***မစံပါယ်သို ့***

maung khinminAugust 22, 20121min07
 

***မစံပါယ် သို ့***

 

 

ပန်းပွင့်စံပါယ်   ပုဏ္ဍကွယ် ဘေး

ကြယ်လေးတွေအလား    ဖွေးဖွေးခါလှုပ်

ပြုတ်ကျမြေမှာ   ကြွေကာပက်လက်

မိုးလေပက်ဖျန်း   ကြမ်းတမ်းလိုက်တာ

စာနာ မထား    ဦးဖျားခြွေချ

မြေသို ့ခပေါ့ ………….၊

 

 

ရေက သယ်သွား   ပန်း တဲ့လားကွယ်

နွမ်းလို ့မကြွေ   လန်းဝေ ခိုက်တံ့

လန် ့လိုက်တာကွယ်   ညှာတံရယ်က

လေကအပင့်   မိုးစက် လွင့်မှန်

ကြွေပြန် ပက်လက်   ရက်စက်လိုက်တာ

ခါခါ မြင်ရ    ရင်ဝမှာဆို ့

သနား လို ့ပါ     ပန်းမို ့သာထင့်

သူ ့အဖြစ်က   မြင်ရ ကျွန်တော်

ဘယ်သို ့ ပျော်ပ   ကဗျာ မရ

စာမလှ ပေါ့     လှည့်ပြန် ခဏ

မမြင်ရ လို    ထိုထို မြင်ကွင်း

သက်ပြင်း ခြွေချ    ကလောင်ချ ကာ

ခြင်ထောင် မ/လိပ်    ဝင်အိပ်လိုက်တယ် …။။။

 

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၂.၈.၂၀၁၂

 

 

 

 

7 comments

  • မဟာရာဇာ အံစာတုံး

    August 22, 2012 at 5:18 pm

    မောင်ခင်မင်ရေ ..
    အထက်က စံပါယ်ပန်းလို အဖြစ်မျိုး ..
    အပြင်မှာ (မှုခင်းသတင်းတွေထဲမှာပေါ့) ဖတ်ရ၊ မြင်ရတဲ့အခါ ..
    သက်ပြင်းသာ ချခဲ့ရုံပဲ ရှိခဲ့ရပါတယ် ..
    ကဗျာလေးကို အားပေးသွားပါတယ်ဗျာ ..

    Reply

  • ရွှေ ကြည်

    August 22, 2012 at 5:35 pm

    ကိုခင်မင်ရေ မိုးလေမချွေခင်ဦးအောင်ခူးထားလိုက်ရမှာ။ ဒါမှဘုရားတင်ချင်တင်၊ ပန်လိုသူပန်ပေါ့။
    အခုတော့ နှမြောစရာနော်။
    ဖတ်ရှုခံစားသွားပါတယ်နော်။

    Reply

  • မောင်ပေ

    August 22, 2012 at 7:33 pm

    ခြင်ထောင်မလိပ်
    ယင်ကောင်ကပိတ်
    ဆင်တောင်ထရိတ်
    မြင်နောင်ညအိပ်

    Reply

  • သုရှင်

    August 23, 2012 at 9:09 am

    ပန်းပေမယ့် နွမ်းကြွေသွားတာတောင်
    မွှေးနေတာက တော ့ ခရေပါ။
    ( ဆိုင်ဆိုင်မဆို်င်ဆိုင်…ဟဲဟဲ)

    Reply

  • ကြောင်ကြီး

    August 23, 2012 at 9:25 am

    စံပယ်ကုံး
    အလွယ်သုံး
    တကယ်မုန်း
    အငယ်ဆုံး
    ဖလှယ်ပြုံး
    ရွယ်တုံး
    ကယ်အုံး..။

    Reply

  • manawphyulay

    August 23, 2012 at 11:07 am

    စပယ်တော့ လန်းနေချိန်မှာ မွှေးပေမယ့် နွမ်းချိန်မှာ အနံ့မရတော့လို့လားမသိဘူး
    ခရေလောက် သဘောမကျဘူး။

    Reply

  • လေပြေ ရိုင်း

    August 23, 2012 at 2:56 pm

    မမြင်ရ လို ထိုထို မြင်ကွင်း
    သက်ပြင်း ခြွေချ ကလောင်ချ ကာ
    ခြင်ထောင် မ/လိပ် ဝင်အိပ်လိုက်တယ် …။။။
    (မီးပျက်သွားတာလား ကိုခင်မင်ရေ…)

    ပန်းဘဝ
    နွမ်းရှ
    လွမ်းလျှ
    မြေသို့ကျ
    “ဘုတ်” ။…

    Reply

Leave a Reply

Your email address will not be published.