စိမ်းလန်းသော ကမ္ဘာမြေ

ကာရံNovember 14, 20121min00

ကြည့်စမ်းပါဦးကွာ

ဒေါသတွေနဲ့ ရှင်ပြိုင်နေလိုက်ကြတာ

အေးခြမ်းနေတဲ့ လောကကြီးတောင်  တုန်ဟီးလို့နေပြီနော်

အာဏာတွေနဲ့ မင်းမသိမ်းပိုက်ချင်စမ်းပါနဲ့ သူငယ်ချင်း

အစိုးမရတဲ့လောကကြီးရဲ့ အလယ်မှာ မင်းလေးတစ်ယောက်

သောကတွေဝေမယ့်တစ်နေ့ကို ငါမကြည့်ရက်လို့ပါ

အကျိုးမဲ့ အငြိုးဖွဲ့နေမယ့်အစား စာနာစိတ်ကလေးနဲ့

ညှာတာပေးလိုက်မယ်ဆိုရင် သိပ်သေချာတာပေါ့

မဖိတ်ခေါ်ဘဲရောက်လာမယ့် ပျော်ရွှင်ခြင်းတွေက

မင်းလေးအောက် အစဉ်ဒူးထောက်နေမယ်ဆိုတာ

ပြေးကြည့်မနေစမ်းပါနဲ့ကွာ အတွေးနဲ့တင် မင်းရယ်တက်လာမယ်တစ်နေ့

ကြိုတွေးရင် စိမ်းလမ်းနေတဲ့ ကမ္ဘာလေး သာယာစေဖို့ တို့တစ်တွေ

အတူကြိုးစားကြပါစို့လား သူငယ်ချင်းရေ……………

ပိတောက်မိုး

Leave a Reply

Your email address will not be published.