ကဗျာစုတ်

ဆုျမတ္မိုးDecember 19, 20121min04

တခါတုန်းက
ပန်းပွင့်တဲ့ကဗျာနဲ့ စံပယ်အရိုင်းတစ်ပွင့်မှာ
ခေတ်နောက်ကိုလိုက်တတ်တဲ့ကဗျာအယောင်ဆောင်အဖွဲ့တွေရှိခဲ့တယ်
ဆိုကြပါစို့
ပန်းပွင့်တိုင်းကဗျာတစ်ပုဒ်ကလှသလား
လက်သည်းခွံတစ်ခုဆွဲခွာတာလောက်
လူတစ်ယောက်ကိုဖဲ့ခြွေရတာလွယ်ကူတယ်ဆိုရင်
ငါဟာ လက်မပါဘဲလူဖြစ်ခဲ့သင့်တယ်
ကြည့်ဦး
ကဗျာဆရာနှစ်ယောက် ခတ်တဲ့ပွဲက
ငါ့သွေးတွေနဲ့ချင်းချင်းနီ
ကဗျာဆရာနှစ်ယောက် အမြင်မတူခြင်းဟာ
ငါ့ပယောဂမကင်းလို့တဲ့
ပြောချင်သပဆိုရင်ဖြင့်
ကဗျာနှစ်ပုဒ်ဟာရင်ဘတ်တစ်ခုတည်းနဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ ငါသိတယ်
ရင်ဘတ်နှစ်ခုဟာလည်းကဗျာတစ်ပုဒ်နဲ့
ထပ်တူမကျနိုင်မှန်းလည်း ငါသိတယ်
သိနိုင်မလား
ပန်းပွင့်တဲ့ကဗျာအတွက်စံပယ်ရိုင်းဟာမလိုအပ်သလို
စံပယ်ရိုင်းဟာလည်း ကဗျာတောထဲမှာမပွင့်လိုဘူး
ရေခံမြေခံကောင်းတဲ့ရင်ဘတ်ဟာလည်း ကဗျာတစ်ပုဒ်အတွက်
ဖြစ်တည်မှုတွေမရှိဘူး ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူး
ဒီတော့
နှင်းဆီနီတောထဲက ခလုတ်ကန်သင်းစံပယ်ကို
ရုန်းထွက်နိုင်အောင် ခုတုံးလုပ်ခဲ့တယ်ဆိုရင်
စံပယ်မွှေးတဲ့ နှင်းဆီစူးညအတွက်
မျက်ရည်ကြိုစုလိုက်ဦး ကဗျာစုတ် ။ ။

 

4 comments

  • ခင်ခ

    December 19, 2012 at 9:09 am

    အမြင်မတူ ဝိဝါဒကွဲ
    အချင်းချင်းလည်း
    ရန်ပွဲတစ်ရပ် ဆင်နွဲတတ်တော့
    ဖြစ်ပေါ်စကား ဆိုကြပါပြီ
    ဲငြိမ်းချမ်းကြပါ ဆိုလေသည်။

    Reply

  • ဦးကြောင်ကြီး

    December 19, 2012 at 10:55 am

    ကဗျာစုတ်
    တဏှာခုတ်
    လာမရှုပ်နဲ့
    ငါတုပ်လိုက်မယ်
    “ဆုဂလေးကို
    မြတ်မြတ်နိုးနိုး
    မိုးလောက်ကြီး
    ခြစ်ပါတယ်”…။ :kwi:

    Reply

  • မောင်ပေ

    December 19, 2012 at 12:36 pm

    ကဗျာစုတ်
    ပကာနုတ်
    တဏှာရုပ်
    မကြာလုပ်
    ဇကာထုတ်
    ငါးစာထုပ်
    ***
    ဆုကလေးရေ ၊ ဦးကြောင်ကြီး ကို မခြစ်ရင် မောင်ပေ့ ကို ခြစ်ပါကွယ်
    :kwi:

    Reply

  • mobile (mandalay)

    December 19, 2012 at 10:07 pm

    အသက် ၁၃ နှစ်အရွယ်တွင် ကဗျာစရေး ၊ မဂဇင်းဂျာနယ် တစ်စောင်မှာမျှဖော်ပြမခံရ ၊
    profile ထဲမှာရေးထားတဲ့ ဒီစာသားလေးကိုတော့ဖြင့် ကြိုတ်လှသကွယ်….
    :harr:

    Reply

Leave a Reply

Your email address will not be published.