ဆိုးမွေ

naywoon niOctober 30, 20121min05

ရိုးရာ ယဉ်ကျေးမှု ဆိုတာကို
သက်ဆိုးရှည်စေချင်တာနဲ့ပဲ
မနေ့က မှားပြီးသား အမှားတွေကို
နောက်ဆက်တွဲ ဇယားနဲ့သယ်ယူလာပြီး
ဒီကနေ့ ဆက်မှားလိုက်ကြ
နောက်နေ့ အတွက်တောင် စရံသတ်လိုက်ကြသေး….။
ကိုယ်တိုင်တွေးတောကြံဆထားတဲ့
အသုံးမကျတဲ့ အတွေးအခေါ်တင်မဟုတ်
လက်လှမ်းမှီရာက သုံးစားမရတဲ့ အတွေးအခေါ်ပါသွတ်သွင်းရင်းနဲ့
ရှေ့ကလက်ဆင့်ကမ်းသွားတဲ့ ယဉ်ကျေးမှုဆိုတာ
ကြာလေ ပုပ်အဲ့လာလေပဲ….။
ဒီလိုနဲ့ပဲ
နောက်မျိုးဆက်တွေကို
သုံးစားမရတဲ့ အမွေတွေ
လက်ဆင့်ကမ်းပေးဝေနေလိုက်ကြပေါ့………..။

နေဝန်းနီ

5 comments

  • စိန်ဗိုက်ဗိုက်

    October 31, 2012 at 10:19 am

    ဘိုးနေ
    ဆိုးမွေ
    အိုးပေ
    ဂျိုးခွေ
    .
    :harr:

    ဘိုးနေ
    ဆိုးမွေဆိုတာ ဘာလဲ..သောက်ရင်မူးလားဗျ

    Reply

  • kyeemite

    October 31, 2012 at 11:08 am

    သုံးစားမရတဲ့ အမွေတွေ
    တော့ ကိုယ်ကလည်းမယူ
    သူ့ကိုလည်းမပေး
    ခပ်ဝေးဝေးထားလိုက်တာ
    ဝမ်းရေးအတွက် စိတ်အေးရပါတယ်…(လျှောက်ရေးကြည့်တာပါ…)
    :harr:

    Reply

  • နေဝန်းနီ

    October 31, 2012 at 9:02 pm

    ကိုယ်ကလည်းမယူ
    သူ့ကိုလည်းမပေး
    ခပ်ဝေးဝေးထားလိုက်
    ……….. လို့ ကိုကြီးမိုက်ကပြောနေပေမဲ့ ကိုယ့်မျက်စေ့ရှေ့ ကိုယ်ကြားနိုင်မဲ့ နေရာလောက်ကနေ လာလာ လုပ်နေတာကြ ရင်ထဲ ကျလိကျလိနဲ့ပါဗျာ…။ မရေးတော့ဘူးလို့ဟာ မနေနိုင်တာနဲ့ကောက်ရေးမိတာ …….။ ရေးချင်အောင်ကို ရှေ့လာလာ လုပ်ပြ နေတာကိုးးးးးးး ဗျ…။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး နေနိုင်ရင်တော့လည်း အကောင်းသား …..။

    Reply

  • မောင်ပေ

    November 1, 2012 at 10:12 am

    ဆိုးမွေ
    အမျိုးတွေ
    ခိုးနေ
    ထိုးမွှေ
    အိုးတဆေ

    Reply

  • မမလေး

    November 8, 2012 at 1:14 am

    မောင်ပေတို့တစ်ယောက် … ဘယ်လိုပြောရမလဲ … အဲ့လိုမျိုးရေးတာကျွမ်းတယ်နော်

    Reply

Leave a Reply

Your email address will not be published.