Valentine နဲ့ ရင်ဘတ်တစ်စုံ

SawAungFebruary 19, 20131min03

ကျွန်တော်ဟာ သီးသန့်ကမ္ဘာလေးထဲမှာ နေထိုင်သူတစ်ယောက်ပါ
အဲသည်နေ့က သူရောက်လာတယ်
ပန်းနုရောင်တွေအပြည့်နဲ့ပေါ့
အဲသည်အချိန် လေပြေတွေက ဖြေးဖြေးလေးတိုက်ခတ်တယ်
ပန်းနုရောင်တွေ သွန်းချလိုက်ပါ ကျွန်တော်တောင်းဆိုနေတယ်
သူ့နှုတ်ခမ်းအစွန်းစ ကွေးညွှတ်တဲ့အပြုံးတစ်ခုနဲ့
ကျွန်တော် အရူးအမူးပဲ။

ဖြူဖွဖွ နှင်းမှုန်တွေလွှမ်းခြုံပေးပါ
အေးစိမ့်တဲ့အထိအတွေ့နဲ့
ကျွန်တော်သူ့ကို အနမ်းအချို့ပြန်ပေးချင်ပါရဲ့
သူလက်ခံနိုင်ပါစေ
သူ့နှုတ်ခမ်းမှာ ချယ်ရီတွေချိုမြလို့
ကျွန်တော့်ဆီ ဆင်းသက်ကျရောက်ပါစေ။

ကျွန်တော့်လက်ဖဝါးမှာ အပြာရောင်အလင်းမှုန်တွေဆင်းသက်လို့
သူ့ကိုတစ်ချက်မောကြည့်မိတယ်
ဖြူလွှလွှဆိုတာထက် တကယ့်ဖြူလွှလွှ
နှစ်ကိုယ်ကြားက လေပြေတွေဟာအတိုင်းအဆမရှိ
……………………………………..
……………………………………..
နံရံမှာနားရှိသလို
ကျွန်တော့်ရင်ဘတ်မှာ အာရုံခံကိရိယာရှိတယ်
သူ့မှာရော…………………………..။

နီးစပ်လာတဲ့ ဝတ်မှုန်တွေကြားမှာ
ကျွန်တော်သေငယ်ဇောနဲ့ ကူးခတ်ရသလိုပဲ
သူ့လက်ဖျားမှာ မီးပြတိုက်လိုအလင်းရောင်တွေ
ရောက်တော့မယ်…….ရောက်ခါနီးနေပြီ
သူ့ဘက်က အလင်းရောင်ပြပြကျွန်တော်တွေ့မိလိုက်ရဲ့
လေပြေ…….တစ်ဆင့်…….လေပြင်း……
လေပြင်း…….တစ်ဆင့်……မုန်တိုင်း……..
ကျွန်တော့်လည်ချောင်းကတစ်ဆင့် ပင့်သက်ကိုရှိုက်လိုက်တယ်…
သူ့ရဲ့အပြုံးတစ်ချက်……
အပြုံးတစ်ဝက်…….
အပြုံးတစ်စက်…….
မှေးးးးးးးးးးးးမှိန်………လွင့်ပါး………..
……………………………………..
………………………………….။

တိတ်ဆိတ်……..မှောင်မိုက်………
ကျွန်တော့်သီးသန့်ကမ္ဘာရဲ့အခန်းထဲမှာ
……………
……………
Valentine နေ့တွေအစီအရီနဲ့ ရှာဖွေကြည့်ပါ
နှလုံးသားအသေနဲ့ ရင်ဘတ်တစ်စုံကို ခင်ဗျားတွေ့လိမ့်မယ်။

*****************

ရင်းနှင့်ရင်း၍
အောင်မိုးသူ
ဖေဖော်ဝါရီ ၁ရက် ၂၀၁၃ခုနှစ်
သောကြာနေ့
နေ့လည် ၁နာရီ ၂၄မိနစ်

3 comments

  • မောင်ပေ

    February 19, 2013 at 8:06 pm

    တစ်စုံ ဘယ်ကလိမ့်မလဲ
    မောင်ရာ…….

    Reply

  • aung moethu

    February 20, 2013 at 9:13 am

    တစ်စုံ တစ်ရာဟာ ကြယ်တွေကြွေအောင်
    ပြုလုပ်ပေးနေတယ်

    Reply

  • ဦးကြောင်ကြီး

    February 20, 2013 at 9:57 am

    ရင်ဘတ်တစုံ
    ချဉ်ဖတ်ကုန်
    ပြင်သရက်အုံ
    ဆင်ဝက်ယုန်
    နင်သမက်ထုံ
    ရှင်လျက်နုံ
    ဂျင်ပက်ငုံ
    ထင်မှတ်ဂုဏ်..။

    Reply

Leave a Reply

Your email address will not be published.