လွမ်းလှပါတယ် ပြည်မြန်မာရယ်………..

ကာရံNovember 22, 20121min011

ရွှေဝါအဆင်း ရွှေသားအတိ ရွှေရောင်းဝင်းသည့်

တို့တိုင်းပြည်ဝယ် ဘယ်မှညာလှမ်း စိမ်းလန်းသောရေ

အေးချမ်းသောမြေ ုငြိမ်းချမ်းသော တရားဒေဿနာတွေက

တို့တစ်တွေရဲ့ ရင်မှာ အစဉ်ကိန်းအောင်းလို့ နေခဲ့ပြီလေ…….

တမ်းတလို့ရှုမဝ လွမ်းတစ်တတနဲ့ တို့တစ်တွေ အစဉ်

နမ်းရှိုက်ခဲ့တဲ့ လေနုအေးလေးတွေကလည်း ထွက်ခွါမရအောင်

တုံ့နှောင်ထားနိုင်ခဲ့တယ်နော်…………..

အော် အတိတ်လား  ပစ္စုပါန်လား အနာဂတ်လေလား

ပျော်ရာမှာမနေရ တော်ရာမှအခြေချနေ့ရတဲ့ တို့တစ်တွေရဲ့ရင်မှာ

တမ်းတမိတာကတော့ တို့ပြည် တို့မြေ တို့ရဲ့ အိမ်လေးကိုပါ

သူငယ်ချင်းရေ မင်းလဲတို့လိုဘဲ အဝေးတစ်နေရာက ခံစားနေရမယ်ဆိုရင်

သေချာပါတယ် မရေရာသေးတဲ့ တို့ဘဝတွေကို

မပြည့်စုံမှုအောက်မှာ နောက်တစ်ခါ ထက်မရောက်စေချင်လို့ဆိုတာလေ………

ဒါကြောင့်  ကျွန်တော်လေ လွမ်းလှပါတယ် ပြည်မြန်မာရယ်

ပိတောက်မိုး

11 comments

  • အလင်းဆက်

    November 22, 2012 at 7:46 pm

    ငါလည်း…

    နင့်ကို…

    လွမ်းလှပါတယ်…

    သက်ကယ်ချင်း ရယ်…..

    အော်..မကြီးစိုး…မကြီးစိုး…

    နင်တောင်..ကဗျုတ်ဆရာမကြီး..ပြားပြား..ဖြစ်နေပါပေါ့….

    :kwi:

    Reply

  • padauk moe

    November 22, 2012 at 8:14 pm

    အေးပါ ရှင်ကတော့လုပ်တော့မယ် ဂွမ်းပြီ

    Reply

  • ပြည်မြန်မာကို လွမ်းတယ်ဆိုရင် …
    အွန်လိုင်းမှာပဲ ရှာဖတ်နိုင်ပါတယ် ….
    ဒီစာမျက်ရဲ့ အောက်ခြေမှာတောင် ပြည်မြန်မာ ဆိုပြီး ပါသေးတယ် ..
    လွမ်းတယ်ဆိုရင် အိုက်ဒါလေးသာ ကလစ်လိုက် .. :mrgreen:

    နောက်တာပါ …
    မင်းရဲ့ အလွမ်းတွေကို ငါ ..
    နားလည်ပါတယ် ကွာ ..
    တစ်နေ့သောအခါမှာ
    မင်း ချစ်တဲ့ ပြည်မြန်မာ ..
    ပြန်လည် ခြေချနိုင်မှာပါ ……

    Reply

  • မောင်ပေ

    November 22, 2012 at 9:49 pm

    လွမ်းလှတစ်ခါ
    အခန်းဝမှာ
    ကြမ်းရှတာ
    ပမ်းမလှပါ
    ရမ်းပြလာ
    မှန်းချငါ

    Reply

    • aanyar thar

      November 24, 2012 at 10:09 pm

      လေးလုံးစပ်မယ်ဆိုလည်း ၄ လုံးပြည့်အောင်စပ်ပါ ကိုပေရယ် လွမ်းလှ့တစ်ခါ အခန်းဝမှာ ကြမ်းရှရင်မှာ ပမ်းမလှ့ပါ ရမ်းပြချင်တာ မှန်းစရင်မှာ ဒို့တိုင်းအလှ့ ဲပြည်ရွှေမြန်မာ (ရည်းစားစာတောင် ဖြောင့်အောင်မရေးတတ်ပါဘူးကိုပေရေ. ကိုပေ မလို့နောက်တာပါဗျာ ) ပိတောက်မိုးရေ ရင်ဘတ်ကြီးကို တည့်တည့် ထိ့တယ်ဗျာ လွမ်းသလိုလိုတော့ ဖြစ်မိ့တယ်ဗျ

      Reply

  • Mobile

    November 22, 2012 at 10:43 pm

    လွမ်းလှတစ်ခါ
    အခန်းဝမှာ
    ကြမ်းရှတာ
    ပမ်းမလှပါ
    ရမ်းပြလာ
    မှန်းချငါ
    တော်တော်ရေးတတ်တဲ့လူဗျာ
    အသေအချာစဉ်းစား ကြည့်ကြပါဦး
    ခေတ်သစ် ရှင်မဟာရဌသာရ လို့တောင်ခေါ်ရမယ်။

    Reply

    • မောင်ပေ

      November 24, 2012 at 9:49 pm

      ဟုတ်ကဲ့
      ထပ်ကြိုးစားပါဦးမယ် ခင်ဗျ
      :kwi:

      Reply

  • jullies cezer

    November 23, 2012 at 12:10 pm

    ကိုပိတောက်မိုးရေ အလွမ်း Post တွေချည်းပါလား တို့တောင်ဘယ်သူ့လွမ်းရမှန်း
    မသိအောင်လွမ်းလာပြီနော် ………

    Reply

  • ရွှေ ကြည်

    November 23, 2012 at 5:10 pm

    ပိတောက်မိုးရေ ငိုချင်ရက် လက်တို့နေပြန်ပါပြီ ..။
    မြန်မာပြည်က ဇာတိမြေကိုအထူးသဖြင့်လွမ်းတယ်..။
    တန်ဆောင်မုန်းလပြည့်မှာအိမ်ပြန်မယ်မှန်းထားတာ ခုတော့..။

    Reply

  • aanyar thar

    November 24, 2012 at 9:56 pm

    နှစ်တွေ ဘယ်လောက်များ ကြာနေကြလို့လဲဗျိုး..၁၃ နှစ်ထိ့ တိုက်စားပေးပါတယ် အညာသား လွမ်းဖို့လေး ချန်ကြပါဦးဗျာ

    Reply

  • padauk moe

    November 24, 2012 at 10:00 pm

    ကျန်ပါသေးတယ်ဗျာ

    Reply

Leave a Reply

Your email address will not be published.