ပန်းခရေ

ကာရံNovember 18, 20121min01

အနမ်းတွေနဲ့ကင်း အလွမ်းတွေနဲ့ခင်းထားတဲ့

ဒီပန်းခရေတောထဲမှာ ငါတစ်ယောက်လျှောက်လှမ်းမိတာ

နှလုံးသားလဲကြွေမွ မြေခနေတဲ့ ပန်းခရေပွင့်လေးတွေကတော့

ရနံ့တွေကြွယ်နေတုန်းပါဘဲလား  ချစ်သူရယ်…………..

သစ္စာပန်းခရေ ဒီလမ်းလေးတွေအောက်မှာ ဆုံခဲ့ဖူးတဲ့

အတိတ်ဇာတ်လမ်းလေးက မိုးစက်တွေအောက်မှာ

ခိုနားရင်း ရင်းနှီးမှုတွေစတင်မိခြင်းလားလေ……

အချစ်နဲ့အစပျိုးခဲ့တဲ့ ဒီခရေတောလေးကတော့

မြေမှာပျိုးကြဲသည့်လား ဝေဝေဆာဆာခင်းထားသလို

မင်းနဲ့ငါရဲ့ ချစ်ခရီးလမ်း ဖယောင်းလမ်းပမာ နင်းလျှောက်ခဲ့ဖူးတယ်နော် ………..

သိပ်ပျော်ခဲ့တာပေါ့ ကြင်နာတဲ့ ချစ်စကားတွေအောက်မှာ

သူတို့လေးတွေလဲ နားထောင်နေသယောင်ယောင်

ဒါပေမယ့်ချစ်သူရယ် အခုတော့ ခရေတွေလည်းခြောက်

ချစ်သူလေးလဲ ပျောက်ရှခဲ့ပြီပေါ့

နောက်ဆုံးတော့လဲ ငါတစ်ယောက်ထဲ ဒီပန်းခရေတောလေးထဲမှာ

ပွင့်ခြောက်တွေကောက်ရင်း အလွမ်းဖြေတော့မယ်ချစ်သူရယ်

ပိတောက်မိုး

One comment

Leave a Reply

Your email address will not be published.