လူရွှင်တော် လူရွှင်တော်ပြယုဂ်နဲ့ ဟာသတွေ လုပ်ပြတတ်တယ် ငါ့ကိုယ်ငါ ယူဆချက်က အရူးတစ်ယောက်လို မနက်ဖန်ကို သေနေ့ထား ညတာက ရှည်လျားရန်ကော ဘယ်အချိန်မှာ ကမ္ဘာပျက်မလဲ ငါ့ရဲ့ လက်ကျန်ဘဝထဲမှာ အားလုံးကို ပျော်တော်ဆက်သွားမယ် နောက်ဆုံးထွက်သက်မတိုင်ခင်လေး နှေးနေတဲ့ အချိန်နာရီတွေအစား သက္ကရာဇ်တွေကို အားနာမိတယ် နိဒါန်းမှာ စခဲ့ရလည်း နိဂုံးအတွက် ဆုံးဖြတ်ချက်တွေမခိုင်မာခင် အနိုင်ကိုသာ မင်တတ်တဲ့ လူတွေအကြောင်း စာလုံးပေါင်းကြည­­့် သန်းခေါင်ထက် ညဉ့်နက်တာ အရုဏ်မှာလေ…။ အလင်းရောင်မလာခင်အချိန်က အမှောင်ဆုံးဆို… နှောင်ထုံးတွေ မဖြည်ချင်တော့ဘူး တစ်ပင်ခုတ်ပြီး တစ်ပင်စိုက် အဲဒီလို လက်စားချေခြင်းမျိုးနဲ့တော့ ငါ့နှုတ်ခမ်းတွေ မမဲ့တော့ဘူး နေက ဘယ်လောက်မြင့်မြင့် အမြင့်ဆုံးထက်တော့ ပိုပြီးမမြင့်နိုင်ဘူးလေ… အရူးတွေ .. အရူးတွေ အရူးအချင်းချင်း တမူးပိုသာသွားတာ ရင်နာဖို့ မကောင်းဘူးလား လကွယ်တာကို […]


ခင္ခJanuary 26, 20131min019
မျက်လုံးရယ်တဲ့ အိပ်ပါကွယ်။   တစ်ခါတလေတော့ ပျော် စရာတွေ  ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ငို စရာတွေ ရှိနေရတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ငေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ တွေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ လွမ်း စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ဆွေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ရေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   ဪ……… ပျော် ငို […]


သူရႆဝါJanuary 26, 20131min07
ဒီကနေ့ဟာ “အမေများနေ့” ပါတဲ့။ အမေနေ့အတွက် .. အမေ့အတွက် ကဗျာတစ်ပုဒ် မရေးဖြစ်ပါဘူး။ ဒါပေမယ့် ဟိုအရင်က ရေးခဲ့ဖူးတဲ့ “မေမေ” ကဗျာလေးတစ်ပုဒ် ပြန်တင်လိုက်ပါတယ်။ အဲဒီကဗျာဟာ ကျွန်တော့်အမေ တစ်ယောက်တည်းအတွက် ရည်စူးပြီး ရေးထားတဲ့ကဗျာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိသမျှ မေမေ အားလုံးနဲ့ ကမ္ဘာပေါ်မှာရှိသမျှ မေမေ့ကိုချစ်တဲ့ သားတွေ သမီးတွေ အားလုံးအတွက် ရည်ရွယ်ပါတယ်။ ကဗျာတစ်ပုဒ်လုံးမှာရှိသမျှ စာသားတိုင်းဟာ ခင်ဗျားတို့နဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ အချို့စာပိုဒ်တွေဟာလည်း ခင်ဗျားတို့ကို ကြည့်ပြီးရေးထားသလိုထင်ရတဲ့အထိ ထူးထူးခြားခြား တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်နေပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် .. …. ဒီကဗျာကိုဖတ်ပြီး သဘောကျလို့၊ တိုက်ဆိုင်လို့ ခင်ဗျားတို့ရဲ့ မေမေတွေကို လက်ဆောင်ပေးချင်တယ်ဆိုရင် ဒီကနေ ကူးယူပြီး လက်ဆောင်ပေးနိုင်ပါတယ်။ အဲဒီအတွက် .. .. ခင်ဗျားတို့အားလုံးကို […]


“ငါးဒုက္ခနဲ့ ငါ့ဒုက္ခ” ငါးကလေးရဲ့ ရင်ကိုခွဲ၊ ကလီစာတွေဆွဲထုတ် ဟောင်းလောင်းဖြစ်သွားတဲ့ ဗိုက်ကလေးထဲကို အမွှေးနံ့သာ အဆာပလာတွေ ထိုးသိပ်လို့ထည့်။ ပြီးရင်နှီးကြိုးနဲ့ပြန်တုပ်၊ မလှူပ်နိုင်ဘူးဆိုမှ ဝါးတံစို့ထိုးလို့  ဖိုပေါ်တင် မီးအေးအေးနဲ့ ကင်လိုက်တော့ “ငါးဒုက္ခ” လို့အမည်တွင်ပါတယ်။   စကတည်းက ဘာမှမရှိတဲ့ ငါ့ဦးနှောက်ထဲကို အယူဝါဒ အပုတ်အဆွေးတွေ ထိုးသိပ်ထည့်လိုက်တာများ ပြည့်နှက်လို့ မကျိုးရုံတမယ်။   ပြီးရင် မဆုံးနိုင်သော ကတိစကားများနဲ့နှောင်တုပ် မရုန်းနိုင်တော့ပါဘူးဆိုမှ အသပြာနဲ့တံစို့ထိုး ကျေးဇူးတရားပေါ်မှာတင်ပြီး မရူး မချင်းကင်နေတော့ တော်ပါတော့ “ငါ့ဒုက္ခ” လို့သာ အော်လိုက်ချင်ပါတယ်။   ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ 24-1-2012    


ရွှေ ကြည်January 25, 20131min025
အမေ ခေါ်နေနိုင်တုန်းလေး ခေါ်နေပါရစေ အမေ။ အမေ တမ်းတမိချိန်မှာ အနားမှာရှိနေသလိုခံစားရတာ အမေ့ မေတ္တာကြောင့်ထင်ပါ့။ အမေ လမင်းလိုအေးချမ်းတဲ့အလင်းနဲ့ သမီးဘဝရဲ့ကောင်းကင် ထွန်းလင်းစေတဲ့ အမေ။ အမေ လမင်းနဲ့နှိုင်းပေမယ့် လဆန်းလဆုတ်မရှိပဲ အမြဲပြည့်ဝနေတာလည်းသမီးသိတယ်အမေ။ အမေ ဘဝခရီးမှာအမှောင်လမ်းစမ်းတဝါးဝါးကြုံလည်း အမေ့မေတ္တာအားပြုကာနဲ့ ခရီးဆက်မယ် အမေ။ အမေ အားမငယ်နဲ့အမေ ငယ်စဉ်ဘဝ သမီးရှေ့ကမားမားရပ်ပေးသလို အမေ့ရှေ့မှာ သမီးမေတ္တာ တံတိုင်းလိုကာမယ် ပြုံးပျော်ပါတော့ချစ်တဲ့ အမေ။   ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ရွှေကြည်      


မောင် ပေJanuary 25, 20131min011
မောင်ဘပြောင် ငါးမျှားနေသည် ငါးမျှားနေဆဲ ငါးမျှော်နေဆဲ ငါးတွေမြူးနေ……. ရွနေ……. ထနေသည်ကို မြင်ရသည် တစ်ကောင်မှတော့ မမိသေး ဝယ်စားလို ့တော့ရသည် ကိုယ်စွမ်းဖြင့်ရသော ငါးသည်ပိုချိုသည် မောင်ဘပြောင် ငါးဆက်မျှားနေသည်။ ******* စာစရေးချိန် ၂၅.၁.၂၀၁၃ သောကြာနေ ့ည ၈နာရီ ၂ဝ မိနစ် ၊ အင်တာနက်ဆိုင် စာပြီးချိန် ၂၅.၁.၂၀၁၃ သောကြာနေ ့ည ၈နာရီ ၂၄ မိနစ် ဖေ့ဘုတ်တွင်လဲ တင်ထားပါသည်။ ******* ******* အားလုံးကို ကျေးဇူးတင်ပါသည် *******


– – – – – – – – – – +++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++   ထူးတယ်လို့ မသတ်မှတ်ဘူး … ရူးတယ်လို့လည်း မသတ်မှတ်ဘူး … ဟူးးးးးးးးးးးးးးး “ရင်မောမှု” တစ်ခုလို့ပဲ သတ်မှတ်မယ် … ဟုတ်ပါတယ် … ကျုပ် အတွက်တော့ … ဒါဟာ ရင်မောမှု တစ်ခုပါပဲ ……။   ဖြစ်တတ်ပါတယ် … မဖြစ်တတ်ပါဘူး … ဆန့်ကျင်ဘက် ငြင်းခုန်မှုနဲ့ အတင်းပဲ ရင်ကို စုံလုနေတဲ့ အရာနှစ်ခု ငါ အခု တစ်ခုကိုတော့ ရန်ပြုလိုက်မိပြီ … ဟုတ်တယ် … ဒါဟာ ဖြစ်တတ်တယ် …….။   […]


သစ္စာရင် နေမြင့်ပြီ…ခင­­် အရူးရင့်ပြီ ထင်ပါသလား ရင်ကြားက စိမ့်ထွက် လိမ့်တက်လာသည့် သည်းခြေရည် ခါး….။ မျက်နှာထားကို ပလီ သစ္စာတရားတွေ ဘယ်ဆီမှာ တွယ်မှီရာ ရင်ရပ်ဝန်း မျက်ရည်နဲ့ သွန်း…။ တောင်စွန်းမှာ နေမကွယ်ခင် ရွှေဓါးကိုလွယ်ဖို့ပြင်မှ ဆည်းဆာအလှကို တပ်မက် လှည့်ထွက်ကျောခိုင်း မုန်တိုင်းရင်ခွင်…။ မှုန်မှိုင်းနေ လွင်ပြင်ထဲ ရင်ကွဲပက်လက် လမ်းဆုံမှ ခွဲထွက် တွဲလက်ကို ဖြုတ်စေ…။ ကာလတွေ ဘယ်လိုပြောင်း ရာသီတွေ ဘယ်လိုနှောင်း အကြောင်းကံ အကျိုးမမှန်ခဲ့ခြင်းမှာ အရိုးခံအချစ် အငြိုးဒဏ်သင့်လို့လေ တွေဝေရာအရပ် ဝေဒနာ ထပ်…။ လျှပ်ပြက်တာကို မမြင် ကန့်လန့်ကာ ရင်တစ်ခြမ်း မမြင်ကန်းလို့ ရင်နွမ်းလောင်မြိုက် အမှောင်တိုက်အတွင်း လောင်တိုက်သွင်း မှောင်မိုက်ခြင်း လမ်းမထက်မှာ…။ တွေ..ဝေ..မူး.. ရူးချင်ရူး မိုက်ချင်မိုက် […]


သစ္စာရှင် အပင်မြင့်သလား ခင် ရင်နှင့်ဖြားယောင်း အချစ်ကို ခါးစောင်းမှာတင်…။ နေညိုရင် ဆည်းဆာလှ လကွယ်ညမှာ ကြယ်ရောင်မြင် လိပ်ပြာပင် တောင်ပံခတ် သံယောင်လိုက်လို့ ငိုပွဲဆင်…။ ခင်… မကြင်နာ ရင်မနာပါ ခင် ခင်သာ ရင်မှာ အကြင်နာဝင် နာချင်အိပ်မက် နှိပ်စက်မယ်ပြင် အိပ်ရာထက်တွင် လွန့်လူး မုန်တိုင်းမြူးသည့် ရင်ပါခင်…။ တမင်တကာ ရင်အနာ ဝင်လာဆားခတ် (ဓါးထက်ထက်နဲ့ ခင်မွှန်း) နှလုံးသားလည်း သွေးစွန်းပါစေခင­်…။ ဝေဒနာရင် ကြေညာချင်လည်း ရင်ကိုခွဲ အသည်းကိုထုတ် ရှားမီးခဲမှာ ဖုတ်လိုဖုတ် ကင်လိုကင်…။ ခင်လိုရင် မနှမြော သေငယ်ဇောဝင် မြောစေတော့ ဒီမျက်နှာ မဖျော့ပါခင်… ဒီအပြုံး မလျော့ပါခင်…။ အနာကျက်ချင်လျက် အသားမာမတက်သည့်ရင် ခင်ဘယ်လိုပင် စေစား နှလုံးသားလည်း ဝေဝါးမယ်မထင်…။ […]


တမ်းတပါသည်… (ကိုယ်တွင်းပြည့် ပိုဒ်စုံ ရတု) တမ်းတပါသည် ပြာရီမျက်ရွှန်း လက်လွန်းနေရောင်ဝေမှောင်မြင်ခက်­­ရင်ထက်ငွေ့လို မေ့ကိုသာလွမ်း မှာတမ်းဆင့်ခြွေနင့်စေအန်ထွက် ပြန်ခက်ယိမ်းလိုကိန်းခိုရာဝယ် ဖြာမယ်နွေအား ခြွေထားပြင်းခက်­­ဆင်းသက်မြိုင်အို ကြိုင်လိုမွှေးပန်း ဆွေးနွမ်းမှောင်­­ရီ ရောင်နီပြန်လှပ်လျှံအပ်လွင်မြဲ ယှဉ်ဝဲကျေးငှက် ကြွေးလျက်နားခိုသွားလိုထက်ဆီ ခက်ပြီစေရွယ် နေကွယ်မှားခြင်းနားရင်းဗွေဖောက်­­နေပြောက်မှိုင်းရင့် ပြိုင်းနင့်တိုင်းဂုံ နှိုင်းရုံဆောင်နှင် ရှောင်ချင်ပြေးပုန်း ဆွေးတုန်းတွယ်ရာဖယ်ခွာမုန်းလို့မျက်ပြီလား…။ ကျွမ်းမြတာရှည် ရာသီစက်ဝန်း ခက်လွန်းစေအောင်ရေရောင်ရင်ထက် မြင်လျက်တွေ့ဆို မေ့လိုခွာလှမ်း ပြာနှမ်းလွင့်စေမြင့်ရေလျှံတက် ကန်ထက်စိမ်းစို ယိမ်းလိုကြာနွယ် ညှာတွယ်စေသား ကြွေသွားနှင်းစက် ဝင်းလက်ယိုင်ပြို ဆိုင်လိုဆွေးကျွမ်း ဝေးလှမ်းနှောင်သီ ချောင်ဆီကန်စပ် တံလျှပ်မြင်ဆဲ ပင်လဲတွေးခက် ဆွေးလျက်မှားကိုထားသိုခက်သည် မျက်ရည်ခြွေလွယ်စွေမယ်အားတင်း သွားရင်းခြေခေါက် ရေနောက်လှိုင်းဆင့် ဆိုင်းလွင့်ပြိုင်းဟုန် လှိုင်းထုံဘောင်ဘင် နှောင်ငင်ဆွေးပြုံး ပြေးပုန်းကွယ်ရာတွယ်တာဆုံးမို့ ပျက်မည်လား…။ နွမ်းလျခါမှီ နာရီပျက်ယွန်း နက်လွန်းကေသျှောင် ပြေယောင်ဆင်လျက်မင်သက်မေ့ဆို နေ့အိုညှာကျွမ်းခါရမ်းလွင့်ကြွေပွင့်ဝေပန်ခက် မာန်တက်ယိမ်းဆိုတိမ်းလိုရာတွယ် ခွာဖယ်ဝေဝါး […]


ကဗျာ ရှာတွေ့ခြင်း လေပြေပမာ ဝေ့ဝဲလာခိုက် ကဗျာရှိုက်လို့ ဖွာမိသည်။ ကဗျာကဗျာ ရင်မှာသာ၍ လေညာရှေ့နောက် သံစဉ်ရောက်သော် ဖြေဖျောက်ရင်တွင်း နရီခင်းလျက် သီရင်းဖွဲ့ကာ ခံစားပါလို့ ကဗျာပျို့နှင့် စိတ်ချမ်းသာ။ လေပြေပမာ စိတ်စေရာနယ် ကဗျာဘယ်ကို ရောက်မည်နည်းးး။။ ။ တောက ကိုရင် ၂၀.၀၁.၂၀၁၃


marblecommetJanuary 22, 20131min020
စကော့တောင်ကျ စမ်းရေခွက်လေးတွေရဲ့ ဖင်ကို မောင်ရင်ဆိုင်းထမ်းလေးတွေဆီ ရည်ရွယ်ပင့်တင်လိုက်ကြတော့ ငါတို့ နှလုံးသားတွေဟာ မေခနဲ့ မလိခ လို ယိုဖိတ်ပေါင်းဆုံ စီးဆင်းလာကြ . . .။ ချီးယားစ် လို့ တစ်ချက်အော်လိုက်တိုင်း ယွဲစီမ ကြီးက ပုဇွန်စင်းကော သက်တန့်ကွေးလေးကို သူ့ ပြည်ကြီးမျှော့ နှုတ်ခမ်းပါးပါးလေးထဲ ညင်သာစွာ ထိုးသိပ်ညှပ်သွင်းလိုက်တဲ့အခါ အမတ်ကြီးရဲ့ လျှာတွေ ဆတ်ဆတ်တုန်ရင်လို့ ဟုတ်ပါတယ် . . .ဒါဟာ ငါတို့ ပိုင်ဆိုင်တဲ့ သောကြာညပါ . . .။ စင်းကောသုပ်၊ ပင်လယ်ဂုံး၊ ကိုက်လန်၊ ကြက်သောက်ဆမ်းက အဲဒီညရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင်တွေပေါ့ . . .။ ဟဲ့သောက်ကောင်မရဲ့ ဗျစ်ကို ဆတ်တငံ့ငံ့မလုပ်နဲ့ဟဲ့ အချိန်တန် ကျောက်ခဲ […]