သူတို့ခေါင်းမှာ (ခင်ဗျားတို့ခေါင်းမှာ) သန်းတွေကို ပန်းလိုမြန်း

SawAungAugust 28, 20121min06
ထာဝရတစ်ခုကို တဒင်္ဂလေး သိမ်းထားလိုက်တယ်။ မီးလျှံ။
တစ်သံသရာလုံးစာ မသထာရေစာတွေ အငတ်မပြေသေး
ချစ်ခြင်းမေတ္တာဟာ ကျောရိုးကို ကျားကန်ထားတဲ့ ကျောထောက်နောက်ခံတွေနဲ့
အလွဲ။ အစွဲအလန်းဆိုတာကိုက အလန်းတွေကို စွဲနေတာ
ဘဝဟာ ခုနှစ်ကြယ် မပြည့်တဲ့ မြေပုံတွေကို မှားမှားယွင်းယွင်း သုံးစွဲခဲ့
ကျယ်လောင်နေတဲ့ ကြယ်တွေကြား ကျိုကြားကျိုကြား ငါ့အကြားတွေ လွဲ
ဟစ်အော်လိုက်ပါ ရယ်သွမ်းသွေးလိုက်ပါ ရှောလမုန်ဟာ ငါ့ရင်မှာ တဆစ်ဆစ် အနာ
ဒုက္ခတွေက စော်အလန်းယောင်ဆောင် ဖြတ်လျှောက်နေတာ ဆစ်ဆစ်ဆစ်နဲ့ပဲ
ကိုယ်ငေးကြည့်ရင်း ခဏခဏ ချော်လဲတယ်
ခင်ဗျား အသံသိပ်ကျယ်နေတယ် (ကျေးဇူးပြုပြီး Volume နည်းနည်းလျှော့)
ကိုယ့်လူမျိုးကိုယ် ချစ်ကြောင်း မပြောခင် ကိုယ့်ကိုယ်ကို ချစ်ကြောင်းအရင်ပြောပါ
“တိုင်းပြည်အလုပ် တကယ်လုပ်သူတွေဟာ ………..
တဖြည်းဖြည်း စုတ်ပြတ်သပ်လာမှာ ..” (ဗိုလ်ချုပ်အောင်ဆန်း)

အဲဒီစကားကိုပဲ ကိုးကားပြောမယ် (ခင်ဗျားအဝတ်တွေ ခုထိတောက်ပြောင်နေတုန်းမလား)
အစွဲအလန်းဆိုတာ အလန်းတွေကို စွဲနေတာ (သိပ်ဟုတ်၊ လွတ်ဟုတ်)
ခပ်လန်းလန်း အိပ်မက်တွေကို မက်ရင်း ခပ်စုတ်စုတ်သေခဲ့ကြ
ရေကြည်ရာ မြက်နုရာ ဘဝတွေက ခွေးလို ဝက်လို ရုန်းကန်
ဆေးချက်မဲ့နေတဲ့ (ဘောင်မရှိတဲ့) ပန်းချီတစ်ခုလို ဖြစ်တည်ခြင်းတွေ
ချစ်ခြင်းတရားဟာလည်း ဒီမြို့ပျက်ထဲမှာ အသေအကြေများခဲ့
ခပ်သိမ်းသော မျှော်လင့်ချက်တွေဟာ ခပ်ပြီး သိမ်းသွားခဲ့ပြီ ရင်ခတ်ပန်း
တိုင်းပြည်ဟာ အဝတ်တွေကို မီးပူမတိုက်ရသေး ငါကြွေနွမ်း
ချမ်းလှချည်ရဲ့ ခေတ်ကြီးရယ် ငါ .. မင်း .. အွန်လိုင် .. မဂ္ဂဇင်းများကို ငါဟာ လွမ်း
နမ်း။ အရမ်းကာရော အစွမ်းထက်နေခဲ့တာ မဟုတ်ဘူး။ တမ်းတရင်း တဝါးဝါး စမ်း
ခေတ်ပျက်ထဲမှာ အလျှောက်ပျက်ရတယ် လမ်း ..
ဒါဟာ ပန်းမဟုတ်ဘူး ငါသိတယ်
ငါတို့ကျောင်းဝန်းထဲက စိန်ပန်းပင်ကြီးလို
ငါတို့ကျောင်းဝန်းထဲက စိန်ပန်းပင်ကြီးလိုနဲ့
အသက်ရှူကြပ်တိုင်း ပန်းပွင့်နီနီတွေကိုပဲ မင်းတို့ အန်ချ
ဒါ…. သိပ်ကိုလှတဲ့ ဇာတ်ကွက် (ဒါမှမဟုတ်) ဇာတ်လမ်း
သေသေချာချာပြောရရင်
ဒါမလွမ်းလောက်ပါဘူး။ ခန်း။
ကောင်းကင်ကို မော့ကြည့်လိုက် .. လင်းလက်နေတဲ့ ကြယ်ပွင့်တွေ
မမြင်နိုင်ဘူး (မြင်ရမှာ မဟုတ်ဘူး) တိမ်မှောင်တွေ ကွယ်ဖုံးနေကြ
တိမ်လွှာထက် မပျံနိုင်သေရွေ့ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး
ခုထက်ထိ ပြောင်းလဲနေပေမယ့် အဟောင်းတွေက ကောင်းနေကြပေမယ့်..
အချို့ကို လွှင့်ပစ်ထားခဲ့တာ ကြာပြီ ပေါ်ပင်ဟာ ဒီခေတ်ထိ ခေတ်စားဆဲ
စွန့်ခဲ့တဲ့ သွေးတွေ ချွေးတွေ နှလုံးသားတွေ မေ့ထားလိုက်
ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့သူတွေ အများကြီး
ခွေးလို ဝက်လို ခေါက်တွန့်ကြေနေကြတဲ့ ဘဝတွေ.. ဘယ်သူရုန်းထွက်နိုင်ကြသေးလဲ
ပြန်စဉ်းစား ပြန်စဉ်းစား … ဒီဘဝတွေထဲက ပြန်စဉ်းစား ..
တစ်ကနေ မစနိုင်ပေမယ့် တစ်ယောက်ကပဲ စလိုက်
အားလုံးဟာ တိုက်ပွဲဝင်မယ့် သူတွေချည်းပဲ။ ကြမ်း။
ယွင်းပေမယ့် ငါမမှားခဲ့သေးဘူး ရိုးတဲ့ အဆန်း
ပုံစံဆိုတာနဲ့ သတိဆွဲနေတဲ့ ဘဝတွေကြား ငါတို့ဘဝတွေဟာ အကန်း
သဖန်းပင်ကို ကိုယ်စားပြု မင်းအတ္တကို ငါဆင်မြန်း
ပြန်ပြီးတော့ ထမ်း ။    ။
မောင်ရေချမ်း၊ ရင်နင့်အောင်၊လခြမ်းအိမ်၊ အောင်မိုးသူ

6 comments

  • နေဠု ဝင်း

    August 28, 2012 at 12:37 pm

    ဟုတ်လို့လား။

    Reply

  • ကိုယ့်လူမျိုးကိုယ် ချစ်ကြောင်း မပြောခင် ကိုယ့်ကိုယ်ကို ချစ်ကြောင်းအရင်ပြောပါ
    “တိုင်းပြည်အလုပ် တကယ်လုပ်သူတွေဟာ ………..
    တဖြည်းဖြည်း စုတ်ပြတ်သပ်လာမှာ ..” (ဗိုလ်ချုပ်အောင်ဆန်း)

    Reply

  • မောင်ပေ

    August 28, 2012 at 9:54 pm

    ပန်းလိုမြန်း
    အရမ်းကိုလန်း
    စမ်းလိုနမ်း
    အမ်းပိုရမ်း
    ငန်းအစ်ကိုရှမ်း

    Reply

  • maung khinmin

    August 30, 2012 at 10:42 am

    ခေါင်းမှာသန်းတွေ …..
    ပန်းတွေလို …. ဝေလို ့
    နွမ်းကြေ နေတဲ့ ….. ဘဝအထွေထွေ
    မဝရေစာ တွေနဲ ့ နပန်းလုံးးးးးးးးး
    လူတစ်လုံး သူတစ်လုံး …. ယူမဆုံးကြ
    ဒါဟာ ………………………………..
    ဘ ဝ ထဲ က …. ကဗျာတစ်ပုဒ် ။။။။

    Reply

  • ma ma01306

    September 1, 2012 at 2:29 pm

    ခုထက်ထိ ပြောင်းလဲနေပေမယ့် အဟောင်းတွေက ကောင်းနေကြပေမယ့်..
    အချို့ကို လွှင့်ပစ်ထားခဲ့တာ ကြာပြီ ပေါ်ပင်ဟာ ဒီခေတ်ထိ ခေတ်စားဆဲ
    စွန့်ခဲ့တဲ့ သွေးတွေ ချွေးတွေ နှလုံးသားတွေ မေ့ထားလိုက်
    ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့သူတွေ အများကြီး
    ခွေးလို ဝက်လို ခေါက်တွန့်ကြေနေကြတဲ့ ဘဝတွေ.. ဘယ်သူရုန်းထွက်နိုင်ကြသေးလဲ
    ပြန်စဉ်းစား ပြန်စဉ်းစား … ဒီဘဝတွေထဲက ပြန်စဉ်းစား ..

    Reply

  • Mobile

    December 16, 2012 at 2:07 pm

    အားပေးသွားပါကြောင်းးးးးးးးးးးးးးးး

    Reply

Leave a Reply

Your email address will not be published.