ကာရံFebruary 12, 20131min02
အလွမ်းတွေဝေ ပန်းတွေခြွေခဲ့ စီးစေမြစ်သွင် အကြင်နာမိုး ရင်မှာဖြိုးဆွေ မြတ်နိုးမှုလေး ပူဆွေးကင်းဝေး ရင်တွင်းအေးအောင် ကြံဆောင်စိတ်ထား ရင်မှာချစ်အား တိုးပွားအစဉ် နှစ်တစ်ရာတိုင် ချစ်သဒ္ဒါခိုင်မြဲ ပေးဆပ်အမှန် မေတ္တာပန်းတိုင် ရောက်လှမ်းစို့လေ အပြစ်မယူသူများတစ်နေ့ ချစ်သူများနေ့ အမှတ်တရ နမ်းပန်းတစ်ပွင့် ခြွေလင့်ကြိုနေ ချစ်ရသောသူ သိပါစေသို့………….. ပိတောက်မိုး


တစ်ခါ တစ်ခါမှာ ငါမလာ အားတဲ့အခါ တစ်ခါ တစ်ခါမှာ အချိန်မပေးနိုင်တဲ့အခါ တစ်ခါတစ်ခါမှာ ဖုန်းမဆက်ဖြစ်တဲ့အခါ မင်း အပြုံးကိုလည်း မေ့လိုက်တာ မဟုတ်ဘူး မင်း မျက်ဝန်းကိုလည်း မေ့လိုက်တာ မဟုတ်ဘူး မင်းရယ်သံတွေ မေ့လိုက်တာမဟုတ်ဘူး ချစ်သူတို့ရဲ့ ဆည်းဆာဆိုတာ အမြဲတမ်းလှနေတတ်တာလည်း သိရဲ့ နီးနေရက်နဲ့ ဝေးတယ်ဆိုတာ ခဏပါ ချစ်သူ….။ မနေ့က မင်းကို မတွေ့ခဲ့ဘူးဆိုရင် ဒီကနေ့ ငါက အလွမ်းနဲ့လုံးထွေးရစ်ပတ် အချိန်ဆိုတာ ဘဝအတွက်ဖြစ်နေတဲ့အခါ ရင်လွဲပြီးရွာတဲ့ မိုးလို ခြိမ်းခြိမ်းညံညံနဲံ့ ငါ့ရင်ဘတ်မှာ ချစ်ပွင့်တွေချွေကြွေ….ပြန်တယ် ချစ်သူ..။ ခဏလေးပါ… နီးဖို့ခဏဝေးတယ်…. ချစ်ဖို့ ခဏဝေးတယ်…. လွမ်းနေတုန်း ခဏဝေးတယ်… ဒီလိုနဲ့ မင်းမုန်းနေခဲ့တယ်ဆိုလည်း ခဏလေးနဲ့…… တစ်ခါ တစ်ခါမှာ ငါမလာ အားတဲ့အခါ တစ်ခါ […]


Thit San KhantFebruary 10, 20132min05
ကဗျာတစ်ပုဒ် တွေ့လို့ တွေ့ညား မဂ္ဂဇင်းထဲ လှန်လို့ ဖွေရှာ တွေ့ရမှာက စကဒ်ပေါင်တို ရင်မှာလည်ဟိုက် တကယ်မိတဲ့ မင်းသမီးချော ဗျူး သတင်းပင်။ နေရာမရွေး မျက်စိမှိတ်လို့ လက်ထောက်ကြည့်ပါ တွေ့မှာ ကြော်ညာ။ ဒါတင်မက နှုတ်ခမ်းနီတို့ သည်းသည်းလှုပ်စေ စူပါမင်းသား ကိုရီးယားတို့ ဓါတ်ပုံဝေဆာ သတင်းစုံတာ။ ဤစာမျက်နှာ မည်သို့ ကျော်စေ ဖတ်ဖတ်ကိုမော ရှာဖို့မလွယ် အိုဘယ့် ကဗျာ ဘယ်ဆီမှာများ ချောင်ခိုကပ်လို့ ပျောက်နေပြီလဲ?။


Thit San KhantFebruary 10, 20133min03
  – – – – – (၁) တစိမ်းလူ ရဲ့ လက်မောင်းကို နင်တွဲခိုကာ ပျော်နေတုန်း ငါ့နှလုံးသားတွေ အခိုးငွှေ့ပြန်ကာ တိမ်တိုက်တွေလို ငါ့မျက်ဝန်းက မိုးရေတွေ ရွာချ အဲ့ မျက်ရည်တွေထဲမှာ ငါ့စိတ်ဓါတ်တွေ စုန်းစုန်းမြုတ်ခဲ့ရော…  – – – – – (၂) ရှုံးနိမ့်ခဲ့ပြီဆိုတဲ့ နောက်ဆုံးအသိက အရူးကွက်နင်းလို့ လှည့်ထွက်သွားတဲ့ နင့်ခြေရာတွေကို တစ် နှစ် သုံး လိုက်ရေနေရင်း ငါ့ ဘဝ ပျောက်ဆုံးသွားတယ် ဒါပေမယ့် အဲ့ ဇတ်လမ်းက အစီအစဉ်တကျ မဖြစ်ခဲ့တာကိုတော့ ငါကိုယ်တိုင် မသိခဲ့ဘူး…  – – – – – (၃) ဟန်ဆောင် မျက်နှာဖုံးတပ် နင့်ရှေ့မှာ ပျော်ဟန်ဆောင်တုန်း မသိတက်တဲ့ နင် ကိုယ်တိုင် […]


ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ မင်းမှာလည်း မျက်စိတစ်စုံ ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့် မတူညီတဲ့ အကြည့်တွေကြားမှာ မင်းဘက်ကကြည့်တော့ လမ်းဆုံ ငါ့ဘက်ကကြည့်တော့ လမ်းခွဲ ပြီးသွားခဲ့ပြီပဲ ကြွေပြီးသား သစ်ရွက် ပင်စည်နဲ့ပြန်မဆက်နိူင်သလို ပြာကျပြီးသား စက္ကူစ ဥုံဖွ လို့ ဘယ်လောက် မန်း မန်း သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ ရွှေမျက်ရည်လည်း လာမဝဲနဲ့ ကျူးလှခဲ့တဲ့ မင်း စကားသံ ငါ့နားထဲမှာ လျှံနေတုန်း လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ် အရုပ်လိုလဲ ငါမနေနိူင်လှ အခြေခိုင်စ ငါ့ဘဝနား လား လား တောင်လှမ်းမလာနဲ့ ဇာတ်သိမ်းခန်းရဲ့ နိဂုံး ပြီးဆုံးသွားခဲ့ပြီ ။


ရွှေ ကြည်February 9, 20131min027
  မိဘအိမ်လောက်မနွေးထွေးပေမယ့် အေးစက်စက်မဟုတ်ခဲ့တဲ့ နွေးထွေးပျော်ရွှင်ခဲ့ရတဲ့နေရာ။ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ပေမယ့် လွတ်လပ်ပျော်ရွှင်ခဲ့တဲ့ ရင်းနှီးစွာလုံခြုံခဲ့တဲ့နေရာ။ မိသားစုလိုသွေးမနှောပေမယ့် ဘေးလူလို့ပြောမရခဲ့တဲ့ တွယ်တာရသူတွေနေခဲ့တဲ့နေရာ။ ရင်နှင့်ရင်းတဲ့ခံစားချက်တို့ဖွင့်ဟတိုင်ပင်လို့ သောကတွေအပျော်တွေဝေမျှဖူးတဲ့နေရာ။ မျှော်နေပေးပါ ကြိုနေပေးပါ အရင်လိုပဲနွေးထွေးပေးပါ ငါတခေါက်မကပြန်လာခဲ့မယ် သူငယ်ချင်းတို့ရယ်။   (ရန်ကုန်အခန်းကသူငယ်ချင်းများစွာကိုလွမ်းလို့ရေးမိတာပါ) ကျေးဇူးအထူးတင်ပါတယ်ရှင့်။


Thit San KhantFebruary 7, 20133min04
(၁) လက်ချိုးတွက်ရေလို့ ရတဲ့ ငါ့နေ့စွဲ တွေထဲ မသိမသာ နင် တိုးဝင်လာခဲ့တယ်… နင့် ရယ်သံတွေကို စွဲလမ်းတက်ခဲ့ပြီး ငါ့ ခြေလှမ်းတွေတိုင်း အမြဲလိုလို နင်ရှိရာ အရပ်သို့ ဦးတည်ပြန်တယ်… (၂) သံယောဇဉ် ခိုင်မြဲတယ်လို့ ငါပြောလိုက်တိုင်း နင်ရယ်တယ်.. နိုးတဝက် အိပ်တဝက် ည မနက်တွေကို နင်ဖန်ဆင်းတဲ့ ကကွက်တွေထဲ ငါ ခြေစုန်ပစ်ခဲ့တယ်.. ပြန်ရခဲ့တာက နင့် ရဲ့ မာန တစ်ချို့နဲ့ အကျွင်းအကျန် ကြင်နာမှု တစ်စုံ… (၃) ငါ စိတ်တွေလေတိုင်း နင် အပြုံးတစ်ခုနဲ့ ဘေးနားက ဖေးမတယ်… “ငါရှိနေသေးတယ်လေ ဘာလိုသေးလဲ” တဲ့ ဒီ စကား ဒီ အသံတွေ ကြားတိုင်း အိပ်မက်ဆိုးက နိုးထ ရဲခဲ့ပြီ…. ရှေ့တိုးမရ နောက်ဆုတ်မရ အလွမ်းဇတ်တွေကိုလဲ ငါ မေ့လျော့ နိုင်ခဲ့ပြီ… ဘာတွေပဲ ဖြစ်ဖြစ် […]


ဇွန်လ ၁ ရက် မိုးရေစက်တွေကြားမှာ လူဖြစ်လာခဲ့တဲ့သားလေ ဒေါ်စံမေရဲ့ မြေး မျိုးသန့်လေးအတွက် ရတနာ လောကအလယ်မှာ အသန့်အကောင်းတွေနဲ့ စံရဖို့ အဖေတို့ကြိုးစား ၁ နှစ်သားကတည်းက အပေါ်ထပ်မှာ အဖွားနဲ့အိပ် တိတ်ဆိတ်ခြင်း မဲ့ခဲ့တဲ့ အဖေတို့အိမ်ထောင်ရေးကြားမှာ သားဟာ လူကြီးလေးပမာ နေတတ်ခဲ့တယ်နော် အရွယ်အတော်ရောက်လာပြီးတဲ့နောက် ကျောင်းအပ်ရတဲ့အခါ Smart School  မှာထား သားကို သူများထက်သာစေချင်ခဲ့တယ် သား စာရေးနေတဲ့အခါ အဖေ့ခမျာ အမောတွေပျောက် လူလားမြောက်တဲ့အထိ အဖေ အားတွေရှိနေအောင်ဆုတောင်းမိတယ် မင်းအမေ ဒူဘိုင်းမြေကပြန်လာတဲ့အခါ ပါလာတဲ့လက်ဆောင်ပုံတွေကြား ငါ့သားပျော်နေတာမြင်တော့လည်း ဪ သူ့အမေပဲ လို့ ဖြည့်တွေး အမေတည်းတဲ့ဟိုတယ်ဟာ သိပ်မိုက်တာပဲအဖေရာ တဲ့ ဟိုတယ်နဲ့အိမ် ကွာခြားမှု မိသားစုရဲ့ အဓိပ္ပါယ် သား တစ်နေ့ နားလည်လာလိမ့်မယ် […]


ဖြာကျနေတဲ့ရောင်စုံတွေနဲ့ သာယာတဲ့ဟောဒီလမ်းမဟာ အနော်ရထာ တဲ့ ၊ နှစ်ထောင်ကစ ငါးရာအဆုံး သုံးလို့ရတဲ့အင်္ကျီပုံကြား ရွေးလျက်သားဟာ ကျနော်ပါ ၊ ဘေထုပ်ဆိုပေမယ့် အခြေမစုတ်သလို အမေလုပ်သူမသိ လက်ထဲရှိတာ တစ်ထောင်တည်းပါ ၊ နှစ်ထောင်တန်ဟာ လှတာမှန်ပေမယ့် တကယ့်လိုအပ်မှုဟာ အင်္ကျီဖြစ်ဖို့ပါ အဲဒီလို အဲဒီလိုနဲ့ ကျနော့်ရဲ့ လက်တွေဟာ ငါးရာတန်ကြား အလုပ်များရင်း ဖျော့တော့တော့အဆင်းပေမယ့် ရှင်းနေတဲ့ အင်္ကျီအပြာ ကျနော့်လက်ထဲ ပါခဲ့ပါပြီ ၊ အင်္ကျီဖြစ်ဖို့သာ ယူဆတဲ့ကျနော့်အတွက် ပိုထွက်လာမယ့် အသပြာ လဘက်ရည်ဆိုတာမက စီးကရက်ပါ ရခဲ့ပါတယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ဝတ်လိုက်ရင်အတူတူမို့ ချို့တဲ့ တဲ့ဘဝအပေါ် ကျနော် ပျော်လျက်ပါ ၊ ဒီလိုနဲ့ နေ့ရက်တွေကို မေ့လျက်သလို ဖြတ်သန်း အထီးကျန်လမ်းပေါ်မှာ ချစ်ချင်ခြင်းဆိုတာ ရှိလာပါရောလား […]


DEPARKO DEPARKOFebruary 7, 20131min0
မြန်မာ့စစ်တုရင် အတွင်းစစ်ကဲပေါက် ဆင်ခွထောက်ကာ စစ်မြင်းဆက်ထား ရထားယှဉ်ပြိုင် အနိုင်ကစား ယှဉ်ပြိုင်သွားမည့် မြန်ဌာနီဘွား ဇာနည်များကို တိုင်းတစ်ပါးက မျက်ထားမတူ တမူဆန်းသစ် နည်းစနစ်လဲ ဓလေ့မတူ စိတ်မတူဘဲ မြန်မာ့အမွေနှစ် စစ်အသင့်ပြင် စစ်တုရင်ကို ဘယ်သူကများ နိုင်ပါငြားအံ့။ ဆင်ဦးကင်းထိုး မြင်းနှင့်ပိုးကာ စစ်ကဲလမ်းလျှောက် ထိုးဖေါက်မွှေနှောက် ရထားဆင့်ကဲ သူ့နယ်ထဲသို့ ရဲစစ်သည်များ ချိတ်ဆက်ထားပြီး ရှေ့တိုးနောက်ငင် ဆင်ဖြင့်ယှဉ်ကာ ဘုရင်ပါထွက် ခွေကာသတ်မည် ဉာဏ်ရည်ခြင်းတူ ယှဉ်လိုသူအား မတူဆန်းပြား ရွှေ့ကွက်များကို သင်ကြားပေးခဲ့ချင်ပါသည်။ (အာဆီယံစစ်တုရင်ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များသို့ဂုဏ်ပြုကဗျာ)


ကတ္တရာလမ်းက နွေးနေတယ် ခံစားမှုအသိက ထုံထိုင်းအေးစက်လို့ ဗလာဖြစ်နေတဲ့ ရင်ခွင်တစ်ခုမှာ ခိုနားရာမဲ့ ဝေဒနာတွေကြီးဆိုးနေတယ်.။ တဆာဆာအော်ငိုနေတဲ့ ကလေးတစ်ယောက်လို ငါ့နားကို နှိပ်စက်နေတာမဟုတ်ဘူး။ ကူကယ်မဲ့လက်တစ်စုံက တင်းတင်းကျပ်ကျပ်ဖက်လို့ ဆောင်းညအလွန် လမ်းမနဘေးမှာ ခြေဗလာနဲ့လမ်းကိုလျှောက် မည်းမှောင်နေတဲ့ညရဲ့ တိတ်ဆိတ်မှုက ငါ့အတွက် အကျည်းတန်စေရဲ့ မူးနောက်နောက်အတွေးတစ်ချို့နဲ့ ပါးစပ်ကလွှတ်ခနဲ့ခေါ်မိတဲ့ နာမည်က ဒေါက်တာ..။ ရှေ့ပြေးနမိတ်အနေနဲ့အတိတ်စိမ်းပေးတယ် သွေးစိမ်းရှင်ရှင်ထွက်နေသူကိုမှ အဖြေထုတ် ခပ်နာနာနဲ့ စကားလုံးတစ်ချို့ထွက်ကျလာတယ် သေချာတယ် စေတနာလျော့တယ် ခြေလှမ်းတွေ ယိုင်လဲလုလု ဝေဒနာအစုစု က နှိပ်စက်ကလူပြု ဒါတွေက ပမွှားလေးတွေ ဟော မြင့်မိုရ်တောင်ကို ကိုင်လှုပ်နေကြတယ် သူတို့တွေ သူတို့တွေ မေတ္တာတရားဆိုတာ ဗလာ စေတနာဆိုတာ ဗလာ နွေးထွေးမှုဆိုတာ ဗလာ လျင်မြန်ခြင်းဆိုတာ ဗလာ ဗလာ ဗလာတွေ များတဲ့လောက […]


+++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++   မနက်ခင်း …. ပြတင်းတံခါးကို တွန်းဖွင့်လိုက်ချိန် … အအိပ်မက်တဲ့ နေ … ရောက် မလာသေးပေ ……..။   လေညှင်းတွေက အလုအယက် … ငါ့ကို …. ဇွတ်တိုး ဖက်ကြတယ် ……။   တိတ်ဆိတ်ဆဲ ပတ်ဝန်းကျင်ကြားက ငှက်ငယ်လေးတို့ရဲ့ တွန်ကျူးသံတွေဟာ မနက်ခင်း၏ ဟန်ပန် ခေါင်းလောင်းသံလေးတွေများလား ……။   အမှောင်တွေ ကင်း မိုးလင်းစ ကောင်းကင်အောက်မှာ စပါယ်ဖြူတွေ ပွင့်လန်းနေကြတာလည်း နှစ်သက်၊ ကြည်နူးစရာပါပဲ ……။   ဒီမနက်ခင်းလေးထဲ … သစ်ရွက်လေးတွေလည်း ငြိမ်သက် ရစ်ပတ်ဖို့ မရည်စူး ဒါပေမယ့် ချစ်တတ်ရင် မနက်ခင်းရဲ့ အလှဟာ သိမ်းပိုက် ထားချင်စရာ […]


အေတြးေလးFebruary 5, 20131min02
အမေ……………. သားတွေ သမီးတွေကိုတော့ မွေး ပေး ကျွေးပေးခဲ့တယ်….။ အမေ့ကိုရော………. ဘယ်သား ဘယ်သမီး ကများ ပြန်ပြီး လုပ်ကျွေး ပြီလဲ……… မေးလို်က်ချင်တယ်အမေ……… အမေလေ……. သားတို့ ကိုမွေး ခဲ့စဉ်က.. ဘာတွေ မျှောလင့်ခဲ့ ဖူးလဲ.. ဘာတွေကိုရော………. အမေလိုချင်ခဲ့လဲ.. သားလေ………. အမေ့ကို ချစ်တယ် အမေ……. အမေ………. အမေ့ဝမ်းမှာ သားကိုလွယ်တော့… အမေပျော် မှာပေါ့နော်……… အဲလိုပဲထင်ပါတယ် အမေ ……….. မွေးဖွားခါနီး နာကျင်မှုကိုခံ ရတော့ရော……….. အမေ သားကို အပြစ်မမြင်ခဲ့ ဘူးမဟုတ်လား……… သားတွေကို အပြစ်မမြင်ခဲ့တဲ့ အမေကို.. သားတွေသမီးတွေကတော့ …… လိုချင်တာမရ ရင် …… အပြစ်မြင် တာကို….. အမေက အချစ်နဲ့ ဖုံးခဲ့တယ်နော်……….။ […]