++++++++++++++++++++++++++++++++++   ဟူး ……. သက်ပြင်းတွေက … မျက်တောင်တွေ ခဏခဏ ခတ်နေသလို …….။   လျှံထွက်နေတဲ့ ရေတွေလို … နှာခေါင်းကတင် မက တစ်ခါတစ်ခါ … ပါးစပ်ကပါ မှုတ်ထုတ်မိပြန်တယ် ….. ငါ တကယ် ရင်မောနေတယ် …..။   ကိုယ့်ကိုကိုယ် ဒုက္ခပေးမိလေသော အိုဘယ့် “အချစ်စိတ်” ရယ် … မင်း ဘာကြောင့်များ ငါ့ရင်ထဲမှာမှ ပေါက်ဖွားလာရတာလဲကွယ် …..။   သွားကြ … သွားကြ ……. ငါ အော်ဟစ် မောင်းထုတ်မိပေမယ့် နားပဲ မပါကြသလိုလို … ပေကပ်ပြီး နေနေကြတယ် … တကယ် … တကယ် … […]


လေးဆယ်ကျော် ငါးနှစ်ပတ်လည် အဘ အဘတို့အရွယ်  တဲ့ မောင် မှသည် ကို ကို မှသည် ဦး ကူး၍ ကူး၍ ခေါ်ခဲ့ကြရာ ဒီအရွယ်မှာ ခံစားရာကိုရေးကြ ကလေးကျနေတာပဲ သည်လိုလည်းပြောကြ ရင်ဖွင့်ပြပြန်တော့ သူငယ်ပြန်တော့မယ်နော့တဲ့ ရှောင်ရန်ရှားရန် ရေးတော့လည်း ဆရာကြီးလေသံပဲတဲ့ ကဲ လုပ်ချင်ရာလုပ်မယ်ဆိုရင်များ လူမိုက်စကားလို့ ပြောဦးမယ် တစ်လောကလုံးကိုသာ ရယ်လိုက်ချင် ငါ့ရင်ထဲမှာ ရှိနေတာ ခံစားလွယ်သော နှလုံးသားပါ ဒါလေးမှ မရှိရရင်လည်း မင်းတို့ ဘာပြောကြဦးမလဲကွယ် ။


ခင္ခFebruary 20, 20131min014
“ငေးခဲ့ဖူး၏…… ငေးနေမိပါ၏´´   ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကို ထိုင်ကာနေရင်း ငေးခဲ့ဖူးပါတယ်။   စိမ်းစိမ်းစိုစို ကြည့်လို့မဆုံး အလွန်များပြား လယ်တောများကို အနီးနားရှိ လယ်စောင့်တဲပေါ် ထိုင်ကာနေရင်း ငေးခဲ့ဖူးပါတယ်။   နွေရာသီပူပြင်း အရိပ်တွေကင်းလို့ ရှည်လျားလမ်းမ ဖုန်းတထောင်းထောင်းထကာ ဖြတ်သွားကားလေး လမ်းကြုံလိုက်ဖို့ ရပ်ကာနေရင်း ငေးခဲ့ဖူးပါတယ်။   ချွေးတွေစို့လို့ တစ်ပေါက်ပြီးတစ်ပေါက် ရွဲကာကျသည့် တောင်ပေါ်ခရီး လမ်းကြမ်းနှင်ပြီး တောင်ထိပ်အရောက် တက်ဆင်းများလှ တောင်တန်းအလှကို အမောဖြေရင်း လှည့်ကာပြန်၍ ငေးခဲ့ဖူးပါတယ်။   ပင်လယ်ကိုလည်း ငေးခဲ့ဖူး၏ စိမ်းစိုလယ်ကွင်းပြင်လည်း ငေးခဲ့ဖူး၏ ပူပြင်းနွေလယ်လမ်းလည်း ငေးခဲ့ဖူး၏ တောင်တန်းမြင့်နိမ်လည်း ငေးခဲ့ဖူး၏   အခုများတော့ တစ်ခါတရံ ဂဇက်ကိုဖွင့် ပိုစ့်တွေဖတ်ပြီး ဘာကိုဘယ်လို မန့်ရမယ်မသိ […]


++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++   Screen မှောင်နေတဲ့ ဖုန်းကလေးကို ခလုတ်လေး နှိပ်လို့ ဖွင့်လိုက်တဲ့အခါ သူမ ကို တွေ့ရတယ် … ဒီအခါ ခပ်ပြုံးပြုံးနဲ့ ပြောမိပါတယ် … “ချစ်တယ်” …။   သုံးနေကြ လက်ပ်တော့လေးကို ဖွင့် ပါဝါ ဘက်တန် လေးကို နှိပ် Login ဝင်လိုက်တော့ Desktop ကို ရောက်သွားတယ် (သုံးနေတာ Windows 8 မဟုတ်ပါ) ဒီအခါ သူမ ပုံများနဲ့ ခြယ်သထားတဲ့ Wallpaper လေးကို တွေ့ရတယ် … ဒီလို အခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။   အွန်လိုင်းပေါ် တက် ဟိုစပ်စပ် ဒီစပ်စပ် […]


SawAungFebruary 19, 20131min03
ကျွန်တော်ဟာ သီးသန့်ကမ္ဘာလေးထဲမှာ နေထိုင်သူတစ်ယောက်ပါ အဲသည်နေ့က သူရောက်လာတယ် ပန်းနုရောင်တွေအပြည့်နဲ့ပေါ့ အဲသည်အချိန် လေပြေတွေက ဖြေးဖြေးလေးတိုက်ခတ်တယ် ပန်းနုရောင်တွေ သွန်းချလိုက်ပါ ကျွန်တော်တောင်းဆိုနေတယ် သူ့နှုတ်ခမ်းအစွန်းစ ကွေးညွှတ်တဲ့အပြုံးတစ်ခုနဲ့ ကျွန်တော် အရူးအမူးပဲ။ ဖြူဖွဖွ နှင်းမှုန်တွေလွှမ်းခြုံပေးပါ အေးစိမ့်တဲ့အထိအတွေ့နဲ့ ကျွန်တော်သူ့ကို အနမ်းအချို့ပြန်ပေးချင်ပါရဲ့ သူလက်ခံနိုင်ပါစေ သူ့နှုတ်ခမ်းမှာ ချယ်ရီတွေချိုမြလို့ ကျွန်တော့်ဆီ ဆင်းသက်ကျရောက်ပါစေ။ ကျွန်တော့်လက်ဖဝါးမှာ အပြာရောင်အလင်းမှုန်တွေဆင်းသက်လို့ သူ့ကိုတစ်ချက်မောကြည့်မိတယ် ဖြူလွှလွှဆိုတာထက် တကယ့်ဖြူလွှလွှ နှစ်ကိုယ်ကြားက လေပြေတွေဟာအတိုင်းအဆမရှိ …………………………………….. …………………………………….. နံရံမှာနားရှိသလို ကျွန်တော့်ရင်ဘတ်မှာ အာရုံခံကိရိယာရှိတယ် သူ့မှာရော…………………………..။ နီးစပ်လာတဲ့ ဝတ်မှုန်တွေကြားမှာ ကျွန်တော်သေငယ်ဇောနဲ့ ကူးခတ်ရသလိုပဲ သူ့လက်ဖျားမှာ မီးပြတိုက်လိုအလင်းရောင်တွေ ရောက်တော့မယ်…….ရောက်ခါနီးနေပြီ သူ့ဘက်က အလင်းရောင်ပြပြကျွန်တော်တွေ့မိလိုက်ရဲ့ လေပြေ…….တစ်ဆင့်…….လေပြင်း…… လေပြင်း…….တစ်ဆင့်……မုန်တိုင်း…….. ကျွန်တော့်လည်ချောင်းကတစ်ဆင့် ပင့်သက်ကိုရှိုက်လိုက်တယ်… သူ့ရဲ့အပြုံးတစ်ချက်…… အပြုံးတစ်ဝက်……. အပြုံးတစ်စက်……. […]


“မူန်ရီဝေဝေ မန္တလေး”   ဆောင်းအဆင်း နှင်းကြွင်းကမူန်ရီရီ။ ညိုနီနီ နန်းမြို့ရိုး ရယ်ကြောင့် လွမ်းစိတ်က ဝေစီ။ ဟန်ချီချီ လာပြန်ပြီ လက်ပံနီတွေက ပေးပြန်သည်ဒီအလွမ်းရယ်နဲ့ နန်းတစ်ခို အလွမ်းပိုအောင် ထန်ုးညိုညို ညီနောင်အစုရယ်က စိမ်းပြာလဲ့ ရေပြင်ဆီ ပြေးဝင်ခစား တားမရပါ အလွမ်းဆာ ငါ့ရဲ့စိတ်တွေက ဝေးးးးးးးးးကာလ ဟို အတိတ်ဆီကို မနှေးအမြန် အပြေးပြန်လို့သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး   ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။   16-2-2013


မေ ့မေ့ မေတ္တာဆပ်လို ့မကုန်ပါ..။။ ။။။။။။ ဝမ်းနှင် ့လွယ်၍ အားတင်းကာ ကျွေးမွေး မယ် ့ရင်သွေးလေးမို ့… အချစ်ကြီးချစ်ရှာ…. အပြုးံရယ် မပျက်သာ… မေ ့မေ ့မျက်နှာသည် သာ အလှဆုးံပါ…..။ အစားအစာကျွေးအန်ကာ အော် သားသမီးတွေစားစေချင်လို ့.. မေတ္တာစိတ်ရယ်ဝင် ကိုယ် တိုင်စားချင်သော်လည်း မျိုသိပ်ထားလို ့ မစားရက်သည်သာ မေ ့မေ ့ဘဝလေးပါ…။ ခြေစုံကန်ထွက် လူ ့ငမိုက်တို ့အတွက် ပြည် ့လျှံကာစီးဆင်း မေ ့မျက်ရည်တစ်စင်း မိုးပြိုညသဖွယ် အသည်းနာလှတယ် မိုက်တတ်လှပါ၏ ချစ်သားချစ်သမီးတို ့ရယ်…။ အော် ….. ခလုတ်ထိမှ အမိတ ရင်နာလှတဲ ့ လူ ့ဘဝ သေခါ […]


သွေးညှီနံ့သမိုင်းဆိုတာ လူ့အန်ဖတ်တွေ မွေးဖွားရာနယ်မြေ အမှန်တရားမှန်ချပ်တွေ ပြိုင်တူကျကွဲတိုင်း ကြားကမြေကြီး ခါးနာနေကြ ခံဘက်ချည်း ဟိုထိုး ဒီထိုး ခြေဗွေပါ လက်ညှိုးတွေ များများလာ ကြားနေကျ အရွေ့လှိုင်းတွေထဲ ငိုသံ ကျယ်ကျယ်လောင်လောင် “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” ရှေ့ကိုသွားတဲ့မြှား နောက်ပြန်ဆုတ်သင့်/မဆုတ်သင့် ဘေးဖယ်… ဒီမေးခွန်း လူကြီးတွေ မဖြေနိုင်ရင် ကလေးတွေ ဝင်ဖြေလိမ့်မယ် ဘာပဲလောင်လောင် ညှော်နံ့ကို ဖုံးလို့ရရိုးလား နဖူးပေါ် ပုစဉ်းနားတာလောက်ကိုများ လောင်ချာနဲ့ထုချချင်သူကြီး ဒီအကွက်က ရိုးတယ် နောက်အကွက်ကို ပြောင်း ဟေ့ကောင် ဗိုက်ကြီး မင်းသောက်နေတဲ့ မျက်ရည်က ချိုလား အသိုက်ပျောက်ငှက် ဝပ်ကျင်းပျောက်တိရစာ္ဆန် မြစ်ချောင်းမဲ့ငါးတွေအား […]


Thit San KhantFebruary 16, 20131min03
အောင်မြင်ချင်းတွေ ရိုက်ချိုး – မနက်ဖြန်ထိ ပေးဆပ်ချင်းတွေနဲ့ – ကျရှုံးနေတဲ့ အဖေ… – အမေ့ မျက်ဝန်းက မျက်ရည်တွေ – စီးဆင်းနေတာ တိက်တိက်ဆိက်ဆိက် – ငြိမ်သက်လို့… – ချစ်သောဆွေမျိုးများ ပွဲလန့်တုန်းဖျာဝင်ခင်း – ဇွဲကောင်းနေပုံများ နေတောင်မဝင်ဘူး… – မိတ်ဆွေကောင်းဆိုသူတွေလဲ မြူတိမ်လိုကွယ်ပျောက် – ကျေးဇူးဆိုတာ သက်သေမမြောက်ဘူးတဲ့… – ငါ ငိုနေတာလား? – ပင်လယ်ကြီးတောင် လက်မှိုင်ချလို့ – မညီးရဲလောက်အောင်ပဲ… – အဆုံးသက်မှာတော့ ငါကိုယ်တိုင် – ပျော်ဝင်နေတဲ့ “ဝိုင်”…


Thit San KhantFebruary 16, 20131min04
  ကလေးတွေ ငိုတဲ့ မြို့ – မငြိမ်းချမ်းလိုက်တာ – ပူစရာတွေ များလှတယ် – မေမေရယ်….တဲ့ – ခေါ်လိုက်တိုင်း ထူးသံ မထွက်လာဘူး – ရင်ထဲ လှိုက်လို့ဝမ်းနည်း မမြင်ရက်စရာ – သွေးအလိမ်းလိမ်းနဲ့ မြင်ကွင်းတွေ – ကလေးငယ်တွေ နှလုံးသားမှာ စွန်းထင်းခဲ့ပြီ – ဒီလို ဒီလို နဲ့ – ကလေးတွေငိုတဲ့မြို့မှာ – ကျွန်တော်သည်လဲ ရောက်ရှိနေခဲပြီ….. 00000000000000000000 ဘာကိုမှ မရည်ရွယ်ပါ စိတ်ကူးထဲပေါက်လာလို့ ချရေးလိုက်တဲ့ လက်တန်း ကဗျာလေးပါ ကဗျာချစ်သူတိုင်းကို လေးစားလျက်…..


Nan ShinFebruary 14, 20131min02
မလက်ဆက်နုိုင်တော့မှန်းသိတဲ့   ဘိုုးသုိုးဘက်သက် အဟောင်းစက်စက်   ရင်ခုုန်သံကြီးကိုုပဲ ထက်ခါတလဲလဲ နမ်းရှိုက်ရင်း   လရောင်ကိုု ဖမ်းသောက်လိုုက်တယ်..။       ရင်ဘက်ထဲက ပင်လယ်ပြင်ဟာ   စာလောင်တဲ့အကြည့်တွေနဲ ့ လ ျှာတစ်ခြမ်းကိုု နှစ်သိမ့်တတ်ပေမဲ့…       သားမမှားဘူး မေမေ…ဗီဇကမှန်နေမှတော့   ကျနော်ဆိုုတာ ဘယ်ရောက်ရောက်   ငါးပုုတ်ကိုု ပါမုုန် ့ထောပတ်သုုတ်ထက်ကြိုက်တယ်…။       သား…အများကြီးကိုု ရှာဖွေခဲ့ပါတယ် မေမေ…   စာကြည့်တိုုက် ပြတိုုက် ..အဟောင်းဆိုုင်နဲ ့   မြို ့ကြီးပြကြီးတွေကိုု နှံ ့လိုု ့…   ဒါပေမဲ့…မေမေရယ်….   သားရခဲ့တာဟာ […]


ကြွေတယ် ကြွေတယ်.. မြေနီနီလမ်းမထက်မှာ ဟော..တစ်ပွင့်..ဟော တစ်ပွင့် နီရဲနေတဲ့ ပွင့်ဖတ်တစ်ချို့မှာ မျက်ရည်စက်တွေ လိမ်းကျံလို့ လေမဝေ့ပါပဲ သူကြွေ ချွေသူ နွေဦးမရှိ သူ ကြွေတာ ဘယ်သူ့အပြစ်လဲကွယ်..။ ငိုတယ် ငိုတယ် ပင်စည်ခြေရင်းနဘေးမှာ တစ်စက်ပြီး တစ်စက် မျက်ဝန်းထောင့်စွန်း နှစ်ဖက်မှာ ငါ့အလွမ်းတွေကို ချိတ်သီလို့ ရင်ဘတ်ထဲမှာလည်း ဝေဒနာ အတိတ် ပစ္စုပ္ပန် အနာဂတ် ခရီးထွက်တယ် ချန်ရစ်ခဲ့တာ ဘယ်သူလဲကွယ်..။ လေရူးတွေ ဗွေဆော်ဦးမှာ ဝေ့ဖို့ နွေဦးရေ လှမ်းခဲ့တော့ ငါ့ရင်မှာ လက်ပံပွင်တွေ ကြွေ…လက်ပံပွင့်တွေ ကြွေ……။ သော်ဇင်(လွိုင်ကော်) Time-7:00PM Date-11th-Feb-2013


Sunday ရောက်ပြန်ပြီ… အလွမ်းမျက်ရည်ပေါက်တွေနဲ့ အသည်းနှလုံး ပျောက်သွားသလိုပဲ…   မေ့နေလောက်ပြီ ထင်ပါရဲ့… တစ်နေ့လုံး ဖုန်းပြောခဲ့တဲ့ Sunday ခဏခဏ ရန်ဖြစ်ကြတဲ့ Sunday ခဏခဏ ပြန်ချော့ကြတဲ့ Sunday လွမ်းနေမိတယ် ချစ်သူ…   ကြမ်းတမ်းတဲ့ စကားလုံးတွေ အခုထိ ကြားယောင်နေတုန်းပဲ.. အကြောင်းမသိလို့ပါ တဲ့လား…   ဘာအကြောင်းပါလိမ့် ချစ်သူ.. ငါ့ပတ်ဝန်းကျင်နဲ့ မပေါင်းဖူးဘဲ… ငါ့အကြောင်းလည်း မစုံစမ်းဖူးဘဲ… “ဘူး” ဆိုတာကို အကြောင်းပြလို့ ငါ့အချစ်ကို နင်းချေ ငါ့မာနကို ရိုက်ချိုး ရိုးနေတဲ့ အထာတွေနဲ့ မိဘစကား နားထောင်တဲ့သား တဲ့လား ထားခံခဲ့ရတဲ့ ငါ့မှာသာ ဘဝကြီးက ခါးလို့…   နားလည်ပေးခဲ့ပါတယ်… ဘေးကျပ်နံကျပ် ခံစားချက်ကို ချစ်ရက်နဲ့သာ ထားသွားခဲ့ရင် […]