johnnydeerJanuary 9, 20131min04
အယ်မိုင်ခ….မလိခ… အကိုမြစ်…နှမမြစ်…နှစ်မြွာ… ကိုယ်နေတဲ့ကိုယ့်ဇာတိမြေ နေရာ… ဘယ်လိုလုပ် ခွဲခွာချင်မှာလဲ… တောထဲတောင်ထဲ တောအုံချုံကြား… စားစရာ နတ္ထိ နေစရာအိမ်မရှိ… ည ည တရေးမှ ကောင်းကောင်းမအိပ်ရ… ဟိုနားက သေနတ်သံကြား… သည်နားက အမြောက်သံကြား… ကိုယ့်ခေါင်းပေါ် ဘယ်တော့များကျမလဲလို့… သည်းတထိတ်ထိတ် ရင်တဖိုဖို… မှေးကနဲ… တရေးအိပ်ပျော်သွားတုန်း… ကိုယ်လေတအားပျော်မိ… ကြည့်စမ်း…ရွှေဝါ စပါးခင်းတွေ… လေအတိုက် လှိုင်းထလို့… ကဲ…ရိတ်လိုက်ကြစို့ ဖော်တသင်းတို့… တံစဉ်းတွေနဲ့ တဗျင်းဗျင်း ဆွဲရိတ်… အရိပ်ခိုဖို့တောင် မစဉ်းစားအား… ဒါ…တို့စပါး…တို့စပါးတွေလေ… အားပါးတရ ပျော်နေမိကြ… ဖျတ်ကနဲ လန့်နိုးမှ… ဒါ…အိပ်မက်ပါကလားလို့… ကိုယ့်ကလေးတွေလဲ… ကိုယ့်မြေ ကိုယ့်ကျောင်းက… ခေါင်းလောင်းသံ မကြားရလို့… ကကြီး ခခွေးတောင်… ရေးတတ်ပါတော့မလား… သူတို့ကစားနေတာ မြင်ရတော့… ရင်ဝကို ကျည်ဆံ […]


ရေးလက်စကဗျာတစ်ပုဒ် သောက်လက်စကော်ဖီတစ်ခွက် ရေဘူးထဲကိုထည့်ထားခဲ့တဲ့ လက်ဖက်ခြောက်တစ်ထုတ်လို ပုလင်းကျဉ်းလေးထဲ ပက်လက်ကလေးမျောလို့ နင့်ကိုချစ်တဲ့အကြောင်း ရေးလက်စကဗျာကလည်း အခုထိအဆုံးမသတ်သေး နင့်အတွက်ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာတချို့ကလည်း ရင်ဘတ်ထဲက ပြူတစ်ပြူတစ်နဲ့ ထွက်ထွက်လာလွန်းလို့ အေမိုင်နာကိုချစ်တဲ့ လီဟိုရီကိုကြိုက်တဲ့ ကြောင်လေးတွေကိုအသည်းယားတဲ့ ကွမ်းယာအပျင်းပြေစားတတ်တဲ့ တခါတခါ ကလေးတစ်ယောက်လိုဂျစ်တတ်တဲ့ အညာသားလို့ခေါ်ရင်မကြိုက်တတ်တဲ့ ငါ့ကိုချစ်တဲ့ တစ်ယောက်သောသူရယ် နင်နဲ့ငါဟာ တိမ်တွေကိုရေတွက် ရေပြာပြာမှာမျော သစ်သားရောင်တွေကိုခံစား နင့်သဘောနဲ့ငါ့မနောထပ်တူကျစမြဲနော် နင့်ကိုလွမ်းလွန်းနဲ့နေ့တွေဆိုရင် ငါ့ဘဝကြီးလည်းအရောင်ရင့် ဒုတ်ခတွေကလည်းထူ ခပ်နင့်နင့်ရင်ဘတ်ကို တမ်းတခြင်းနဲ့သာ ချွေးသိပ်ရတယ် နင့်မသိတဲ့ငါ့ဖက်ခြမ်းက ခံစားမှုဟာလည်း နင့်အရောင်တွေဟပ်လို့ ဘဝကြီးတခြမ်းလုံးစာ နင့်ဘက်ကိုယွန်းလို့ မ ဆိုတဲ့စကားကို လျစ်လျုရှုရင်း ချစ်တယ်ဆိုတဲ့စကားကို အကြိမ်ကြိမ်ရွတ်ဆိုနဗေထပ် ငါ ကာရန်တွေစပ်နေလိုက်တာ ဟောဒီကဗျာလေး အဆုံးသတ်တဲ့အထိ ။ ။


“ဝုန်းကနဲ ကြားလိုက်တယ် ..” ခပ်ပြင်းပြင်း သံစဉ်တစ်ခု ပေါက်ကွဲသွားသလား နားနှစ်ဖက်ကို ခဏလောက် ကန်းကြည့်မိတယ် ပေါက်ကွဲသံစဉ်က တုန်ခါနေဆဲပဲ သေချာစမ်းစစ်မိမှ ဪ ရင်ဘတ်ထဲက မြည်နေတာပါလား နောင်တ ဆိုတာ မရှိခဲ့တဲ့ ငါ နှောင်းတ တစ်ခုကို လက်ဝယ်ပိုက်လို့ ရီဝေဝေ အကြည့်တစ်စုံက မျက်ဝန်းတွေ မှိတ်လို့ထားလည်း ဝဲလည်ခတ်နေတယ် ခေါက်ရိုးကျိုးနေတဲ့ မှင်ရောင် ပျက်ပြယ်လု စာရွက်အဟောင်းကြားက ပါ့စ်ပို့စ် ပုံလေးက အရင်လို အသက်ဝင်နေဆဲပဲ ပြောင်းလဲနေတဲ့ လောကကြီးရဲ့ စီးမျောနေတဲ့ ရေစီးထဲက ငါအမှီမလိုက်နိုင်တော့တဲ့ ပြောင်းလဲမှုတွေထဲမှာ နင် တစ်ယောက်လည်း ကူးခတ်သွားမယ်ဆိုတာ ငါ မတွေးထားမိခဲ့ဘူး မှန်ထဲက ပုံရိပ်တစ်ခုကို ပြန်ကြည့်မိတယ် ငါ မဟုတ်တဲ့ လူတစ်ယောက်ကို တွေ့မိတယ် . သေချာတယ် […]


johnnydeerJanuary 8, 20131min09
အဝတ်အထည်လိုလို့…. အစားအသောက်လိုလို့… နာရီလိုလို့… ဆိုင်ကယ်လိုလို့… အိုးအိမ်လိုလို့… အိမ်လခလိုလို့… ……………လိုလို့… …………………… …………………လိုလို့ဆိုပြီး… ကလေးကြီးတွေ…. လူပြန်ပေးဆွဲခံနေရတယ်….   အခိုင်းအစေလိုလို့… ဇနီးမယားလိုလို့… ခိုင်းစားလိုလို့… ခန္ဒာကိုယ်အစိတ်အပိုင်းလိုလို့… အသွေးအသားရောင်းစားလိုလို့… ……………လိုလို့… …………………… …………………လိုလို့ဆိုပြီး… ကလေးကြီးတွေ…. လူပြန်ပေးဆွဲခံနေရတယ်….   စစ်ဖိနပ်အောက်မှာ… .နှစ်ပေါင်း ၅ဝကျော်အကြာ… တို့မြန်မာကလေးငယ်တွေရဲ့ဘဝ… ရာနှုန်းမည်ရျ် မည်မျှ… လုံခြုံရေးရနေပါပြီလဲ…   အမေစု ထိုင်းနယ်စပ်ရောက်ခိုက်… အသည်းလှိုက်အောင် ခံစား… ကလေးသူငယ်တွေ ကူးသန်းရောင်းဝယ်ရေး… ကင်းဝေးပပျောက် ရန်အတွက်… သတိပေးပြောကြားသွားတာက… ဒီမိုကရေစီ လှည်းလမ်းကြောင်းပေါ်က… .နွားကျောင်းသား ဘဝလို အေးချမ်းသာယာဖို့… ငါတို့အားလုံး ဝိုင်းဝန်းလုပ်ကြရတော့မယ်….   တရားမယုတ်… တရုတ်မယားမဖြစ်စေရေး… ထားမရိုင်း… ထိုင်းမယားမဖြစ်စေရေး… ကလီးဇနား… ကုလားဇနီး မဖြစ်စေရေး… […]


အရိပ်အာသာဝါ ကောင်းကောင်းရဖို့ အရိပ်တစ်ခုမှာ နားခိုရအောင်လည်း ငါက ငှက်တစ်ကောင် မဟုတ်ခဲ့တာ ခက်တယ် လွတ်လပ်ခြင်းဆိုတာ ကောင်းကင်ထက် ပျံသန်းခြင်းဆိုလည်း ငါ့မှာက အတောင်ပံတစ်စုံမှ မရှိခဲ့ပဲ အချစ်အတွက် အသက်ပင်သေသေဆိုရအောင်လည်း ငါမှာ ရိုမီယိုဆိုတာက မရှိခဲ့ဘူး (ကိုယ်တိုင်လည်း မသေရဲပါဘူး) လိုအင်ဆန္ဒအားလုံး ပြည့်ဝဖို့ကလည်း ငါ့မှာက အာလာဒင်ရဲ့မီးခွက်တစ်လုံး မပိုင်ဆိုင်ပြန်ဘူး မအိပ်မနေ အသက်ရှည်ဆိုရအောင်လည်း အလုပ်ပြုတ်ပြီး ငတ်မသေဖို့ကို အရင်ကြိုးစားရမယ် အိပ်မက်တွေ ဖြစ်လာဖို့ဆိုတာကလည်း တစ်ခါတစ်ရံ ငါ့အိမ်မက်တွေကို လေထဲမှာလိုက်ဖမ်းဆုပ်ဖို့ အားအင်တွေက ကုန်ခမ်းနေတုန်းပဲ ဘယ်ကိုပဲ သွားသွား အချိန်တန်လို့ နေစောင်းရင် အိမ်ပြန်ရအောင်လည်း ငါက နွားတစ်ကောင်မဟုတ်ခဲ့ပြန်ဘူး ဒီလိုနဲ့ပဲ …… ငါတစ်ယောက် ဘာမသိတဲ့အရာနောက် … ဘာမရှိတဲ့ အဓိပ္ပါယ်နောက် … ငါကိုယ်တိုင်မသိတဲ့ ငါ […]


CourageJanuary 6, 20131min00
        သွေးချင်း“စစ်”   မချစ်လို့တော့မဟုတ် မနှစ်မျို့တဲ့ စိတ်တစ်ခုကြောင့် သူကလဲပစ် ငါလဲပစ် သွေးချင်းတွေမှာ ဒုက္ခဖြစ် အဲ့ဒါပြည်တွင်းစစ်။ C.O


နေကွယ်လျှင်သာ… နေကွယ်လျှင်သာ… တွယ်ငင်ရာ တိမ်း ရင်ညှာယိမ်းနွဲ့­­ ပြာစိမ်းလဲ့ညို ယိမ်းသွဲ့လိုလား­­ ဖွဲ့ဆိုထားလျက် ငိုအားထက်သန် မြားချက်မှန်နိုး သက်ပန်စိုးထိတ် ပြန်နိုးစိတ်ပျက် ညှိုးပိတ်ခက်ချည် မှိတ်လျက်ရီဝေ ပျက်မည်ခွေယိုင်­­ သည်နွေဆိုင်ကြုံတွေမှိုင်ရုံငေး မြိုင်ဂုံဝေးချင် ထုံမွှေးလျှင်သာ တွေးမြင်လာမှား ရင်မှာခါးဆို နာဖျားလိုဆဲ ထားသိုစွဲမက် ညိုမဲနက်မှောင် ရဲလျက်ကြောင်သွေး ခက်ပေါင်တွေးဆ ယောင်ငေးမှသည် ဝေးရမည်မှန်း တချည်လွမ်းသော သည်နွမ်းတောခြောက် ကျွမ်းမောဖျောက်ဆိတ် တောမျောက်ဆိတ်ငြိမ်…။ ။ တောမျောက်ဆိတ်ငြိမ်.. ကြောက်ထိတ်မှိန်ပျ ပိတ်ချိန်ညလယ် ထိန်ကြတယ်လား ညကြယ်များနှင့် ခြယ်သားတင့်ဆန်းငွားစွင့်ပန်းကို ဝင့်လန်းလိုထင် လှမ်းကြိုမြင်လည်း ငြိုငြင်ဆဲမှာ ရင်ထဲသာနိုး ခွဲခွာစိုးရိမ် ခါဆိုးချိန်တန် ငြိုးဂိမ္မာန်မှောင် လိမ်ဟန်ဆောင်ထား­­ ကန်ဘောင်နားဆီ ယောင်ကြားပြီလို­­့ မှားမည်သို့လေ သည်ချို့နေရောင်­­ ညို့စေအောင်ယွန်း ငွေတောင်စွန်းဝယ­­် မောင်လွမ်းမယ်မေ…။ ။ မောင်လွမ်းမယ်မေ… […]


အို…အသင်လောက အသင့်ရှေ့မှာမြင်မြင်သမျှကို ပြုံးရယ်ကာကြည့်နေခြင်းရယ်နှင့် လှောင်ချင်နေပြီလား သံသရာခရီးသွားတွေချင်းအတူတူ ငါဖြူသည် နင်ကမည်းလို့ နင်စီးတာပက်ဘလစ်ရထား ငါကတော့လင်ကွန်းကားရယ်နှင့် နင့်အိမ်ယာအစွန်အဖျားမှာတကား ငါနေတာကရွှေတောင်ကြား တဲ့ မသထာစိတ်ထားတွေထားလို့ လူကိုလူချင်းသတ်မှတ်ခြင်းစံနှုန်းတွေက အဆင့်မတူနိမ့်မြင့်ခြားထားပါလို့ ပကတိအမှန်တရားတွေတဲ့လား ပစ္စည်းဥစ္စာရတနာ သင့်စီးပွားငွေအသပြာက ကံ၊ဉာဏ်၊ဝိရိယရဲ့အကျိုးပွားတွေသာမို့ ကြိုးစားကာ အုပ်ထိန်းထားရမှာက ကောင်းသောကိုယ်စိတ်နှစ်ပါး ကိုယ်ကျင့်တရားဆိုင်ရာ အဆင့်သတ်မှတ်မှုဇယားတွေကမှ လူ့လောကအလွှာစုံညီမျှတာအမှန်ပေမို့ ရုပ်ရူပကာ စည်းစိမ်များကိုမာနထားသမျှ တစ်နေ့အနားသတ်မှာသတိထားပါစို့ အဲဒါမှ အမှန်တရား………………. နန်းတော်ရာသူ 4-1-2013


သက်ငြိမ် အကြောင်းတွေလည်းမဆက်ချင်တော့ဘူး နှောင်းနွေရက်မှာ ခင်မင်ဖူးခဲ့ အခုတော့… ဆောင်းလေထက်မှာ ပင်ကူးမတဲ့လေ…။ နွေကို သက်သေတည်ထားကာမှ နှင်းပွင့်တွေက တဖြုတ်ဖြုတ် ငါ့ရင်ကို တမင်လာလှုပ်ခတ်နေသလား ဝိဉာဉ်မပါတဲ့ကျောက်ရုပ်က အသက်ပြင်းသလို ဗီဇအပြောင်းအလဲကို အန်တုဖို့အတွက် အလံလုတဲ့စစ်ပွဲမှာ အလံဖြူကိုင်စွဲ ဓါးအိမ်ထဲ ဓါးထည့်ဖို့မေ့ခဲ့တယ်…။ မုန်တိုင်းကို စီးနင်းခဲ့တာတောင် လေပြည်ရဲ့သယ်ဆောင်ရာ ငါမလိုက်ပါနိုင်ခဲ့ဘူး ရော်ရွက်တွေကပဲ အညှာခိုင်ကြသလား မီးအိမ်ကို ကိုင်စွဲထားကာမှ မီးညွန့်ရဲ့လည့်စားမှုအောက်မှာ ကျရှုံး ဖျားယောင်းမှုတွေမှာ လမ်းပျောက်တုန်းခဏ ကောင်းကင်ကို တိမ်တွေမဖုံးပါစေနဲ့လား မိုးသားတွေ အယောင်ဆောင်ထားတဲ့နောက်မှာ ကြယ်ကြွေတာကိုတောင် ငါမတမ်းချင်တော့­ဘူးလေ…။ ရနံ့ကို ခူးဆွတ်ဖို့မပြောနဲ့ ပွင့်ဖတ်တွေကိုတောင် မရူးတတ်တဲ့ငါ အမြင်အာရုံတွေမှာလည်း မသာယာခဲ့ဘူး ပုစဉ်းတွေ ရင်ကွဲတယ်ဆိုတာထက် ပယင်းရောင်ဖန်ခွက်ထဲက ရေတွေအေးစက် နှလုံးသားကပဲ အနွေးဓါတ်ကို တမ်းတမိသလား…။ ညတွေက အယောင်ယောင်အမှားမှားနဲ့ သူကိုယ်တိုင် […]


သစ်ခြောက် ပင်အို ု ချစ်သစ်ပင်မှာ ငှက်သစ္စာဝေး ရော်ရွက်ဆွေးမြေ့ လောင်ကျွမ်းနေ့ည ထီးကျန်လှလွန်း အရုဏ်ပွန်းပဲ့ နေမွန်းတည့်ဆို ဆည်းဆာအိုမင်း ဝေသီလင်းဆဲ သည်နွေထဲတွင် မပျော်ရွှင်ဘူး ရွက်နုဖူးသစ် ရောင်နီလှစ်ဟ နှင်းစက်ကျစေ လေပြည်စွေဝဲ မုတ်သုံထဲဝယ် အာရုံပြယ်လွင့် မုန်တိုင်းသင့်နိုး ကာလမိုးနှောင်း ရာသီပြောင်းလွန် နွေဦးကျွံဆဲ ပင်စည်လဲပြို ခင်တွယ်ငိုကြွေးမရှိကျေးငှက် ပွေရတက်ပြင်း ကန္တာတွင်းက အကျဉ်းကျသူ ဆယ်နေပူသို့ သွေးလေချို့ယွင်း အားမာန်တင်းလည်း နှောင်းကံနည်းပါး သစ်ကိုင်းဖျားထက် ခိုနားလျက်လေ မျက်ရည်စွေဝဲ တမ်းတဆဲမှာ လေနှင်ရာပြေး တိမ်နှယ်ဝေးလွင့် စိတ်ကထင့်ဆို ကွယ်ရာငိုဘူး နွေထဲရူးလို့ မေတ္တာပို့ဝေ သင်ပျော်စေကြောင်း ကျွန်ဆုတောင်းရင်း ရနံ့သင်းထုံ မြိုင်ရဂုံတွင် တူဖော်ရွှင်ပျ နေခြည်မြချို မိုးလေခိုပါ သိုက်မြုံသာထက် နေပျော်လျက်လေ အတိတ်နွေထဲ ရှင်သန်ဆဲမှာ တစ်ကြိမ်ခါမျှ […]


ကွဲသွားတဲ့ဖန်ခွက် ဆက်မဲ့သူမရှိ ကြေမွနေ မျက်လှည့်ဆရာရဲ့ အကောင်းဆုံးပြကွက် သူ့ကိုယ်သူ ဖျောက်ပစ်လိုက်တယ် ဘယ်တော့ပေါ်လာမှာလဲ… ငြိမ်းချမ်းရေးငုပ်ကောင် Doorပိတ်ထားသော ပန်းငုံလို ညှော်မိပြီး အိပ်နေပုံ လူစားဝင် လူဝင်စားတွေက ဟစ်တလာတွေ ထပ်မွေးတယ် အပြွတ်လိုက် စတာလင်တွေ ထပ်မွေးတယ် အခိုင်လိုက် အို…ဘုရားသခင် ဦးချိုယား ဆိတ်လိုလူတွေများ မည်းမည်းမြင်ရာ ခွေ့ ခွင့်ပြုလေသလား စပေါက်စ မြက်ပင်တွေခမျာ အမြစ်ပါမကျန် အနှုတ်ခံခဲ့ရ ပြော… စိုက်မဲ့လက်ကျ နှေးနေ/လေးနေတာ ဘာကြောင့်လဲ ငါတို့ မျှော်နေကြပါတယ်… သံလွင်ခက်ကိုက်ဂျိုးဖြူရယ်… သင်လာရင် အဝေးက ရေတွင်း မပြနဲ့ အနီးကပ် ရေခပ်တိုက်ပါ မျက်ရည်မြစ်ကိုချုံ့ ပါ ပဋိပက္ခကိုဖြုတ်ပါ ငါတို့ အသက်လုပြီး တူပုန်းတမ်း မကစားချင်တော့ဘူး အနိဋ္ဌာရုံတွေ မီးငြိမ်း လက်နက်ကြီး/သေး အ,နေကြပါစေ […]


သင်ပုန်းချေခြင်း ဥဒါန်း နွေဦးမှာ သစ်ရွက်မကြွေချင်နေ လေပြည်မှာ ရနံ့မပါလည်း ထား ပန်းပွင့်ရာမှာ ပျားတော့ ရှိမယ် နင့်စကားတွေ ပြက်ရယ်လို့ မနေလည်း မျက်ကွယ်မှာ အခု နင် ခိုချင်ရာ ခိုနား တစ်ချိန်က အမှားတွေအတွက် ငါ့ကိုလည်း မငဲ့ကွက်နဲ့တော့ ကျောခိုင်းကာ လှည့်ထွက်ခဲ့ပြီးပြီပဲ.. နင်လည်း ပျော်မှာပါလေ.. ငါလည်း တော်ရာမှာနေ … အဝေး နင်ပေးခဲ့ဖူးတဲ့အိပ်မက်တွေနဲ့ ငါ့ညတွေ အိပ်ပျက်ခဲ့ဖူးတယ်ဆိုတာ နင့်အတွက်သာ ဇာတ်လမ်းဟောင်း ငါ့အတွက်တော့ မှတ်တမ်းကောင်းတစ်ပုဒ်အဖြစ်… ကျန်နေရစ်ခဲ့ပါ.. ချစ်ရစ်ကာ ထားလို့ပြေး ဥပါဒါန်ကို မပေးခဲ့တာတောင် အနာဂါတ်မှာ ဥပါဒ်တွေနဲ့ လောင်မြိုက် အိပ်ဆေးတွေ ဓါတ်မပြယ်ခင်မှာပဲ သန်းခေါင်ကိုချည်းကပ်ဖို့ ငါ့စိတ်တွေက လန်းဆန်း..တက်ကြ­ွ ခမ်းနားစွာလှပခဲ့ဖူးတဲ့ နွေဆည်းဆာအတွက် ငါ့မျက်လုံးတွေ ကျိန်းစပ်နေတတ်ခဲ့ပြီ.. ကြယ်ရောင်တွေ […]


+++++++++++++++++++++++++++++++ ကျုပ်ကို … တချို့က ပြောကြတယ် ….. မျက်နှာထား ခပ်တည်တည်နဲ့ မာနကြီး တစ်ခွဲသားနဲ့ကောင် … တဲ့ …။   ကျုပ်ကို … တချို့က ပြောကြတယ် ….. ရွှတ်နောက်နောက် ပုံစံနဲ့ အတော် ရီရတဲ့ ကောင် … တဲ့ …။   ကျုပ်ကို … တချို့က ပြောကြတယ် ….. ဘာဆို ဘာမှ မသိ၊ မတတ်တဲ့ ခပ်ချာချာ၊ ခပ်တုံးတုံး ကောင်ပဲ … တဲ့ …။   ကျုပ်ကို … တချို့က ပြောကြတယ် ….. ဒီကောင်က ခပ်အေးအေးလေး နေတတ်တယ် … တဲ့ …။ […]