တောက ကိုရင်December 21, 20121min01
ဒီဇင်ဘာ အလွမ်း… ဒီဇင်ဘာရေ…နှင်းတွေ ဝေသလား… ရင်ဘတ်ထဲမှာ မိုးတွေ စွေသွားတယ်… တစ်ရက်ပြီး တစ်ရက်..တစ်နှစ်ပြီး တစ်နှစ်… ပြက္ခဒိန်တွေလည်း…သစ်ပြီးရင်း သစ်နေဆဲ… မနေ့ကိုပြန်ကြည့်လိုက်တော့… အတိတ်ဆိုတာ ပစ္စုပ္ပန်ကို လွှမ်းမိုးသလား… အနာဂါတ်ဆီ ခရီးသွားဖို့… အားနည်းနည်းတော့ လိုတယ်… အလင်းရေ…မလာပါနဲ့အုံး… အိပ်မက်က ကောင်းနေတုန်းလေ… အပြင်မှာ နှင်းတွေ သည်းသည်းမည်းမည်း ဝေနေပြီ… လေပြည်တစ်ချက်ခတ်သွား… နှလုံးသားဆီ တိုးပွားလာတာ… အလွမ်းတဲ့လားဟင်… မနက်ဖန်ကို မြင်ရတော့မယ်… အရုဏ်မတက်ခင်လေး… ငါ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ပါ… ဟိုမှာ ရောင်နီလာနေပြီပဲ…. သက္ကရာဇ်တွေထဲ တဝဲဝဲလည်ရအုံးမယ်… နာရီကို လှမ်းကြည့်တော့… ဟင်…မနှစ်က ဒီအချိန်…. အဲဒီတုန်းကလည်း နှင်းတွေ ဝေနေတာပဲ… မှန်ထဲက ပုံရိပ်က ရင့်အိုသွားသလား… ငါရော… ဘယ်လောက်များ ရင့်ကျက်လာသလဲ… အတွေးထဲမှာတော့ […]


johnnydeerDecember 21, 20121min05
ကမ္ဘာဦးအစရဲ့ သူရိန်မင်းက လောကရဲ့ အဦးအစထွက်ပေါ်ခြင်းကို မေးခဲ့တယ်…. သင် ဘယ်သူလဲ ?? တဲ့…အဖြေမရခဲ့ပါ…. ဒီလိုနဲ့ နေ့တွေကျော်ဖြတ်သွား… ကမ္ဘာပျက်နေ့ရဲ့ သူရိန်မင်းက လောကရဲ့ နောက်ဆုံးထွက်ပေါ်ခြင်းကို ထပ်မေးခဲ့တယ်… သင်ဘယ်သူလဲ ?? တဲ့…ဒီတခါလဲ အဖြေမရခဲ့ပါဘူး… တဂိုး…


ရွှေ ကြည်December 20, 20121min031
မာယာနဲ့လိမ်ညာစကားတွေမဆိုတတ်တဲ့အခါ ငါ့စကားတွေနင့်ရင်ကိုစူးရှစေခဲ့ပြီလား နားလည်မှုတွေနေရာမှားခဲ့တဲ့အခါ နင့်စိတ်တွေနာကျင်ခဲ့ရပြီလား တကယ်တမ်းဆိုငါမငိုခဲ့ပါဘူး နင်ငိုခဲ့သလားလဲငါမသိချင်ဘူး ဒါပေမယ့်ငါ့ရင်မှာလဲနင့်စကားတွေစူးနေဆဲ နင်ထားတဲ့တလွဲမာနတွေကြောင့်ငါ့စိတ်တွေနာနေဆဲပဲ တကယ်ဆိုငါတို့နီးစပ်ခဲ့တယ်ဆိုတာတောင် အူကြောင်ကြောင်အိမ်မက်တခုလို လေနှင်ရာလိုက်တဲ့တိမ်တိုက်တွေလို ဘာဆိုဘာမှအရေးမပါခဲ့ဘူးဆိုတာနင်သိပါစ။


koyin sithuDecember 20, 20121min020
ရွှေငါးမလေးရေ.. ပင်လယ်ထဲမှာနေတာကြာတဲ့ ကို့ဘဝဟာ ငါးပူတင်းလို့ တပူတပြင်းနဲ့ အပူအပြင်း ဖြစ်နေရလို့ ငါးကွန်းရှပ်လို အစွန်းမထွက်အောင် နေနေရပါတယ် ရွှေငါးမလေးရယ်။ ပုလဲငါးလို အသဲစားမယ်ဆိုလည်း ဒေါင်းငါးလို မြောင်းကြားထဲတော့ မပို့လိုက်ပါနဲ့။ ဒီက မိကျောင်းလို အပီချောင်းနေရတာဆိုတော့ Lucky fish လို ထပ်ပြီး ချစ်ချင်နေသူပါ။ ငါးစင်ရိုင်းလို အမြင်မရိုင်းချင်လို့ ငါးရှဉ့်လို အသက်ပြင်းတဲ့ ချစ်ခြင်းကို ငါးကြင်းလို ထပ်မငြင်းပါနဲ့တော့။ ငါးမန်းလို ထပ်မငမ်းချင်တော့လို နှလုံးသားကို ငါးသေတ္တာလို တအားပစ်မာ ထားရပါတယ်။ ငါးသလောက်စားပြီး ထပ်အဟောက်ခံရမှာစိုးလို့  ငါးပတ်လို အပြီးပတ်နေရပါတယ်။ ဇလာဗီးယားငါးလို အသားစားပြီး မမာနိုင်တော့ မင်းမုန်းသွားမှာ ငါးလိပ်ကျောက်လို့ သိပ်သိပ်ကြောက်နေရသူပါ။ ရေချိုပုစွန်တွေ ဘေးကချွန်တဲ့စကားကို မယုံပဲ ငါးဥလို တအားဥကြရအောင်လားကွယ်။ ငါးသလဲထိုးလို အပြတ်အလဲမထိုးပဲ ငါးမြစ်ချင်းလို […]


တောက ကိုရင်December 20, 20121min02
သွေးသောက် ကာရန် သွေးသောက်တွေဆို ဘေးရောက်စေလိုသလား သခင်မရယ် ရင်မှတွယ်ယှက် နှောင်ကြိုးဖျက်ခြွေ ဘယ်ဆီသွေခွာ နွေလာမှီချဉ်း ရင်မီး တွင်းလျှံ မြိုထားအန်ထွက် အဆိပ်တက်ဆို မငိုရဲဘဲ မျက်ရည်ဝဲတက် မိုးစွေလျှက်နွမ်း နှလုံးကျွမ်းမြေ့ အသိမေ့ချင် မတွေ့မြင်လွမ်း တွေးထင်မှန်းဆ အိပ်ပျက်ညအို သန်းခေါင်ကြိုလင့် နေခြည်မြင့်တက် တစ်မနက်ကူး အာရုံမူးဝေ မွန်းတည့်နေပြင်း နေဆယ်စင်းလို ရင်လှိုက်ဖိုကျွမ်း နေဝင်နွမ်းလျ အေးမြလရိပ် တမှေးအိပ်စဉ် အိပ်မက်မြင်ဆဲ စိတ်ထင်စွဲသည် လွမ်းတမြည်စိုး ဘဝင်ညှိုးခွေ ညလေပြေဆိတ် ပြတင်းပိတ်မှ အိပ်ခန်းကကျဉ်း သူလာချဉ်းကပ် မျက်ဝန်းဟပ်မီး ရေနှယ်စီးယို ချော်ရည်ဆိုလည်း သွန်ထုတ်ဆဲမှာ ပါးပြင်သာစို ထီးကျန်ငိုချင်းအက်ဆစ်ပြင်းလား သခင်အားရ ကျေနပ်မှလျှင်…။။ (သက်ဆုံးထိတိုင်ပျော်ရွှင်ချင်…။။) တောက ကိုရင် ၀၅.၀၈.၂၀၁၂


တောက ကိုရင်December 20, 20121min08
မိုး အတွက် မိုး မိုးရိပ်ဆင် မိုးထင်မှ မိုးကျလွန် မိုးသွန်ဆဲ မိုးသည်းနေ မိုးလေပြင်း မိုးမင်းရွာ မိုးလာခို မိုးညိုမှောင် မိုးရောင်သန်း မိုးဖြန်းစေ မိုးစွေလျှက် မိုးစက်မှုန် မိုးတုန်ဟီး မိုးသီးကြွေ မိုးလေထန် မိုးမာန်တင်း မိုးညှင်းကဲ မိုးသည်းစိမ့် မိုးသိမ့်တုန် မိုးဟုန်ပျံ့ မိုးနံ့သင်း မိုးဝင်းလက် မိုးသက်ဆင် မိုးသွင်မှန်း မိုးတမ်းဖွေ မိုးတွေညို မိုးပြိုနိုး မိုးကြိုးလက် မိုးသက်တန့် မိုးလန့်ငို မိုးဆိုမုန်း မိုးတုန်းမှ မိုးညထဲ မိုးသည်းပျော် မိုးမျှော်ငေး မိုးဝေးလို့ မိုးသို့ထံ မိုးပြန်တမ်း မိုးလွမ်းတုန်း မိုးသုဉ်းပျက် မိုးစက်သွေ မိုးကြွေလွင့် မိုးသင့်ဆောင်း မိုးနှောင်းမှ မိုးကညို မိုးစိုရွှဲ မိုးထဲမှာ မိုးလာပြန် မိုးသံကြား မိုးခါးစွေ မိုးမြေလူး […]


တောက ကိုရင်December 19, 20121min01
မိုင်တိုင် 17/10 အောက်တိုဘာ တစ်ဆယ့်ခွန် အချိန်ကာလတွေ လွန်မြောက် ဒီမွေးနေ့ တစ်ကြိမ်ထပ်ရောက်ပြန်ပြီ…။ ရက်ကို လ,စား .. ခုနှစ်တွေသာ များလို့ ပြက္ခဒိန်တွေ ဟောင်းသွားပေမယ်­့ ငါကရော ဘာတွေ ပြောင်းလဲသွားခဲ့ပြီလဲ…။ တိုးတက်ခြင်းနဲ့ဆုတ်ယုတ်ခြင်း အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း လောကဓံ ဖြစ်ပျက်ခြင်းတွေနဲ့လည်း ရင်းနှီးပြီးသား…။ အတ္တတွေ များများလာတာ မာနတွေ ခါးခါးလာတာ ဒီသံသရာ ခရီးကြမ်းမှာလေ…။ မနေ့က အတွေးဟောင်းတွေကို လွှင့်ပစ် မနက်ဖန်ကို စိတ်ကူးအသစ်တွေနဲ့ ထုဆစ်ဖို့ အနာဂါတ်ကို အားမာန်တွေနဲ့ ရွက်လွှင့်ဖို့ အမေ… ကျနော့်ကို မွေးဖွား ခွန်အားတွေ ပေးထားခဲ့တာ ဦးခိုက်ပါတယ် အမေ…။ တစ်နှစ်ပြီး နောက်တစ်နှစ် သက္ကရာဇ်တွေကို ကျနော် ဖြိုဖျက် လောကကြီးထဲက အခက်အခဲတွေ ရဲရဲ ရင်ဆိုင်… […]


တောက ကိုရင်December 19, 20121min07
ပာရီလဲ့မှုန်… ပြာရီလဲ့မှုန် မြိုင်ရဂုံတွင် လင်းထုံပြက်လက် အုံ့ဆိုင်းလျက်သား သစ်ခက်ဝါးနွယ် နေခြည်ကွယ်လု ပင်ထက်နုသစ် ဖူးပုရစ်ဝေ ပန်းချစ်လိပ်ပြာပျံဝဲကာဖြင့် နံ့ထုံလွင့်သင်းလေပြည်ညှင်းက တောင်ထိပ်မှသည် တောင်ခြေဆီခို ရွက်အိုရွက်ဝါ မြေလွှာဆင်းသက် အထက်ရှုပ်ချင် အောက်ရှင်းမြင်သည် တွယ်ရာဖိတ်စမ်း အေးမြသည်…။ ရာသီဖွဲ့တုန် မိုးနွေကုန်ဟောင်း သည်ချိန်ဆောင်းညချမ်းမြလှိုက်မော ဖော်ဝေးတောတွင် မိုးကြိုးဆင်လျက­် နေပြင်းသက်ဝေ မိုးနွေ နွေမိုး နှင်းကိုခိုးလွမ်း မြူမှုန်လွှမ်းခြုံ စိတ်ဝယ်ကြုံနိုးဘဝင်စိုးထိတ် လှောင်ပိတ်ဝန်းကျင် နှင်းကိုမြင်မှ နှင်းကျနံနက် နေပျော်လျက်လေ တွေးခက်ပိုဝေး ရောက်နိုင်သေးပြ­ီ ဘယ်ခါစိတ်ဝမ်း နွေးရမည်…။ ဌာနီလှည့်ကြုံ တစ်ကြိမ်ဆုံခွင်­့ ပြန်ချိန်သင့်နိုး မျှော်ကိုးကြာရှည် နာရီမိနစ် နေ့သစ်နှစ်ဟောင်း ချိန်ခါပြောင်းလဲ တမ်းတမြဲတိုင် ဆုံနိုင်ဝေးကွာ ဆွေမျိုးညာတိ ကြင်မိသက်ထား လွမ်းနေလားလို့ နေခြည်ပျို့အန် ရောင်ခြည်ပြန်နှင့် မှာဆင့်လေပြေ ကျန်းမာစေကြောင်း ဆုခြွေတောင်းရင်း […]


ဟိုးအရင်အတိတ် လွမ်းမိတယ်စိတ် ဖြစ်ချင်တာပဲသိ ဖြစ်လိမ့်မယ်လဲထင်ခဲ့ ဖြစ်လာခဲ့တော့ မဖြစ်ချင်တာတွေ… အပြစ်တင်မယ်ဆို ကံကိုလား ညဏ်ကိုလား ဟန်ကိုယ့်ဖို့ မာန်တို့ခဲ့ပေမဲ့ ဒဏ်အစို့စို့သာ ရင်ဝယ်ပိုက် ငိုကွဲ့ငမိုက်သား… သံသရာ ခံလာတာ ကြိမ်ဖန်များစွာလို့ ပညတ်ခွာထု အမှန်ပြုပေမဲ့ ဘယ်လိုမှ ဖြတ်မရတယ် ငါကိုယ်တိုင် ဖက်တွယ်ထားတဲ့ သံယောဇဉ်ကြိုး…။


SawAungDecember 19, 20121min02
…………………. ……………………………   ဖေဖေဟာ တံတိုင်းတစ်ခုဆို သားဟာ တံတိုင်းကိုမှီ ရှင်သန်ရတဲ့ အုတ်ကပ်ပင်လေးတစ်ခုပါ ဖေဖေ…………။   ဖေဖေမပါတဲ့ ရေဆန်လမ်းတွေမှာ ပဲ့ကိုင်မပါခဲ့ဘူး ဖေဖေ   မှီတွယ်ရာ မဟုတ်ပေမယ့် ခိုဝင်စရာတော့ ရင်ခွင်တစ်ခုရှိချင်တယ် ဖေဖေ   အခုတော……………. အားမာန်နဲ့ကမ်းကပ်တဲ့ရေလှိုင်းက ခိုဝင်စရာ ကျောက်ဆောင်မရှိခဲ့ဘူး ဖေဖေ…………….။   အသက်ကိုကြမ်းကြမ်းရှူ မျက်စိကိုတစ်ချက်မှိတ်လို့………….. …………………………………………. ………………………………………………. ရင်ထဲက တစ်ဆို့နေတဲ့ နာမတစ်ခုကို သား…..ဖွင့်ဟထုတ်ကြည့်တယ်………… …………………………………………… ဖေ…………………………ဖေ…………။   …………………   ရင်နှင့်ရင်း၍ အောင်မိုးသူ 19122012


ခင္ခDecember 19, 20121min018
အချိန်မနှောင်းမှီ   ကြယ်တာရာတွေ စုံလင်စွာနဲ့ လင်းလက်တောက်ပ ထိုနေ့ညဝယ် ကောင်းကင်တခွင် ကြည်လင်အရောင်ထွက် ထွန်းလင်းခဲ့ရာ လပြည့်ညပါ။   ကြယ်တာရာတွေ ပြိုးပြိုးပြက်ပြက် လင်းအားလျော့လျှက် လမင်းကြီးက တဝက်ကယ်ပုန်း တစ်ခြမ်းပြုံးနဲ့ ကြည့်သည့်အလား ထင်မှတ်မှားသည် လဆုတ် ၈ ရက် ဆိုရမည်၊   ကြယ်တာရာတွေ ဘယ်ဆီကိုပျောက် ကောင်းကင်းယံလည်း မှောင်ရီနေမြဲ လမင်းကြီးရှာ မတွေ့ပါကော မှောင်ထုစိုးမိုး လကွယ်မျိုးက ငိုချင်လှပြီ ထိုညသည်။   ကြယ်တာရာတွေ မှေးမှိန်ကာလင်း ကောင်းကင်းအလင်းအား ဖျော့တော့သွားလည်း တင်စား စာဆို ဆိုကြပုံက သုံးရက်လနယ် ခုံးမျက်စသဖွယ်တဲ့။   ကြယ်တာရာတွေ လင်းလက်လင်းလက် ကိုယ်စီခတ်တော့ လမင်းကြီးကမနေသာ တခြမ်းလေးထွက် ချောင်းကြည့်တတ်ပြီ လဆန်းလလည် ဆိုရမယ်။   ကြယ်တာရာတွေ […]


ဆုျမတ္မိုးDecember 19, 20121min04
တခါတုန်းက ပန်းပွင့်တဲ့ကဗျာနဲ့ စံပယ်အရိုင်းတစ်ပွင့်မှာ ခေတ်နောက်ကိုလိုက်တတ်တဲ့ကဗျာအယောင်ဆောင်အဖွဲ့တွေရှိခဲ့တယ် ဆိုကြပါစို့ ပန်းပွင့်တိုင်းကဗျာတစ်ပုဒ်ကလှသလား လက်သည်းခွံတစ်ခုဆွဲခွာတာလောက် လူတစ်ယောက်ကိုဖဲ့ခြွေရတာလွယ်ကူတယ်ဆိုရင် ငါဟာ လက်မပါဘဲလူဖြစ်ခဲ့သင့်တယ် ကြည့်ဦး ကဗျာဆရာနှစ်ယောက် ခတ်တဲ့ပွဲက ငါ့သွေးတွေနဲ့ချင်းချင်းနီ ကဗျာဆရာနှစ်ယောက် အမြင်မတူခြင်းဟာ ငါ့ပယောဂမကင်းလို့တဲ့ ပြောချင်သပဆိုရင်ဖြင့် ကဗျာနှစ်ပုဒ်ဟာရင်ဘတ်တစ်ခုတည်းနဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ ငါသိတယ် ရင်ဘတ်နှစ်ခုဟာလည်းကဗျာတစ်ပုဒ်နဲ့ ထပ်တူမကျနိုင်မှန်းလည်း ငါသိတယ် သိနိုင်မလား ပန်းပွင့်တဲ့ကဗျာအတွက်စံပယ်ရိုင်းဟာမလိုအပ်သလို စံပယ်ရိုင်းဟာလည်း ကဗျာတောထဲမှာမပွင့်လိုဘူး ရေခံမြေခံကောင်းတဲ့ရင်ဘတ်ဟာလည်း ကဗျာတစ်ပုဒ်အတွက် ဖြစ်တည်မှုတွေမရှိဘူး ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူး ဒီတော့ နှင်းဆီနီတောထဲက ခလုတ်ကန်သင်းစံပယ်ကို ရုန်းထွက်နိုင်အောင် ခုတုံးလုပ်ခဲ့တယ်ဆိုရင် စံပယ်မွှေးတဲ့ နှင်းဆီစူးညအတွက် မျက်ရည်ကြိုစုလိုက်ဦး ကဗျာစုတ် ။ ။