တောက ကိုရင်December 31, 20121min04
ကန့်လန့်ကာကို ဖွင့်လှစ်ခြင်း (နှစ်သစ်ကို ကြိုဆိုခြင်း) HAPPY NEW YEAR! http://vn247.net/flash/Relax/Happy-new-year.swf နှစ်သစ်ကို ကြိုတော့မယ် နှစ်ဟောင်းက ငိုစရာတွေ ချန်ခဲ့… အရင်ရက်က အလွမ်းလက်ကျန် မနက်ဖန်ကို သယ်မလာနဲ့… နေခြည်ပျို့တဲ့ မနက်ခင်း သူမကိုယ်တိုင် ထွန်းလင်းစေ… အတိတ်တွေ စိတ်တွေ ပိတ်နေတဲ့ အာရုံတွေကို ဖွင့်ချ (ဇန်နဝါရီက စလို့) ကဏ္ဍအသစ်တစ်ခုဆီသို့ လျှောက်လှမ်း ၃၆၅ ဇာတ်ဝင်ခန်းမှာ… နာကြည်းစရာ မုန်းတီးစရာ အငြိုးအာဃာတတွေကို တံခါးပိတ် စိတ်ပျက်ခဲ့ရတာတွေကိုလည်း သော့ခတ် တစ်မိုးသောက်လို့ အရုဏ်တက်ချိန်တိုင်း ပန်းများစွာ ပွင့်ဝေ ရနံ့တွေ ထုံသင်း လေပြင်းညှင်းက ညင်ညင်သာ… ကြည်နူးချမ်းမြေ့နေပါသော စိတ်နဲ့ ငြိမ်ချမ်းသိမ်မွေ့စွာ နိုးထ လောကကြီးကို အလှတွေနဲ့တန်ဆာဆင် တစ်ဆံခြည်မျှ မလပ် ခန္ဓာကိုယ်တစ်ခုလုံး […]


– – – – – – – – – – နှစ်ထောင့်ဆယ့်သုံး အပြုံးလေးနဲ့ ကြိုရအောင်… ထားခဲ့ကြစို့.. အရုံးတွေ…အမုန်းတွေ… ချုံးပွဲချငိုဖူးတာတွေ အဆုံးမဲ့ကြေကွဲမှုတွေ… ပျိုမျစ်ခြင်းတွေ ရင့်ကျက်ချိန် ခြေလှမ်းသစ်နဲ့ စတင်မယ် အမှားတွေ နည်းမိသွားဖို့ ချစ်ခြင်းတွေ ဖြန့်ကျက်ထားဖို့… ဘဝမြစ်က မရေရာဘူး နှစ်သစ်နဲ့ ကြုံရပြန်ပြီ ဆုံခွင့်ရတာ ကျေးဇူးပါ… အတိတ်မှာ အများကြီးပဲ အမှားတွေကို သင်ခန်းစာယူ ယုံကြည်မှုအတူဆက်လို့ နှစ်သစ်ကို ချီတက်ကြမယ်.. Happy New Year…။ ။ ***ရွာသူရွာသားအားလုံးကို နှစ်သစ်မှာပျော်ရွှင်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်… ကဗျာလေးကို မနန်းတော်ရာသူရဲ့လက်ရာ ပုံလေးတွေနဲ့ တွဲပြီး ခံစားပေးပါလို့.. ချစ်တဲ့ လုံမလေး.. +++++++++++++++++++++  


SawAungDecember 27, 20121min04
မျောလွင့်နေတဲ့ အိပ်မက်တွေထဲ….. ကူးခတ်လူးလွန့် လာရင်းးးးးးးးးးးးးးး ကြယ်တွေဟာ တဖျတ်ဖျတ်တုန်ခါလို့ အို……………..ဘုရားသခင်……. တိမ်တွေပေါ် အရုပ်ရေးဖို့ စူပါဖောင်တိန် တစ်ချောင်းလောက်ပေးသနားပါ ညို့မှိုင်းမှိုင်းကောင်းကင်ဟာ အဖြူရောင်စာရွက်လောက်မရိုးသားတော့ဘူး ငါးရိုးစူးတဲ့မြို့ပြညတွေထဲမှာ ရင်ဘတ်ထဲကစိုက်ခင်းတစ်ခုနဲ့ ကျွန်တော်အသက်ရှင်နေရတယ် ဟုတ်ကဲ့………ကျွန်တော်အောက်ဆီဂျင်လိုနေတယ်။ ငွားစွင့်တဲ့ ပန်းပွင့်တွေအတွက် မြေဆီလွှာတွေ စတေးခဲ့တယ် ခန့်ညားတဲ့မြို့ပြတွေအတွက် ဘယ်သူတွေစတေးခဲ့သလဲ………..။ ဟင့်အင်း…..သူတို့က ဖန်လှောင်အိမ်တွေပိုင်ဆိုင်တယ်။ ကျွန်တော်လက်နဲ့ သစ်ပင်စိုက်ထာတယ် တိမ်ညိုတွေကင်းတဲ့နေ့မှာ ဘုရားသခင်ဆီက ဖောင်တိန်မရလည်းနေပါစေ ကျွန်တော့်သစ်ခက်တွေနဲ့  အရုပ်ရေးကြည့်မယ်။ …………… ရင်နှင့်ရင်း၍ အောင်မိုးသူ 2012 ခရစ္စမတ်နေ့ 11း15 PM


တောက ကိုရင်December 26, 20121min02
မြစ်ပြင်ကျယ်မှာမျောပါ စေ… တစ်နွယ်ငင်လျက် ရင်သက်လာခို နေညိုဆည်းဆာ ဝင်းဝါဖိတ်ဖိတ် ညဆိတ်ငြိမ်လွန်းလမွန်းတည့်စဉ် ရေယဉ်ကြောမှာ ပွင့်လွှာခြွေချ မြေကျအရိုး မြတ်နိုးကိုယ်တွင် ရင်ခွင်လှစ်ဟ ဒုက္ခနွံနစ် နွေသစ်မိုးနှောင်း အိုဟောင်းကံဖယ် နေကွယ်တောင်စွန်း နစ်မွန်းပျက်ကြေ­ွ သက်သေခန္ဓာ ရုပ်လွှာဝိဉာဉ် နောင်ကြဉ်အိုဆွေး ဝဋ်ကြွေးဒဏ်ရာ ထိတ်ပြာဝင်သက် ငိုခက်မျက်ဝန်း လရွှန်းမြဆို ကြယ်အိုတေးချော့ မှိန်ဖျော့အရိပ် ရင်ဆိပ်နွမ်းနယ် လေကွယ်ရာသင်း ဆောင်းနှင်းမြူမှုန် မြေတုန်ခြိမ့်သဲ ပေါက်ကွဲလွင့်စင­် တိမ်နှင်ရာပြေး ကြိုင်မွှေးနံ့ထံ­ု ရဂုံမြိုင်ဆီ ဝေသီမြင့်ခေါင် နောက်တောင်ဘက်ယွန်း လက်ရွှန်းနေစွယ် ခိုတွယ်လာနိုး တိမ်ခိုးစွေရွာ ရောင်ဖြာမလင်း ညသင်းကွဲဒဏ် သက်ပန်ယူကြုံး နှလုံးရင်စည်း ဆိုးညည်းလွမ်းမော မိုးသောသောညံ မြည်သံဟိန်းလျက်ညဉ့်နက်ငရဲ ရင်ထဲဆူဝေ သိစေသခင် ခြွေချင်မှာတမ်း လျှပ်ပန်းခြယ်သ သွေးစတွယ်လူး ပေဖူးလွှာတင် မြစ်ပြင်ကျယ်မှာမျောပါ စေ…။ ။ […]


တောက ကိုရင်December 25, 20121min01
နာလျက်မျက်ရည် ဝေရစေ… ရင်မှာနစ်မွန်း သွန်းသည့်ရုပ်လွှာ ညှာရင့်ရွက်အို ညိုညနေခင်း သင်းပျံ့ကြူမွှေးတွေးတသသ လရိပ်မှိန်ဖျော့ပေါ့ပါးလွတ်လပ် ကပ်လျက်ခွာနိုး စိုးစိတ်ရင်မှာ လာခိုတွယ်မိ ငြိသည့်ဆူးခတ် ပြတ်လပ်အားအင် ကြင်သူမရှိ ပိဝန်လေးလံ ကံနှယ်မိုးမှောင­် သောင်ထက်လွန့်လူး ကူးခတ်ရေပြင် ထင်ရာအရိပ် ဆိပ်တက်မှလွမ်း ကျွမ်းမြရင်ဖို ငိုချင်လျက်သား မှားသည့်ဝန်တာ သာစေကြောင်းနှင်­့ သင့်ရာနှလုံး နုံးချိဖေးကူ မြူတစ်မှုန်လား ခါးသည်းအဆိပ် အိပ်ပျက်သန်းခေါင် ယောင်ရမ်းလန့်နိုး ခိုးခြွေလျက်လည်း ဝဲတက်ဆဲလေ ဝေနိုင်လွန်းခက်မျက်ရည်စွေမှ မြသွေးသက်လှယ် ရယ်လှောင်ပြုံးရွှင် ပင်ကိုယ်စိတ်ဝမ်း ခမ်းနားဖွင့်ဟ ကြွရွမြူးပျော်……..။ တော်သင့်ရာနေ နွေဘဝလူ ပူလောင်သက်လုံး နုုံးချိလို့သာ နာလျက်မျက်ရည် ဝေရစေ…။ ။ တောက ကိုရင် ၁၃.၀၉.၂၀၁၂


တောက ကိုရင်December 25, 20121min01
ရေစိုနေသော(ဆဲ) အလွမ်းများ ချစ်သူရေ နင် ခြွေချင် ခြွေ ကျေနပ်တယ်ဆို (သေမတတ် အနေခက်) ကျေကျေနပ်နပ်နဲ့ငါ နေခဲ့လိုက်မှာပါ. . . နင့်ကို ငါ ဘယ်အချိန် ဘယ်တော့မှ ရင်မနာဘူး အဲဒါကို နင်တစ်ဦးပဲ ယုံပေးပါ. . . အပြောခက်တဲ့စကားတစ်ခွန်းကို နင်တကယ် ပြောထွက်သလား ဟင် နင်တကယ် ပြောရက်သလား ဟင် ငါ့ရင်ကို နင်မမြင်တာ ငါ အံ့ဩတယ် ဘဝနဲ့ ယှဉ်တဲ့အရေးမှာ တခဏအမြင်နဲ့ ငါ့ရင်ကနေ နင် ပြေးခွာရက်တယ်နော်. . . ် နင်တကယ် အဖြေရှာပြီလား နင်တကယ် သေချာပြီလား နင်တကယ် ကြေညာပြီလား ဟိုတစ်ချိန်အတိတ်တွေဆီ တို့နှစ်ယောက်ရဲ့စိတ်တွေ တထပ်တည်းတူညီခဲ့ကြတာ နင်တကယ် မေ့သွားရက်တယ်ဆို. . […]


တောက ကိုရင်December 24, 20121min03
ဝေသီစွာမျှော် (ပိုဒ်စုံရတု) ဝေသီစွာမျှော် သူလာခေါ်နိုး အာရုံခိုးခြွေ မုတ်သုန်စွေဝဲ နေခြည်ကဲထင် စိတ်ကမြင်လျက် သည်အိပ်မက်ဆီ သူလာမည်လား တွေးထင်ထားဆဲ ဘယ်ချိန်ခွဲခွာ ပူပန်စွာဖြင့် စိတ်ကထင့်ဆို ပျော်စေလိုလား ဆုပန်ထားလျက် အဆိပ်တက်လျှင် နွေခါရင်သက် ကျွမ်းစေသား….။ နွေဆီမှာပျော် တမ်းတသော်လည်း ကြင်ဖော်ခွဲခွာ ရင်နင့်လာဆို ကြိတ်ကာငိုဘူး ဝေသီမူးလဲ သူရူးပဲလေ ဥဩနွေကြို လွမ်းသလိုနှင့် မြည်တမ်းခွင့်ပန် ဆောင်းကိုပြန်တမ်း သိုက်မြုံနန်းဆီ­ မျှော်လင့်သည်သို့ လေပြည်ချို့တဲ့ သည်မွန်းတည့်ချိန် ပူပြင်းဂိမ္မာန် ငြိုးရက်မာန်တင်း ထိုရင်တွင်းက ခိုးခြွေချစဉ် ဖွေရှာမြင်ခက် လွမ်းနေသား…။ နေရီလာသော် မှန်းဆရော်ရမ်း သည်မှာကမ်းတွင် မချိရင်နင့် လွမ်းဆိပ်သင့်စေပူဆနေချို ဝိဉာဉ်ကိုတား ဆည်းဆာမှားလည်း ညနက်ထဲတွင် လရိပ်ထင်နိုး အိပ်ပျက်စိုးထိတ် သန်းခေါင်ဆိတ်ငြိမ် ကောင်းကင်တိမ်ညို မိုးဖွဲလိုလည်း တိမ်ရယ်ကဲထင် စွေရွာချင်လျက် […]


တောက ကိုရင်December 24, 20121min02
နေရီသာမှောင် (ကိုယ်တွင်းပြည့် ပိုဒ်စုံရတု) နေရီသာမှောင် တမ်းတယောင်ရမ်း လလောင်ကျွမ်းလို­ ညဉ့်နက်အိုဆွေး နွေကြိုတေးလှ သွေးစွန်းကျလျက် မြေခသက်သေ နှင်းဖွဲ့ဝေမှ ခိုးခြွေချစဉ် ဆယ်နေမြင်လို သူကြဉ်ပိုနွမ်း အိမ်ပြန်လမ်းဆီ နွေကျွမ်းပြီလားနေကွယ်သွားလျှင်ခိုနားရင်မှာ တိတ်ဆိတ်စွာဖြင့် မျှော်လာခွင့်ကို ခင်တွယ်လိုသား နေခြည်မှားမို့ မမြင်လို…။ ဝေသီစွာယောင် နွမ်းလျကြောင်ကန်း မြဆောင်ခန်းကို သိခက်ဆိုသေး ဖွေပိုဆွေးရ ဝေးလွန်းလှခက် ကြွေကျမျက်ရည် ညှင်းသွဲ့လေခ မိုးစွေကျလျှင် ဖယ်သွေကြဉ်လို ယူငင်ဆိုတမ်း တိမ်ယံနန်းမှီ ဖွေလွမ်းမြည်သားဝေမယ်လားထင် ပျိုနားယဉ်စွာ ထိတ်ထိတ်ပြာရှင့် ပျော်ပါနှင့်ဆိုမြင်ကွယ်လိုငြား သွေဖီသွားဖို့ မနှင်လို…။ နွေဆီမှာသောင် လွမ်းရမှောင်လမ်း ညယောင်ရမ်းဆို ချိလျက်ငိုကြွေးသွေပိုဝေးမှ မေးခွန်းကခက် နွေညနက်လေ ပျင်းတွဲ့သေရ နိုးစေမှပင် တွယ်နေရင်အို ပူပင်ဖိုကျွမ်း ဂိမ္မာန်ကမ်းချီ ရေခမ်းပြီထား နွေရယ်ခါးချင် ပိုမှားမြင်လာ ကြိတ်မှိတ်ကာနှင့် ခေါ်လာဖွင့်ဆို […]


လူတွေ..လူတွေ.. ငါကပဲ မတူတာလား… ဘယ်သူ့ကိုမှ နားမလည်ဘူး..   အားငယ်တတ်တဲ့သူ တဲ့.. အားပေးခဲ့ဖူးပါတယ်… စေတနာကို အမှားထင်တတ်တော့ သင်ခန်းစာလို့ပဲ မှတ်လိုက်တယ်…   စီနီယာလူကြီးပါ တဲ့.. အပိုးကျိုးပြီး နာခံဖူးပါတယ်… တာဝန်ဆို ရှောင်ထွက်သွားတော့.. နာမည်တွင်သွားတယ်…ဖိုက်တာတဲ့…   အပြောချိုချိုလေးနဲ့တစ်ယောက်.. စိတ်ထားလေး သိပ်ကောင်းတယ်လို့… ပေါင်းတာကြာမှ သိလိုက်ရတယ်… ပါးစပ်ဘုရား..လက်ကားယားလို့…   အလုပ်ထဲမှာ ပျော်နေမိတယ်… ငြိစရာလည်း မရှိဘူးရယ်လု့ိ… ခံရခက်မှ သိလိုက်ရတယ်.. ပါစင်နယ်နဲ့ ရောတတ်သူတွေကို…   အတွေးတွေနဲ့ ဗျာများလာတယ်.. ငါကပဲ မှားနေပြီလား… အများနဲ့တစ်ယောက်… စဉ်းစားရင်းနဲ့ ဂေါက်တော့မယ်… ….


အာဂDecember 22, 20121min015
ဖြစ်စဉ်(၁) တိုက်နေတဲ့ ဆောင်းလေကပဲ လွမ်းတတ်စေသလား လွမ်းစေတတ်တဲ့ သဘောကပဲ ဆောင်းလေလို အေးခဲနေသလား ဝေဝေ ဝါးဝါးပဲ။ ငယ်စဉ်ကာလ အတိတ်များက ဒီလိုမနက်ဆိုရင် ခပ်လွမ်းလွမ်းနဲ့ ဘာကို ဖော်ပြ၊လွမ်းရမှန်းမသိအောင် လွမ်းမိ။ -အရုပ်ကို ခေါင်ထိအောင် ပစ်ဖို့ ကြိုးစားရင်း ရပ်တည်နေတဲ့ ဘဝများလား။ -ကျောက်ဒိုးချင်း ထိကပ်အောင် ရိုက်ရင်း ၊ တစ်ထွာပြည့် မပြည့် တိုင်းထွားကြည့်နေတဲ့ ဘဝများလား။ -အပေါင်းသင်းတွေနဲ့ လမ်းမ အလယ် ဂီတာတီးရင်း ရီဝေနေတဲ့ ဘဝများလား။ -ထမင်းစားချိန် အိမ်ပြန်မမှီ လို့ အမေ့ကြိမ်လုံး ဒဏ်ဘေး ကင်းစေဖို့ ခဲလုံး နောက်ပစ်ပြီးပြန်တဲ့ ဘဝများလား။ -ဆေးလိပ်ခိုးသောက် လို့ အနံ့မထွက်အောင် ပီကေဝါးသွားတဲ့ နေ့ရက်များလား….။ -ဘာ..ဘာ…ဘာ..မှန်းမသိအောင် ကို ဆောင်းက အလွမ်းတွေနဲ့ […]


တောက ကိုရင်December 22, 20121min06
ဇာခန်းဆီး၏ နောက်ကွယ် သူမကြင်နာလို့ ကိုယ်စိမ်းလိုက်ရတယ် ဆိုပေမယ့် လူမမြင်ကွယ်ရာမှာ ဘယ်သူစိမ်းတွေနဲ့ … နင်.. ဂိမ်းတွေပဲ ဆော့နေတော့မှာလား မျက်လုံးတွေလည်းဝေဝါးနေပြီ… နင့်ကို ပေးတပ်ဖို့ မျက်မှန်တစ်လက် မနက်ဖန်မနက်မှာ နင် မျက်နှာသစ်ရအုံး­မယ်လေ… နင်… အဲဒီလို ပေးဆပ်မှုမျိုးနဲ့တော့ အဲဒီ ပျော်ရွှင်မှုမျိုးကို မတပ်မက်သင့်ဘူး… နင်စွန့်လွှတ်ခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက် လူတစ်ချို့တော့ မျက်ကွယ်ပြုတန်ကောင်းရဲ့… နင်… အဲဒီလို ရပ်တည်မှုမျိုးနဲ့တော့ အဲဒီဘက်ကို နင် မယိမ်းယိုင်သင့်ဘူး… တစ်ခါတုန်းက ရင်းနှီးခဲ့တဲ့ ရင်တစ်ခုက တိတ်တဆိတ် ပြက်ရယ်ပြုနေမှာကို… နင်… တစ်ဖက်ကို မကြည့်ချင်တော့လ­ို့ အခြားတစ်ဖက်ကို မမြင်နိုင်တာမျိုးလား… ရိုးရိုးသားသား (ဘာလို့ နားတွေကို ပိတ်ထားရတာလဲ…) နင်… ဟောဒီ ရင်ဘတ်ထဲက ပေါက်ကွဲသံစဉ်တေ­ွ ဟောဒီ ဘယ်ဘက်တစ်ခြမ်းမှာပဲ… မနာလို […]


တောက ကိုရင်December 22, 20121min02
ဇာခန်းဆီး နောက်ကွယ် (၂) အဲဒီတစ်ဖက်သတ်ဝေဒနာတွေက ကြေညာခွင့်မရှိတဲ့ ဒြပ်မဲ့အရာ စာရွက်ပေါ်မှာ ရေးခြစ်လိုက်တိုင်း (ကဗျာတွေ ဖြစ်လာခဲ့ပေမယ့်) သွေးညစ်တွေဝိုင်းနေတဲ့ နှလုံးသားက တိမ်စိုင်တွေလိုလေနှင်ရာလွင့်လူးရင်း အရူးအမူး (မသိမသာ) ရင်ခုန်ခဲ့ဖူးတယ­် တိတ်တဆိတ်နဲ့ အံကြိတ်ပြီး ငိုဖူးတယ် အသံမထွက်တဲ့ကာရန်တွေလည်း ခေတ္တပျက်ခဲ့ဖူးတယ် ထူးမခြားနား အဲဒီလင်္ကာတေးသွားတွေ ဂစ်တာအိုပေါ် ခုန်ပေါက်စီးဆင်း (မျက်ရည်တွေကို ရင်းနှီးလိုက်ရတယ်…) တစ်ခါတလေ ညည်းချင်းတွေလည်း ဆိုဖူးတယ်… အိုဘယ့်.. ကံကြမ္မာ အတ္တဝတ်ရုံလွှာကိုဖြေလျော့ထားကာမှ မရှိမဲ့ ရှိမဲ့ ပျော့ကွက်ကိုနင်း ကျပ်တည်းစွာ ချည်နှောင်ထုပ်ပိုးခြင်းခံထားရတ­ဲ့ ကျော့ကွင်းထဲက အပူတွေ အဲဒီဝန်ထုပ်အဟောင်းအဆွေးတွေကြားထဲမှာ ကိုယ့်ကိုယ်ကို တစ်ပတ်နွမ်း အလှဆင်လို့ အကျည်းတန် မှန်ကို ကြိုက်သလိုမျိုး အဝေးက ပြစ်တင်သံ တိုးတိုးသဲ့သဲ့ (ကြားလိုက်မိသလား…) နားတွေလည်း အူထွက်နေပြီ အနှစ်ကို ရှာ […]


တောက ကိုရင်December 21, 20121min04
ဟာင်းနွမ်းသွားသော ဆန္ဒတစ်ခုဆီသို့…. ကြာခဲ့ပြီ.. အချိန်နာရီတွေ ရွေ့လျား မင်းရဲ့ ကိုယ်သင်းရနံ့ ပါးပါးလေးကို တပ်မက်ခဲ့မိတာ စောင့်စည်းခဲ့ရတဲ့ ဆန္ဒတစ်ခုပါ.. ကြံရာမရတဲ့ အဆုံး နှလုံးသားကို ထိပ်တုံးခတ်ဖို့ ကြိုးစားလိုက်ရတယ်.. ဒါပေမယ့်လည်း သော့မခိုင်လို့ ပြုတ်ထွက်ပြန်တော့ ရုတ်တရက် ဦးမော့လာတဲ့ဆန္ဒနဲ့ ကံကြမ္မာစစ်တလင်းမှာ အချစ်တွေ စစ်ခင်းကြည့်လိုက်ရင်… … ………. မျှော်လင့်နေပါရစေ.. သံသယတွေကို ပစ်ခွင်းဖို့ အချစ်မြားတစ်စင်းတော့ လိုအပ်လိမ့်မယ်.. မရဏကို မသွားခင် မင်းရဲ့ ရင်ခွင်ထံပါးမှာ အချစ်ထုထည် ခပ်များများကို သိမ်းဆည်းထားခဲ့ချင်တယ်.. ရှိသမျှအချစ်တွေပုံအောပြီး ရင်ဘတ်ဟောင်းလော­င်းဖြစ်သွားတဲ့အထိ ချစ်လိုက်ချင်တယ်.. ခွင့်ပြုပါ.. ပုထုဇဉ်လူသားတစ်ယောက်အတွက် သံသရာကို မခွာနိုင်သေးလို­့ ဆည်းဆာချိန် နေမဝင်ခင် ငါပိုင်တဲ့ လက်နှစ်ဖက်နဲ့ တစ်သက်စာ ထွေးပွေ့ခဲ့ချင်တယ်.. အတ္တကို စွန့်ပစ် လောကဓံရှစ်ကောင်ကို မြင်းလုပ် […]