သပိတ်စုံ သူပုန်ထ ရရင်ရ မရရင်ချ မီးတုတ် မီးတုတ် ရှို့ရှို့… ဝမ်ပေါင် ဆံချောင်ရင် ကန်ဘောင်မှာ အလံထောင်ကြ နှံကောင်ဘဝ ရန်စောင်ချစို့.. ကံဆောင်တော့ ညဏ်အောင်တယ် ဟန်မဆောင် ခြံပေါင်ရမှာမို့ တန်အောင်တော့ မာန်ထောင်ပြ…။


Nay ChiNovember 28, 20121min03
အ မှတ် တ မဲ့ တွေ အ ခါ ခါ ဆင့် တော့ မှတ် မှတ် ရ ရ နာ ကျင် တယ်…။   ခပ် မျှင် လေး ပါ ပဲ ဒါ ပေ မဲ့… အ တွင်း သား အ ထိ နစ် ဝင် တယ်…။   ကာ လ တစ် ခု ရဲ့ တိုက် စား မှု အောက် ဆွေး မြေ့ သွား မှာ သေ ချာ ပေ မဲ့   တ ဆစ် […]


ကာရံNovember 27, 20121min05
ချစ်သူလည်းမရောက် လမင်းလဲပျောက် အော်မြူနှင်းတွေတောင် ဘယ်ဆီရောက်နေပါလိမ့် ကြယ်လေးကငို နေမင်းကပြို အော်အလင်းတန်းလည်း ညိုးရော့ပြီထင်တယ်နော် ချစ်သူရေ အချမ်းမပိုတဲ့ ဆောင်းတစ်ညမှာ မင်းလေး ပျောက်ရှလို့နေပြီလား ငတ်မွတ်တောင်းတမိတဲ့ အနမ်းငွေ့လေးတောင် အခုတော့ အလွမ်းလည်းမပြေတော့ပါဘူးလေ မှိတ်တစ်ခါ လင်းတစ်လှည့် ပိုးစုန်းကြူးလေးနဲ့ ပျော်မြူးနေတဲ့ လိပ်ပြာငယ်လေးတွေက အော် အတိတ်ပန်းချီကားတစ်ချပ်အလား ငါရေးမယ့် စုပ်ချက်တွေအောက် ကျရောက်နေပြီလေ ဒါပေမယ့် ချစ်သူရယ် အရောင်တွေထပ်မရတဲ့ ဒီတစ်ညမှာတော့ နောက်ခံကာလာအောက်မှာ မင်းလေးက ဘေးမှာရှိနေမယ်ဆိုရင် အပိုမပြောပါဘူးတစ်ကယ်ပါ ပြီးပြည့်စုံမယ့် ကားချစ်တစ်ချပ်ဖြစ်ပြီလေ တင်စားပြောလိုက်မယ်ချစ်သူ မင်းလေးရဲ့ အပြုံးတစ်ချက်တိုင်းမှာ ငါ့နှလုံးသား အမုန်းတွေထပ်မသွားတာတော့ အမှန်ပါ ပေးခဲ့ဖူးတဲ့ အနမ်းပန်းလေးတွေကို တစ်ပါးသူခူးဆွပ်မရအောင် ငါလေ ရူးသွပ်စွာ သိ်မ်းထားဆဲချစ်သူ အခုတော့ နှင်းလည်းမရောက် ချစ်သူလည်းပျောက် အော် လမင်းလေးလဲ ဘယ်ဆီရောက်လို့ […]


ကာရံNovember 27, 20121min05
မွန်းကျပ်နေတဲ့ ရင်ခွင်လည်ထဲမှာ မင်းလေးကိုဆွဲမခေါ်ရက်ပါဘူးကွာ သိပ်ချစ်မိခဲ့တိုင်း ဘာကြောင့်အပြစ်တွေဖြစ်ဖြစ်လာရတာလဲ မေတ္တာဆိုတဲ့ စကားလုံးအောက်မှာ ငါလေသုံးမရအောင် ဖြုန်းတီးနေမိပြီလား သစ္စာရှိပေမယ့်လဲ အနှစ်သာရမရှိတော့တဲ့ မင်းရဲ့ ချစ်စရာကောင်းတဲ့ အမှုအရာတွေရော အခုတော့ ပုံပြင်သက်သက်ဖြစ်နေခဲ့ပြီလားလေ အရူးတစ်ယောက်လို မူးရစ်နေတဲ့ ငါ့ရဲ့ ဆူးနစ်တဲ့ နှလုံးသားလဲ အခုတော့ သုံးမရအာင် ပျက်သုန်းလုလုဖြစ်နေပြီ အချစ်ရယ် အပြစ်ပယ်လိုက်ပါနဲ့ မင်းလေးငြင်းပယ်လိုက်တဲ့တစ်နေ့ ငါဆိုတဲ့ နာမ်ရုပ်လေးလဲ အခိုးအငွေ့ဖြစ်သွားနိုင်တယ်ဆိုတာ……….. ပိတောက်မိုး  


ကာရံNovember 26, 20121min04
နေကွယ်ချိန်ရောက်လုနီးတော့မယ်နော် ပြန်ပြောင်းလို့မရတဲ့နာရီလက်တံတွေအောက်မှာ ဘယ်အချိန်ထိများ ဆက်လက်ပြီးရှင်သန်နေဦးမလဲလေ လူကအချိန်ကိုစောင့်နေတာလား အချိန်ကဘဲလူကိုပြန်ခေါ်နေတာများလား မေးခွန်းများနဲ့ပြည့်နှက်နေတဲ့ လောကကြီးအလည်မှာ ငါလေ သောကတွေဝေနေတုန်းဘဲလား ပျော်ရွှင်မှုတွေတောင်ငါ့အနားကို အလည်တစ်ခေါက်တောင် ရောက်မလာခဲ့ဘူးနော် ဘာကြောင့်များလဲ အများတွေပျော်နေတဲ့အချိန်မှာ ငါတစ်ယောက်ထဲ အထီးကျန်ဆန်နေခဲ့တာ အဆွေးကိုဘဲနှစ်ခြိုက်မိနေလို့လား မဟုတ်ပါဘူးကွာ စမ်းချောင်းလေးရဲ့တစ်နေရာမှာ ငါအနားယူချင်မိပါရဲ့ ဒါပေမယ့် ရောက်နေတာက သဲကန္ဒာရ အလည်မှာပေါ့ ကူမဲ့သူမရှိ အဖော်ဆိုတာ လွန်စွာဝေးပေါ့ အားတင်းထားပါတယ် ရောင်ခြည်သန်းလာတဲ့တစ်နေ့ မျှော်လင့်ချက်ပန်းတိုင်ကို အပြေးလှန်းလျှောက်ရင်း ပိတောက်မိုး


(၁) လူရယ်လို ့ဖြစ်လာရင် အဖျော်ဖြေခံနဲ ့ ဖျော်ဖြေသူ ပဲ ရှိတယ်တဲ ့ ဘရစ်တနီရဲ ့ သီချင်းထဲက ဆွဲထုတ်ထားတဲ ့သီအိုရီ အခါခါပြောင်းပေမယ့် အဟောင်းထဲက ရုန်းမထွက်နို်င်သေးတဲ့ ပြဌာန်းဘုတ်အုပ် အစဉ်အလာကို ကျော်လို ့ ခဏတွေးကြည့်မိလိုက်တော့ ဖျော်ဖြေနေတဲ ့သူတွေ———- ပြီးတော့ အဖျော်ဖြေခံတွေ———။ ××××××××××(၂)××××××××××× လူစည်ကားတဲ ့မြို ့လေးပေါ်က အရုပ်ဆိုးတဲ ့လမ်းပေါ်မှာ တရုုုုုုုုတ်ပြည်က အရုုပ်ဆိုးတဲ ့ဆိုင်ကယ်ကြီးစီးပြီး —– အကျင်္ ီ ကြယ်သီးကို အကုန်ဖြုတ်လို ့——— ရင်အုပ်ကြွက်သားတွေ မပေါ်ပေါ် အောင် ဖွင့်ပြ သံစဉ်အစအဆုံးမရတဲ ့ သီချင်းကိုဆိုရင်း လက်တစ်ဘက်က ရမ်ပုလင်းကို စတိုင်လ် ကျကျထုတ်သောက်—– အားရပါးရမြှောက်ပြီး ရိုက်ခွဲချလိုက်တယ် “ခွမ်း—–” […]


ကာရံNovember 25, 20121min05
အခိုးအငွေ့တွေအောက်မှာ မင်းလေးတစ်ယောက်ရောက်နေပြီပေါ့ နစ်မွန်းသွားမယ့် မင်းတို့ရဲ့ဘဝလေးကို ခဏလောက်တော့စာနာပေးကြည့်ပါ နားလည်လာမယ့်တစ်နေ့ နောင်တတွေတစ်ပွေ့တစ်ပိုက် မရချင်စမ်းပါနဲ့ ဘာများအရသာရှိလို့လဲ တားမြစ်နေတာမဟုတ်ပါဘူးလေ တောင်းဆိုတာလေးပါ စိမ်းလန်းပြီးအေးချမ်းတဲ့ ပတ်ဝန်းကျင်ကို မင်းလေး အရောင်တွေဖုန်းလွှမ်းမပြစ်လိုက်ပါနဲ့ အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ ရင်မှာ အမှတ်မှားမိမှာစိုးရိမ်လို့ပါကွာ ကြိုက်လို့ဘဲ ရှိုက်ရှိုက် စိတ်ညစ်လို့ဘဲ ဖွာဖွာ ပျော်လို့ဘဲ ရှုရှု ဘယ်အရာမှ အတည်မြဲတဲ့ အရာတွေကြားမှာ မင်းလေးတစ်ယောက် ဒုက္ခတွေကို ဈေးကြီးပေးမဝယ်ချင်စမ်းပါနဲ့ကွာ ပိုနေရင်လဲ လိုအပ်နေတဲ့ နေရာလေးတွေကို မင်းလေးဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အားလုံးအကျိုးရှိမယ့် ဒါနလေးတစ်ခုပါ များများလှူမှ ကြီးမြတ်တာမဟုတ်ပါဘူး မသိခြင်းသော အလှူတွေက မင်းတို့ငါတို့ရဲ့ရင်ခွင်ကို အစဉ်နွေးထွေးစေမှာ အသေအချာဘဲပေါ့ နောင်တအစဉ် အလင်းရောင်အောက် မရောက်သရွှေ့ လျှောက်လေခရီး ပင်ပန်းသည့်ဒဏ် ခံနိုင်မည်လား အသင်လူသား……………… နောင်တအစဉ် ဆုံးသည့်တစ်နေ့ ငွေနှင်းမြူဆိုင်း အပြုံးပန်ဝေ […]


ကာရံNovember 25, 20121min02
အကြင်နာတရားတွေ ခေါင်းပါးလှချီလား ရင်မှာတောင်းတမိတာ မေတ္တာတရားပါ မင်းတို့ရဲ့နှုတ်ကထွက်တဲ့ သစ္စာဆိုတာတွေကို ဘယ်အရာနဲ့တိုင်းတာချင်နေသေးတာလဲ နာကျင်နေတဲ့ နှလုံးသားကို မင်းတို့ရဲ့ သုံးမရတဲ့ လောဘတွေနဲ့ တစက်စက်ထိုးနှုတ်နေတုန်းဘဲလေ မောဟမျဉ်းပြိုင်ကြားမှာ ငါလေ သောကတွေထွေးပိုက်ရင်း လျှောက်လှမ်းနေရတုန်းပါ ကြင်နာပေးပါ နာကျင်မှုတွေမလိုအပ်တော့တဲ့ ဘဝလေးကို အပြုံးခွန်အားလေး ပေးသနားလှည့်ပါကွာ တောင်းဆိုနေတာမဟုတ်ပါဘူး  တောင်းပန်မှုလေးပါ ကူမယ့်သူမရှိပေမယ့်လဲ နားလည်မှုလေးတွေကိုတော့ မင်းတို့ ဖန်ဆင်းပေးနိုင်သေးတယ်ဆိုရင် ဘယ်လောက်ဘဲ ပင်းပန်းတဲ့ လောကဒဏ်ဖြစ်နေပါစေကွာ  ငါ့ပုခုံးနဲ့ မင်းတို့အတွက် ထန်းပိုးပေးနိုင်မယ်ဆိုရင် ကျေနပ်ပေးနိုင်ပါစေ အေးချမ်းပါစေ ငြိမ်းချမ်းပါစေ ချစ်ရသောသူ ချစ်မိသူတွေ ရင်မှာအစဉ်လန်း ဝမ်းမြောက်မှုတွေ ပိုင်လှည့်တော့လေ…….. ပိတောက်မိုး


CourageNovember 24, 20121min05
ငြိမ်းချမ်းမှု သန်လွင်ရွက်သယ် ၊ ချိုးငှက်ငယ် ဘယ်သောင်ဘယ်ကမ်း ၊ မြန်းပါမည် ။ မီးခိုးငွေ့ကြား ၊ အိုပြေးလွှား များစွာလူတို့ ၊ ရှိနေသည် ။ အမုန်း၏ရလဒ် ၊ ထိုစစ်မက် ရပ်တံ့သွားလျှင် ၊ ကောင်းလိမ့်မည် ။ သဘာဝဘေးဒဏ် ၊ ခံနိုင်ရန် သံမဏိစိတ်ဓာတ် ၊ လိုချင်သည် ။ ငိုယိုသံဆုံး ၊ အပျော်များဖုံး ပြုံးရွှင်မျက်နှာ ၊ တည်စေမည် ။ အိုဘယ့်ကလေးငယ် ၊ အနာဂါတ်မယ် မပျယ်အလင်းတန်း ၊ ရပေမည် ။ အမှောင်ကိုခွင်း ၊  ရောင်နီလင်း ဝင်းပမှုကို ၊ ပေးလိမ့်မည် ။ သန်လွင်သယ်ပေး ၊ ချိုးငှက်လေး အေးငြိမ်းမှုကို ၊ […]


ရွှေ ကြည်November 24, 20121min017
ခံစားမှုနဲ့အနုပညာ ခံစားချက်နဲ့ဖန်တီးတဲ့အနုပညာ တကယ်အသက်ဝင်လာတဲ့အခါ ပညာရှင်မဟုတ်လည်းပွဲလယ်တင့်မြဲပါ။ ဖန်တီးမှုအနုပညာတခု နှလုံးသားတခုနဲ့ခံစားတဲ့အခါ ကျော်ကြားတဲ့အရာမဟုတ်လည်း အသက်ဝင်နေဆဲပါ။ ခံစားသူဟာပညာရှင်မဟုတ်လည်း ခံစားတတ်တဲ့နှလုံးသားတခုတည်းနဲ့တင်အရာဝင်ပါတယ်။ တကယ်ပါရင်ထဲကိုထိမှန်လာတဲ့ ဘယ်အနုပညာမဆို ချိုသည်ခါးသည် မော်ဒန်ကျသည်ကာရံလှသည် နုသည်ကြမ်းသည် ခေတ်နောက်ကျသည်ခေတ်ရှေ့ပြေးသည် ဘာတခုမှခွဲခြားမရတော့ပဲ ခံစားနေဆဲပဲလေ။ အနုပညာဆိုတာကိုအဓိပ္ပါယ်မဖွင့်တတ်လည်း ဝေဖန်ဖို့မစွမ်းသာလည်း ခံစားကြည့်နေမိဆဲပါပဲ။ ×××××××××××××××××××××××××××××××××××× အသွားအပြန် ဟန်ဆောင်မူပိုပလီပလာတွေဆိုလည်း နင့်မျက်နှာကိုငါဖတ်တတ်နေဆဲ နင်ရွှေ့လာမယ့်အကွက်တွေအတွက် ငါတွက်ချက်တတ်မယ်ဆိုတာနင်မသိတာ ငါဝမ်းသာပါတယ် လုပ်ရက်တယ်သူငယ်ချင်းရယ် င့ါစေတနာတွေနဲ့မထိုက်တော့တဲ့အခါ ငါအတွက်သာငါတွေးတော့မယ်။ နင်မှတ်ထားပါ အခုကစနောင်အခါမှာ သူငယ်ချင်းကောင်းဆိုတဲ့စကား နင်နဲ့ငါကြားမှာမရှိတော့ဘူး။ ××××××××××××××××××××××××××××××××××× သဘာဝ   အတိတ်ကိုသတိရတဲ့အခါ ပစ္စုပ္ပာန်ဟာဘယ်လိုမှအဓိပ္ပါယ်မရှိတော့သလို အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေသလိုနဲ့ ဒါဏ်ရာရဲ့အတိမ်အနက်ကိုပဲတွေးနေမိတယ်။   အနာရွတ်ကိုပြန်မြင်မိတဲ့အခါ ကိုယ့်ကိုယ်ကိုသိပ်သနားစရာကောင်းနေသလို ကြေကွဲလွမ်းဆွတ်မှုတွေပဲပြည့်နှက်နေသလိုနဲ့ ရင်ထဲမှာတဆစ်ဆစ်နဲ့နာနေတာကိုပဲခံစားနေမိတယ်။   ပစ္စုပ္ပာန်တည့်တည့်ကိုပြန်မြင်လာတဲ့အခါ ဝေဒနာဆိုတာအသာထား စားနေဝတ်ကြားဗျာများလို့ အနာဂတ်ဖို့ပြင်ဆင် ဘဝနေမဝင်ခင်ဆက်လျှောက် ထွက်ပေါက်တော့မတွေ့သေး။   […]


ကာရံNovember 24, 20121min07
ဟေးသူငယ်ချင်း ညစ်နေတဲ့စိတ်ကို ခဏလောက်မေ့ထားလိုက်ပါ မြူးကြွနေတဲ့ တီးကွက်တွေကြားမှာ ငါတို့ ကခုန်ရအောင်လေ လှပတဲ့ မိုးကောင်းကင်အောက်မှာ ကြယ်လေးတွေကိုရည်တွက်ရင်း ဖိုးရွှေလမင်းကလည်း တူတူကခုန်နေရော့မယ် ကြည့်စမ်းပါဦး ပိုးစုန်းကြူးလေးတောင် သူတို့ရဲ့ အလင်းစက်တွေနဲ့ ဖန်းဆင်းပေးထားတဲ့ ပတ်ဝန်းကျင်မှာ ငါတို့တွေဘယ်လောက်ပျော်လိုက်မလဲလေ အေးချမ်းမှုကို ငါတို့ခဏတော့  ပိုင်ဆိုင်နေပြီနော် ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ ဖန်ဆင်းထားတဲ့ ဒီဇာတ်ခုံလေးကို မင်းလေးတစ်ယောက် ဘယ်တော့မှမမေ့ပါနဲ့နော် ပိတောက်မိုး


ကာရံNovember 24, 20121min06
မာနလေးတွေ ခဏလောက်ရပ်စဲပေးပါ လောဘတွေ မောဟတွေခဏလေး အဝေးကိုပြစ်ထားပေးပါ ကြည့်စမ်းပါဦး ဟိုးတစ်နေရာမှာ ဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်တွေရဲ့ရင်ခွင်ထဲကို အပြေးလေးဝင်ကြည့်ပေးပါ သူတို့လေးတွေရဲ့ နှလုံးသားမှာ တောင်းတနေတာလေးကို ဖြေ့ဆည်းပေးနိုင်ပါ့မလား အေးချမ်းလှတဲ့လောကကြီးထဲမှာ မင်းဘာတွေ တောင်းတချင်နေသေးတာလဲ လိုအပ်လို့လား အပိုအချိန်တွေမကုန်ချင်စမ်းပါနဲ့ကွာ မင်းတို့ရဲ့ အေးချမ်းတဲ့ လက်နှစ်ဖက်နဲ့ အိုမင်းနေတဲ့ ဘိုးဘွားတွေကို ဖှေးမကူညီပေးလိုက်ပါ တွဲခေါ်လိုက်ပါ တွဲခေါ်ပေးလိုက်ပါကွာ အားအင်ကုန် ဆီခမ်းနေတဲ့ မီးတောက်လေးကို မင်းတို့ရဲ့ ပြင်းထန်စွာတောက်လောင်နေတဲ့ အလင်းတန်းလေးနဲ့ ခဏလောက်တော့ ပေးကူလှည့်ပါ မေတ္တာတိုင်း ရောက်ပြန်ပါတယ်ကွာ အကြင်မှာ ရင်မှာ မင်းရှိနေသေးတစ်ရွှေ့တော့ လိုအပ်နေတဲ့ မေတ္တာတွေကို ပိုနေတဲ့ မင်းတို့ရင်ထဲက အကြင်နာများနဲ့ ဖှေးမပေးလိုက်ရင် မီးစာကုန်ဆီခမ်းလုလုဖြစ်နေတဲ့ မိဘတွေရဲ့ ရင်ခွင်နဲ့ မေတ္တာဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်တွေရဲ့ အပေါ်မှာ အကြင်နာသက်ရောက်မယ်ဆိုရင် လောကကြီးက မင်းပေးခဲ့တဲ့ […]


Nay ChiNovember 24, 20121min013
ကျ မ က ည ရဲ့ ည ဆန် မှု ကို နှစ် ခြိုက် သူ..။ မာ ကျူ ရီ ပန် ဆင် ရ တဲ့ ည တွေ ကို ခါး သက် တတ် သူ..။ ပိုး စုန်း ကြူး တစ် ကောင် ရဲ့ ဓါတ် ပြု မှု ကို တောက် ခေါက် ချင် သူ..။   ကျ မ ရဲ့ ည ကို ကြယ် တာ ရာ တွေ နဲ့ အ လှ မ ဆင် […]