ခင္ခFebruary 5, 20131min018
ရော်ရမ်းကာ မှန်းမျှော်ပေမယ့်………   တိမ်တွေက လွင့်ပါး အချိန်တွေက ပစ်သွား နေခဲ့ရတာ အချစ်လား။   တစ်ခါတုန်းဆီက အချစ်များ အလှဆုံးထင်ကြ သူများ အခုများတော့ အိုဇာသွား။   သွေးတစ်စက်ထွက် မကြည့်ရက် ဟိုတုန်းဆီက သူ့ပြောချက် အခုမှာတော့ အသက်ထွက် သူကတော့ အပြုံးမပျက်။   ရှိုက်ငိုမိတာ အခါခါ အရင်တုန်းဆီက ချော့ခဲ့တာ ပြောင်းလဲသွားတဲ့ သူ့စိတ်ဟာ ဂရုစိုက်ဖို့ ဝေးလှစွာ။   ဒါတွေသိလည်း ငေးခဲ့နော် သူလှမ်းလာ လမ်းကိုမျှော် ရော်ရမ်းက မှန်းဆပျော် ဒါပေမယ့်….. ဝန်းကျင်ကြည့်တော့ တစ်ယောက်ထဲပါနော်။   ဪ……. “အချစ်ဆိုတာ ပျော်ရွှင်စရာ များနဲ့အတူတူ ပူဆွေးမှု့များလည်း သူခေါ်ခဲ့တယ်´´ တဲ့ ကြားခဲ့ဖူးတဲ့ သီချင်းသာ ငြီးလိုက်ချင်ပါရဲ့တော်။ […]


++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++ မှားခဲ့တာ.. တကယ်တော့ ငါမှားခဲ့တာ.. ပကာသနနဲ့ ပြည့်စုံတဲ့ နင့်ကို လူတော်စာရင်းထဲပါတဲ့ နင့်ကို အများကအားကျတဲ့ နင့်ကို သမီးရှင်တွေ ဝိုင်းနေတဲ့ နင့်ကို ပြောရရင်… ဘာပြစ်ချက်မှ မရှိဘူးလို့ ထင်နေကြတဲ့ နင့်ကို… ချစ်မိခဲ့တာလည်း မှားတယ်.. ရူးမိခဲ့တာလည်း မှားတယ်… ဂရုစိုက်မိခဲ့တာလည်း မှားတယ်.. အမှားဆုံးကတော့… အချစ်ကို အပြစ်လို့ မမြင်ခဲ့တဲ့ ပတ်ဝန်းကျင်ကို ထီမထင်လုပ်ခဲ့တဲ့ ခပ်ပိန်းပိန်း ငါ့ဦးနှောက်ကြီးပဲ… နင့်နာမည်ကို ကြားတာနဲ့ ပကာသနကို ပြေးမြင်သူကမြင် နင့်မိဘပြည့်စုံမှုကို သတိရသူကရ နင့်ပညာတွေကို တွေ့သူကတွေ့.. အဲဒီလူတွေကြား.. ငါ့အချစ်တွေလည်း ဖုံးသွားခဲ့ပေါ့… ရယ်ချင်လိုက်တာ… ငါဆိုတဲ့ မိန်းမက အဲ့ဒါတွေကို မက်သတဲ့လား… တားမရတဲ့ နှလုံးသားဆိုတဲ့ ဒင်းကြောင့် ငါ့မာနတွေ ရိုက်ချိုးခံရ […]


black chawFebruary 3, 20131min020
နိဒါဏ်း ၂၀၀ဝ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၃ ရက်မှာ ကိုခင်ဝမ်းတစ်ယောက် ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့တဲ့ လမ်းရဲ့သယ်ဆောင်ရာနောက် ကောက်ကောက်ပါအောင်လိုက်ပါသွားခဲ့…။ ပန်းချီဆရာ ခင်ဝမ်းအတွက် ပန်းချီ အနုပညာလောကသားတွေက ယူကြုံးမရ ဝမ်းနည်းပူဆွေးကြ…။ ကဗျာဆရာ ခင်ဝမ်းအတွက် ကဗျာ ချစ်သူတွေက ဝမ်းနည်းကြေကွဲကြ…။ တေးရေးတေးဆို ခင်ဝမ်းအတွက် ဂီတလောကသားတွေ ဂီတ ချစ်ပရိသတ်တွေက တသသ…။ သေချာတာကတော့ ခင်ဝမ်းသည် အနုပညာရှင် စစ်စစ်ဖြစ်ခဲ့တာပါပဲ…။ ဒီထက်သေချာတာတောင် ဒီလောက်သေချာမှာမဟုတ်ပါဘူး…။ ဒါ ကျွန်တော်တို့ သတ်မှတ်တာမဟုတ်ပါ…။ သမိုင်းက သတ်မှတ်ခဲ့တာပါ…။ အဲဒီသမိုင်းကိုလည်း ကိုခင်ဝမ်းကိုယ်တိုင်က အလှဆုံးစုတ်ချက်တွေနဲ့ ပန်းချီကားတစ်ချပ်လို ရေးဖွဲ့ခဲ့တာပါ…။ ကိုခင်ဝမ်း ကွယ်လွန်ခြင်းအတွက် ၂၂-၂-၂၀၀ဝ နေ့ထုတ် ယနေ့ခေတ်ဂျာနယ်က ခင်ဝမ်းအမှတ်တရ အဖြစ် ထုတ်ဝေခဲ့ပါသည်။ ထိုစဉ်က ယနေ့ခေတ်ဂျာနယ် အယ်ဒီတာချုပ်မှာ […]


+++++++++++++++++++++++++++ +++++++++++++++++++++++++++   ကောင်းကင်ကြီးက ဇာတ်သိမ်းခန်း ကပြနေတဲ့အခါမှာ သူမ ကို သတိရမိတယ် ….။   မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းလက်နေတဲ့ ကြယ်တွေကြားမှာ သူမ မျက်နှာကို မြင်ရတယ် ….။   ကျုပ် ငေးစိုက်ကြည့်မိတဲ့အခါမှာ မိုးတွေ ရွာချတယ် ….။   တိမ်တွေ … အလိပ်လိပ် တက်လာပေမယ့် တိမ်တွေကို ကျော်ကြည့်နေမိတယ် သူမကို တွေ့တယ် သူမ ကတော့ ကျုပ်ကို မတွေ့ဘူး ….။   အပြာရောင် လွင်ပြင်က စိတ်ချမ်းသာမှု ရနိုင်စေတယ် ဒါပေမယ့် … နေ့ခင်းဆို တအား ပူတယ် …. သူမ အတွက် ညခင်းတစ်ခုသာ ဖြစ်ပါရစေ ….။   […]


13 မှာ… ဒီနေ့က ဘာနေ့လဲ… အဲဒီနေ့က ဘာနေ့လဲ… ဖေဖော်ဝါရီရဲ့ တစ်ဆယ့်သုံး ကိုးလလုံးလုံး ဝမ်းကြာတိုက်မှာအားမွေး နိုင်ငံရဲ့သမိုင်းသစ်ကိုရေးဖို့ လက်သီးလက်မောင်းတန်းပြီး စစ်မျက်နှာဖွင့် ကမ္ဘာမြေရဲ့ စင်မြင့်ပေါ် လူသားတစ်ယောက်ဖြစ်တည်မွေးဖွား ကဗ္ဗည်းတင်ရေးထိုးထားရတဲ့နေ့…။ တစ်ခဏတာ တစ်ဘဝမှာ တစ်ညတာတောင် ကောင်းကောင်းမအိပ်စက် သူ့တစ်သက်တာလုံး ရင်းနှီးပေးဆပ်ခဲ့တာ… မင်းတို့တွေ မေ့ထားသလား… မင်းတို့တွေ မေ့သွားသလား… သင်းတို့တွေ တွေ့သွားတဲ့တစ်နေ့ အထိတ်တလန့် အရှိန်ကောင်းနေတဲ့ ယန္တရားကြီး ရပ်တန့်ပစ်ခဲ့ရတာ ကြီးမြတ်တဲ့မဟာလူသား အဲဒီလူကို မွေးဖွားခဲ့တဲ့နေ့…။ အမေ့ခက်တဲ့ နေ့ရက်တွေက အလီလီ မနက်ဆီ ညဆီ လရာသီဘယ်မှာ ကာလရှည်ကြာ အလင်းကိုဖွေရှာလို့မတွေ့ အမှောင်တွေနဲ့ ပိတ်နေကြ ဘဝများ လောင်နေတဲ့စိတ်တွေက ခြစား ငါ့သားသမီးတွေ မြေးမြစ်တွေ တေးအစစ်တွေနဲ့ မချော့မြူနိုင်တဲ့ ကာလများ (သူကတော့) […]


ဝင်သက်ပူတုန်း အစချီ အချီအချညီ (နဘေညီ) ပိုဒ်စုံရတု ဝင်သက်ပူတုန်း ရင်ထက်နုံးချိ မင်သက်မိဆို ညဉ့်အိုစိတ်ကူး ပိပြိုဖူးခက် ငိုဘူးလျက်မှ ဆူးချက်ကနာ နက်လှပါပြီ မြွက်ဟသီကျူး ရည်စူးတေးသံ ရူးဆွေးပြန်မိ် စူးငေးထိရှ တွေးမိတလွမ်း ငြိမှကမ်းဖြို မြကျွမ်းဖိုလှိုက် ငိုရှိုက်သည်းကြွေ ပြိုခိုက်စေစား သိုရိုက်ထားစဉ် မှားမြင်ပင်ထက် နားချင်လျက်သား ငှက်ခါးတောင်ပံ ကြားယောင်ပြန်လျှင် နားထောင်ညင်သာ မြင်ပါလျက်မြူ ရင်မှာဆူအုံး ပူတုန်းဝင်သက် ခြွေနေလား…။ မြင်ခက်မြူဖုံး ကြင်သက်ဆုံးတိုင် ယှဉ်လျက်ထိုင်ငေး မှိုင်ဆွေးနှင်းဖြူ လှိုင်မွှေးကြူသို့ တွေးပူလို့လေ သူညှို့စေငြား ပျို့လေအားတင်း စို့စေညှင်းလျက်လင်းခက်ရီဝေ ထက်ဆီနေရောင် ပြက်မည်မှောင်ထွ­န်း သည်မြောင်ကျွန်းဝယ် သောင်ထွန်းမယ်ဆို ကွန်းငယ်ခိုဝင် လိုအင်ဖွင့်ဟ ငြိုငြင်တလှမ်း ထိုပင်တန်းမျှော် မှန်းရော်ရီငေး တမ်းဖော်ဝေးလှစ်­ ဆွေးရစ်ကာလေ သစ္စာခြွေမှ မေတ္တာခသွန်း လှလွန်းမွှေးကြူ […]


အသိမဲ့ခြင်း ငါချစ်ခဲ့တာတွေလည်း သဲထဲ ရေသွန် ငါ့ရဲ့ နိစ္စဓူဝဖြစ်တည်မှုက အစ္ဇျတ အလွန်…။ သမရိုးမကျတဲ့ နှလုံးသားနွံအိုင်ထဲ အတ္တတွေနဲ့ လွန်ဆွဲခဲ့ပြီးသည့်နောက် အသိတွေ ပျောက် နေ့နဲ့ည ချောက်ချား အာရုံတွေ မှောက်မှားလို့ ကိုယ့်ကိုယ်ကို ပြန်ကြောက်သွားရတဲ့ အထီးကျန် အကျည်းတန်ငိုပွဲမှာ မျက်ရည်တွေကို ရုပ်သိမ်းပေးလို­က်ရသလိုမျိုး မျိုးပွားဆဲလ်တစ်ခုရဲ့ ပူလောင်မှုက ရင်ဘတ်ထဲမှာ သန္ဓေတည်ပြီး တစ်ကိုယ်လုံး ပျံ့နှံ့မွေးဖွား သွေးသားတွေ သောင်းကျန်းပြီးမှ ရေပုပ်မြောင်းမှာ တအိအိပြိုကျပျော­­က်ကွယ်သွားတဲ့ တမံကန်သင်းလိုပေါ့ ခြေလှမ်းတွေကျွံလွန်နေသလား ခြေလှမ်းတွေကျဲ လွဲနေသလား ခြေလှမ်းကျယ်ကျယ် လှမ်းသွားပြီးမှ နစ်မွန်းခြင်းရဲ့ ရသကို ခုံမင်လို့ မျက်နှာလွှဲပြီး ညတွေကို တွန်းလှန်နေရသလိ­­ု သောက ကွန်ယက် ကြက်ခြေခတ်တွေ မြင်တိုင်း ရိုင်းစိုင်း ခက်ထန် မုန်တိုင်းတွေ ထန် ဒေါမာန်တွေ […]


ကာရံJanuary 30, 20131min05
ငိုကာမှရယ် ပြုံးကာမှမဲ့မိတယ် မသိသေးတဲ့ ကလေးရွယ်မို့ ရှက်ကမှန်းလဲ မသိပါတစ်ကယ် အငိုနဲ့စ အငိုနဲ့ဆုံး အပြုံးနည်းတဲ့ လောကအလည်မှာ မင်းလေးတစ်ယောက် သောကတွေ ဘယ်လောက်များ ရောက်နေရပြီလဲကွယ် သူသူငါငါ နှုတ်ဆက်နေတဲ့ သံသရာကြောမှ နှစ်မြောနေတာ အခုထိပါ လောဘကိုခေါင်းအုံးအိပ် မောဟကို စောင်လိုခြုံ မုသားကိုရေလိုသုံး လူအများအလည်မှာ ယောင်ချာချာနဲ့ ဘယ်လောက်များ ရင်မောနေရပြီလဲလေ သွားရမယ့်လမ်း ဆုံရမယ့်နေရာ ကြုံရမယ့် ဒေဿနာတွေအောက်မှာ ငါမေ့လို့နေပြီလား တရားသိပေမယ့် မတရားခြင်းတွေရဲ့အောက်မှာ ငါလေဘယ်တော့များမှ လွတ်မြောက်ခြင်းဆိုတာကို တွေ့ရှိနိုင်ပါ့မလဲ…………. ပိတောက်မိုး


အာဂJanuary 30, 20131min05
ကမ္ဘာ အသေးအမွားများနဲ့ ရက်လုပ်ထားခြင်းအရာ။ နူးကလီးယား ဗုံးတစ်လုံး တိုက်ချင်းပစ်ဒုံးပျံ တစ်စင်း ဖန်းဆင်းမှုတွေထက် ရေနစ်သူကို ဝါးကူထိုးပေးတဲ့လက်များအကြောင်း ဘယ်သူ့ရဲ့ဘောပင်က မင်အကုန်ခံပြီးရေးမလဲ…။ ၁၉၁၄ ခုနှစ်မှ မူပိုင်ခွင့်တင်တဲ့ ဘရာစီယာ၊ဖောက်တံမလိုတဲ့ ဘီယာဘူး၊ အိပ်ဆောင် ဂဏာန်းပေါင်းစက်၊အကြွေးဝယ် ကတ်ပြား သန္ဓေတာဆေး၊ဆံပင်ဖြောင့်ဆေး၊ ၁၉၃ဝခုနှစ်မှ လူလုံးထုတ်ပြတဲ့ တီရှုပ်အကျင်္ ီ။ ၁၈၉၃ ခုနှစ် ချီကာကို အင်ဂျင်နီယာရဲ့ ဇစ်တွေက ကြယ်သီးတွေကို လွှမ်းမိုးသွားပုံအကြောင်း ဘယ်ခံတွင်းက ရေးကြီးခွင်ကျယ် ချီမွမ်းမလဲ၊ ဘီယာဘူးတွေကို ဖောက်တံမလိုပဲ အသင့်သောက်လို့ရနေတဲ့လူအဖို့ မူးယစ်ခြင်းတစ်ဝက်နဲ့နှုတ်ခမ်းပေါ်မှာ အဆီတွေဝေ့နေပါလိမ့်မယ်။ သူများ ဖောက်ပေးမှ ဖွင့်ခွင့်ရမယ့် လူများအဖို့ကတော့ ဖောက်တံဆိုတဲ့ ကံကြမ္မာဟာအနည်ထိုင်ကောင်းထိုင်နေပါလိမ့်မယ်။ ဘဝဟာ လိုချင်မှုတွေ ကို ဇစ်နဲ့ အထပ်ထပ်ပိတ်ထားရသလို အသိတစ်ယောက်ဖောက်ပေးမယ့် မဲတစ် မဲလိုအပ်နေတာလည်းအမှန်ပဲ။ အာဂ


black chawJanuary 29, 20131min09
ကဗျာဆရာ စောဝေ…။ အပြည့်အစုံ ပြောရလျှင် ဖြူးအဓိပတိ ထမင်းဆိုင်ပိုင်ရှင် ကိုစောဝေ ပေါ့ ခင်ဗျာ…။ အဆိုပါ ဖြူးအဓိပတိ ထမင်းဆိုင် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းသစ် မှာလာဖွင့်သောအခါ… အစားအသောက် ကောင်းကောင်းကြိုက်တတ်သော ကျွန်တော် မကြာခဏ သွားစားဖြစ်ပါသည်…။ ဟိုးတုန်းကပါဗျာ…။ စားရင်းသောက်ရင်း အဓိပတိ ထမင်းဆိုင် ပိုင်ရှင် ကိုစောဝေ နှင့် စာအကြောင်း ပေအကြောင်း မဂ္ဂဇင်းတွေအကြောင်း အနုပညာလောက အကြောင်း စသည်ဖြင့် လေပေးဖြောင့်နေတတ်ပါသည်…။ အမှန်အတိုင်းပြောရလျှင် ထွက်သမျှ မဂ္ဂဇင်း ပေါင်းစုံကို လစဉ်ဖတ်နေကျဖြစ်သဖြင့် အဓိပတိ ထမင်းဆိုင်ပိုင်ရှင်ကြီး ကိုစောဝေ သည် ကဗျာရေးသော ကိုစောဝေဖြစ်ကြောင်း ဘလက်ချော တစ်ယောက် ကောင်းကောင်းကြီး သိနေခဲ့ပါသည်…။ သုံးလေး ကြိမ်မြောက်ခန့်တွင် ကိုစောဝေက သူရေးသားထုတ်ဝေခဲ့သော ကဗျာစာအုပ်တစ်အုပ်ကို […]


မေတကယ်ချစ်ရင် မေတကယ် ချစ်ရင်လေ တွယ်ရစ်ငင် ဆယ်နေကဲသော်လည်း ရင်ထဲမယ် လမင်းသာလို့ ညခင်းပမာ အေးမြမယ်လေ…။ မေ့စကားတွေ ဗွေမယူပါကွယ့် နွေဆူရာအရပ်မှာ မောင်ပြုံးပျော် ကန္တာသော်မှ မောင်ဖြတ်ရစေ အားပေးနေ မေ့အသံတွေကြားလိ­­ု့ နေ့ညမနား မောင်လှမ်းမယ်လေ…။ အမှောင်လမ်းတွေ တားဆီးစေတော့ သောင်ကမ်းဖွေ ပင်လယ်ပြင်ထဲ ရဲရဲဝံ့ဝံ့ လက်ပစ်ကူးလို့ မောင် ဒူးမညွတ်ပါမေ…။ မေသိစေ တောမြိုင်စုံထဲ သားဆိုးကျားရဲ ပေါပါစေ ဆူးခင်းနေ သည်ခရောင်းတော မောင် မမောတမ်း လျှောက်မယ်လေ…။ ထက်ဝဠာဘွေ မိုးစွေထစ်ချုန်း မိုးကြိုင်းမုန်တိုင်း လေပြင်းရိုင်းတောင် ဆင်ခြေတွေ မောင်မပေး လွင်တီးခေါင်ထဲ မောင်စတေးရစေ…။ ယောင်ငေးပါ့မယ် လျှပ်စီးဖြိုးဝေ ရတက်မီးခိုးခြွေ မေမသိအောင် နေပါ့မယ်လေ…။ မေလည်းလေ မောင့်သစ္စာ ကတိစကား အမြဲကြားယောင် နားဆင်ပါလေ မောင်ပြန်ချိန် […]


သဗ္ဗေသတ္တာ မင်းတို့တောင်းသမျှလည်း ငါမပေး မင်းတို့ ပေးသမျှလည်း ငါ မယူ ငါ့ဘာသာ တစ်ယောက်တည်း ငါ့စံနဲ့ငါ လူဖြစ်လာတာ…။ မင်းတို့ရဲ့ စွပ်စွဲချက်တွေအောက်မှာ ငါ မနေဘူး မင်းတို့ရဲ့ မြှောက်ပင့်ခြင်းပေါ်မှာလည်း ငါ မထိုင်ဘူး စိတ်ဓါတ်တွေက အခြေခိုင်ပြီးသား ယိုင်နဲ့အောင် လာမပြုစားကြနဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေ ရှားပါးလွန်းပါတယ်…။ မင်းတို့ရဲ့ သတ်မှတ်ချက်တွေန­­ဲ့ ငါ့ကိုလာပြီး မပညတ်နဲ့ မင်းတို့ရဲ့ နားလည်ပေးမှုကို ငါ မတောင်းဘူး နားလည်မှုမရှိဘူးရယ်လို့လည်း ငါ့ကိုလာပြီး မသမုတ်နဲ့ ငါ့ရဲ့ သင်ရိုးညွှန်းတမ်းမှာ ငါ့မာတိကာတွေကို ငါ့ဘာသာ ပြဌာန်းပြီးသား…။ မင်းတို့တွေလာပြီး လေ့လာတီးခေါက်ရအောင် ကမ္ဗည်းတင်ထားတဲ့ကျောက်စာလည်း မဟုတ် မှတ်ကျောက်လည်း တင်ကြည့်စရာမလို သက်သေပြချက်တွေကိုလည်း ငါ မုန်းတီးပြီးသား…။ သမိုင်းတွင် မတွင် အရိုင်းထင် မထင် […]


Mg Yay ChanJanuary 26, 20131min04
နေ့သည်လည်းကောင်း   ညသည်လည်းကောင်း တစ်နေ့ထက်တစ်နေ့ တစ်ညထက်တစ်ည ငြိမ်းချမ်းစေကြောင်း ဆုတောင်းရင်းဖြင့် ဒီကဗျာအဖွင့်ကိုစတင်လိုက်တယ် ချစ်ခြင်းတရားဟာ မှော်ဆရာရဲ့လက်ထဲကဆေးတောင်ဝှေးလေးလို တဖြည်းဖြည်း သေးကွေးလာ အို….ကမာ္ဘလောက မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့ အရာရာဟာ မှုန်ပြဝေရီလို့ အလေအလွင့်ခေတ်ထဲ အလွင့်အလေများတယ် တစ်ခုခုတော့ တစ်ခုခုပဲတစ်နေရာမှာ လွဲချော်နေတာ ငေးရင်းလွမ်းရင်း    ၊ လွမ်းရင်းငေးရင်းနဲ့ အလေအလွင့်ခေတ်ထဲမှာ ပြာလဲ့အက်ရှလို့ ကြေကွဲနေရ ခြင်မတစ်ကောင်သန္ဓေအောင်ဖို့ သွေးကိုအရေးတကြီးလိုနေသလိုမျိုး မုန့်ဟင်းခါးစားပြီး အပူတပြင်းရေငတ်နေသလို နှလုံးသားသွေးထဲ ၊ ခန္ဓာကိုယ်ထဲ ရင်ဘတ်ထဲ အိပ်မက်ထဲ အပြင်းအထန် စွဲစွဲလန်းလန်းတောင့်တနေတာ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ” “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ” “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ” အို….ရေအနှံ့ မြေအနှံ့ငြိမ်းချမ်းပါစေတော့ ကမာ္ဘဥယျာဉ်ဟာ ငြိမ်းချမ်းရေးနှင်းဆီတွေနဲ့ ပျံမွှေးထုံသင်းစေတော့ မှော်ကဝေနတ်ဆိုးတွေရဲ့ အိပ်မက်ဆိုးရှည်တွေထဲ ကိုယ်တို့ဟာ […]