တိတ်တခိုး အနမ်းတစ်ပွင့်

ကာရံOctober 30, 20121min02

ခဏလေးဘဲ ဆုံမိခဲ့တယ်

ငါ့နှလုံးသားကို မြန်နှုန်းမြှင့်ပေးခဲ့တယ်နော်

တစ်ဘဝလုံးအတွက် ရင်းနှီးတော့မယ့်

မင်းလေးရဲ့ အချစ်နန်းတော်ထဲကို

ဝင်လာဖို့ ငါ့နှလုံးသားတွန်းအားပေးမှုကို

မလွန်ဆန် နိုင်တော့ဘူးကွယ်

ငြို့သွားတဲ့ မျက်ဝန်းတစ်စုံက

ငါ့အတွက်တော့

ညအိပ်ရာဝင် ပုံပြင်လေးဖြစ်တည်နေပြီလေ

မျက်လွှာလေး ပိတ်လိုက်တိုင်း

မင်းလေးရဲ့ အရိပ်ကို ခွာမရအောင်

ဘယ်တန်ခိုးနဲ့များ ဖန်းစားလိုက်တာလဲကွယ်

တစ်ခဏလေးအတွင်းမှာ အချစ်ဆိုတာကို

မွေးဖွားလာအောင် ဖန်တီးပေးခဲ့တဲ့

မင်းလေးကိုတော့ ငါရဲ့အိပ်မက်ထဲမှာ

တိတ်တခိုးနမ်းမိခဲ့တယ် ချစ်သူရယ်…..

ပိတောက်မိုး

2 comments

  • မောင်ပေ

    November 3, 2012 at 9:40 pm

    တိတ်တခိုးနမ်း
    ဆိတ်ပုဆိုးကြမ်း
    ကိတ်တစ်မျိုးစမ်း
    လိပ်ဂျပိုးသမ်း
    သိပ်ရိုးမလန်း
    အိပ်သိုးဂွမ်း

    Reply

  • မမလေး

    November 8, 2012 at 1:13 am

    တိတ်တခိုး ခံစားချက်နှင့် ခံစားသွားပါသည် …

    Reply

Leave a Reply

Your email address will not be published.