ချစ်ခွင့်…………

ကာရံOctober 12, 20121min07

တစ်ရွှေ့ရွှေ့ ရွှေ့လျှားနေတဲ့တိမ်

တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ်

မာနပြင်းပြင်းနဲ့ စီးကျလာတဲ့ ရေတံခွန်တွေကြားမှာ

စီးမျောရင်း ငါ့ရဲ့စိတ်ကလေးကိုရွှက်လွှင့်လို့

အချစ်ဆိုတဲ့အက္ခရာကို ငါနားလည်အောင်ကြိုးစားနေမိတယ်ချစ်သူရယ်

ငါကဘဲညံ့လို့လား အချစ်ကိုနားမလည်လို့လားတော့မသိ

မျောချင်တိုင်းမျောနေခဲ့မိတာ အခုဆိုငါ့ဘေးမှာသောကတွေပေါလို့နေခဲ့ပြီလေ

ချစ်သူရယ် ငါသိပ်ချစ်တယ်ဆိုတာကို မင်းလေးတစ်ယောက်သိရင်လေ

ရိုးသားစွာငါပြောခဲ့ချင်ပါတယ် ပြောချင်တာလေးက……………

သူ့အချစ် သူ့အမုန်း သူ့အပြုံးအောက်မှာ

ငါလေချစ်တာသူ့တစ်ယောက်ထဲ

နေရောင်လရောင် ကြယ်ရောင်အောက်မှာ

ငါ့နှလုံးသား ဒူးထောက်စွာ ကျဆုံးနေဆဲပါကွယ်………..

ပိတောက်မိုး

7 comments

  • padauk moe

    October 12, 2012 at 10:37 pm

    ခေါင်းစဉ်လေး ရေးဖို့ ကျန်သွားလို့နော် ခေါင်းစဉ်လေးက
    ချစ်ခွင့်…………

    Reply

  • ငါ့နှလုံးသား ဒူးထောက်စွာ ကျဆုံးနေဆဲပါကွယ်………..

    ဒါလေးက လှတယ်ဗျာ
    ဒူးထောက်စွာ ……………..ဆိုတာဘယ်သူမှမသုံးဘူးသေးဘူး မိုက်မှမိုက်

    Reply

  • Mobile

    October 12, 2012 at 11:16 pm

    အချစ်ဆိုတာရယူခြင်းမှဟုတ်ဘဲမဏိစန္ဒာ ပိုးအိစံ
    ရယူခြင်းမဟုတ်ရင်အချစ်ကဘာလဲ ငါ့ကိုပြောပြထားခဲ့ မျိုးကြီး
    အချစ်ဟာအဖြေရှာမရတဲ့ပုဒ်စာ တခါတတစ်ရံမှာအချစ်ဆိုတဲ့အရာနဲ့
    ဆုံစည်းလိုက်ချင်လဲ တခါတစ်လေတော့အချစ်နဲ့ဝေးချင်တယ်

    Reply

  • မောင်ပေ

    October 14, 2012 at 1:50 pm

    ချစ်သူရယ်
    ငါနင့်ကို သိပ်ချစ်တယ်
    နင်ငါ့ကို ပြန်ချစ်ပေး
    တစ်သက်လုံး နင်ဟာ ငါ့ရဲ ့နံပါတ်တစ်ဖြစ်စေရမှာ
    လုံးဝ သေချာ ကတိပေးနိုင်ပါတယ်ကွယ်

    Reply

    • အိုက်ဒါ …
      မဒမ်ပေကို ပိုးခဲ့ ပန်းခဲ့တုန်းက
      ပြောခဲ့တဲ့ စကားတွေလား …
      :kwi:

      Reply

  • Onyx

    October 15, 2012 at 11:08 am

    အော်အချစ် အချစ်……..တစ်ခါတစ်ခါတော့ သေလောက်အောင်ကို စိတ်နာတယ်

    Reply

Leave a Reply

Your email address will not be published.