+++++++++++++++++++++++++++ အလင်းမဲ့တဲ့ညမှာ အရာရာဟာဝိုးတဝါး ကြိုးစားပြီး အိပ်နေပေမယ့်လည်း သူ့အကြောင်းတွေက အတွေးတွေထဲမှာ စိုးမိုးထားတယ် … အဲဒီစိတ်တွေက အိပ်မက်တွေကို အသက်သွင်း မိုးစင်စင်လင်းလို့ နိုးထလာခဲ့ချိန်မှာတောင် သူ့ပုံရိပ်တွေက ငါ့အတွေးထဲက ထွက်မသွားခဲ့ပါဘူး … ဒီလောက်ထိ စွဲလမ်းနေမိတယ် ချစ်ရသူရယ် …. အရင်တုန်းက အချစ်ဆိုတာ ရင်မှာ စကားလုံးသက်သက်သာ ရှိခဲ့ပေမယ့်လည်း သူနဲ့ဆုံတွေ့ပြီးနောက်မှာ အသက်ဝင်လာခဲ့တယ် … အမြင်အာရုံတွေထဲမှာလည်း သူပဲ ရှိနေတယ် သူ့ကို တွေ့လိုက်တိုင်းလည်း ရင်ခုန်လှိုက်မောရပါတယ် … သူ မသိပေမယ့် ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အချစ်တွေက တစ်ခါတစ်လေမှာ စိတ်ကူးနဲ့ ရူးနေစေတတ်တယ် … ငါ့ရဲ့ အတွေးတွေထဲမှာ မင်းပဲ အမြဲရှိနေခဲ့တယ် ချစ်ရသူရယ် …. ဖြစ်နိုင်ရင် ရင်ကိုဖွင့်လို့ နှလုံးသားစကားကို […]
