ဝေသီစွာမျှော် (ပိုဒ်စုံရတု)

တောက ကိုရင်December 24, 20121min03

ဝေသီစွာမျှော်
(ပိုဒ်စုံရတု)

ဝေသီစွာမျှော် သူလာခေါ်နိုး အာရုံခိုးခြွေ မုတ်သုန်စွေဝဲ
နေခြည်ကဲထင် စိတ်ကမြင်လျက် သည်အိပ်မက်ဆီ သူလာမည်လား
တွေးထင်ထားဆဲ ဘယ်ချိန်ခွဲခွာ ပူပန်စွာဖြင့် စိတ်ကထင့်ဆို
ပျော်စေလိုလား ဆုပန်ထားလျက် အဆိပ်တက်လျှင်
နွေခါရင်သက် ကျွမ်းစေသား….။

နွေဆီမှာပျော် တမ်းတသော်လည်း ကြင်ဖော်ခွဲခွာ ရင်နင့်လာဆို
ကြိတ်ကာငိုဘူး ဝေသီမူးလဲ သူရူးပဲလေ ဥဩနွေကြို
လွမ်းသလိုနှင့် မြည်တမ်းခွင့်ပန် ဆောင်းကိုပြန်တမ်း သိုက်မြုံနန်းဆီ­
မျှော်လင့်သည်သို့ လေပြည်ချို့တဲ့ သည်မွန်းတည့်ချိန် ပူပြင်းဂိမ္မာန်
ငြိုးရက်မာန်တင်း ထိုရင်တွင်းက ခိုးခြွေချစဉ်
ဖွေရှာမြင်ခက် လွမ်းနေသား…။

နေရီလာသော် မှန်းဆရော်ရမ်း သည်မှာကမ်းတွင် မချိရင်နင့်
လွမ်းဆိပ်သင့်စေပူဆနေချို ဝိဉာဉ်ကိုတား ဆည်းဆာမှားလည်း
ညနက်ထဲတွင် လရိပ်ထင်နိုး အိပ်ပျက်စိုးထိတ် သန်းခေါင်ဆိတ်ငြိမ်
ကောင်းကင်တိမ်ညို မိုးဖွဲလိုလည်း တိမ်ရယ်ကဲထင်
စွေရွာချင်လျက် နွမ်းကြေသား…။။

တောက ကိုရင်
၂၇.၁၁.၂၀၁၂

3 comments

  • မောင်ပေ

    December 24, 2012 at 8:39 pm

    ဝေသီစွာမျှော်
    ရေကြည်မှာပျော်
    ကေစီလာခေါ်
    မေရီထာဖော်
    ဘေဘီအာကျော်

    Reply

  • လုံမလေးမွန်မွန်

    December 24, 2012 at 9:13 pm

    စိတ်ထဲကနေ ရတုဆိုသလို လိုက်ဆိုမိတယ်…
    လုံမအရမ်းကြိုက်တဲ့ ၄-၃-၂ ကာရန်လေးတွေပါ.. လက်မတစ်ချောင်းပါရှင့်….

    Reply

  • Mr. MarGa

    December 25, 2012 at 10:38 am

    လေပြည်ချို့တဲ့ သည်မွန်းတည့်ချိန်
    အဲဒီစာသားလေးကို ကြိုက်မိပါကြောင်း

    Reply

Leave a Reply

Your email address will not be published.