို ့ ဟင်းလျာ အရသာ မသိ ပါဘဲ […]


maung khinminAugust 4, 20121min08
*** ဧည့်သည်  ***     လူ ့ဘုံလောက … ခဏဧည့်သည် တဏှာနယ်၌ ….. ရေလိုက်ငါးလိုက် နေလိုက်သွားလိုက် …. မအားမလပ် အမှားဘက်ကျွံ ….. အတ္တနွံဝယ် ကုန်လွန်တိုက်စား…. ဇရာပါးလွှာ တရားမှန်မေ့ …. တစ်ရွေ့ရွေ့ဖြင့် သေနေ ့နီးကပ် … နှုတ်ဆက်လူ ့ရွာ သံသရာထဲ ….  ဘယ်ကိုလဲ ကွယ် ငါလည်းမထူး … လက်ပစ်ကူးသူ နင့်လိုလူ ပေါ့ …………………၊ ပေါ့လျော့အသိ …. ကိလေသာ မှာ သူသူ ငါငါ ….. ဉာဏ်မပါက အိမ်ယာအမှန် …. တစ်ဖန်ပြန်လှည့် ခံကွယ့် မလွဲ …. လွှဲဖယ်မရ အိုဘယ့်လူသား …. […]


maung khinminAugust 3, 20121min07
*** ဖန်မီးအိမ်ရဲ့အလင်းရှင်ကြီးဆရာမောင်စွမ်းရည်ရဲ့ကဗျာ့စွမ်းရည်ကို ကဗျာချစ်သူ တို ့တွေ့မြင်ကြရမှာပါ .. ဖတ်ရင်းနှင့်ပင်ကဗျာရှုသူ၏ စိတ်အစဉ်ကို ရယ်မောပျော်ရွှင်စေပါလိမ့်မယ်။ ကိုယ်တိုင်ခံစားကြည့်ကြပါကုန် …. .*** လေးစားလျက်….မောင်ခင်မင်( ကျွန်းချောင်း ) ……………………………………………………………………………………………………………………….. သားအကြီးက  စာရေးကြီး သမီးအကြီးက စာရေးမ သားအလတ်က  ကျောင်းဆရာ သားငယ်နှစ်ယောက်မှာ  ဘွဲ ့ရ အလုပ်ကတော့  ရှာဆဲပေါ့တော် ….။ အမေတောမှာ   စိတ်အေးချမ်းသာ နေသဟာကို ၊ မြို ့မှာနေဖို ့ သင်းတို ့ကခေါ် ဘုရားဖူးရင်း  လာပါနော် တဲ့ …။ သားအကြီးက  အိမ်ထောင်ကျတော့ ကလေး ၅ ယောက် ၊ နှစ်ယောက် အမေခေါ် ထိန်းရပါ သတော် …။ သမီးအကြီးက  အိမ်ထောင်ကျတော့ ကလေးက […]


maung khinminAugust 3, 20121min03
တိတ်တဆိတ် ခြေသံဖော့ဖော့ နဲ ့ … နှလုံးသားသော့ ကို ရိုက်ချိုး နတ်ဆိုးတစ်ကာင်လို … ရင်ခုန်သံကို ခိုးယူ သွားပေါ့ ….၊ အိပ်မက်ထဲကို … ကျူးကျော် နယ်ချဲ ့ စိတ်ကူးပုံရိပ်တိုင်း မှာ …. ကိုယ်ထင်ပြ အဲဒီက  ……..  စပြီး ငါ့ … အချိန် ဇယားမှာ  …. မင်း …. အာဏာရ လာခဲ့တာလေ ….၊ ကျောက်ချထားတဲ ့ …. ကြိုးကိုမှ တည့်တည့် ကြီး ဝင်တိုးခဲ့တော့ …. ယိမ်းထိုး ခါရမ်း လို ့နေ ……………..ပေါ့ သံယောဇဉ် ရဲ့ ..  ရေအလျင် မှာ ပဲ့ကိုင်ရှင် […]


naywoon niAugust 2, 20121min011
ခိုအိမ်လို ရှည်မျောမျောထဲကနေ လောကကြီးကိုချောင်းကြည့်ရင်း ပွဲတော်ရက်တွေရောက်ခါမှ အဝတ်သစ် အစားသစ်တွေနဲ့ လမ်းသလားနေကြတဲ့ ဆရာအောင်ချိမ့်ရဲ့ရပ်ကွက်ထဲက ခိုကလေးတွေရေ………….. မင်းတို့လေးတွေ ဒီနေ့လွတ်လပ်ကြတယ်ပေါ့….။ ဟုတ်လား….. တစ်နေ့ တစ်ထောင်စားခိုကလေးတွေ တစ်နေ့တစ်ထောင့်ငါးရာစားခိုလေးတွေ တစ်နေ့နှစ်ထောင်စားခိုလေးတွေ တစ်နေကုန်လို့မှ တစ်ပြားမှ မစားရတဲ့ အလုပ်လက်မဲ့ခိုလေးတွေ … ရေ………… မနက်ဖြန်ရောက်ရင် မင်းတို့လေးတွေ ခိုလိုညည်း ခိုဘဝပြန်ရောက်ရဦးမယ်… နောက်ထပ် ပွဲတော် မရောက်ခင်ထိပေါ့….။ ဒီကနေတော့ ပန်းခူးသွားမလား ဓါတ်ရှင်ကြည့်မလား လမ်းမပေါ်မှာပဲ လမ်းသလားနေကြမလား လွတ်လွတ်လပ်လပ်ပေါ့ကွယ်….။ နေဝန်းနီ


maung khinminAugust 2, 20121min010
ဒီလို ညမှာ … ကျွန်တော် ချစ်ရတဲ့ သူကပြောဘူးတယ် ကောင်းကင် ကြီးလိုလည်း … ကြယ်တွေ ကို … ရင်ဘတ်ထဲထည့်ဝှက် အပိုင်သိမ်းမထား ရက်ဘူးတဲ့ ………     ကုမုဒြာ ပန်းလေးလိုလည်း … လရောင် ရဲ့ အနမ်းအောက် မှာ  သူ မဘဝကို …. ….. ကျမပျောက် လိုက်ချင်ဘူးတဲ့…..       တစ်ကယ်တော့ … သူမဟာ နေမင်း ရဲ့ ….မှော်အလင်းတွေနဲ ့ သံယောဇဉ်  မကင်းလိုတဲ့ …. နေကြာ ပျို မလေးတစ်ပွင့် သာ ဖြစ်လိုခဲ့ … သူပါတဲ့ …     ဆိုင် […]


maung khinminAugust 2, 20121min010
ရယ်ပြီးရင် … မောရတတ်တယ်တဲ ့ … ဆရာအောင်သင်း ရဲ့ … စကား ခဏငှါး … နှလုံးသား ထဲ ပစ်ထည့်ထားလိုက်တယ်     အသားကျ နေတဲ့ … အမှားက ခါးတယ် အတ္တရဲ့ အမှောင်တိုက်မှာ …. ချဉ်ပတ်စော်နံ နေတဲ့…အနာဂတ် ထဲ ဘဝကို ဖြန် ့ကျက်လို ့ …. ရင့်ကျက်မလာခဲ့တဲ့ … လက်အစုံ သံသယ နဲ ့ … သံသရာ ကိုဖက်တွယ် ရင်း …. မိုက်တွင်း နက်နက် လာတယ်လေ …..     တိမ်ကို ခိုစီးဖို ့ ….ကြိုးစား ကိလေသာ မှာ […]


အာဂAugust 1, 20121min041
ကဒ်(၁) နှလုံးသား ခြေတစ်လှမ်းအတိုးမှာ လှုပ်မရအောင် ရစ်ပတ်ထားတာ….နွယ်ပင် ကဒ်(၂) လူတိုင်း တစ်နေရာရာ တစ်ချိန်ချိန် တစ်စုံတစ်ယောက်ကြောင့် အရစ်ပတ်ခံခဲ့ရမှာပဲ။ မိဘက သားသမီးကို သံယောဇဉ်နဲ့ တစိမ်းတစ်ယောက်က တစိမ်းတစ်ယောက်ကို သံယောဇဉ်နဲ့ နေ့စဉ်နဲ အမျှ ကမ္ဘာပေါ်ကရစ်ပတ်မှုများ။ ကဒ်(၃) ကျွန်တော်က သူမ ကို သူမက ကျွန်တော်ကို ချစ်ခြင်းများဖြင့်……။ ကဒ်(၄) မွေးကတည်းကနေ မသိခဲ့တဲ့ လက်နှစ်ချောင်း ၁ဝ စုနှစ်တစ်ခုကျော်မှ ဆုပ်ကိုင်မိချိန် နွယ်ပင် ကဒ်(၅) ချစ်ခြင်းရဲ့ အကြီးအကျယ်အမြစ်တွယ်ခြင်းမှ စလို့ နှစ်ယောက်သား ရစ်ပတ်လိုက်ကြ ကိုယ့်အတွက်…. ပင်ပင်ပန်းပန်း ချက်ထားတဲ့ သူမ ကိုယ်သင်းနံ့လေးက အိပ်ယာဝင် ပုံပြင်တိုင်းမွှေးလို့ အို……………… သည်း..။ မောင်…။ ဖေကြီး…။ မေကြီး…။ အဘိုး..။ အဘွား…။ […]


လက်စားချေခြင်းဆိုတာ… သံသရာလည်အောင် ပိုလှည့်နေသလိုမျိုး ရပ်တန်သွားမှာ မဟုတ်ဘူး။ သည်းခံဖို့အတွက် ရင့်ကျက်မှုလိုသလို စိတ်ထားမြင့်မြတ်မှ ခွင့်လွှတ်တတ်နိုင်မယ်။ ဆင်ခြင်စဉ်စား အတ္တပူဖာင်းအား စိတ်ကြိုက်လေမှုတ်သွင်းရင် နောက်ဆုံးမှာ… ပေါက်ကွဲပျက်စီးရတာချည်း။ သို့မို့ကြောင့်… ငြိမ်းချမ်းရေးတေးသံ ပုလွေအားမှုတ်ဖို့ ဝန်မလေးနှင့် ကိုယ်ချင်းစာတရား အနည်ကျအောင် ဓာတ်ခွဲဖော်ထုတ်ပါ မေတ္တာအရိပ်အား လူတိုင်း ခိုလှုံခွင့်ပေးပါ။ အဲ့ဒါဆိုရင်… အနာဂတ်ကမ္ဘာကြီးဟာ မီးတောင်လို မပေါက်ကွဲတော့ဘူး။ ကိုယ်လုံးတီး အရှက်မမဲ့တော့ဘူး။ ဘေးထွက်ဆိုးကျိုး မရှိတော့ဘူး။ အစာအဆိပ်မသင့်တော့ဘူး။ ရေတိမ်မနစ်တော့ဘူး။ နာမကျန်းမဖြစ်တော့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာဖို့သေချာပေါ့။ သန့်ရှင်းလတ်ဆတ် သက်တမ်းရှည်အုံးမည့် ဤကမ္ဘာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


ကဗျာဖတ်တတ်ချင်သူများအတွက် အဓိက အရေးကြီးဆုံးက စာတတ်မြောက်ထားဖို့ပဲ ဖြစ်ပါတယ်။ စာမတတ်မြောက်သူများအတွက် ကဗျာဖတ်တတ်ဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဖတ်ရှူသူနှင့် ကဗျာအား ဆက်သွယ်ပေးသော ကြားခံနယ်က မိမိ၏ ကိုယ်ပိုင်ဘာသာစကားဖြစ်သော စာကြောင်းများသာဖြစ်သောကြောင့်ပင်။ ထိုကြောင့် ပထမဆုံးမှာချင်တာက ကဗျာဖတ်တတ်ချင်လျှင် အနည်းဆုံးတော့ စာတတ်မြောက်ထားဖို့လိုကြောင်း ပြောလိုပါတယ်။ ဆရာ ကောင်းသန့်ရဲ့ ဒဿနစာအုပ်တစ်အုပ်မှာ မှတ်သားဖူးပါတယ်။ အဲ့ဒါက ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်းက ဘဝကောင်းဖို့ လမ်းကြောင်းပြောင်းလဲ ပေးနိုင်တယ် တဲ့။ အဲ့ဒီစာကြောင်းရဲ့အဆိုအရ ကဗျာဆိုရင် ကဗျာရဲ့ ဆိုလိုရင်းကို သိဖို့လိုသလို၊ စာဆိုရင်လည်း စာရဲ့ ဆိုလိုရင်းကို သိဖို့လိုပါတယ်။ သို့မှသာ ဖတ်သူက ရေးသားသူ၏ ရည်ရွယ်ချက်ကို ခြုံငုံသိရှိကာ နှလုံးသားအထိ အမြစ်တွယ်သွားပြီး ဘဝတိုးတက်မှုအတွက် ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အဲ့ဒီမှာ ဖတ်သူတို့အား တစ်ခု […]


တစ်ကြိမ်လောက်ပါပဲ… အဖေ လို့ အားရပါးရလေး ပြန်ခေါ်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေ့လက်မောင်းကိုကိုင်ပြီး ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေနင်းတဲ့စက်ဘီးနောက်က ခဏလေး လိုက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေ့လက်ရာ ငါးရံ့ဆန်လှော်ဟင်းပူပူလေး နည်းနည်းစားပါရစေ…   တစ်ကြိမ်လောက်ပါပဲ… သူချက်ကိုယ်ချက်နဲ့ မီးဖိုခန်းမှာ ဟင်းလုချက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ဟင်းချက်ရင်းနဲ့ အမေ့အကြောင်း တိုးတိုးလေး ပြောပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ငါ့သမီးပြန်လာပြီ ဆိုတဲ့ အသံလေး ကြားပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ညဘက်စကားပြောရင်းနဲ့ နင်းပေးပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေဝတ်နေကျ ဂျာစီအကျီတစ်ထည်လောက် ဝယ်ပေးပါရစေ…   တစ်ကြိမ်လောက်ပါပဲ… …….   တစ်ကြိမ်လောက်ပါပဲ…. ……….   တစ်ကြိမ်တွေများနေပြီ ထင်ပါရဲ့… […]


Pye Kun ZawJuly 30, 20121min09
အိုပျိုကညာ အချစ်ဆိုတာ သိလိုပါလျှင် ကျွန်ုပ်ရင်ခွင် ခိုဝင်လှည့်ပါ။   အိုပျိုကညာ မြတ်နိုးယုယ ကြင်နာသမှု အစဉ်ပြုမည် လေးနက်တည်ကြည် သစ္စာဆိုသည်။   အိုပျိုကညာ အပိုအလို အဆင်တန်ဆာ မာယာမပါ ဖြူစင်သန့်ရှင်း ရင်နှင့်နှင်းသော ချစ်ခြင်းအားဖြင့် တစ်ဘဝစာ ယုံလှည့်ပါတော့ အိုပျိုကညာ။