ရင်ခွင်တံတိုင်း

SawAungDecember 19, 20121min02

………………….

……………………………

 

ဖေဖေဟာ တံတိုင်းတစ်ခုဆို

သားဟာ တံတိုင်းကိုမှီ ရှင်သန်ရတဲ့

အုတ်ကပ်ပင်လေးတစ်ခုပါ ဖေဖေ…………။

 

ဖေဖေမပါတဲ့ ရေဆန်လမ်းတွေမှာ

ပဲ့ကိုင်မပါခဲ့ဘူး ဖေဖေ

 

မှီတွယ်ရာ မဟုတ်ပေမယ့်

ခိုဝင်စရာတော့ ရင်ခွင်တစ်ခုရှိချင်တယ် ဖေဖေ

 

အခုတော…………….

အားမာန်နဲ့ကမ်းကပ်တဲ့ရေလှိုင်းက

ခိုဝင်စရာ ကျောက်ဆောင်မရှိခဲ့ဘူး ဖေဖေ…………….။

 

အသက်ကိုကြမ်းကြမ်းရှူ

မျက်စိကိုတစ်ချက်မှိတ်လို့…………..

………………………………………….

……………………………………………….

ရင်ထဲက တစ်ဆို့နေတဲ့ နာမတစ်ခုကို

သား…..ဖွင့်ဟထုတ်ကြည့်တယ်…………

……………………………………………

ဖေ…………………………ဖေ…………။

 

…………………

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

19122012

2 comments

  • Mon Kit

    December 19, 2012 at 1:20 pm

    မွန်ကစ်လည်း ဘဝခြားသွားပြီးဖြစ်တဲ့ ဖေဖေ့ကို သတိယသွားပီ…… :byae:

    Reply

  • ရွာသူ jujuma .

    December 19, 2012 at 4:07 pm

    ဘွ တူတွေ ပဲနော် … :byae:

    Reply

Leave a Reply

Your email address will not be published.