ငါ့ ဘဝ

အရိပ်အာသာဝါ ကောင်းကောင်းရဖို့ အရိပ်တစ်ခုမှာ နားခိုရအောင်လည်း
ငါက ငှက်တစ်ကောင် မဟုတ်ခဲ့တာ ခက်တယ်
လွတ်လပ်ခြင်းဆိုတာ ကောင်းကင်ထက် ပျံသန်းခြင်းဆိုလည်း
ငါ့မှာက အတောင်ပံတစ်စုံမှ မရှိခဲ့ပဲ
အချစ်အတွက် အသက်ပင်သေသေဆိုရအောင်လည်း
ငါမှာ ရိုမီယိုဆိုတာက မရှိခဲ့ဘူး (ကိုယ်တိုင်လည်း မသေရဲပါဘူး)
လိုအင်ဆန္ဒအားလုံး ပြည့်ဝဖို့ကလည်း
ငါ့မှာက အာလာဒင်ရဲ့မီးခွက်တစ်လုံး မပိုင်ဆိုင်ပြန်ဘူး
မအိပ်မနေ အသက်ရှည်ဆိုရအောင်လည်း
အလုပ်ပြုတ်ပြီး ငတ်မသေဖို့ကို အရင်ကြိုးစားရမယ်
အိပ်မက်တွေ ဖြစ်လာဖို့ဆိုတာကလည်း
တစ်ခါတစ်ရံ ငါ့အိမ်မက်တွေကို လေထဲမှာလိုက်ဖမ်းဆုပ်ဖို့
အားအင်တွေက ကုန်ခမ်းနေတုန်းပဲ
ဘယ်ကိုပဲ သွားသွား အချိန်တန်လို့ နေစောင်းရင် အိမ်ပြန်ရအောင်လည်း
ငါက နွားတစ်ကောင်မဟုတ်ခဲ့ပြန်ဘူး
ဒီလိုနဲ့ပဲ ……
ငါတစ်ယောက်
ဘာမသိတဲ့အရာနောက် …
ဘာမရှိတဲ့ အဓိပ္ပါယ်နောက် …
ငါကိုယ်တိုင်မသိတဲ့ ငါ နောက်
တစ်ကောက်ကောက်လိုက်ရင်း ………..

7 comments

  • mamanoyar

    January 7, 2013 at 4:15 pm

    လာဖတ်သွားတယ်နော်
    အားပေးပါတယ်

    Reply

    • Hnin

      January 9, 2013 at 8:10 am

      ဟုတ်ကဲ့ ကျေးဇူးပါ း)

      Reply

  • ခင်ခ

    January 8, 2013 at 10:40 pm

    ဘယ်တော့ဆုံးမလဲ မသိနိုင်ဘဲ
    လိုက်မြဲ ကောက်ကောက်
    သွားခဲ့ရောက်သော်
    တစ်နေရာတော့ ရောက်မည်သာတည်း။

    Reply

    • Hnin

      January 9, 2013 at 8:27 am

      လူတိုင်းသွားရမယ့် နေရာတော့ရောက်မှာ သေချာတယ် း)

      Reply

  • kai

    January 9, 2013 at 6:10 am

    ဗိုလ်နေဝင်းရှုပ်
    အမှိုက်တွေ အလုပ်လုပ်သမျှ
    “တ”က”တစ်”” တော်”က”ကောင်း”ခဲ့ပြီ
    ဒီလိုနဲ့
    တကောက်ကောက်လဲ
    တရင်းတစ်လို့..
    အို..
    မချစ်မနှစ်သက်သူတို့နဲ့
    ငါချစ်တဲ့ သူ့တိုင်းပြည်။ ။

    Reply

    • Hnin

      January 9, 2013 at 8:31 am

      မှန်၏

      Reply

  • aye.kk

    January 9, 2013 at 8:17 am

    ငါ့ဘဝ..
    ငါဆိုတဲ့..
    ဒိဋ္ဌိဖြုတ်တတ်ပါမှ..
    သုံးလောကချမ်းသာ
    ကောင်းကျိုးရ၏တည်း။။

    Reply

Leave a Reply

Your email address will not be published.