အသေးအမွားကလေးများ

အာဂJanuary 30, 20131min05

ကမ္ဘာ

အသေးအမွားများနဲ့ ရက်လုပ်ထားခြင်းအရာ။

နူးကလီးယား ဗုံးတစ်လုံး

တိုက်ချင်းပစ်ဒုံးပျံ တစ်စင်း

ဖန်းဆင်းမှုတွေထက်

ရေနစ်သူကို ဝါးကူထိုးပေးတဲ့လက်များအကြောင်း

ဘယ်သူ့ရဲ့ဘောပင်က မင်အကုန်ခံပြီးရေးမလဲ…။

၁၉၁၄ ခုနှစ်မှ မူပိုင်ခွင့်တင်တဲ့

ဘရာစီယာ၊ဖောက်တံမလိုတဲ့ ဘီယာဘူး၊

အိပ်ဆောင် ဂဏာန်းပေါင်းစက်၊အကြွေးဝယ် ကတ်ပြား

သန္ဓေတာဆေး၊ဆံပင်ဖြောင့်ဆေး၊

၁၉၃ဝခုနှစ်မှ

လူလုံးထုတ်ပြတဲ့ တီရှုပ်အကျင်္ ီ။

၁၈၉၃ ခုနှစ် ချီကာကို အင်ဂျင်နီယာရဲ့

ဇစ်တွေက ကြယ်သီးတွေကို လွှမ်းမိုးသွားပုံအကြောင်း

ဘယ်ခံတွင်းက ရေးကြီးခွင်ကျယ် ချီမွမ်းမလဲ၊

ဘီယာဘူးတွေကို

ဖောက်တံမလိုပဲ အသင့်သောက်လို့ရနေတဲ့လူအဖို့

မူးယစ်ခြင်းတစ်ဝက်နဲ့နှုတ်ခမ်းပေါ်မှာ အဆီတွေဝေ့နေပါလိမ့်မယ်။

သူများ ဖောက်ပေးမှ ဖွင့်ခွင့်ရမယ့်

လူများအဖို့ကတော့ ဖောက်တံဆိုတဲ့

ကံကြမ္မာဟာအနည်ထိုင်ကောင်းထိုင်နေပါလိမ့်မယ်။

ဘဝဟာ လိုချင်မှုတွေ

ကို ဇစ်နဲ့ အထပ်ထပ်ပိတ်ထားရသလို

အသိတစ်ယောက်ဖောက်ပေးမယ့်

မဲတစ် မဲလိုအပ်နေတာလည်းအမှန်ပဲ။

အာဂ

5 comments

  • Mobile

    January 30, 2013 at 6:34 pm

    ဗလာစာရွက်ဆိုတော့ နည်းနည်းကြမ်းတယ်လို့ ဆိုလာသူ အာဂရေ
    အားပေးသွားပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • အာဂ

      January 31, 2013 at 4:15 pm

      အားပေးမယ့်လူရှားပါးတဲ့ အချိန်မှာ အားပေးသွားတဲ့ ကို Mobile ကိုကျေးဇူး အထူးတင်ရှိပါတယ်။ဗျာ.။

  • မောင်ပေ

    January 30, 2013 at 7:21 pm

    စကားမစပ်
    ဘီယာကြော် ဆိုတာ ပေါ်နေပြီတဲ့နော်
    သဂျီးတို ့နိုင်ငံက ပြည်နယ်တစ်ခုမှာတဲ့
    တစ်ခုကို ငါးဒေါ်လာ ဆိုပဲ

    • Mobile

      January 30, 2013 at 9:49 pm

      ကျုပ်ရောက်နေတဲ့ ထိုင်းနယ်စပ်မှာလဲ ဘီယာကြော်တွေ ဘာတွေ
      စားသောက်ကုန်မျိုးစုံပေါ့ဗျာ ရှိပါတယ် ဘီယာကြော် တစ်ခုတော့ ကိုပေနဲ့တွေ့ရင်
      လက်ဆောင်ပေးဖို့ ဝယ်ထားပြီးဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဂန္ဓာရီ ဆြာအုပ်

    February 1, 2013 at 12:54 am

    ဘယာကြော်ပဲတိတယ်.. အဲလာက အချဉ်ရေနဲ့ တိုးစားလို့ရလား
    သုပ်စားလို့ကောရလား 😛

Leave a Reply