ခိုကလေးတွေ…….ရေ

naywoon niAugust 2, 20121min011

ခိုအိမ်လို ရှည်မျောမျောထဲကနေ
လောကကြီးကိုချောင်းကြည့်ရင်း
ပွဲတော်ရက်တွေရောက်ခါမှ
အဝတ်သစ် အစားသစ်တွေနဲ့
လမ်းသလားနေကြတဲ့
ဆရာအောင်ချိမ့်ရဲ့ရပ်ကွက်ထဲက
ခိုကလေးတွေရေ…………..
မင်းတို့လေးတွေ ဒီနေ့လွတ်လပ်ကြတယ်ပေါ့….။
ဟုတ်လား…..
တစ်နေ့ တစ်ထောင်စားခိုကလေးတွေ
တစ်နေ့တစ်ထောင့်ငါးရာစားခိုလေးတွေ
တစ်နေ့နှစ်ထောင်စားခိုလေးတွေ
တစ်နေကုန်လို့မှ တစ်ပြားမှ မစားရတဲ့
အလုပ်လက်မဲ့ခိုလေးတွေ … ရေ…………
မနက်ဖြန်ရောက်ရင်
မင်းတို့လေးတွေ ခိုလိုညည်း
ခိုဘဝပြန်ရောက်ရဦးမယ်…
နောက်ထပ် ပွဲတော် မရောက်ခင်ထိပေါ့….။
ဒီကနေတော့
ပန်းခူးသွားမလား
ဓါတ်ရှင်ကြည့်မလား
လမ်းမပေါ်မှာပဲ လမ်းသလားနေကြမလား
လွတ်လွတ်လပ်လပ်ပေါ့ကွယ်….။

နေဝန်းနီ

11 comments

  • နေဝန်းနီ

    August 2, 2012 at 10:00 pm

    ဒီနေ့ ညနေပိုင်း အပြင်ရောက်တော့ တစ်ရုံထဲရှိတဲ့ ရုပ်ရှင်ရုံ ရှေ့ မှာ လူတွေ စည်ကားနေလို့ ဘာဖြစ်သလဲ ဆိုတာ တော်တော်စဉ်းစားလိုက်ရတယ်…။ ထွက်လာမှ မထူးပါဘူးဆိုပြီး ထိုင်နေကျ လ္ဘက်ရည်ဆိုင်ထဲ ဝင်လိုက်မိတော့ မှ ဝါဆိုလပြည့်နေဆိုတာ သတိရတယ်…။ အဲ နောက်တစ်ဆက်ထဲ သတိရလာတာကတော့ ကဗျာဆရာ အောင်ချိမ့်ရဲ့ “ရပ်ကွက်” ဆိုတဲ့ ကဗျာလေးကိုပါ…။ ဒါကြောင့် ဒီကဗျာလေးကိုရေးဖြစ်တာပါ….။ 1988 လောက်နဲ့တူရဲ့ မိုးဝေ မဂ္ဂဇင်းမှာပါပါတယ်…။

    Reply

  • may flowers

    August 2, 2012 at 11:27 pm

    ခိုလေးတွေရေ တဲ့ ………..ကဗျာလေးကိုဖတ်ပြီး ခံစားသွားပါတယ်ကိုနေဝန်းနီရှင့်။

    Reply

  • ရဲစည်

    August 3, 2012 at 12:03 am

    အာစိ သားငယ်ငယ်က ကဗျာမို့
    ခုမှဖတ်ရသော်လည်း အနှီကဗျာမှာ မအိုသေးကြောင်း(ကဗျာဆြာတော့ အိုပီလား မသိ :mrgreen:) ခံစားရပေ၏

    မှတ်ချက်။ ။ အိုပီ OP အစား အိုပြီဟု ပြင်ဖတ်ပါရန် 😛

    Reply

    • ရဲစည်

      August 3, 2012 at 2:05 am

      အော မေ့သွားလို့ဗျ
      အူးလေးရဲ့ ကဗျာကို ကြိုက်တယ် ဆိုတဲ့အကြောင်း
      ထောင်စရာ မရှိလို့ ဖြစ်သလို ထောင်သွားကြောင်း

      Like :mrgreen:

      Reply

  • nozomi

    August 3, 2012 at 1:10 am

    ခိုအိမ်ထဲ က ခိုတစ်ကောင်က
    လမ်းသလားနေတဲ့ ခိုလေးတွေအကြောင်းဖတ်ရင်း
    အားကျနေလေရဲ့

    Reply

  • ကြောင်ကြီး

    August 3, 2012 at 10:41 am

    ခိုဂလေးတွေ
    ငိုကြွေးနေ
    ချိုမအေးပေ
    ညိုထွေးဖြေ
    ဗိုလ်အေးအဖေ
    ှုဂျိုသွေးနေ
    မှိုဖွေးတထွေ
    ဆိုဈေးရွှေ..။

    Reply

  • Khaing Khaing

    August 3, 2012 at 10:58 am

    ကဗျာလေးကိုဖတ်ပြီး ကဗျာရဲ့အနှစ်သာရကို သေသေချာချာစဉ်းစားသွားပါကြောင်း …..

    Reply

  • Rose Minn

    August 3, 2012 at 1:04 pm

    ” အော် ငါလဲလေ ခိုတစ်ကောင် အဖြစ် ဘဝမှာ လျှောက်လှမ်းမိနေပါသလား”
    ကိုနေဝန်းနီရေ Rose ဖြင့် ခို ဖြစ်မှန်းမသိ ဖြစ်နေတာ ကို ကဗျာဖတ်မိမှ သိတယ်။ အနားမှာ အငြီးခံရတဲ့ သူငယ်ချင်းတွေကို အားနာမိသား ဗျာ။

    Reply

  • မောင်ပေ

    August 3, 2012 at 1:26 pm

    ခိုကလေးတွေ ဘိုစိန်မှန် ့ဆီ ကို မရောက်ဖို ့အရေးကြီးတယ်လို ့ပြောပါရစေ…
    ဟီဟိ

    Reply

  • manawphyulay

    August 3, 2012 at 5:43 pm

    ခိုကလေးတွေ နားခိုရာ
    ဆူးလေးဘုရားမှာ…
    မနောဖြူလေး ခိုလိုညီး…
    ခိုကလေးတွေ ထွက်ပြေးသေး…. 😛

    Reply

Leave a Reply

Your email address will not be published.