လှည့်စားခြင်း

ကာရံNovember 12, 20121min01

နာကျင်နေတဲ့ နှလုံးသားကို

မင်းဘာများထက်ပြီး ဒုက္ခတွေပေးဦးမလို့လဲ

အနိုင်ယူတက်တဲ့ မင်းလေးရဲ့စိတ်ထားတွေက

ငါ့အတွက်တော့ သိပ်ခါးတဲ့ ဆေးတစ်ခွက်ပါကွာ

အပြုံးပန်းမရှိတော့တဲ့ မင်းလေးရဲ့ ကမ္ဘာထဲမှာ

ငါယစ်မူးနေခဲ့တာ သိပ်ချစ်ခဲ့လို့ဘဲလေ

မပြစ်မယူတက်ပေမယ့် ချစ်သူကတော့

ချိုမြိန်တဲ့ ချစ်စကားတွေကို မာယာသုံးပြီး ပြောတုန်းဘဲနော်

ငါမသိခဲ့ရိုးမှန်ပေမယ့် ငါ့နှလုံးသားက မုန်းလို့မရတာ

မွေးကထဲက အမုန်းဆိုတာကို ပါမလာခဲ့တာလား

မင်းသင်ရိုးထဲမှာ ငါမသင်ကြားမိခဲ့တာလားလေ

ငါကျေနပ်ရမှာပေါ့ အချစ်ဆိုတာ မင်းလေးပေးမှ

ငါခေါက်ရိုးကျေခဲ့ရပြီလေ

ငါဝန်ခံမိပါတယ် ချစ်သူ

အချစ်လို့ဘဲမုန်းမုန်း

ငါ့နှလုံးသားကတော့ မင်းလေးအတွက်

အပြုံးတွေဘဲဆိုတာကိုပေါ့

တစ်ခုတော့ ပြောခဲ့ချင်ပါတယ်

လောကကြီး တစ်ပတ်လည်တဲ့တစ်နေ့

မင်းလေးရဲ့ အချစ်တွေ အပြစ်မရှိစွာနဲ့ဘဲ

ရင်ခွင်သစ်တစ်နေရာမှာ ခိုနားခွင့်ရပါစေပေါ့

ပိတောက်မိုး

One comment

  • အလင်းဆက်

    November 12, 2012 at 7:36 pm

    စကားလုံးတွေ… သုံးနိုင်လိုက်တာ သက်ကယ်ချင်း ရာ…

    ကောင်းပါ ့

    Reply

Leave a Reply

Your email address will not be published.