အယ်မိုင်ခ….မလိခ… အကိုမြစ်…နှမမြစ်…နှစ်မြွာ… ကိုယ်နေတဲ့ကိုယ့်ဇာတိမြေ နေရာ… ဘယ်လိုလုပ် ခွဲခွာချင်မှာလဲ… တောထဲတောင်ထဲ တောအုံချုံကြား… စားစရာ နတ္ထိ နေစရာအိမ်မရှိ… ည ည တရေးမှ ကောင်းကောင်းမအိပ်ရ… ဟိုနားက သေနတ်သံကြား… သည်နားက အမြောက်သံကြား… ကိုယ့်ခေါင်းပေါ် ဘယ်တော့များကျမလဲလို့… သည်းတထိတ်ထိတ် ရင်တဖိုဖို… မှေးကနဲ… တရေးအိပ်ပျော်သွားတုန်း… ကိုယ်လေတအားပျော်မိ… ကြည့်စမ်း…ရွှေဝါ စပါးခင်းတွေ… လေအတိုက် လှိုင်းထလို့… ကဲ…ရိတ်လိုက်ကြစို့ ဖော်တသင်းတို့… တံစဉ်းတွေနဲ့ တဗျင်းဗျင်း ဆွဲရိတ်… အရိပ်ခိုဖို့တောင် မစဉ်းစားအား… ဒါ…တို့စပါး…တို့စပါးတွေလေ… အားပါးတရ ပျော်နေမိကြ… ဖျတ်ကနဲ လန့်နိုးမှ… ဒါ…အိပ်မက်ပါကလားလို့… ကိုယ့်ကလေးတွေလဲ… ကိုယ့်မြေ ကိုယ့်ကျောင်းက… ခေါင်းလောင်းသံ မကြားရလို့… ကကြီး ခခွေးတောင်… ရေးတတ်ပါတော့မလား… သူတို့ကစားနေတာ မြင်ရတော့… ရင်ဝကို ကျည်ဆံ […]
