– – – – – – – – – –  +++++++++++++++++++++++++++++++++  +++++++++++++++++++++++++++++++++   ” မင်းကို … ဒဿဂီရိလို အချစ်မျိုးနဲ့ … ပြီးတော့ သာနောယက္ခ ဘီလူးလိုလည်း အာခံတွင်းမှာ ငုံကာထားချင်ရဲ့ …. “ ဒီလိုပြောတော့ သူမက ရီတယ် ….. “ပလီပလာ အပိုတွေပါ ” …….. တဲ့ …..။   ” မင်းကို … ကောင်းကင်နန်း ထက်ဆီက ဒေဝီလို ပြီးတော့ …. ဒီဇမ္ဗူမှာ တစ်ယောက်တည်းလို မျက်လုံး အစဉ်မှာလည်း မြင်ယောင်တယ် … နှလုံးသားထဲလည်း စွဲမက်တယ် …” ဒီလို […]


မေ့အတွက်ဆိုရင်လေ (တေးထပ်) ပန်းတော်ဝင်တဲ့လား ပင်မြင့်ဖျား ထက်ဆီ နေရောင်လည်း မတွယ်မှီ ဝေမှောင်ရီ အုံ့ဆိုင်း သည်မြိုင်ထဲ ပွင့်သဇင် လိုက်ရှာစဉ် မိုးတိမ်ကမှိုင်း။ လေနီရိုင်း ဆင်ချင်ဆင် ပတ်ဝန်းကျင် တုန်ခိုင်း မိုးသွန်းစဉ် သည်မုန်တိုင်း ပင်လယ်လှိုင်း မောင်ကူးမယ် မေ့သက်လှယ် မောင်မဆိုင်း မေစေခိုင်း ခူးပါ့မယ်ကွယ်။ ရေစီးကြမ်း လမ်းသွယ်သွယ် အားမငယ် မေ့တွက်ရည်စူး မေပန်ဘူး ငြင်းရက်မှပင် ပြင်းခက်လှထင် ငိုဖူးချင်တယ်ဆိုလျှင် မေဘဝင် ညှိုးမှာပေါ့လေး။ ။ တောက ကိုရင် ၁၇.၀၁.၂၀၁၃


maung khinminJanuary 17, 20131min03
*** ရိူးစင်းတဲ့ … ဇာတ်   *** လူ ့ပြည် လောက.  ဘုံဘဝ ၌ ခဏဧည့်သည်  ဒုက္ခသည် တဲ့  …, တဏှာ နယ်သား    သတ္တဖွားမို ့ ရွေ ့လျား လွန်မြောက် အချိန်အောက်မှာ   မိုးသောက် နေဝင် သံယောဇဉ် ဖြင့်    အစဉ် ရှုပ်ထွေး လောကီရေး ၌ ရုပ်သေး ပမာ   သံသရာ ဇာတ် စင်ပေါ်တတ် ခဲ့….., တစ်ခန်းရပ် များ   မင်းသား ကျွန်တော် ကျွန်တော် ဇာတ်ညွှန်း   လူရွှန်းလူပျက် ဗီလိန်ဇာတ်နှင့်   အသင့် ကျွန်တော် လူကြမ်း ခေါ်လည်း   အလွမ်း အချစ် မျက်ရည်ညှစ် ထုတ်    သရုပ်ဆောင်သူ ကျွန်တော် လူသား   […]


တိမ်လွှာကိုဖောက် နန်းတည်ဆောက်မည် ဆင်လောက် ခွန်အားရှိနေ၏။ ပင်လယ်ပြင်ထဲ ရင်ဆိုင်ဝဲလည်း အံခဲငါးလို ကျော်ဖြတ်မည်။ ဘဝမုန်တိုင်း ဘယ်လိုသိုင်းဝိုင်း ငါ့စိုင်းမြင်းက ပြေးနေသာတည်း။ ။ စေပိုင်ထွဋ်(ပုသိမ်)


– – – – – – – – – – – – ++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++   မိုးရိပ်ဆင် … တိုးတိတ် ရင်ခွင် … မင်း ပုံရိပ်တွေ ထင်တာတိုင်း … ဒီလူမှာ အရူးတစ်ပိုင်း ………..။   နေကပူ … ဖြေမရ သူ … အပြင်မှာ တောက်ပပေမယ့် … ကောက်မရ၊ အောက်ကျနေတာ ငါ့ရဲ့စိတ် ………..။   အအေးဓာတ် … အနွေးဓာတ်မဲ့တဲ့ ရင်ခွင် … သူ့ အငွေ့အသက် … ပြေးထွက်သွားခဲ့ အဝေးဆုံး … ပြန်ရနိုင်ဦးမလား …………….။   […]


နွမ်းလျော့ကာတမ်း (ပိုဒ်စုံရတု) ရွက်ဟောင်းလွင့်ကြွေ၊ တောင်လေပွေ၍၊ စိတ်ထွေထုံထိုင်း၊ ဂိမှာန်တိုင်းဝယ်၊ ပျော်ဖွယ်ဝေးရုံ၊ ဝိုင်းသွယ်ခြုံထ­ား၊ တောင်ရံများဖြင့်၊ မှိုင်းလင့်လင့်သာ၊ ဆွေးဆင့်ဗျာပူ၊ ဝေးနေသူကို၊ စိတ်မူမလန်း၊ နေ့စဉ်လွမ်းအောင်၊ နွမ်းယောင်ဖွဲ့ကာ၊ တေးသံသာဖြင့်၊ ကူကာနွဲ့လျက်၊ ဥဩငှက်သည်၊ ရွက်မဲ့ရိုးတံ၊ ကိုက်ချီပျံကူး၊­ ဟိုသည်လူးလား၊ ငြိမ်မနားသို့၊ တစ်မြို့တစ်ရွာ၊­ တစ်ဌာနာဖြင့်၊ ဘယ်မှာသောင်ကမ်း၊ ဘယ်ကြငှန်းတွင်၊­ ဘယ်လျှင်ဘယ်ထို၊ပုရိပျိုအား၊ မုန်ယိုချစ်ကြိုး၊ ခိုင်ခိုင်တိုးမှာ၊ စိုးကြောက်ကာမျှော်၊ ရွှေရင်ရော်ရိ၊ အားငယ်ချိ၍၊ နွမ်းဘိနှလုံး ဆွေးတယ်ကို…။ ရက်ပြောင်းဆင့်ဗွေ၊ ဝဿန်ရေနှင့်၊ တောင်ရေစမ်းချောင်း၊ ငှက်အပေါင်းလည်း၊ မိုးနှောင်းရာသီ၊ တောကိုမှီ၍၊ စီစီညံမြွက်၊ ပျော်ပါးလျက်သို့၊ မှိုင်းမို့စိမ်းညို၊ ဝတိံခိုလင့်၊ မာလာပွင့်ပန်း၊ လှသွေးလွှမ်းခြုံ၊ တောဂုဏ်တောင်ဂုဏ်၊ စံပယ်ငုံသို့၊ မွှေးထုံသာမော၊ ဝနေတောသည်၊ ဖြေမဆည်နိုင်၊ မျက်ရည်ဖြိုင်စေ၊ ဌာနေဝေးလှမ်း၊ တစ်ဖက်ကမ်းတွင်၊­နှစ်လျှင်ရှည်ကြာ၊ ခွဲခွာသူကို၊ […]


ကာရံJanuary 13, 20131min06
အေးဆက်နေတဲ့လက်တစ်စုံနဲ့ မရင့်ကျက်သေးတဲ့ နှလုံးသားအောက်မှာ ချစ်ခြင်းတရားတွေက အမုန်းပွားလက်နက်အလား အရှုံးတွေရဲ့ကြားမှာ ကျဆုံးနေဆဲပါပဲလေ မသိသေးခြင်းများစွာအောက်မှာ အသိတရားမရနိုင်သေးတာ မင်းလေးရဲ့ငြို့ချက်တွေကို ငါတွန်းဖယ်ဖို့ခွန်အား မွေးဖွားမှုမရှိတာကိုက တတိယံမိ ငါထက်ရှုံးနေဆဲပါပဲလေ အချစ်ဆိုတာ ရေးရတာလွယ်သလောက် မွေးဖွားရတာခက်မယ်ဆိုရင် ပြောခဲ့ချင်ပါတယ် ချစ်ခြင်းရဲ့ အပြစ်ကင်းတဲ့ သံဇဉ်တွေကလေ အခုတော့ လမင်းရဲ့ဘေးမှာ ဝန်းခနေတဲ့ ကြယ်စင်လေးတွေတောင် မျက်ရည်ကျလုမတက် မှိုင်နေတော့မယ်ဆိုတာ……….. ပိတောက်မိုး


(၁) “အလင်းခတ်ရောက်ပြီကွ…” တစ်ကိုယ်လုံး မှောင်သွားသူက ကြွေးကြော်တယ်။ တစ္ဆေမ လူမွေးပေါ့မလား။ (၂) မီးကွင်းဂမုန်းမှ မဟုတ်တာ… တောမီးဂယက်ထဲ အကုန်အပူလောင်ကြတယ် ဘုံငရဲနယ်။ (၃) ခေတ်ပြိုင်မြင်းမွှေးပေါ်က ကပ်ပါးတစ်ကောင် ဘယ်တော့ ဘယ်တော့ ဘယ်တော့ ကျောရိုးရှိလာမှာလဲ။ မျှော်။ (၄) အာရုံခြောက်ပါး တစ်ပါးသူလက်အကွယ် မိနေသရွေ့ ( )ကို သံသယရှိတယ်။ (၅) ခြတောင်ပို့ကြီး ကြီးကြီးလာ မျက်လှည့်ပြကွက် ပေါပေါလာ တို့ထောင်တဲ့လက်ညှိုးကျ လူမမြင်ဘူး။ (၆) ရေစီးကြောင်းထဲ ရေမျှောခံရ လေယာဉ်ကြောထဲ ရောလွှင့်ခံရ တို့သောက်တဲ့ဆေးက အတုကြီး။ (၇) မစင်တွင်းကျ ဘဝ…ဘဝများ ဆယ်ကောက်မဲ့သူ မတွေ့ /မရှိ ကြာပန်းတွေ မပွင့်ခင် လောင်ကုန်ပြီ လမ်းပြကြယ် တိမ်းမည်းစားသွားပြီ “ငိုငိုငို အားရအောင်ငို” […]


အယောင်ဆောင် တောင်းရမ်းမှုများ ငါးတစ်ကောင် အကြေးခွံလို ပုတီးရော ပြဒါးရော ကိုင်လိုက်ကြ ထွက်ကုန်( ) ဖြစ်လာ သေနတ်က ပန်းပွင့်တယ်…သေပန်း ညအမှောင် Changeဖို့ဆိုရင် အလင်းဓာတ်ကောင်းကောင်းလိုမယ် နည်းနည်းလူး နည်းနည်းဝါ များများလူး များများဝါရအောင် ဒါ…နနွင်းမဟုတ် စနစ် လုပ်ချလိုက်ပြန်ပြီ ဆင်ဆာလျော့တော့ မြန်မာကားတွေ ဖော်/ချွတ်များ လွဲဟ ကောင်းကင်ပေါ်မော့ကြည့် တို့ဆီကြွေမယ့်ကြယ် အင်္ဂါမစုံသေး မျှော်ရပြန်ပြီ (((ရေသန့်ဘူးထဲက ရေမြင်ရုံနဲ့ PH-7 ပြောလို့မရသလို ထမင်းချိုင့်တိုင်းလည်း စတီးမစစ်နိုင်ဘူး))) အပေါစားအသုံးအဆောင်များ သူဆင်းရဲတိုင်းပြည်ပေါ် နေရာယူထားပုံ အဖြူကြီး/အမည်းကြီးတွေက (+)တတ်(-)တတ်(x)တတ်(á)တတ်လွန်း ငါတို့တွေ ဒုံးရင်းအက အဆုံးသတ်သင့်တာကြာပြီ သို့////(—————-) (၁) ပြည်သူ့ရင်ဘတ် မီးထတောက်အောင် မလုပ်ရ (၂) ဖွတ်မမွေးရ (၃) ဥယျာဉ်မှူးလိုကျင့်ပါ ရွှေမိုးငွေမိုးရွာမယ်ဆို ငါတို့အိတ်တွေအကုန် […]


ချစ်သူသို့ တမ်းတမိသောကဗျာ (၆) ချစ်သူရေ. . . အခြေအနေအရ (နင်နဲ့ငါ) တစ်မြေစီ ဝေးနေရတာပါ. . . အနားမှာ ငါမရှိပေမယ့် နင်အိပ်စက်တဲ့ အချိန်တွေတိုင်း နင့်အိပ်မက်ထဲကို ငါ မရောက်ရောက်အောင် လာခဲ့ပါ့မယ်. . . အနားမှာ နင်မရှိပေမယ့် ငါ့အိပ်မက်တွေတိုင်း အမြဲပြုံးနေတတ်တဲ့နင့်ကို မြင်ယောင်နေမြဲလေ. . . သန်းခေါင်ယံ တရေးနိုး နင့်အတွက် အနမ်းမိုးတွေ စွေနေမြဲ ငါ့ရင်ခွင်ထဲ နင်မှေးစက် နင့်အရုဏ်တွေတိုင်း လင်းလက်နေမှာပါ.. . တစ်ယောက်တစ်နေရာ­ ခန္ဓာကိုယ်တွေ ဝေးကွာနေခဲ့လည်း­ စိတ်တွေထဲမယ် အမြဲနီးလို့ နှလုံးသားချင်း ရင်းနှီးပြီးသား. . . မြစ်ချောင်းပင်လယ် ဘယ်လိုခြားပေမယ့် တောမြိုင်တောင်တန်း ဘယ်လိုတားပေမယ့်­ ငါ့ခြေလှမ်းတွေ ဘယ်ကိုသွားပေမယ့် နင့်အကြည့်တွေ […]


ဒေဝီ.. သို့ ဒေဝီရေ… အဆွေးပိုလျှင် တမင်လွမ်းမှာမို­့ အဝေးကိုနှင် သခင်လှမ်းထွက်ခွာသလား ကျွမ်းချက်နာ ဖြေမရနိုင်ဘူး နွမ်းလျက်သာ ဖြေမရမှိုင်ရူးလိ­ု့ နွေဘဝ ယိုင်မူးလဲမတဲ့… စူးရဲတဲ့ အကြည့်တစ်ချက်အောက်မှာလေ အသိခက်လောက်စရာ အငြိုးတွေကိုဖြင­့် ကြိုးရှည်ရှည်လှန်ထားကာ မွေးမြူ ကံထားရာ ဆေးကူလို့လည်း ဆူးကတော့ အဆိပ်ကို မဖြေနိုင် အတိတ်ကို တွေမှိုင်လွမ်းငေးကာ ကျွမ်းနာကျရင်း စိတ်အို ခွေယိုင်နွမ်းဆွေးရာ အလွမ်းကမ္ဘာကကျဉ်းလို့ ဝမ်းနာက ရင်းသထက် ပိုပိုရင်းလာ (အတင်းဖြတ်နေပါသော်လည်း) တင်းသထက် ပိုပိုတင်းလာသည့် သံယောဇဉ်ကြိုး ပြန်မပြောချင် ပိုးစိုးပက်စက် အထိနာလို့ မျိုးတိုးမျက်တက်အသိမှာ မချိပါလေ (၂၄) နာရီ အသက်ပေးရည်ရွယ်ကာ စိတ်ကူးလို့ထားသမျှ လီဆယ်ကာ အဆိပ်လူးလို့ အားမရတဲ့ ထားနှမ သက်လျာဒေဝီ… အမျက်ရှာ ပွေလီလို့ တမင်ထွက်ပြေး ချစ်လိုလျက်နဲ့ဝေးရသည့်ကိုယ်မှာရတက်မအေးလို့ […]


ရင်တွင်းဖွဲ့ ကာရန် ် မုန်တိုင်းလွန့်လူး ပုရစ်ဖူးတို့ ပျော်မြူးလေဟန် ဆောင်းလက်ကျန်…။ ငွေရောင်ပြန့်ပြူး လွင်ပြင်ဦးမှာ လွန်ကျူးစေကံ ဝေးသီလံ…။ ဖိတ်လျှံညဦး လရောင်မြူးတို့ လင်းကူးချိန်တန်အရုဏ်မာန်…။ ရင်ဝယ်စိုက်ဆူး နာကျင်စူးလို့ လွန့်လူးလှိမ့်ပြန် ညဥ့်နက်ယံ…။ ဆက်ရန်လွယ်ဘူး အချစ်ရူးမို့ ဆိပ်လူးမြားဒဏ် ရင်ဘတ်ခံ…။ သေရည်သောက်ကြူး ချာလည်မူးလို့ ညစ်ညူးတေးသံ ကြားရပြန်…။ တွေဝေယစ်မူး ပေတေလူးလို့ ဖြတ်ကူးခက်ထန် လောကဓံ…။ လေပြည်သုတ်ဖြူး စိတ်ဝယ်မြူးလို့ သည်းဦးပန်းထံ စာချွန်ပန်…။ သက်ပန်ရည်စူး စံပယ်ခူးလို့ ဆုထူးကိုပန် မနက်ဖန်…။ ။ တောက ကိုရင် ၁၁.၀၉.၂၀၁၂


– – – – – – – – – – – – ++++++++++++++++++++++++++++++ ရိုးရိုးလေးပါပဲ ဟိုရှေ့က ငှက်လေးတွေ တေးဆိုနေကြတယ်လေ … ရိုးရိုးလေးပါပဲ ဟိုနားက ပန်းလေးတွေ ပွင့်လန်းနေကြတယ်လေ … ရိုးရိုးလေးပါပဲ အလင်းရဲ့ နှလုံးသားကို အမှောင်က တစ်စတစ်စ ဝါးမြိုချတယ်လေ … ရိုးရိုးလေးပါပဲ တိုးတိုးလေး သူကပြောတယ် ‘သိပ် ချစ်တယ်’ တဲ့ … ရိုးရိုးလေးပါပဲ တိုးတိုးပြီး ဖက်တွယ်ထားရင်း အနမ်းများက နှုတ်ခမ်းနားမှာ ခိုနားနေကြတယ် … ရိုးရိုးလေးပါပဲ အဲဒီ ညနေခင်းတွေ ပြန်တွေးမိတိုင်းမှာ ဝမ်းနည်းမျက်ရည်က ပါးပြင်ထက် အလိုလို စီးကျလာတတ်တယ် … ရိုးရိုးလေးပါပဲ ခိုးခိုးပြီး […]