အပြုံးတစ်ဝက်ရောတဲ့ အငွေ့အသက်အတုတွေနောက်မှာ လိပ်ပြာငယ်တစ်ကောင်ရဲ့ နိဂုံး ဝေးကွာခြင်း မှတ်တိုင်ရဲ့ အဆုံးအစမရှိတဲ့လမ်း မျှော်လင့်ခြင်းတောင် လက်လွှတ်လိုက်ရတဲ့အဖြစ် အသိ နဲ့ ဝိဉာဉ်တွယ်ကပ်နေသရွေ့ အရိပ်တစ်ခုလို လိုက်ပါတွယ်ငြိတတ်တဲ့ ခါးသက်သက်ခံစားချက် သံယောဇဉ်အစစ်တွေလို့ ယောင်ယောင်မှားမှားမှတ်ယူရအောင် ရင်ဘတ်တစ်ခုလုံးစာ အင်အားမဲ့ တကယ်လို့ လောကကြီးထဲမှာ မရှိတော့ဘူးဆိုရင် တကယ်ကို မတွေ့ကြတော့ဘူးဆိုရင် တကယ်ကြီးကို ပျောက်ကွယ်သွားပြီဆိုရင် ပက်သက်ခဲ့ဖူးသူအနေနဲ့ အမှတ်ရမလား တိုးတိုးသက်သက် သိချင်ပါရဲ့ ရှင်သန်မှုတွေ ခဝါချရလောက်အောင် ရူးမိုက်ခဲ့ဖူးတဲ့ လူတစ်ယောက် နာနာကျင်ကျင်နှုတ်ဆက်တယ် အချစ်ရယ်………နောက်ဘဝမှာလည်း နင်အသဲခွဲသွားတဲ့သူ ငါပဲဖြစ်ပါရစေ ။ ။