ကာရံည………

ကာရံOctober 16, 20121min02

သိပ်ပြီးရှေးမကျသလို

ခေတ်ကိုလည်း အလွန်ပါဘူးချစ်သူရယ်

ယဉ်တစ်ကိုယ် အပြုံးလေးတွေက

မောင့်ရင်ကို စွဲငြိစေခဲ့တာ

အခုဆို နှလုံးသားလေးက

အမြစ်တွယ် ကြီးထွားလာပြီလေ

ရိုးရိုးလေးနေတက်တဲ့ အမှုအကျင့်က

မောင့်အတွက်တော့ ကာရံညလေးတွေပေါ့

ရိုးသားတဲ့ ခွန်းတုံ့စကားလုံးလေးတွေက

မုသားတစ်လုံးမှ ပါမလာတာ

ချစ်သူရဲ့ နှုတ်ခမ်းက ပိတ်ပင်ထားပေးတယ်နော်

မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ငြို့ချက်အပြည့်နဲ့

ထွက်ခွာမရအောင် ဆွဲဆောင်မှုကိုတော့

မောင်လေ ချီးကျူးမိပါရဲ့

ထွက်သွားချင်တာမဟုတ်ပါဘူး ချစ်သူရယ်

ရုန်းထွက်လို့ မရတာပါ

ငြို့ချက်တွေအောက်မှာ ပြုံးပြုံးလေး ခေါင်းညိမ့်ရင်း

ချစ်သူပြောတဲ့ အိပ်ရာဝင် ချစ်စကားလေးတွေကို

နားဆင်ခွင့်လေး ပေးလှည့်ပါတော့နော်…………

ပိတောက်မိုး

2 comments

  • မောင်ပေ

    October 15, 2012 at 8:42 pm

    ကာရံည
    နှာကန်ကြွ
    ဆရာထံမှ
    မြှာပြန်မရ
    ညာသံပြ

    Reply

  • padauk moe

    October 15, 2012 at 8:43 pm

    ဟုတ်ပ

    Reply

Leave a Reply

Your email address will not be published.