* ဘဝမှာ အနေလှဖို့ အခြေကျဖို့သာ ဦးတည် ရုပ်ဘဝကိုသာ အလေးမူမိလို့ တွေးတွေးပူရတဲ့ အနာဂတ်တွေလဲ မနည်းပါဘူး……… အမေ……။ * “စိတ်ထောင်းတော့ ကိုယ်ကျေ´´လို့ အမေ… ဆိုခဲ့ဖူးပေမယ့် အခုတော့…. ရုပ်ဝတ္ထုတွေက ပြန်ထောင်းလို့ ရာပေါင်းမကတဲ့ စိတ်တွေဟာလဲ ညက်ညက် ကျေနေရပြီ…. အမေ….။ * “လူကြံရင် သံတောင် အရည်ပျော်တယ်´´လို့ အမေ .. ဆိုခဲ့စဉ်က သား…. ဂုဏ်ယူ အားကျမိပေမယ့် အခုတော့…… အဲဒီ အရည်ပျော်တဲ့ သံတွေကြောင့်ပဲ အသက်တွေ အဖော်မဲ့နေရရှာပြီ.. အမေ…..။ * နေမင်းကြီး ဝင်သွားလို့ ငိုချင်းချ တနေမယ်ဆိုရင် ကျောဘက်က ထွက်လာမယ့် ရောင်စုံဖြာ နေတစ်စင်းကို အချင်း…. ဘယ်မြင်နိုင်မလဲ…ဆိုတဲ့ လမ်းညွှန်ချက်ကို လက်သုံး ငိုချင်းကို […]
